Friday, 4 January 2013

၂၀၁၃ ခုနှစ်အတွက် မြန်မာ၊အင်္ဂလိပ်၊တရုတ် သုံးဘာသာ ပြက္ခဒိန်

        ၂၀၁၃ ခုနှစ်အတွက် မြန်မာ၊အင်္ဂလိပ်၊တရုတ် သုံးဘာသာ ပြက္ခဒိန် လေးပါ။ကွန်ပျူတာအတွက်ပါ။


 နေ့ ကြီး နေ့ မြတ်များကိုလည်း ပြည့်စုံစွာ ထည့်ပေးထားပါသည်။ ရက်ရာဇာ ၊ ပြဿဒါးများလည်း ပါရှိပါသည်။ ရွက်စုတ်ပြက္ခဒိန်ကဲ့သို့ ရက်များကို ကြည့်ရှုနိုင်မှာပါ။ ၂၀၁၃ အတွက် ရုံးပိတ်ရက် ၊ အားလပ်ရက်များကိုလည်း သီးသန့်ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။

လိုအပ်ခဲ့လျှင် ဒီကနေသွားပြီးဒေါင်းလိုက်ပါ။
Mediafire ဆိုဒ်မှဒေါင်းရန် 
Dropbox ဆိုဒ်မှဒေါင်းရန် 

Credit to  -

PHYO IT Solution

No.(331), 82nd st, BET: 29x30rd st, Chan Aye Tar Zan Township, Mandalay.
Hotline : +9592032584.
Email : dev4apps@gmail.com
Website Blog : http://phyotechnews.blogspot.com

ထန်းတပင်မြို့နယ်မှကျောက်ဖြစ်သွားတဲ့ ဆရာတော် ရုပ်ကလာပ်




 



 







ထန်းတပင်မြို့နယ်၊ ကြိမ်တော်မြောင် ကျေးရွာမှာ ရှိတဲ့ ကြိမ်တောမြောင် ဘုန်းကြီးကျောင်းက ကျောင်းထိုင် ဘုန်းကြီး ဦးအာဒိစ္စ၀ံသ ၊(သက်တော် ၉၅နှစ်၊ ၀ါတော် ၇၅ ၀ါ )ဟာ ပျံလွန်ပြီး ၇ ရက်အကြာမှာ ကျောက်ဖြစ်သွားတယ်ဆိုတဲ့ သတင်းကြောင့် လာရောက်ဖူးမြော်သူများ တနေ့နဲ့ တနေ့ များပြားလာပါတယ်။

ဆရာတော် ရုပ်ကလပ်ကို လာရောက်ဖူးမြော်ကြသူတွေဟာ အနီးအနား ၀န်းကျင် ရွာတွေ အပြင် ရန်ကုန်၊ နေပြည်တော်၊မန္တလေး၊ ဖြူး၊မော်လမြိုင် ၊တောင်ကြီး စတဲ့မြို့တွေကပါ လာရောက်ကြည့်ရှုသူတွေ များပြားပါတယ်လို့ ကြိမ်တောမြောင် ကျောင်းရဲ့လက်ထောက် ကျောင်းထိုင်ဘုန်းကြီး ဖြစ်သူ ဦးပဏ္ဍ၀ံသက မိန့်ပါတယ်။

“ဆရာတော်ကြီး ပျံလွန်တော်မူပြီးတော့ ၇ရက် ကျော်တဲ့ အခါမျက်နှာတော် က အဖြူရောင် အကွက်တွေ စပေါ်လာတယ်။ နောက်တော့ ဖွေးလာပြီး တကိုယ်လုံးကို အဖြူရောင်သန်းလာတယ်။ တဖြည်းဖြည်းနဲ့ ကျောက်သားတွေလို ဖြစ်သွားတယ်” လို့ မိန့်ပါတယ်။”

