Friday, 6 April 2012

...... သူငယ်ချင်းများအားလုံး.... သို့ .......

ကိုယ့်ဘ၀မှာ စိတ်တူကိုယ်တူ အမြဲပေါင်းသင်းတဲ့ သူငယ်ချင်း ဘယ်နှစ်ယောက် ရှိလဲလို့ လက်ချိုး ရေတွက်ကြည့်ဖူးပါသလား.. ?
ကိုယ်နဲ့ အခုမှ ခင်မင်ရင်းနှီးပေမဲ့ ငယ်ငယ်ကတည်းက ပေါင်းလာတဲ့ ငယ်ပေါင်းလို ဘာမဆို ဖွင့်ပြော တိုင်ပင် မျှဝေလို့ ရနိုင်တဲ့ သူငယ်ချင်းကော ရှိဖူးလား…?
ရှိတယ်ဆိုရင် တန်ဖိုးထား မြတ်နိုးပါ။
ကံတရားက ဆန်းကြယ်တယ်။
ကိုယ်မထင်မှတ်၊ မမျှော်လင့်တဲ့ အချိန်မှာ လူတစ်ယောက်ကို ကိုယ်ဆီ
အရောက်ပို့လိုက်တယ်။ အဲဒီလူက ကိုယ်မျှော်လင့်နေတဲ့ အချိန်မှာ
ရောက်မလာတတ်ဘဲ ရောက်လာတဲ့အချိန်မှာတော့ ကိုယ်က တန်ဖိုးထားရ ကောင်းမှန်း
မသိခဲ့ဘူး။ ဒါကြောင့် ကိုယ်ဘေးပတ်ဝန်းကျင်က လူတွေကို တန်ဖိုးထားပါ။

သူငယ်ချင်းပဲ ဖြစ်ဖြစ်၊ မိသားစုပဲဖြစ်ဖြစ်
တွေ့တုန်း၊ ဆုံတုန်း သူတို့ကို တန်ဖိုးထား မြတ်နိုးတတ်ဖို့
လိုပါလိမ့်မယ်။
ကံပါလို့ ငါတို့ တွေ့ဆုံကြတယ်။
ကံပါလို့ ငါတို့ ခင်မင်ကြတယ်။
ကံပါလို့ ငါတို့ စိတ်ကို ဖလှယ်ကြတယ်။
တစ်စက္ကန့်လေးကို ငါတို့ တန်ဖိုးထားသင့်တယ်။
အခုလက်ရှိ အခြေအနေကို ပိုမြတ်နိုးသင့်တယ်။
ဒါမှ ဘ၀မှာ နောင်တဆိုတာ မရှိမှာ…
သူငယ်ချင်းဆိုတာ…
ချီးကျူး အားပေးစကား ပြောနိုင်တဲ့သူ ဖြစ်တယ်။ ဝေဖန် နှစ်သိမ့်မှုကိုလည်း ပေးတတ်တဲ့သူ ဖြစ်တယ်။
သာမန်နဲ့ အစစ်အမှန်
.
တရုတ်ဆိုက်ဒ်တွေတိုင်းမှာ တွေ့ရတတ်တဲ့ စာတပုဒ်ပါ။ မျှဝေလိုက်ပါတယ်။
သာမန်သူငယ်ချင်းနဲ့ အစစ်အမှန် သူငယ်ချင်းတွေ ကိုယ့်မှာ ဘယ်နှစ်ယောက်ရှိလဲ …. ကိုယ်ကရော သူတို့အတွက် ဘယ်လို သူငယ်ချင်းမျိုးလဲ…..?
သာမန် သူငယ်ချင်းတယောက်က သင်ငိုတာကို မမြင်ဖူးဘူး။ အစစ်အမှန် သူငယ်ချင်းတယောက်က သင်ငိုဖို့အတွက် သူ့ပုခုံးကို ဌားပေးတယ်။
သာမန် သူငယ်ချင်းတယောက်က သင့်မိဘနာမည်တွေကို မသိဘူး။ အစစ်အမှန် သူငယ်ချင်းတယောက်က သင့်မိဘ ဖုန်းနံပါတ်ကို သူ့စာအုပ်မှာ ကူးထားတတ်တယ်။
သာမန် သူငယ်ချင်းတယောက်က သင့်ပြဿနာကို ဆွေးနွေးမယ်။ အစစ်အမှန် သူငယ်ချင်းတယောက်က သင့်ပြဿနာကို ဖြေရှင်းကူမယ်။
သာမန် သူငယ်ချင်းတယောက်က သင့်ပါတီမှာ ၀ိုင်တပုလင်း ယူလာလိမ့်မယ်။ အစစ်အမှန် သူငယ်ချင်းတယောက်က သင့်ပါတီ မစခင်ကတည်းက လာကူပြီး ပွဲပြီးမှ ပြန်တတ်တယ်။
သာမန် သူငယ်ချင်းတယောက်က သူအိပ်နေချိန်မှာ သင်ဖုန်းဆက်တာကို စိတ်ဆိုးမယ်။ အစစ်အမှန် သူငယ်ချင်းတယောက်က သင်ဘာဖြစ်လို့ အခုမှ ဖုန်းဆက်ရသလဲလို့ စိတ်ပူမယ်။
သာမန် သူငယ်ချင်းတယောက်က သင့်စိတ်ကူ်းဇာတ်ကို စပ်စုမယ်။
အစစ်အမှန် သူငယ်ချင်းတယောက်က သင့်စိတ်ကူးကို ထုတ်ဖော်ပြောခိုင်းမယ်။
သာမန် သူငယ်ချင်းတယောက်က သင့်အိမ်လာလည်ရင် ဧည့်သည်လိုနေမယ်။ အစစ်အမှန် သူငယ်ချင်းတယောက်က သင့်အိမ်လာလည်ရင် ရေခဲ သေတ္တာကို သူကိုယ်တိုင် ဖွင့်မယ်။
သာမန် သူငယ်ချင်းတယောက်က သင်နဲ့ ကတောက်ကဆတ်ဖြစ်ပြီး သူငယ်ချင်း အဖြစ်ကနေ ရပ်စဲမယ်။ အစစ်အမှန် သူငယ်ချင်းတယောက်က သင်နဲ့ ကတောက်ကဆတ် မဖြစ်ရင် သူငယ်ချင်း မစစ်ဘူးလို့ ထင်မယ်။
သာမန် သူငယ်ချင်း တယောက်က သူ့အနားမှာ သင်အမြဲရှိနေတာကို လိုလားတယ်။
အစစ်အမှန် သူငယ်ချင်းတယောက်က သင့်အနားမှာ သူအမြဲရှိနေတာကို လိုလားတယ်။
လောကကြီးတွင်လူတစ်မျိုးရှိသည်.. … တခြားလူ မသိသော ကိုယ်၏လျှို့ဝှက်ချက်များကို သူသိသည်။
ကိုယ်စာမရသောအချိန်တွင် ရှင်းပြတတ်ပြီး ကိုယ်အမှား လုပ်မိသောအချိန်တွင်
ကိုယ့်ဘက်မှရပ်တည်ပြီး ၀န်ခံပေးတတ်သည်။
အားငယ်သောအချိန်တွင် အားပေးတတ်ပြီး ၀မ်းနည်းနေသည့် အချိန်များတွင် နှစ်သိမ့်တတ်သည်။
ကိုယ်အဆင်ပြေလျှင် သူ့ကိုမေ့နေတတ်ပြီး အဆင်မပြေသောအချိန်များတွင် ကိုယ့်ရင်ဖွင့်သမျှကို စိတ်ရှည်ရှည်ဖြင့် နားထောင်ပေးတတ်သည်။
ကိုယ်နှင့်အတူ ရှိနေမည့် အချိန်များက ကြာရှည်ခိုင်မြဲတတ်သည်။ ထိုလူမျိုးကို သူငယ်ချင်း ဟုခေါ်သည်။
—————————— –
ဘ၀ရဲ့ ဇာတ်ဆရာ စေညွှန်ရာအတိုင်း ဝေးခဲ့ကြလဲ လူတိုင်းမှာ ကျွန်မလိုပဲ
ဘ၀မှာ မေ့လို့မရတဲ့ သူငယ်ချင်းတွေ ရှိခဲ့ကြမယ်ဆိုတာ ယုံကြည်ပါတယ်။ ကျေးဇူး အထူးတင်ပါတယ်။
သတိရချင်ရင် သတိရစရာလေးတွေ တမင်ရှာနေစရာမှ မလိုတာ…… အမှတ်မထင်ပြောဆို ဆက်ဆံမှုလေးတွေက ဘ၀တစ်လျောက် သက်ရှိထင်ရှားနေသရွေ့
သတိရစရာ တမ်းတစရာ တွယ်တာမှုလေးတွေ ဖြစ်နေတတ်ပါတယ်လေ. . .
—————————-
Most people walk in and out of your life, but only true friends leave footprints in your heart.
ရာသီဥတုတွေ ပြောင်းလဲနေသလိုပါပဲ။ လူ့ဘ၀ဆိုတာလည်း ဟောင်းလိုက် သစ်လိုက်။
ဖုန်းစာအုပ်ကို ဖွင့်ကြည့်လိုက်တော့ မရေမတွက်နိုင်အောင် ပလူပျံနေတဲ့
ဖုန်းနံပါတ်တွေ..ဘယ် ဖုန်းနံပါတ်ကိုများ စိတ်အားထက်သန်ပြီး
ရေးမှတ်ခဲ့မိလဲ… ဒီနေ့ထိ ဘယ်ဖုန်းနံပါတ်နဲ့များ အဆက်အသွယ်
အမြဲရှိခဲ့သလဲ… ကိုယ့်ကိုယ်ပြန် ဆန်းစစ်ကြည့်မိတယ်။
လူ့ဘ၀ဆိုတာ ရထားတစ်စီးလိုပဲ… သွားတဲ့ ခရီးတစ်လျောက်မှာ လူတွေက
တက်လာကြတယ်။ ဆင်းသွားကြတယ်။ နေရာသစ်၊ ပတ်ဝန်းကျင်သစ်မှာ အိမ်သစ်၊
ရာသစ်တွေနဲ့ သူငယ်ချင်း မိတ်ဆွေအသစ်တွေနဲ့ ဆုံမယ်။ မိတ်ဆွေသစ်
ဖွဲ့ဖို့အတွက် အချိန်တွေ ဘယ်လောက် ပေးဆပ်ခဲ့ဖူးလဲ… မိတ်ဆွေဟောင်းတွေနဲ့
ဆက်သွယ်ဖို့ အတွက် အချိန်တွေ ဘယ်လောက် ပေးဆပ်ခဲ့ဖူးလဲ… အချိန်တွေရဲ့
အပြောင်းအလဲကြားမှာ ရှိရင်းစွဲ သူငယ်ချင်းဟောင်းတွေနဲ့ အဆက်အသွယ်ဟာ တဖြေးဖြေးကျဲလာခဲ့တယ်။
ညအခါ မိုးကောင်းကင်ကို မော့ကြည့်လိုက်ရင် ကြယ်လေးတွေဟာ တစ်စုတစ်စည်းထဲ
ရှိနေသလိုပဲ.. တကယ်တမ်းတော့ ကြယ်တွေဟာ တစ်ပွင့်နဲ့ တစ်ပွင့် အရမ်း
ဝေးကွာကြတယ်။ ပတ်ဝန်းကျင်ကို ကြည့်လိုက်တော့ သူငယ်ချင်း မိတ်ဆွေတွေက
အများကြီးပဲ။ ဒါပေမဲ့ စိတ်တူကိုယ်တူ ပေါင်းဖက်ကြတဲ့ သူငယ်ချင်း မိတ်ဆွေ
ဘယ်နှစ်ယောက်ရှိလဲ… ဘယ်နှစ်ယောက်နဲ့များ အဆက်အသွယ် အမြဲရှိလဲ…
နှစ်တွေကြာလာမှ အဆက်အသွယ် နည်းခဲ့တဲ့ မိတ်ဆွေ သူငယ်ချင်းဟောင်းတွေ လူလောက ကနေ တဖြေးဖြေး ထွက်ခွာ သွားမှန်းသတိပြုမိတယ်။
လူတွေဟာ
အသက်(၂၀)မှာ အချစ်ကို မျှော်လင့်ကြတယ်။
အသက်(၃၀)မှာ လက်ထပ်ဖို့ကို မျှော်လင့်ကြတယ်။
အသက်(၄၀)မှာ အောင်မြင်မှုကို မျှော်လင့်ကြတယ်။
အသက်(၅၀)မှာ ကြွယ်ဝဖို့ကို မျှော်လင့်ကြတယ်။
အသက်(၆၀)မှာ ပြည့်စုံဖို့ကို မျှော်လင့်ကြတယ်။
အသက်(၇၀)မှာ ကျန်းမာဖို့ကို မျှော်လင့်ကြတယ်။
အသက်(၈၀)မှာ အိပ်လိုက်ပြီးရင် ပြန်နိုးလာဖို့ကို မျှော်လင့်ကြတယ်။
သူငယ်ချင်း မိတ်ဆွေတွေကို ဘယ်အချိန်မှာ မျှော်လင့်ကြသလဲ… အကူအညီ
လိုအပ်မှ မျှော်လင့်တတ်ကြတယ်။