ဆရာတော်ကြီး ရဲ့ ရုပ်ကလာပ်က ကျောက်ဖြစ်သွားတယ်လို့ တဖြည်းဖြည်း နဲ့ ကျော်ကြားလာပြီး လာရောက်ဖူးမြောက်သူတွေ လည်း ပိုမိုများပြားလာခဲ့ပါတယ်။ သက်ဆိုင်ရာ က ဆရာတော်ကြီးရဲ့ ရုပ်ကလာပ်ကို လာရောက်စစ်ဆေးမှုတွေ ပြုလုပ်ခဲ့ရာ သိပံနည်းကျ ပြုလုပ်ထားတာ မဟုတ်ဘဲ သဘာဝ အတိုင်း ဆန်းကြယ်စွာ ဖြစ်နေတာတွေ့ ရတယ်လို့ မှတ်ချက် ပြုခဲ့ကြောင်းကို လက်ထောက် ကျောင်းထိုင် ဆရာတော်ကြီးက မိန့်တော်မူပါတယ်။

ဆရာတော်ကြီး ဦအာဒိစ္စ၀ံသ ကို ထန်းတပင်မြို့နယ် ကြိမ်တော်မြောင်ရွာမှာ မွေးဖွားခဲ့ပြီး ငယ်ဖြူ ဆရာတော်ဖြစ်ပါတယ်။ ဆရာတော် ၁၉ နှစ်သားမှာ ရဟန်းဘောင် ကို ၀င်ခဲ့ပြီး ရန်ကုန်မြို့ ဗားကရာ ကျောင်းတိုက် နဲ့ ကြိမ်တော်မြောင် ကျောင်း တွေမှာ တရားဟောခြင်း၊ တရားပြခြင်း၊ ၀ိပသနာ ရှုမှတ်ခြင်း၊ တရားစခန်းများ ဖွင့်လှစ်ခြင်းများ ပြုလုပ်ခဲ့ပါတယ်။

သီတင်းကျွတ်လပြည့်ကျော် ၁ ရက်မှာ ဆရာတော်ကြီးဟာ ပျံလွန်တော်မူခဲ့ပြီး ထူးခြားတဲ့ လက္ခဏာတွေ တွေ့ရှိတာကြောင့် ရုပ်ကလာပ်ကို ယခု အချိန်ထိ ရက်ပေါင်း ၅၀ ကျော် ပူဇော်ခံနေတာဖြစ်ပါတယ်။

ကြိမ်တော်မြောင် ကျေးရွာက ပဲခူးတိုင်း ထန်းတပင် မြို့ နယ်မှာ တည်ရှိပြီး၊ ကျွဲပွဲ မြို့ရဲ့ တဘက်ကမ်းမှာလည်း တည်ရှိပါတယ်။ လာရောက်ဖူးမြော်လိုသူများ အနေနဲ့ စစ်တောင်းမြစ်ကို တံတားဖြင့် ဖြတ်ကူးပြီး လယ်ကန်သင်း ဘောင် ပေါ်မှ ဆိုင်ကယ်နှင့် ဖြစ်စေ၊ နွားလှည်းဖြင့် ဖြစ်စေ သွားရောက်နိုင်ပါတယ်။

ဆရာတော်ကြီးရဲ့ ရုပ်ကလာပ်ကို သွားရောက်ဖူးမြော်ခဲ့တဲ့ ဖြူးမြို့က ဦးညီညီဝင်း က “ ကျွန်တော်တို့လည်း သတင်းကြားတဲ့အတွက် ဖူးမြော်ချင်လို့ အဝေး ကြီးကနေ လာရတာ။ လမ်းခရီးက ခက်ခဲပါတယ်။ မြစ်ကူးတံတားက လည်း ဆိုင်ကယ် နှစ်စီး ရှောင်စရာ ရှိတယ်။ လူတွေရော ဆိုင်ကယ်တွေရော ဆိုတော့ တံတားက လှုပ်နေတယ်။ ဆိုင်ကယ်ကိုတော့ လယ်ကန်သင်းပေါ်က ဖြတ်မောင်းရတော့ လမ်းက တလမ်းသွား ကျဉ်းကျဉ်းလေးပဲ၊ လျှော်ကျရင်တော့ လယ်ကွက်တွေထဲ မှောက်မှာ၊ တချို့ မောင်းတာ မကျွမ်းကျင်တော့ မှောက်ကြတယ်။ လူတွေကများ ၊ ဆိုင်ကယ်တွေ၊ နွားလှည်းတွေများ တော့ ဖုန်တွေတထောင်းထောင်းနဲ့ သွားလာရတာတော့ ခက်တယ်” လို့ ပြောပါတယ်။