  စိုင်းနေဇော်အောင် ရေးသားပါသည်

မင်းရင်ထဲမှာသူရှိနေပြီ...................

'၁' မင်းရဲ့ ပျော်ရွှင်ချိန်မှာသူ့ ကို ပထမဆုံး သတိရမိနေလား?'
၂' မင်းနာကျင်တဲ့ အချိန်မှာ သိရတာက သူ့ ကိုလား?
'၃' မျက်လုံးတွေမှိတ်လို့ မအိပ်သေးခင် အချိန်ထိစဉ်းစားမိတာ သူ့ အကြောင်းလား?
'၄' မနက်ခင်းသစ်တစ်ခုကို ရောက်သွားချိန်တိုင်း ပထမဆုံးသတိရမိတာ သူ့ ကိုလား?
'၅' သူ့ ရဲ့ အပြုံးလေးတွေကို အမြဲတမ်း တောင်းတနေပြီလား?
'၆' မင်းရဲ့ အချစ်ကို ဖွင့်ပြောချင်ပေမယ့် သူ့ ရှေ့မှာဆွံ့ အနေပြီလား?
'၇' သူ့ ရဲ့ အပြုံးလေးတွေကို မြင်တိုင်းမင်းရဲ့ နှုတ်ခမ်းတွေပါ ကွေးညွတ်တတ်နေပြီလား?
'၈' ကာရန်တွေကို သူ့ အတွက် အသက်သွင်းတတ်နေပြီလား?
'၉' သူ့ ကိုဘာအတွက်နဲ့ မှ မထိခိုက်စေချင်တော့တာ မှန်တယ်မလား?
'၁၀' သူရဲ့ ရှေ့ မှာ ဂရုမစိုက်ချင်ယောင်ဆောင်နေပေမယ့် သူမရှိတော့ရင် ၀မ်းနည်းတတ်နေပြီလား?

'၁၁' ကိုယ့်အနားကသူထွက်ခွာသွားရင် သူ့ ရဲ့ နောက်ကျောပြင်ကို ကြည့်ပြီး သက်ပြင်းလေးတွေ ချတတ်နေပြီလား?
'၁၂' သူ့စကားသံတွေက မင်းအတွက်နုးညံတဲ့ အမိန့် တွေလား?
'၁၃' သူ အခြားတစ်ယောက်နဲ့ ပျော်နေတာကိုတွေ့ ရင် သ၀န်တိုတတ်နေပြီလား?
'၁၄' onlineပေါ်မှာ သူမရှိရင်သူပို့ထားတဲ့ mail အဟောင်းလေးတွေကို ဖတ်ပြီးပျော်ရွင်တတ်လား?
'၁၅' သူအတွက် အရာရာကိုစွန့် လွတ်နိင်ပြီလား?

 စိုင်းနေဇော်အောင် ရေးသားပါသည်။

ဘုရားဖြစ်တော်မူသည့် ဗုဒ္ဓ၀င် အကျဉ်းနှင့် ပုံတော်များ


 
ဒီနေ့တော့ အများသိသင့်တဲ့ ဘာသာရေးအကြောင်းလေးတခုကို တင်ပြပေးချင်ပါသေးတယ်။ ကျွန်တော်ကိုယ်တိုင်ရေးထားတာ မဟုတ်ပါဘူး။ သူငယ်ချင်းများနေ့ ဆိုဒ်မှ ကျွန်တော်တွေ့တာနဲ့ ခွင့်တောင်းပြီး ပြန်လည်ဖော်ပြပေးထားတာပါ။မူရင်းဆိုဒ်က ဒီမှာပါ။ ကျွန်တော် သိမ်းထားတာတော့ အတော်လေးကြာပါပြီ။ ဒီနေ့ ဗဟုသုတ အဖြစ်တင်ပေးလိုက်ပါတယ်။ အောက်မှာ ပါတာတွေက အကျဉ်းတွေပါ။ ဘာလို့ အကျဉ်းလို့ ပြောလည်းဆိုရင် အဘိညာဏ်ရ ဒေဝီလရှင်ရက သိဒ္ဓတ္ထမင်းသားငယ်ကို မြင်တဲ့ အချိန်မှာ ငိုချင်း ရယ်ချင်း နှစ်မျိုးကို ပြုပါတယ်။ ဒီလိုအပိုင်းတွေမပါပါဘူး။ ဒီထက် အကျယ်ရှင်းထားတာရှိပါတယ်။ အဆင်ပြေရင် အကျယ်ကို တင်ပေးနိုင်အောင် ကြိုးစားပေးပါဦးမယ်။ ခုရက်ပိုင်းတွင်း စိတ်ညစ်တာတွေများနေတာနဲ့ စာမရေးဖြစ်ဘူး။ ဒါကြောင့် ကျွန်တော့  google Doc မှာ ရှိတဲ့ စာလေးတွေကို တင်ပေးလိုက်တာပါ။ ဒီပိုစ်မူရင်းရေးသားသူကိုတော့ သေချာ မသိပါ။ ဒါပေ့မယ်။ သူငယ်ချင်းများနေ့ ဆိုဒ်မှာတော့ ဖော်ပြပေးထားပါတယ်။ မူရင်းရေးသားသူကို အထူးပဲ့ ကျေးဇူးတင်ပါတယ်။ 
ဘဂ၀တော         ဘုန်းတော် ၆ ပါးနှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရား
အရဟတော        ကိလေသာ ကင်းစင်တော်မူသော မြတ်စွာဘုရား
သမ္မာသမ္ဗုဒ္ဓဿ    သစ္စာလေးပါး အမှန်တရားကို ပိုင်းခြားထင်ထင် ကိုယ်တော်တိုင်သိမြင်တော်မူသော မြတ်စွာဘုရား.. အား
နမောတဿ         ရှီခိုးပါ၏

တရားအားထုတ်သူ နှင့် အားမထုတ်သူ ဘာကွာသလဲ ?
တရားအားထုတ်တက်သူဟာ ကြုံသမျှအာရုံတွေကို အခြေခံပြီး သတိ သမာဓိ ညဏ်ဖြစ်အောင် အမြတ်ထုတ်တယ်။
တရားအားမထုတ်တက်တဲ့သူကတော့ ကြုံလာတဲ့ အာရုံတွေကြောင့် လောဘ ဒေါသ မောဟ ဖြစ်ပြီး အရူံးပေါ်နေတယ်။
အရှင်တေဇနိယ (ရွှေဥမင်) ဆရာတော် ရေးသားသော စာအုပ်မှ ကျွန်တော် သို့ သန့်ဇင်ဌေး  နှစ်သက်သော စာသားလေးများကို ပြန်လည်ဖော်ပြပေးထားတာပါ။
စိတ်ပိုင်းဆိုင်ရာ စာသားအနည်းလေးကိုလည်း နှစ်သက်ရာ စာစုလေးနဲ့ ဖော်ပြပေးချင်ပါသေးတယ်။
ငါ့တန်ဖိုး အထားဆုံး အရာဟာ ငါ့စိတ်ပဲ့ငါ့စိတ်ကို ယုတ်နိမ့်သွားစေမယ့် အတွေးတွေ သဘောထားတွေကို အမြစ်တွယ်ခွင့်မပေးဘူး။ မကောင်းတဲ့ အတွေးတွေ သဘောထားတွေကို သိ . သိပြီးပယ်မယ်လို့ ဆုံးဖြတ်ပြီး အလေ့အကျင့်လုပ်ရင် တနေ့တခြား စိတ်ထားမြင်မားတဲ့ သူဖြစ်လာမယ်။ ဒီတစ်ခုကို ထိထိရောက်ရောက်လုပ်လိုက်ရင် ကိုယ်ဘ၀တစ်ခုလုံး အရည်အသွေးတိုးတက်လာမယ်။ ဘ၀ရဲ့ အရည်အသွေးဟာ စိတ်ရဲ့ အရည်အသွေးပေါ်မှာ မူတည်တယ်။
ဆရာတော် ဦးဇောတိက (တွေးမိတိုင်းပျော်တယ်) စာအုပ်မှ. ကျွန်တော် သန့်ဇင်ဌေး နှစ်သက်သော စာသားလေးများကို ကြားညှပ် ပြီးထည့်ပေးလိုက်တာပါ။
အောက်ကတော့ မူရင်းပိုစ့်တိုင်းပါပဲ့ စာလုံးဖောင့်တွေ ပြန်ညှိပေးထားတာကလွဲလို့ ကျန်တာ ပြင်ဆင်ထားတာ မရှိပါဘူး။
ဗုဒ္ဓဘုရားရှင် ဗျာဒိတ်တော်ခံယူသည်မှအစ တရားအလုံးစုံကို အကုန်အစင် သိတော်မူသော အတုမရှိ သဗ္ဗညုဘုရားအဖြစ်သို့ ရောက်ရှိတော်မူပှုံ များကို သရုပ်ဖော်ပုံ ရှင်းလင်းစာများနှင့်အတူ ဖော်ပြပါမည်။
 
သုမေဓာရှင်ရသေ့သည် နောင်လေးသင်္ချေနဲ့ ကမ္ဘာတစ်သိန်းကြာသောအခါ တရားအလုံးစုံကို ကိုယ်တော်တိုင်သိတော်မူသော သဗ္ဗညုတဉာဏ်ရှင် ဂေါတမမြတ်ဗုဒ္ဓဖြစ်လိမ့်မည်ဟု ဒီပင်္ကရာဘုရား ဗျာဒိတ်စကား ပေးတော်မူပုံ
  
မဟာသက္ကရာဇ် ၆၇ခုနှစ် ဝါဆိုလပြည့်နေ့၌ ကပ္ပိလဝတ်ပြည့်ကြီးရှင် သုဒ္ဓေါဒနမင်းကြီး၏ မိဖုရားတော် မယ်တော်မာယာ အိမ်မက်မြင်မက်ပီ ဘုရားအလောင်းတော်နတ်သားသည် နတ်ဗြဟ္မာများ တောင်းပန်မှုကြောင့် ချမ်းမြေ့စွာ မယ်တော်ဝမ်းဝယ် သန္ဓေယူတော်မူပုံ
 
မဟာသက္ကရာဇ် ၆၈ခုနှစ် ကဆုန်လပြည့်နေ့၌ ကပ္ပိလဝတ်နှင့် ဒေဝဒဟနှစ်ပြည်ထောင်လမ်းခရီးအကြား အင်းကြင်းတော၌ ဘုရားအလောင်းတော် သိဒ္ဓတ္ထမင်းသားငယ်ကို မယ်တော်မာယာ ဝမ်းကြာတိုက်မှ ဖွားမြင်တော်မူပုံ
 
ခမည်းတော်သုဒ္ဓေါဒနမင်းကြီး ကိုးကွယ်သော အဘိညာဏ်ရ ဒေဝီလရှင်ရကို ဖူးမြှောက်ရန် သိဒ္ဓတ္ထမင်းသားငယ်ကို ချီပွေ့ယူဆောင်လာရာ ဘုန်းကံပိုမို ကြီးမားသော အလောင်းတော် မင်းသားငယ်၏ ခြေတော်အစုံတို့သည် ဒေဝီလရှင်ရသေ့၏ ဦးခေါင်းတော်ကို ထိခိုက်မိပုံ

ခမည်းတော် သုဒ္ဓေါဒနမင်းကြီ လယ်ထွန်မင်္ဂလာပြုနေစဉ် အလောင်းတော်မင်းသားလေးက အတိတ်ဘဝ ပါရမီဓာတ်အဟုန်ကြောင့် သင်ပြပေးသူ မရှိဘဲ မိမိအလိုလိုသာလျှင် အာနာပါနပထမဈာန်သမာဓိကို တည်ငြိမ်အေးချမ်းစွာ ဝင်စားနိုင်ပုံ

ဘုရားအလောင်းတော် သိဒ္ဓတ္ထမင်းသားလေး ယောက်ျားတို့ တတ်အပ်သော အဋ္ဌရသတစ်ဆယ့်ရှစ်ရပ်ကို မိမိရဲ့ ရှေးဘဝပါရမီဟုံကြောင့် သင်စရာမလိုဘဲ ကျွမ်းကျင်တတ်မြောက်ပြီးဘုရားအလောင်းတော် သိဒ္ဓတ္ထမင်းသားလေး သာကီဝင်ဆွေတော်မျိုးတော်တို့၏ ရှေ့တော်မှောက်၌ မိမိရဲ့ လက်ရုံးရည် နှလုံးရည် စွမ်းရည်သတ္တိကို အံသြဘွယ်ပြသနေပုံ

အလောင်းတော်သိဒ္ဓတ္ထမင်းသားလေး သက်တော် တဆယ့်ခြောက်နှစ်မြောက်သောအခါ ဘဒ္ဒကဉ္စနာ (ယသောဓရာဒေဝီ)နှင့် စုလျားရစ်ပတ်ပီ သာကီဝင်နန်းစည်းစိမ်ကို သိမ်းပိုက်၍ သာကီဝင်ဆွေတော်မျိုးတော်တို့၏ အကျိုးစီးပွားကို ဆောင်တော်မူခန်း

♣♣မိုဘိုင်းဖုန်း တိုက်လေယာဉ် ဂိမ်းများ♣♣


Mobile ဖုန်း တွေအတွက် တိုက်လေယာဉ် ဖြင့် တိုက်ခိုက်ရေး ဂိမ်းအမျိုးမျိုးပါ။ ဆော့လို့ကောင်းပါတယ်။ ဒေါင်းလို့ ပိုအဆင်ပြေအောင် ဂိမ်း ၁၂ ခုစလုံး တစ်ခါတည်း .zip ဖိုင်ဖြင့် ပေါင်းထည့်ထားလိုက်ပါတယ်။

၁. Air Strike 1944
၂. Aircraft Gear
၃. Alpha Wing
၎. America’s Army
၅. Battle Of The Planets
၆. F-16 Air Fighter
၇. Free Flight
၈. Heli Strike
၉. Red Baron
၁၀. Siberian Strike
၁၁. Tomcat Dog Flight
၁၂. Xyanide

2.7MBပဲရှိပါတယ်။ဒေါင်းချင်တယ်ဆိုရင်  ဒီမှာဒေါင်းလိုက်ပါ။

ဆင်တဲကဖီးမှကူးယူဝေမျှပါသည်။

သူငယ်ချင်းတို့အကောက်ထဲမှာ အပ်ထားသင့်တဲ့အကောက်ပါ

♣♣ဂျီတော့လ်က English to Myanmar Dictionary♣♣

သူငယ်ချင်းတို့အကောက်ထဲမှာ အပ်ထားသင့်တဲ့အကောက်ပါ။
သူ့အကောက်က eng2myn@gmail.com ပါ။သူက မိမိအကောက်ကို လက်ခံပြီးတာနဲ့
စတင်မေးလို့ရပါသည်။ကိုယ်သိချင်တဲ့အင်္ဂလိပ်စာလုံးကို ရိုက်ထည့်ပေးလိုက်ရင် မြန်မာလိုပြန်ပေးပါတယ်။အဆင်ပြေကြပါစေ။

♣♣ဂျီတော့လ်က search engine♣♣

 သူငယ်ချင်းတို့အကောက်ထဲမှာ အပ်ထားသင့်တဲ့အကောက်ပါ။ သူက မိမိသိချင်တဲ့အကြောင်းအရာကို ရှာဖွေပေးတဲ့အကောက်လေးပါ။ ဥပမာ။ ။သူ့အကောက်ထဲကို သက်မွန်မြင့် လို့ရိုက်ထည့်လိုက်ရင် သက်မွန်မြင့်နဲ့ ပတ်သတ်တဲ့ လင့်တွေ ရှာပေးပါတယ်။ နည်းပညာဆို နည်းပညာဆိုင်ရာ လင့်တွေ ရှာပေးပါတယ်။အဆင်ပြေကြပါစေ။သူ့အကောက်က guru@googlelabs.com ပါ။ သူက မိမိအကောက်ကိုလက်ခံပြီးတာနဲ့ စတင် မေးလို့ရပါပြီ။။အဆင်ပြေကြပါစေ။