ဆရာတော်ကြီးရုပ်ကလာပ်ကိုတော့ ယခုအခါမှာ မှန်ဘောင်သွင်းပြီး ကျောင်း ရှေ့မှာပဲ ဖူးမြော်ခံပြီးတော့ လူတွေများလာတဲ့အတွက် အုတ်ဂူ ဆောက် လုပ်နေပြီး ယင်းအုတ်ဂူ ဖြင့် ထားပြီး ဖူးမြော်ခံမယ်လို့ ကြိမ်တော်မြောင်ကျောင်းမှာ ကျောင်းထိုင်တဲ့ ဆရာတော် တပါးဖြစ်သူ ဦးနန္နိယက မိန့်ပါတယ်။

“ဆရာတော်ရဲ့ ရုပ်ကလာပ်ကို ဆရာတော်ရဲ့ အသက်က ၉၅နှစ်ရှိပြီဖြစ်လို့ ၉၅ ရက်တော့ ထားမယ်လို့ ခန့်မှန်းထားပါတယ်။ ဆရာတော်ရဲ့ ကိုယ်တကိုယ်လုံးတော့ ကျောက်မဖြစ်သေးပါဘူး။ တချို့ နေရာတွေ ကျန်ပါသေးတယ်။ ဆရာတော်က မပျံလွန် မီအချိန်မှာ ၀ိပသနာကိုအချိန်မရွေး နေရာမရွေး ကြိုးစားအားထုတ်ခဲ့ပါတယ်။ သက်သတ်လွတ်လည်း ရာသက်ပန် စားပါတယ်။ သူ့ ကျင့်စဉ်တွေကြောင့် ဆရာတော်ရဲ့ ခန္ဓာကိုယ်က အခုချိန်ထိ ဘာဆေး မှ ထိုးစရာ စိမ်စရာ မလိုဘဲ မပုပ်မသိုး၊ အနံ့မ ထွက်ဘဲ နေပါတယ်။

တချို့ ကင်မရာတွေနဲ့ ရိုက်ရင် ဆရာတော်ရဲ့ ဦးခေါင်းတော်မှာ ရွှေတိဂုံ စေတီတော်၊ ကျိုက်ထီးရိုး စေတီတော်ပုံ တွေပေါ်တယ်လို့ ပြောကြပါတယ်” လို့ မိန့် တော်မူပါတယ်။

ဆရာတော်ကြီးရဲ့ ရုပ်ကလာပ်ကို မှန်ခေါင်းတွင် ထည့်သွင်းပူဇော်ထားပြီး လာ ရောက်ဖူးမြော်သူများကို ကိုင်ကြည့်ခြင်းများ ပြုလုပ်ခွင့် မပေးပါဘူး။

ဗဟိုသံဃနာယက ဆရာတော်များကတော့ လာရောက်ကြည့်ရှုခြင်း မရှိသေး ကြောင်း တိုင်း သံဃနာယက ဆရာတော်များက လာရောက် ကြည့်ရှုကြောင်း အဆိုပါ ဆရာတော်က မိန့်တော်မူပါတယ်။ လာရောက်ဖူးမြော်သူများကို သက်သက်လွတ်ထ မင်း ကျွေးပြီး ကျောင်းမှာ တည်းခိုစရာ နေရာများလည်း စီစဉ်ပေးတယ်လို့ သိရပါ တယ်။


source-ဧရာဝတီသတင်း

Facebook Page ကိုင်သူအားလုံး ဖတ်ရန် (အထူးသတိပေးချက်)



တကယ် Facebook Page ကိုင်နေသူများတင်မကပဲ Facebook အသုံးပြုနေသူ အားလုံး သိထားဖို့ လိုအပ်တဲ့ ကိစ္စ ဖြစ်ပါတယ်။

ယခု ကာလအတွင်း မျက်စိရှေ့ မှာတင် Facebook Page ( Facebook စာမျက်နှာ) များ တစ်ခုပြီးတစ်ခု ပျောက်သွားပါတယ်။ ပျောက်သွားတယ် ဆိုတာထက် တိတိကျကျပြောရင် Unpublished အလုပ်ခံရတာ ဖြစ် ပါတယ်။ အချို့ ကျတော့ ဘာမှကို မမြင်ရတော့ပဲ ပျက်သွားတဲ့အထိကို အခြေအနေ ဆိုးသွားပါတယ်။ အချို့ ကျ ကိုယ်ကလွဲလို့၊ Admin တွေက လွဲလို့ ဘယ်သူမှ မမြင်ရတော့တာမျိုး ဖြစ်ပါတယ်။  ဒါကြောင့် ကျန်ရှိနေသေးတဲ့ ပြည်သူ အကျိုးပြု Page လေးများ မပျက်ရန် အားလုံး တူညီ ဗဟုသုတ ရှိထားရန် လိုအပ်ပါတယ်။