♣♣တွဲဖက်မစားသင့်သောအစာများ♣♣:P



၁။ ငရုတ်သီးနှင့်  တရုတ်ကြီး
၂။ သကြားခဲနှင့်  ရထားတွဲ
၃။ ခွေးရိုးနှင့်  သေးအိုး
၎။ ခြင်းတောင်းနှင့်  ထင်းချောင်း
၅။ လက်ဖက်နှင့်  တဘတ်
၆။ ထန်းရွက်လိပ်နှင့်  ပုရွက်ဆိတ်
၇။ ၀က်မြီးနှင့် လက်နှီး
၈။ ညောင်သီးနှင့် ကြောင်ချီး
၉။ ဗလာစာအုပ်နှင့်  ဌာပနာထုတ်
၁၀။ ကျွဲချိုနှင့် ရဲယို
၁၁။ သလဲသီးနှင့်  ငရဲမီး
၁၂။ ဒေါက်ချွန်နှင့် မျောက်ဝံသား
၁၃။ ဓါတ်မီးနှင့်  လက်သီး
၁၄။ ပလာတာနှင့်  ပလာယာ
၁၅။ သကြားသီးနှင့်  ကုလားကြီး
၁၆။ ကြံချောင်းနှင့် သံချောင်း
၁၇။ ခေါင်းလောင်းနှင့်  ခေါင်းပေါင်း
၁၈။ ဖိနပ်စုတ်နှင့်  လက်ဖက်ပုပ်
၁၉။ ဇီးယိုနှင့် မီးဖို
၂၀။ ဆော့ ပင်နှင့် ဆော့ ချဉ်
၂၁။ ၀က်သားနှင့် ဓာတ်ပြား
၂၂။ ပဲပြုတ်နှင့် တဲပုတ်
၂၃။ ကြက်သားနှင့် ငှက်ဖျား
၂၄။ ဖက်လုံးနှင့် ဓါတ်လုံး
၂၅။ ခေါင်းအုံးနှင့် စလောင်းဖုံး
၂၆။ နာနတ်ယိုနှင့် ဖိနပ်တို
၂၇။ တောင်းစုတ်နှင့် မြောင်းပုပ်
၂၈။ ခြင်ထောင်နှင့် ယင်ကောင်
၂၉။ ဖက်ထုပ်နှင့် ကြွက်စုတ်
၃၀။ ၀က်အူသုတ်နှင့် စက္ကူစုတ်

အားလုံးလိုက်နာရမယ်နော် ..........
ဒါမှမဟုတ် အရမ်းကြိုက်တယ်ဆိုလဲ စားပေါ့ ကိုယ့်ဒေါသနဲ့ ကိုယ်ပဲ.... :P :P :P :P .

♣♣mobile game များ♣♣

ယောက်ျားလေးတွေ ကြိုက်လောက်မယ့် မိုဘိုင်းဖုန်း ဂိမ်းလေးတွေပါ။ စိတ်ဝင်စားမယ်ထင်တဲ့ ဂိမ်း ၅ ခုလောက်ကို ပေါင်းတင်ပြီး မျှဝေလိုက်ပါတယ်။

1. Bikini Beach
2. Photo Models – Sperm Bomb
3. Sexxonix
4. Sexy Poker Top Models
5. Sweet_Invaders

1.41MB ပဲရှိပါတယ်။လိုချင်ရင်တော့ ဒီမှာဒေါင်းလိုက်ပါ။
ပြိုင်ကားမောင်းချင်သူတွေအတွက် 3D ပြိုင်ကားဂိမ်းလေးများကို မျှဝေလိုက်ပါတယ်။

1. 3D Balloon Race
2. AirBurster3d – Zub
3. Asphalt 3 3D Street Rules
4. BurningTires3D
5. FastAndFourious3D

1.94MB ပဲရှိပါတယ်။ဒေါင်းချင်ရင်တော့ ဒီမှာဒေါင်းလိုက်ပါ။
မိုဘိုင်းဖုန်း ပြိုင်ကားဂိမ်းလေးတွေပါ။ ဆက်လက်မျှဝေလိုက်ပါတယ်။

01.Asphalt2
02.Asphalt3; Street Rules
03.DAKAR REALLY 2009
04.Fast and Furious Fugitive
05.Fast And Furious; Tokyo
06.Jet Set Racing [terjef]
07.Kyranda
08.McLaren samsungpro.ru
09.NEED FOR SPEED CARBON – qwerty111-
10.NitroStreet Racing
11.PGR
12.Racing Fever GT [NP]
13.Rayman Kart
14.The Fast And Furious Tokyo

5.19MB ပဲရှိပါတယ် ။လိုချင်ရင်တော့ ဒီမှာဒေါင်းလိုက်ပါ။
အပစ်အခတ် ၀ါသနာပါတဲ့ ဘော်ဒါတွေအတွက် မိုဘိုင်းဖုန်း Shooting ဂိမ်းများကို မျှဝေလိုက်ပါတယ်။

01. Assault Team 3D
02. Call of Duty 4
03. CStrike mobile
04. Far Cry 2
05. G.R.A.W.2
06. Liquidator by Street_racer
07. LNL-RISE-OF-WAR K750
08. Metal Slug MI
09. Mission Impossible
10. Socom US Navy SEALs
11. Wild West

3.03 MB ပဲရှိပါတယ်။ဒေါင်းချင်ရင်တော့ ဒီမှာဒေါင်းလိုက်ပါ။
ပျော်ရွှင်ကြပါစေ။
ဆင်တဲကဖီးမှကူးယူမျှဝေပါသည်။

♣♣ဗဟုသုတလေးပါ♣♣


၁။ ပုရွက်ဆိတ်တွေ တက်နေပါသလား။

ပုရွက်ဆိတ်တို့သည် သခွားသီးကို မုန်း၏။ ထို့အတွက် ပုရွက်ဆိတ်များလာလျှင် သူတို့လမ်းကြောင်းတွင် သခွားသီးခွံများ ပစ်ချထားလိုက်ပါလေ။ ၎င်းတို့သည်
ကြိမ်ဆဲကာ အဝေးသို့ထွက်ပြေးသွားပါလိမ့်မည် (လို့ပြောပါသည်)။

၂။ အမှုန်အမှိုက်များ လုံးဝကင်းစင်သော ရေခဲတုံးကလေးများ အလိုရှိပါသလား။

ရေခဲသေတ္တာထဲ မထည့်မီ ရေကို အရင်ကြိုလိုက်ပါ (တဲ့)။ ဆိုလိုသည်မှာ ရေကျက်အေးကို ရေခဲတုံးလုပ်ပါ။

၃။ ကြည့်မှန်ကို လုံးဝ ကြည်လင်နေစေလိုပါသလား။

မှန်ကို အရက်ပျံဖြင့် ပွတ်ပေးပါ (တဲ့)။

၎။ အင်္ကျီမှာ ပီကေတွေပေလာလို့ ကလေးကို ရိုက်မလို့လား။

မရိုက်ပါနဲ့ဗျာ။ အဲဒီအင်္ကျီကို ရေခဲသေတ္တာထဲ တစ်နာရီလောက် ပစ်ထည့်ထားလိုက်ပါ။ အိုကေမှာ စိုပြေသွားပါလိမ့်မယ် (တဲ့)။

၅။ အစ်ကိုတို့ရဲ့ ရှပ်အင်္ကျီအဖြူလေးတွေကို ဖြူဖွေးတောက်ပြောင်သွားစေလိုပါသလား။

အင်္ကျီ ကို သံပုရာသီးခြမ်းနဲ့အတူ ရေပူထဲမှာ ၁၀ မိနစ်လောက် စိမ်ပါ။ (သူတို့ရေးတဲ့အတိုင်း ပြန်ရေးပြတာပါ။ ကျွန်တော်တစ်ခါမှတောင် မစမ်းဖူးပါဘူး။
အင်္ကျီကို သံပုရာသီးကဟာတွေ စွမ်းကုန်ရင် ကျွန်တော့်ကို မေတ္တာမပို့ဘဲ
မူရင်းရေးတဲ့သူကိုပို့ပါလို့၊ အဟိ။ သြော်၊ စမ်းကြည့်ပြီး တကယ်ဟုတ်တယ်
ဆိုရင်လဲ လက်တို့လိုက်ပါဦးနော်။)

၆။ သံပုရာသီးထဲက အရည်တွေကို အကုန်ညှစ်ထုတ်လိုပါသလား။

သံပုရာသီးတွေကို ရေနွေးနဲ့ တစ်နာရီကြာစိမ်ပြီးမှ ညှစ်ပါ (တဲ့)။

၇။ ဂေါ်ဖီထုပ်ကြော်ရင် အနံ့မနံအောင် -

ကြော်နေတုံး အိုးထဲကို ပေါင်မုံ့လေးတစ်ဖဲ့ ပစ်ထည့်လိုက်ပါ (တဲ့)။

၈။ ကြက်သွန်လှီးရင် မငိုရအောင် -

ပီကေ၀ါးပါ (လို့ပြောတာပဲ)။ (မှတ်ချက်။ စင်ကာပူတွင် ပီကေမ၀ါးရန် ဥပဒေဖြင့် တားမြစ်ထားပါ၏။)

၉။ အာလူးပြုတ်တာ အမြန်နူးချင်ရင် -

အားလူးတစ်ခြမ်း(တစ်လုံးလုံး မဟုတ်) ကို အခွံနွှာပြီးမှ ပြုတ်ပါ (တဲ့)။

၁၀။ ရှပ်အင်္ကျီမှာ မင်တွေစွန်းလာလို့ ယောက်ျား (ယောင်္ကျား လို့ မရေးလိုက်ပါနဲ့။ ဟိုယောင်ယောင် ဒီယောင်ယောင်၊ ယောင်ခြောက်ဆယ်တွေ ဖြစ်ကုန်ပါ့မယ်။) ကို ရန်မလုပ်ပါနဲ့။
အလွယ်လေးပါ။

မင် (“မှင်” မဟုတ်ပါ။) စွန်းသောနေရာကို သွားတိုက်ဆေးဖြင့် ကျကျနန ပွတ်ပေးပါ။ နောက်ပြီး သွားတိုက်ဆေး လုံးဝ ခြောက်သွားပြီ ဆိုမှ ပွတ်လျှော်ပါ (တဲ့)။

၁၁။ ကစွန်းဥပြုတ် အခွံနွှာရတာ ခက်နေပါသလား။

ပြုတ်ပြီးပြီးချင်း ရေအေးနဲ့ ချက်ခြင်း စိမ်ပါ (တဲ့)။

၁၂။ ကြွက်တွေလာလို့ စိတ်ညစ်နေပါသလား။

သူတို့လာမဲ့လမ်းမှာ ငြုပ်ကောင်းမှုံ့ ဖြူးထားပါ (တဲ့)။

အိမ်လွမ်းသူဆိုဒ်မှကူးဝေမျှပါသည်။

ဖုန်းထဲကို၂၀၁၂ မြန်မာပြက္ခဒိန် ထည့်ချင်ရင်(365 sm3 mobile calendar)


 ဒေါင်းလုပ်ယူထားတဲ့ဖိုင်ကို ဖုန်းထဲထည့်လိုက်ပါ။

ပြီးရင် အင်စတောလုပ်ပါ။ အင်စတောလုပ်လို့ ပြီးရင်  ကုဒ်၂ ခုတောင်းနေပါလိမ့်မယ်။

Code: A မှာ2508 Code: B မှာ 9125 ဖြည့်လိုက်ရင် အသုံးပြုလို့ ရပါပြီ။

ဒါပေမယ့်ဖုန်းတိုင်းတော့မရပါဘူးNokia နဲ့ Sony မှာရတယ် Javaလည်းရှိဖို့ လိုတာဆိုတော့တရုပ်ဖုန်းတွေမှာမရဘူး i.mobile နဲ့ java မပါတဲ့တရုတ်ဖုန်းတွေမှာထည့်မရတာကိုတွေ့ ရပါတယ်။ အဆင်ပြေကြပါစေနော်.....


ဒီမှာdownload ယူပါ   ဖုန်းထဲထည့်တဲ့ 2012 မြန်မာပြက္ခဒိန်  (Mediafireမှာနော်)

မူရင်းလင့်နဲ့ ပိုင်ရှင်က www.sm3world.com 

ဒီမှာဖတ်ကြည့်ပါ Sm3 Mobile Directory အကြောင်းမြန်မာလို

မောင်(စွယ်စုံကျမ်း)ဆိုဒ်မှ ကူးယူဝေမျှပါသည်။

Facebook Timeline ကို Remove ရအောင်(မကြိုက်တဲ့သူတွေအတွက်ပါ။)



Facebook Timeline ကိုဖျက်ချင်တဲ့သူတွေ
ဒီဆိုဒ်လေးကိုသွားပြီ remove လုပ်လိုက်ပါနော်။


အပေါ်ကပေးထားတဲ့ Link ကိုသွားပြီးရင် ပုံထဲကလို Web Browser တွေပါလိမ်မည် ကိုယ် ဘာ Browser
ကိုသုံးသလဲ Firefox လား Google Chrome လားကိုယ်သုံးတဲ့ Web Browser ကို Click လိုက်ပြီးရင်
Firefox ဆိုရင်တော့ Add On မှာ Add သလိုပေါ့ ပေါလာလိမ်မည် ပေါ်လာရင် add on လေးကို install လုပ်လိုက်ပါ။
 Google Chrome လဲအတူတူပါဘဲ ။
add-on ကို install လုပ်ပြီးလျှင်မိမိသုံးနေတဲ့ facebook ကို ပြန်ဝင်ကြည့်လိုက်ပါ။Timeline မရှိတော့တာ ကိုတွေ့ရမှာပါ။ဒါပေမဲ့ အကောက်ကို update ပြန်လုပ်နေတဲ့အတွက် ခဏလောက်တော့ စောင့်ရပါသည်။
ကိုယ်ပိုင် Computer သုံးသူတွေအတွက်တော့အဆင်ပြေမှာပါ..ဆိုင်မှာ သုံးသူတွေ ကတော့ အွန်လိုင်းတက်တိုင်း install လုပ်ပေးမှ ရပါမယ်။
 အဆင်ပြေကြပါစေ...
 dingnoeizolen ဆိုဒ်မှကူးယူဝေမျှပါသည်။

timline ကို ပြန်လိုချင်တယ်ဆိုရင်http://www.facebook.com/about/timeline  ဒီလင့်လေးက နေ သွားပြီ ပြန်ယူလိုက်ပါနော်

ဓါတ်ပုံပြင်လို့ရတဲ့ဆော့ဝဲလ်(Photo Scape 3.6.1)

Poto Scape ကိုတော့ ဓာတ်ပုံလေးတွေကို ရုပ်ပြောင်လေးတွေ အဖြစ်နဲ့ပဲ ဖြစ်ဖြစ် ပုံလေးတွေကို ကလိရတာ ၀ါသနာ ပါတဲ့ သူတော်တော် များများတော့ သိပါလိမ့်မယ် ..  ဒီကောင်လေးက  Free အသုံးပြု ယုံပါပဲ ..  ဗာရှင်း အသစ်လေး ထပ်ထွက်လာလို့ တင်ပေးလိုက်ပါတယ်  .. အသုံးပြုချင်တဲ့ သူတွေကတော့ အောက်မှာ အဆင်ပြေတဲ့ လင့်ကနေသာ ဒေါင်းလော့ ချသွားလိုက်ပါ ..



အားလုံးပဲ အဆင်ပြေကြပါစေ ... ကျေးဇူးတင်ပါတယ်ခင်ဗျာ ..
(ကိုနေမင်းမောင်ဆိုဒ်က သယ်လာတာ ပါ)

ဂျီတော့မက်ဆေ့ခ်ျ အလန်းများ စုစည်းမှု

အရင်တုန်းကတော. ချစ်သူ အခုကျတော. အပြစ်ယူ ငါကိုချစ်တယ်ဆိုပြီး
နောက်တစ်ယောက်နဲ. Kiss You နောက်ဆုံးပြောလိုက်မယ် You အီးရှု
..........................................................................................................
A B C D E F G means "A Boy Can Do Everything For Girl" ... ....
G F E D C B A means "Girl Forget Easily Done and Catch other Boy Again...
That Right.....
..........................................................................................................
ထမင်းကလွဲရင် အကုန်ချက်တယ်… ဂျီတော့ နဲ့ Chat မယ်… G-mail နဲ့ Chat မယ်… Yahoo နဲ့ Chat မယ်…. V Z O နဲ့ Chat မယ်…. ပီဖင်းဂိုး ပြောမယ်…
..........................................................................................................
ဒီမယ် မောင်ရင်… ဒါ မြန်မာပြည်ကွဲ့… မင်းဘာသာမင်း အဌာရသ ၁၈ ရပ်ကို မိုးပျံအောင်ပဲတတ်နေပါစေ… ဂွင်ရယ်… လမ်းကြောင်းရယ်… အထာရယ် သဘောမပေါက်လို့ကတော့ ဘိန်းမုန့်တောင် ဖုတ်ရောင်းလို့ မရဘူးမှတ်။