Page ပျက်ရသည့် အကြောင်းအရင်း

ပျက်ရတဲ့ အခြေအနေ အကြောင်းအရင်း အောက်ပါအတိုင်းပဲ ဖြစ်ပါတယ်။

၁။ Report အလုပ်ခံရခြင်း

ဒါကတော့ ရှင်းပါတယ်။ Visitor များက ဝိုင်းပြီး Report လုပ်ကြရင် ဖြစ် ပါတယ်။ Page ကိုရယ်လို့မဟုတ်ပဲ Page က တင်တဲ့ ပုံတွေ၊ Post တွေ ကို Report လုပ်တဲ့ အကြိမ်အရေအတွက် များလာရင် Facebook က အဲ့ဒီ Page ကို Unpublished လုပ်လိုက်ပါတယ်။ ဒါက ယာယီသို့တည်း မဟုတ် ထာဝရ ဖြစ်ပါတယ် ဆိုပြီးတော့တောင် စာပြန် ပို့ ပါသေးတယ်။

၂။ Advertise your page ကို အသုံးပြုမိခြင်း

ဒါကတော့ ဖြစ်နိုင်ချေ နောက်တစ်ချက် ဖြစ်ပါတယ်။ Facebook က ပေးထားတဲ့ Option ဖြစ်ပေမယ့် သူက မြန်မာပြည်မှာ Service မရပါဘူး။ သို့ပေမယ့် ဒါကို ခဏခဏ လက်သွားကမျဉ်းမိရင်လည်း ကိုယ့်ရဲ့  Page ကို Unpublished လုပ်ပါတယ်။ Advertise လုပ်တယ်ဆိုတာ မိမိ Page ကို Like အရေအတွက် တိုးအောင် Facebook က တရားဝင် လုပ်စားတဲ့ ကြော်ငြာ Banner လေး ဖြစ်ပါတယ်။ ဥပမာ
- Suggest Page မှာ ပေါ်နေတာထက် ညာဘက်ထောင့်နားမှာ ဘယ် page ဖွင့်ဖွင့် ဒီ Page ကို Like ပါလို့ တက်တက်နေတာမျိုး ဖြစ်ပါတယ်။ ယင်းကို Service block လုပ်ထားတဲ့ နိုင်ငံကနေ လက်ကမျဉ်းရင်လည်း ပိတ်တတ်ပါတယ်။

၃။ Like တက်ရန် ဆော့ဖ်ဝဲသုံးခြင်း

Like အရေအတွက် တက်အောင် အသုံးပြုလို့ရတဲ့ Software တွေ ရှိပါတယ်။ အချို့လည်း သုံးနေကြပါတယ်။ အချို့ ရယ်လို့ မဟုတ်ပဲ နိုင်ငံတကာမှာ တွင်တွင်ကျယ်ကျယ်ကို သုံးပါတယ်။ ယင်း Software က Like ကိုတကယ်ရှိနေတာထက် အဆပေါင်းများစွာ တက်နေပါတယ်။ ဒါကို Facebook က မကြာပါဘူး။ ချက်ချင်း ထောက်လှမ်းထားပါတယ်။ Facebook API က ဒါကို Detect လုပ်မိပြီဆိုရင် Like ကို အသားလွတ် ဇွတ်ကျုံးယူတဲ့ ပုဒ်မနဲ့ Page ကို Unpublished လုပ်ပါတယ်။