..........................................................................................................
စကြာဝဠာကြီး ပျက်စီးသွားမယ်ဆိုရင်တောင် မင်းနာမည်စာလုံးလေးတွေက ကိုယ့်နှလုံးထက်မှာ မပျောက်မပျက်ဘဲ ကျန်ရစ်နေခဲ့ပါလိမ့်မယ်
..........................................................................................................
အပျော်ကြိုက်ရင် ရင်ခုန်စရာမကောင်းဘူး… အတည်ကြိုက်ရင် အသည်းကွဲတယ်… ဖြစ်နိုင်မယ်ဆိုရင် အရာအားလုံးကို ကျောခိုင်းထားချင်တယ်….
..........................................................................................................
နိုင်ငံတော်အလံ ပြောင်းသွားပြီ… မကြာခင်မှာ အုပ်ချုပ်တဲ့အစိုးရလည်း ပြောင်းတော့မယ်… ဒါပေမယ့်… ငါ့အချစ်တွေကတော့ ပြောင်းလဲသွားမှာ မဟုတ်ပါဘူး။
..........................................................................................................
အိပ်မက် တစ်ပွဲပေးပါ.. မျှော်လင့်ချက် များများထည့်… အတိတ်ဆိုးတွေ မထည့်နဲ့… အနာဂတ် ရွှဲရွှဲလေးဆမ်းကွာ… ခံစားချက်ကိုထည့်ရင် ဒီအတိုင်းမထည့်နဲ့… ကတ်ကြေးနဲ့ ပါးပါးလေးညှပ်ထည့်… ကဲ… ဘယ်လောက်ကျလဲ???
..........................................................................................................
စိတ်ညစ်ပါ၏ အဘယ်ကြောင့်မသိ အဖြေရှာကြည့်တော့ ဝေဒနာအတိ သေချာညှိ အဆင်မပြေမှုတွေများပါဘိ သေရွာကိုပဲ သွားချင်မိ။
..........................................................................................................
အလွမ်းတွေကိုသာ ဆေးအဖြစ် သုတ်လို့ရမယ်ဆိုရင် ဒီကမ္ဘာကြီးတစ်ခုလုံးဟာ မင်းကိုလွမ်းတဲ့ အလွမ်းတွေနဲ့ ပြည့်နေတဲ့ကမ္ဘာကြီး ဖြစ်နေပါလိမ့်မယ်။ အာကာသထဲကနေ မင်းလှမ်းကြည့်တဲ့အခါ ကမ္ဘာကြီးပေါ်မှာ မင်းနာမည်ကိုတောင် မြင်တွေ့နိုင်မယ်ထင်ပါရဲ့။
..........................................................................................................
အချစ်နဲ့ အမုန်းဆိုတာ...သုံးနဲ့လေးလို၊ ခေါင်းနဲ့ပန်းလို...အမြဲဒွန်တွဲနေတတ်တာ အမှန်ပါ...အချစ်ပြီးရင် အမုန်းလာမှာ အသေအချာပါပဲ...။
..........................................................................................................
အခုတလော...ငါ့အိပ်မက်တွေ အရမ်းထူးဆန်းတယ်။မင်းမျက်နှာကို ကြွေးရှင်အမှတ်နဲ့ ညတိုင်း လန့်လန့်ပြီး နိုးနေမိတယ်။ငါ့ရဲ့အချစ်ကြွေးတွေ မကျေသေးဘူးလားကွယ်...။
..........................................................................................................
လျှို့ဝှက်တယ်ဆိုတာ မကောင်းပေမယ့် သိုသိပ်နိုင်ရတယ်....။ဟန်ဆောင်တယ်ဆိုတာ မကောင်းပေမယ့် ထိန်းချုပ်တတ်ရတယ်....။အေးစက်တယ်ဆိုတာ မကောင်းပေမယ့် တည်ငြိမ်ရမယ်လေ....။
..........................................................................................................
လူတစ်ယောက်ကို မုန်းဖို့အတွက် သတ္တိလိုတယ်....။ချစ်ဖို့အတွက်တော့ ရေစက်လိုတယ်....။မေ့ဖို့အတွက်ဆိုရင်တော့ အချိန်တွေလိုတယ်....။
..........................................................................................................
တိရစ္ဆာန်ရုံက မျောက်တွေများ... လုံးဝကို အငြိမ်မနေတတ်ကြဘူး။ဟိုအကိုင်း ဒီအကိုင်း ကူးလိုက်၊ သန်းရှာလိုက်နဲ့ အလုပ်ကို ရှုပ်နေတာပဲ။ဟော... အခုလည်း ကြည့်ဦး၊ ဒီစာကို ဖတ်နေပြန်ပြီလေ။
..........................................................................................................
ငါဆိုတဲ့ကောင်ဟာ....ရင်ဘတ်ကိုဖိရင် "I LOVE YOU" လို့ အော်တတ်တဲ့ အရုပ်ကလေးတစ်ရုပ်ပါပဲ။အသက်တစ်ခါရှူလိုက်တိုင်း ငါ့ရင်ထဲမှာ "မင်းကိုချစ်တယ်" လို့ပဲ အော်နေမိတယ်။
..........................................................................................................
ပိုက်ဆံချေးပြီး ပြန်ဆပ်ရန်မလိုသော သူငယ်ချင်းများ အလိုရှိသည်။
..........................................................................................................
မင်းကိုလွမ်းလို့ ကျတဲ့မျက်ရည်တွေကို တမံဆည်လုပ်ပြီး ရေအားလျှပ်စစ်ထုတ်မယ်ဆိုရင် မင်းနေတဲ့အရပ် တစ်သက်လုံး မီးလင်းနေမှာပါ။
..........................................................................................................
ဘဝဖော်ဆိုတာ...ကိုယ်ကလွဲရင် ဘယ်သူ့ကိုမှ မယူဘူးဆိုတဲ့လူ မဟုတ်ပါဘူး။ကိုယ့်အားနည်းချက်အားလုံးကို သိသည့်တိုင် ကိုယ့်ကိုရွေးချယ်သူဖြစ်တယ်။
..........................................................................................................
ခွင့်လွှတ်သည်းခံခြင်းတွေဆိုတာ အချစ်မှာ မရှိမဖြစ်တဲ့ အရာတွေဖြစ်တယ်။တစ်ဖက်သားရဲ့အမှားကို ပြည့်ဝတဲ့သဘောထားနဲ့ ခွင့်လွှတ်သင့်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူဟာ ကိုယ့်ရဲ့ အချစ်ဆုံးသူ ဖြစ်နေလို့ပါပဲ။
..........................................................................................................
U See I See နှစ်ယောက်စီးတော့ ဆိုက္ကားလေးတာပေါ့။U Say I Say နှစ်ယောက်ဆေးတော့ ပန်းကန်ပြောင်တာပေါ့။U Know I Know နှစ်ယောက်နိုးတော့ သူခိုးမကပ်တာပေါ့။U Chat I Chat နှစ်ယောက်ချက်တော့ အမြန်ကျက်တာပေါ့။
..........................................................................................................
မင်းကိုလွမ်းတိုင်းသာ သေနတ်တစ်ချက်ပစ်ရရင် အခုအချိန်ဆို တတိယကမ္ဘာစစ်တောင် ဖြစ်နေလောက်ပြီ....။
..........................................................................................................
မဆုံနိုင်အောင် ဘယ်လောက်ပဲ ဝေးပါစေ...တကယ်ချစ်ရင် စိတ်ထဲမှာ အမြဲရှိတယ်။
..........................................................................................................
ငါ့ကောင်းကင်မှာ ထွန်းလင်းဖို့အတွက် လမင်းရယ်၊ ကြယ်ရယ် မလိုပါဘူး။နင်ရှိနေရင် ရပြီ။
..........................................................................................................
   ဂျာမနီရေဘ၀ဲ....မင်းကို ငါမကျေနပ်ဘူးကွ။မင်း ပေါက်ကရတွေဟောလို့ ငါအားပေးတဲ့ ဂျာမနီအသင်း စပိန်ကိုရှုံးသွားပြီ။မင်း မြန်မာနိုင်ငံ ရောက်လို့ကတော့ ကောက်ညှင်းအစာသွတ်ပြီး ချက်စားပစ်မယ်။ ငါ့အမေက ပင်လယ်စာ မညှီအောင် ချက်တတ်တယ်ကွ။
..........................................................................................................
ဆန္ဒတွေရှိသည်။မျှော်လင့်ချက်တော့ မရှိပါ။သို့သော်... သူ့ကို အလွန်ချစ်ပါသည်။
..........................................................................................................
တချို့ကတော့ ပြောတာပဲ...အချစ်ဆိုတာ...နံပြားဖုတ်နေတဲ့ ကုလားကြီးလက်က အမွှေးတွေနဲ့ တူတယ်တဲ့။
..........................................................................................................
ပညာရှိအမျက် အပြင်မထွက်ရတဲ့။ စကားစုလေးက လွယ်သလောက် လိုက်နာဖို့တော့ ခက်ပါတယ်။သင်ရော လုပ်ကြည့်ပြီးပြီလား....။
..........................................................................................................
မသိမသာ အပြောင်းအလဲတွေကို ဂရုစိုက်မိမယ်ဆိုရင် တကယ်ပြောင်းလဲလာမယ့် အပြောင်းအလဲကြီးမှာ ခံနိုင်ရည် ရှိနိုင်ပါတယ်။
..........................................................................................................
အပူပေးခံထားရတဲ့ ရွှေတွေဟာ အလှဆင်ပစ္စည်းတွေ ဖြစ်လာပါတယ်။ပြင်းပြင်းထန်ထန် နန်းဆွဲခံထားရတဲ့ ကြေးတွေဟာ ၀ိုင်ယာကြိုးတွေ ဖြစ်လာပါတယ်။ ထွင်းထုခံထားရတဲ့ ကျောက်တုံးတွေဟာလည်း ရုပ်တုတွေ ဖြစ်လာပါတယ်။ဒါကြောင့် သင့်ဘ၀မှာ နာကျင်ခံစားရမှုတွေ များလာလေ သင့်ရဲ့တန်ဖိုး တက်လာလေပါပဲ။
..........................................................................................................
  ဟုတ်ပါတယ်... လုပ်ပါကွယ်... နင်ဘာဖြစ်ဖြစ် ငါချစ်တယ်။ယုံပါတယ်.. ညာပါကွယ်... နင်လိမ်တာကို ငါသိတယ်။ဆက်ညာတယ်... ထပ်ခါရယ်... ငါ့ကိုငတုံးလို့ ထင်နေလည်း...ငါ့ရင်ထဲက အချစ်ကိုတော့ စော်ကားဖို့ နင်မကြိုးစားပါနဲ့။
..........................................................................................................
လွမ်းဆွတ်ခြင်းဆိုတာ ရေရာတဲ့ အကြောင်းပြချက်မရှိဘဲ  လူတစ်ယောက်ကို မျက်ရည်ကျစေအောင် ပေးနိုင်စွမ်းတဲ့ အင်အားတွေဖြစ်တယ်။ "ပျော်ရွှင်ခြင်းတစ်မျိုးက ကိုယ်ချစ်တဲ့လူကို ပေးဆပ်ခြင်းသက်သက်နဲ့ တစ်သက်လုံးချစ်နေတာပါပဲ"
..........................................................................................................