၎။ ဗိုင်းရက်စ် ကိုက်ခြင်း

ဒါကလည်း ဖြစ်နိုင်ချေ တစ်ခု ဖြစ်ပါတယ်။ Facebook က မသုံးသင့်လို့ တားမြစ်ထားတဲ့ Facebook app တွေ အသုံးပြုမိတာမျိုး၊ အင်တာနက် သုံးနေရင်း ကိုယ်မသိ၊မမြင်ဖူးတဲ့ application ကို ယောင်ပြီး Install လုပ်မိတာမျိုးဆိုရင် Facebook page ကိုတင်မကပဲ ရှိသမျှ Page အားလုံးကိုပါ တိုက်ခိုက်ပါတယ်။ Spam နဲ့တိုက်ပါတယ်။ ယင်း Spam က Facebook ပင်မ Server ကိုရောက်ပြီး Spam အသားကုန် လွတ်နေတဲ့ Page ကို လမ်းပြီး Unpublished လုပ်လိုက်ပါတယ်။ အခန့်မသင့်ရန် အကောင့်ကိုပါ block ပါတယ်။

၅။ အက်ဒမင် သစ္စာဖောက်ခြင်း

ဒါကတော့ ဖြစ်နိုင်ချေနည်းပါတယ်။ တော်တော်များများက Page ကို တစ်တေယာက်တည်း မကိုင်ပါဘူး။ သူငယ်ချင်းလိုက်သော်လည်းကောင်း အုပ်စုဖွဲ့ပြီး Manage လုပ်ပါတယ်။ content Creature သော် လည်းကောင်း၊ Moderator သော်လည်းကောင်၊ Admin Manager သော် လည်းကောင်း ရာထူး အမျိုးမျိုး ပေးလို့ လုပ်ကြပါတယ်။ ယင်းထဲက တစ်ယော်ယောက်ဟာ Edit Page ကဏ္ဍထဲကို ဝင်ပြီး Unpublished page ကိုသွားနှိပ်မိပြီဆိုရင်လည်း Page ကို အော်တိုပဲ Unpublished လုပ်လိုက်ပါတယ်။


အထက် ငါးချက်က အဖြစ်နိုင်ဆုံးများ ဖြစ်ပါတယ်။ အခြားသော ဖြစ်နိုင်ချေ များလည်း ရှိပါတယ်။ နောက်ထပ် ဖြစ်နိုင်ချေ တစ်ခုက Facebook ကိုယ်တိုင်ပဲ ဖြစ်ပါတယ်။ Facebook က အမြဲ Perfect ဖြစ်မနေပါဘူး။ Server ကျသွားတာမျိုးလည်း ခဏခဏ ဖြစ်ပါတယ်။ ဒါကြောင့် သူ Maintain လုပ်နေတဲ့အချိန်ဆို Account ထဲဝင်မရတာ တော်တော်များ များ သိပါတယ်။ ပြီးတော့ Comment ပေးလို့မရတာ၊ Like လို့မရတာ၊ Message ပို့လို့မရတာ၊ Friend Request ပို့လို့မရတော့တာ အစရှိသဖြင့် အမျိုးမျိုးသော ပြဿနာ တို့အမြဲတမ်း ဖြစ်ပါတယ်။

Facebook က Privacy အမျိုးမျိုးအပြောင်းအလဲလုပ်နေပါတယ်။ စီးပွားရှာရမှန်းသိတော့ ပိုက်ဆံရမှ ရမယ့် Function တွေ၊ UI တွေ ထပ်တိုးလာပါအတယ်။ သူတိုးတာ ကိစ္စမရှိပေမယ့် သူ့ Service မရနိုင်တဲ့ နိုင်ငံများအတွက်ကတော့ တကယ့် ဒုက္ခပဲ ဖြစ်ပါတယ်။ အဲ့လို Service တွေတိုးလာလေ၊ Facebook ရဲ့  လုံခြုံရေးစနစ်၊ ပေါ်လစီ၊ Privacy တိုးလာလေလေပဲ ဖြစ်ပါတယ်။ ဒါကြောင့် အင်တာနက်ကို မနေ့တစ်နေ့မှ သိရတဲ့၊ သုံးရတဲ့ သူများအတွက်ကတော့ တကယ့် အခက်တုံးတွေ ဖြစ်ပြီး ကွိုင်တွေတက်ရပါတယ်။ အကောင့်တောင် ဖုန်းနံပါတ် ပေးမှ ဖွင့်ရမယ်ဆိုတဲ့ Google Talk လို ဖြစ်လာပါတယ်။

ဒီလိုအခက်အခဲတွေကြားထဲမှာ၊ အဆင့်မြင့် Privacy, လုံခြုံရေး စနစ်ကြားထဲမှာ သုံးရတော့ အကောင့်တွေပျက်ရတာ၊ Lock ကျရတာ၊ page unpublished ဖြစ်ရတာနဲ့ ပြဿနာများက အတော်လေး စုံပါတယ်။