ကျောင်းမှန်မှန်တက် ဦးနှောက်ပျက်။ကျောင်းမှန်မှန်ပြေး ဦးနှောက်အေး။မှန်မှန်ရေးပါ ရည်းစားစာ။မိဘစကား ဘေးမှာထား။ဆရာစကား ဘေးချိတ်ထား။ချစ်သူစကား တန်ဖိုးထား။
..........................................................................................................
အလှူတကာ အလှူတို့တွင် ရည်းစားအလှူသည် အမြတ်ဆုံး။ကိုယ့်ရည်းစားကို သူများက ကြားဖြတ်လုဖို့ ကြိုးစားနေတယ်ဆိုရင် ပေးလှူလိုက်ပြီး အမျှအတန်းပေးဝေပါ။ ကိုယ် အသည်းကွဲခံစားရတာများလေ ကုသိုလ်ရလေလေပဲ။
..........................................................................................................
လောကမှာ ငါမသိတာဆိုလို့ (၂) ခုပဲ ရှိတယ်-ဟိုဟာလဲ သိဘူး၊ ဒီဟာလဲ သိဘူး၊ ဟီးဟီး
..........................................................................................................
ဓါးလည်း သွေးပေးထားတယ်။ရင်လည်း ခွဲပေးထားတယ်။ဆားနဲ့လည်း ပက်သွားသေးတယ်။ဒါတောင် နင်မကျေနပ်နိုင်သေးဘူးဆိုရင် အသက်ကိုပါပေးဖို့ အသင့်ပါပဲ။ နင့်ဆီက "ချစ်တယ်" ဆိုတဲ့ စကားတစ်ခွန်းကို ကြားရမယ်ဆိုရင်ပေါ့။
..........................................................................................................
မင်းရဲ့ "ချစ်တယ်" ဆိုတဲ့စကားကို ကြားလိုက်ရတဲ့အချိန်မှာ ပျားရည်တွေတောင် ခါးသွားသလိုပဲ။
..........................................................................................................
အမှတ်တရ ဆိုသည်မှာ....သိမ်းထားတတ်သူအတွက် အလွမ်းများသာ ဖြစ်သည်။
..........................................................................................................
ပါးတိုင်းလည်း မနမ်းဖူးသလိုညတိုင်းလည်း မလွမ်းမိဘူး။ လွမ်းမိတဲ့ညမှာ နမ်းမိတဲ့ပါးလေးကိုသတိရတယ်။
..........................................................................................................
အက်ဒီဆင်ကို ကျေးဇူးမတင်နိုင်ပါဘူး။အခုလောလောဆယ် ဖရောင်းတိုင် တီထွင်ခဲ့သူကို ကျေးဇူးတွေ တင်နေရပါတယ်။
..........................................................................................................
ချစ်နေတာက (၁) ယောက်၊ကြိုက်နေတာက (၂) ယောက်၊အိပ်မက်ထဲမှာက (၃) ယောက်၊ကျူနေတာက (၁၀) ယောက်၊ဒါပေမယ့် ဘယ်သူမေးမေး (မရှိဘူး)ပဲ....။
..........................................................................................................
ငါသတိရတဲ့အချိန် မင်းလွမ်းချင်မှ လွမ်းမယ်။ငါရူးလောက်အောင် သတိရတဲ့အချိန် မင်းအိပ်ချင် အိပ်နေလိမ့်မယ်။ငါအရမ်းကို တွေ့ချင်နေတဲ့အချိန် မင်း အခြားတစ်ယောက်နဲ့ တွေ့ချင်တွေ့နေမှာပါ။
..........................................................................................................
မောင်ရေ....အထင်တော့မလွဲလိုက်ပါနဲ့E-mail စာများ ရောက်မလာခဲ့ရင်မ ကိုလေ မငြိုငြင်ပါနဲ့နော်မ တို့ မိန်းမသားဘ၀မှာ online တက်နိုင်ဖို့ရာconnection ကောင်းဖို့ ဆုတောင်းနေရတာ။
..........................................................................................................
 အချစ်ဆိုတာ ကင်ဆာလိုပဲ...။ ရှိနေမှန်းမသိရဘူး။သိတဲ့အချိန်ကျတော့ အမြစ်တွယ်နေပြီလေ။
..........................................................................................................
ကိုယ့်အနားရှိစေချင် ပေမယ့်နီးနီးလေးနဲ့ ဝေး နေရတယ်နော်။ အရင်ကဇာတ်လမ်းလေး အတိုင်းလမ်းဆုံ မှာ ရပ်နေတဲ့အခါကြင်နာသူနှစ်ဦးဆုံနိုင်ရန် သီချင်းကိုဆိုကြမယ်။လမ်းမခွဲကြေး ဆိုပေမယ့်သံယောဇဉ် ကို ဖြတ်ကြရဦးမယ်။ပျော်ရွှင်ခြင်းနိုင်ငံ ကို အတူသွားချင်ပေမယ့် ဘာကြောင့်လဲ ဆိုတဲ့ မေးခွန်းတွေနဲ့အတူရွက်လွှင့်ခြင်း လုပ်နေရဦးမယ်။တကယ်ဆိုရင် အချစ်ပဲလိုတယ် ဆိုပေမယ့်မင်းနဲ့ငါ ဟာလမင်းနဲ့ ပင်လယ် ပါ။
..........................................................................................................
အချစ်ဆိုတာ ဒိုတာခုတ်တာလောက် ပျော်ဖို့ ကောင်းလို့ လား.............?NEED 4 SPEED လောက်ရော ရင်ခုန်ရလို့ လား.......................?COUNTER STRIKE လောက် ပြင်းထန်လို့ လား........................?နေစမ်းပါ....LOVER လုပ်မယ့်အစားGAMER ပဲ လုပ်တော့မယ်........။
..........................................................................................................
လိပ်လိုနှေးတဲ့ အင်တာနက်ကိုစီးပြီး ကမ္ဘာ့ရွာကိုပတ်နေရတာ ဖြစ်တဲ့အတွက် မင်းဆီအရောက် နောက်ကျနေခဲ့ရင် နားလည်ပေးပါနော်။
..........................................................................................................
ချစ်သူအတွက်နော်...1 ယောက်ထဲကို2 လုံးသားနဲ့3 သပ်ပြီး4 နက်တဲ့5 အချစ်ကို6 သွေ့တဲ့7 အားနဲ့အ 8 ကို9 ကွယ်ပြီး 10 ကမ္ဘာတိုင်အောင် ချစ်သွားမှာပါ....။
..........................................................................................................
လေးမတင်နိုင်လို့မယ်သီတာကိုမရတဲ့ ဒဿကိုအချစ်ရှုံးသမားလို့ပြောရင်လေးတင်နိုင်ပါလျက်နဲ့မတင်ခဲ့တဲ့ ညီတော်လက္ခဏာကို ဘယ်လိုပြောမလဲ???
..........................................................................................................
စာကမရ Whisky ချစိတ်ညစ်တယ်နော် Beer ဆော်မလောက်သေးပဲ Spy ထပ်ဆွဲစက်တော်ခေါ်ရန် Brandy ခံမနက်လင်းသော် Ice ထပ်ဆော်ကြံရာမရ Rum ထပ်ချကျောင်းသို့သွားသော် မြောင်းထဲချော်ကယ်တင်ရှင်အဖြစ် Black Label ကစ်...။
..........................................................................................................
နားလည်ပေးရလွန်းလို့လည်း....... နားရွက်တောင် ရှာမတွေ့တော့ဘူး .....။
..........................................................................................................
နာကျင်တယ်ဆိုတာ.... ဒဏ်ရာ အကြီးအသေးပေါ်မှာ မူမတည်ပါဘူး။ ဘယ်လောက် ရင်းနှီးမြှုပ်နှံထားသလဲဆိုတဲ့ အပေါ်မှာပဲ မူတည်ပါတယ်.....။
..........................................................................................................
အခွန်မဆောင်ရတိုင်း လာမကြောင်နဲ့။ ပါမစ်မတင်ရတိုင်း လာမရစ်နဲ့။ လေပေါတယ်ဆိုတိုင်း လာမဖောနဲ့။ ကူညီသလိုလိုနဲ့ လာမကျူနဲ့။ မကျေနပ်လို့ တိုင်လိုက်ရင် နတ်ကိုင်လိမ့်မယ်။ (မှတ်ချက်။ အင်တာနတ်)
..........................................................................................................
အပေါဆုံးက အကြွေး မွေးရာပါအားနည်းချက်က ကြိုက်မယ့်သူမရှိတာ စိတ်ညစ်ရတဲ့အထဲမှာ ကလေးကအစ ခွေးအဆုံး မခံ့တာလည်းပါတယ်ဘာလုပ်လုပ်မအောင်မြင်တော့လည်းဘာမှမလုပ်ဘဲ မိဘလုပ်စာပဲ ထိုင်စားတော့မယ်။
..........................................................................................................
ရှာပုံတော်မင်းသားကြီး........ ၀ဘ်ဆိုဒ်တကာရောက်ခဲ့ပြီ............ ဘယ်chatမှာ ဘယ်လိုကဲမှန်း...... မသိတော့ ခက်လှပြီ............ မနှစ်ကပေးတဲ့ မေးလ်လိပ်စာ...... ဗိုင်းရပ်စ်ကိုက်လို့ ပျက်ကုန်ပြီ.......... မမှတ်မိတော့ခက်သာလှချေပြီ.....
..........................................................................................................
အချို့က ချစ်လျက်နဲ့ ကွဲကြတယ်... ဒါပေမယ့်.... မုသားတွေပါတယ် ...။ အချို့က ကွဲလျက်နဲ့ ချစ်ကြတယ်... ဒါပေမယ့်.... မာနတွေပါတယ် ....။အချို့က ဝေးလျက်နဲ့ နားလည်ကြတယ်... ဒါပေမယ့်.... အချစ်ဆိုတာပါတယ် ...
..........................................................................................................
နေကောင်းလားလို့ မေးတိုင်း ဖြေရအောင်
ငါက နာတာရှည်ရောဂါသည် မဟုတ်ဘူး။
စားပြီးပြီလားမေးရအောင် အီသီယိုပီးယားမှာ
 နေတယ်မှတ်နေလား။ နာမည်မေးတိုင်း ဖြေရအောင်
နင်က လူဝင်မှု ကြီးကြပ်ရေးကလား။
အနိစ္စ~~~အရင်ရည်းစားကမမြဲ။ :1: :1:
 ဒုက္ခ~~~ဒီရည်းစားအတွက်သောကများရ။  :14:
အနတ္တ~~~နောင်လာမည့်ရည်းစားကလဲ အစိုးမရ။  :19: :19:
ပြတ်သွားသမျှရည်းစားအားလုံး~~~အမျှ အမျှ အမျှ...:2: :2:
အချစ် + ဒေါသ = ဆေးခန်း (သို့)ရဲစခန်း ။
အချစ် - အသိဥာဏ်=ကိုယ်ဝန်....#$@ ။
အချစ် x စကား = မဂ်လာဆောင်... ~0~ ။
အချစ် ÷ ဦးနှောက် = အပျိုကြီး(သို့)လူပျိုကြီး........
မပြောတတ်တာ မဟုတ်ဘူး... မပြောရက်လို့ ကြည့်နေတာ.....
တုံးလို့ မသိတာမဟုတ်ဘူး.... ချစ်လို့ မသိချင်ယောင်ဆောင်ပေးနေတာ.....
အယုံလွယ်တာမဟုတ်ဘူး.... နင်အလိမ်ပေါ်မျာစိုးလို့...
အရာရာကိုခေါင်းညိတ်ပေးနေတာပေါက်ပြီဟုတ်
တစ်ယောက်ထဲ နေရတာကြာတော့ တဖြည်းဖြည်းနဲ့ပျင်းလာတယ်
နင်မရှိတော့ အမှတ်တရတွေလည်း ငါ့ဘ၀ထဲမှာရှင်းလာတယ်.....