  ဒါကြောင့် လက်ရှိ page unpublished အလုပ်ခံထားရ သူများ ဆောင်ရန် ရှောင်ရန်ကို အောက်ပါအတိုင်း ဖော်ပြ လိုက်ရပါတယ်။

၁။ Page က Unpublished အလုပ်ခံရပြီ ဖြစ်တဲ့အတွက် အနည်းဆုံး ၄၈က နာရီလောက် မကလိပဲ ထားစေချင်ပါတယ်။ ခဏခဏ ကိုင်တော့ ကိုင်တဲ့ အကြိမ်တိုင်း Facebook server ကိုရောက်ပြီး appeal ရော၊ အခြားကော ဘာမှလုပ်လို့မရအောင် ဆက်ပိတ်မှာ ဖြစ်ပါတယ်။

၂။ အက်ဒမင်များ စည်းလုံးဖို့လိုပါတယ်။ ဆိုလိုရင်းက တစ်ဦးတစ်ယောက်က ဆုံးဖြတ်ချက်ချတာမျိုး မလုပ်ပါနဲ့။ အကောင်းဆုံးကတော့ အက်ဒမင်အားလုံးနဲ့ တိုင်ပင်ပြီး တစ်ဦးတည်းကသာ ဒီပြဿနာကို ဖြေရှင်းဖို့လုပ်ရမှာ ဖြစ်ပါတယ်။ လက်နည်းလေ ကောင်းလေပဲ ဖြစ်ပြီး ကြားထဲမှာ သွား မကလိ၊ မစပ်စုဖို့ တိုင်ပင် သတိပေးထားစေလိုပါတယ်။

၃။ နိုင်ငံတကာမှာလည်း ဒီလိုဖြစ်နေတဲ့အတွက် မျက်စိဖွင့် နားစွင့် နေစေချင်ပါတယ်။ Google search မှာသော် လည်းကောင်း ပြဿနာကို အင်္ဂလိပ်လိုရိုက်ထည့်ပြီးရှာစေချင်ပါတယ်။ ကံကောင်းရင် ကယ်လို့ရမယ့် နည်းတောင် တွေ့နိုင်ပါတယ်။ ကိုယ့်ပတ်ဝန်းကျင်မှာ Facebook ကို မြေအစ ခေါင်းအစုံး သုံးတတ်တဲ့သူများ၊ ကူလို့ရသူများ ရှိရင် သူတို့နဲ့ တိုင်ပင်ထားစေချင်ပါတယ်။

အထက်ပါ ၃ ချက်ကို လုပ်ထားပြီး Facebook Page ပြန်ရဖို့ စိတ်တော့ ရှည်ဖို့လိုပါတယ်။ ပြန်ရနိုင်မ့် နည်းလမ်းကိုလည်း စာရေးသူတို့ Techspace မှ သိလျင်သိချင်း အမြန်ဖော်ပြပေးမှာပါ။ ဒါကြောင့် လက်တလော Page ကိုင်သူများ၊ သုံးနေသူများ သတိထားမိစေဖို့ ယခုလို
သတိပေး တိုက်တွန်းမျှဝေ လိုက်ရပါတယ်။

source-အောင်ခမ်း TSJ team

Cleanse Uninstaller Pro 10.2.0

Software တွေကို Unistall လုပ်တဲ့ဆော့ဝဲလ်လေးပါ။ 


(၁)Pro Version ဖြစ်တဲ့အတွက် ဝင်ဒိုးအတက်မှာ မိမိမတက်စေချင်တဲ့ Programm တွေကို ဖြုတ်ထားနိုင်ခြင်း
(၂) Junk ဖိုင်တွေကို ရှာနိုင်ခြင်း
(၃)ဆော့ဝဲလ်တွေကို DVD/VCD ခွေထဲ ဘန်း(ကူး)နိုင်ခြင်း
(၄)Clean Up အင်တာနက်မှာ မိမိဝင်ခဲ့တဲ့ History တွေဖျက်နိုင်ခြင်း(ပို၍သေချာအောင် ဆော့ဝဲလ် ဘယ်ဘက်အခြမ်းရှိ Clean Up ကိုနှိပ်၍ Clean နိုင်သည့် အရာများကို ကြည့်ရှုပါ)

လိုအပ်ခဲ့လျှင်   ဒီကနေသွားပြီးဒေါင်းလိုက်ပါ။
Mediafire ဆိုဒ်မှဒေါင်းရန် 
Dropbox ဆိုဒ်မှဒေါင်းရန်
◘◘အသုံးပြုပုံ◘◘

 ဒေါင်းထားတဲ့ဆော့ဝဲလ်ကို အင်စတောလုပ်ပါ။
 ပြီးရင် Full Versionအဖြစ်အသုံးပျြုနိုင်ရန် ဒေါင်းထားတဲ့ဖိုင်ထဲရှိ ကီးကိုကူထည့်ပါ။ 
မိမိ unistall လုပ်လိုသည့်ဖိုင်ပေါ်တွင် Right Click ထောက်၍ Unistall လုပ်နိုင်သလို 
မိမိဖျက်ချင်တဲ့ဖိုင်ကိုMouse နှင့်တစ်ချက်ကလစ်ပြီး ဆော့ဝဲလ်အောက်ခြေမှာရှိတဲ့ Unistallကိုကလစ်ပြီးUnistallလုပ်နိုင်ပါတယ်။ 
 Registry ထဲမှာပါ မကျန်အောင် ဖျက်ပေးနိုင်ပါတယ် ဒီ Cleanse Unistaller လေးက.......

အဆင်ပြေကြပါစေ။ 

TeraCopy v2.3 Beta 2 Final

ဖိုင်တွေ ကော်ပီကူးတာ မြန်စေတဲ့ ဆော့ဝဲလ်လေးပါ။Update လေးပါ။Full Version အဖြစ် သုံးလို့ ရအောင် ကီးဖိုင်ပါထည့်ထားပေးပါတယ်။



လိုအပ်ခဲ့လျှင် ဒီကနေသွားပြီးဒေါင်းလိုက်ပါ။
Dropbox ဆိုဒ်မှဒေါင်းရန် 
Mediafire ဆိုဒ်မှဒေါင်းရန် 

 ◘◘ကီးထည့်နည်း◘◘

ဒေါင်းထားတဲ့ဆော့ဝဲလ်ကို အင်စတောလုပ်ပါအာက်ကပုံအတိုင်းပေါ်လာပါလိမ့်မည်။
ပေါ်လာတဲ့အထဲက ဘယ်ဘက်အောက်ခြေမှာရှိတဲ့ More ကိုကလစ်ပါ။ 


ပြီးရင်အောက်ကပုံအတိုင်းပေါ်လာပါလိမ့်မည်။ပေါ်လာတဲ့အထဲက ညာဖက် အောက်ခြေမှာ ရှိတဲ့ Menu ကို ဆက်ကလစ်လိုက်ပါ။


Menu ကိုကလစ်လိုက်လို့ ပေါ်လာတဲ့ အထဲက About ကိုရွေးပြီး ဆက်ကလစ်ပေးပါ။



ပြီးရင်ပေါ်လာတဲ့အကွက်ထဲမှာ ဒေါင်းထားတဲ့ဖိုင်ထဲမှာပါတဲ့ ကီးကို Copy လုပ်ပြီး Paste လုပ်လိုက်ပါ။Full Version (Pro) ဖြစ်သွားပါလိမ့်မည်။ {ဓါတ်ပုံရိုက်ဖို့ မေ့သွားလို့  ပုံနှင့်မပြနိုင်တာကို ခွင့်လွှတ်ပေးပါ။ :) }

အဆင်ပြေကြပါစေ။

Malwarebytes Anti-Malware 1.70.0.1100 Beta

Update လေးထွက်လို့ တင်ပေးလိုက်ပါတယ်။Full Version အဖြစ် အသုံးပြုလို့ ရအောင် ကီးဖိုင်ပါ ထည့်ထားပေးပါတယ်။



လိုအပ်ခဲ့လျှင် ဒီကနေသွားပြီးဒေါင်းလိုက်ပါ။
Mediafire ဆိုဒ်မှဒေါင်းရန် 
Dropbox ဆိုဒ်မှဒေါင်းရန် 

အဆင်ပြေကြပါစေ။


Related Posts Plugin for WordPress, Blogger...

Like ခြင်းဖြင့် အားပေးပါ :)

mumcradio