ချစ်သူဆီကအပြန်ဖိနပ်မှတ်လို့
စီးလာတာ ငါ့မာနတွေဖြစ်နေတယ်
တော်တော်လေးတောင်ပါးနေပြီပဲ
ရှိပါစေတော့.... ဘာပဲဖြစ်ဖြစ်
ငါကချစ်တာကိုး.....




လမ်းခွဲပြီးနောက်...သူငယ်ချင်းလုပ်လို့ မရဘူး...
ဘာလို့လဲဆိုတော့...တစ်ယောက်ကိုတစ်ယောက်
နာကျင်မှုတွေပေးထားလို့...ရန်သူလဲ လုပ်လို့မရဘူး...
ဘာလို့လဲ နင်သိလား???အရမ်းချစ်ခဲ့လို့ပေါ့ .....


မြန်မာလို အချစ်
် Englishလို I Love You
Mathsလို 1500
 Chemistryလို ပေါင်းစည်းခြင်း
 Physicsလို ပုံသေနည်းမရှိ
 Bioလို ရင်ခွဲကြည့်
 Eco လိုဈေးမဆစ်နဲ့
 သမိုင်းလို ရာဇ၀င်တွင်ပြီး
ပထ၀ီလို ကမ္ဘာတည်သရွေချစ်နေမယ်
:17:



အချစ်ကိုဂိမ်းတစ်ခုလိုကစားရင် ဘယ်သူက ရှုံးမယ်လို့ထင်လဲ
တစ်ကယ်တော့ ချစ်တဲ့သူက အရှုံးပေးလိုက်တာပါ



စိတ်မပူပါနဲ့ ချစ်သူ ....
လှေနံ ၂ ဖက်နင်းမယ်ဆိုရင်တောင်မှ ...
မင်းဖက် ကို ပိုပိုသာသာလေး နင်းပေးပါ့ မယ်...
ဒါမှ ... မင်း လှေမှောက် ပြီး ရေနစ်သေအောင်လို့ လေ ....။  :3: :3: :3:


1 year,
12 months,
365 days,
8760 hours,
525600 minutes,
3153600 seconds,
everyday, every night, every time,( I Always Miss You)
:4: :4: :4: :4: :5: :5: :5: :-[ :-[ :-[



အချစ်တစ်ပွဲပေးနော်
အလွမ်းအဆွေးလုံးဝမထည့်နဲ့ အဆင်မပြေတာတွေနဲနဲလျော့ ကြည်နူးစရာလေးတွေများများထည့် သြော်အကောင်းဆုံးလေးပြင်ဆင်ခဲ့
နော်....

VzO မချက်ဘူး ဓါတ်ပုံလဲ မ ပို့ဘူး နာမည်မပြောဘူး ဘယ်မှာနေလဲ မသိဘူး
ရှင်းပြီနော် အော် ကျန်သေးတယ် VoiCe caLl လက်မခံဘူး ရည်းစားစကားလဲ မကြားချင်ဘူး
 ဖုန်းနံပါတ်လဲမပေးဘူး ဟုတ်ပီနော် ကုန်ကုန်ပြောမယ် ဘယ်သူ့ကိုမှစိတ်ကိုမ၀င်စားတတ်တာ........
ငါနင့်ကို၂ပြားမတန်အောင်ပြောမိတာအတွက် ငါတောင်းပန်ပါတယ်ဟာ
ငါသေချာစဉ်းစားမှပဲ နင်ကတစ်ပြားမှကိုမတန်တာ သိတော့တယ်..  :3:

ပြင်တော့ပြင်ရမည် .. အများကြီးမဟုတ်ပါ .. စောက်ချိုးပဲပြင်ရမှာ  :3:

ဟိတ်.....မလှုပ်နဲ့ ပါသမျှမေတ္တာတွေ အကုန်ထုတ်စမ်း
ပလီပလာများမယ်တော့မကြံနဲ့ နော်
ငါ့ရဲ့သစ္စာသေနတ်ထဲကအချစ်ကျည်ဆံက
1စက္ကန့်ကိုမိုင်1500နှုန်းနဲ့ မင်းရဲ့နှလုံးသားထဲကိုထိုးဖောက်ဝင်ရောက်သွားမယ်ဘာမှတ်နေလဲ။




အိုစမာဘင်လာဒင်ပျောက်နေတယ်................
ပြီးတော့သူလဲသေတာပဲ..................
ဆဒန်ဟူစိန်လဲပျောက်နေတယ်.........

နောက်တော့သူလဲသေတာပဲ................
ချစ်သူ.....နင်လဲပျောက်နေတယ်........ဘယ်နေ့သေမလဲ.........
:P


ဟိုအရင်ကဆို.....ပုံပြင်လေးတွေ နင်အမြဲပြောပြတတ်တယ်.....
နောက်တော့ ပုံပြင်ထဲကလို နင်လိမ်တယ်.....
ပြီးတော့ သစ္စာဖောက်တယ်.....
နောက်ဆုံးတော့လည်း ပုံပြင်ထဲကလိုပဲ ငါတို့ ဝေးသွားကြတယ်....
ဇာတ်သိမ်းမှာတော့ ပုံပြင်လေးပြီးသွားသလို .....
ငါတို့ ဇာတ်လမ်းတွေလည်း ပုံပြင်နဲ့ အတူပျောက်သွားခဲ့ပြန်တယ်....
အခုတော့လည်း အဲ့ဒီ ပုံပြင်တွေနဲ့အတူ နင့်ကိုပါ ငါ မုန်းတတ်သွားတယ်.........



ချစ်သူမင်းက အခုမှ နာကျင်တယ်လို့ပြောတာပါ
ငါနာကျင်ခဲတာ နင်မှမသိဘဲ


မင်းက မင်းသားတွေကြည့်ပြီး လက်ထပ်မယ့်သူကိုရှာမယ်ဆိုရင်
ငါဟာ မင်းအတွက်တော့ လာခြင်းမကောင်းတဲ့ သူတစ်ယောက်ပါ ချစ်သူ
မုန်းပြီဆိုရင်တော့..1500 ကို 1600 ပေးလည်းလှည့်မကြည့်ဘူး။။
အချစ်ဆိုတာ Bus ကားလိုပဲ ထွက်သွားတဲ့ ကားနောက် ပြေးမလိုက်နဲ့ မောတယ်။။။
ခဏလေးစောင့်လိုက် နောက်တစ်စီးလာလိမ့်မယ် ဟုတ်တယ်ဟုတ် :17: :17: :17: :14: :14: :14:


ကံကြမ္မာ က ငါ့ဘက်မရှိပေမဲ့ နင် တော့ ငါ့ဘက်မှာ ရှိနေပေးသင့်တယ်လို့ ထင်မိတယ်။



     အချစ်အကြောင်း နင်ပြောတဲ့အခါ
   ငါရယ်ချင်လာတယ်
   နင်ကချစ်မှမချစ်တတ်တာ

သမင်မျက်လုံး နဲ့
ဇင်ယော်တောင်မျက်ခုံး သာမက
 ငါးရံ့ကိုယ်လုံး
 ဆင်မယဉ်သာဟန်ပန်လျှောက်လှမ်းတတ်တဲ့
ကြိုးကြာသံပိုင်ရှင်
အော်... အဲဒီ့တိရစ္ဆာန်မ ငါ့ကိုထားသွားတယ်...
:19: :19: :3: :3:



ရုပ်ရှင်ထဲက မင်းသားတွေလိုတော့ 
ငါလည်း တောက်လျှောက်ကြီး တော့  ဘယ်ကောင်းနိုင်ပါ့မလဲ ....
ဘဝ ဆိုတာ ၂ နာရီစာ ဇာတ်ကား တစ်ကားမှ မဟုတ်တာဘဲ ....။

ပြုသူအသစ်ဖြစ်သူအဟောင်းတဲ့ 
နင်ရက်စက်လိုက်တာ
ပျော်စရာလို့ထင်နေရင်.................တနေ့ဝဋ်လည်လိမ့်မယ်....

ငါ့ရဲ့ ကမ္ဘာလည်းပြိုပျက်..........................
ငါ့ရင်တွေလည်းကွဲကြေနေပါပီ...................
ငါလျှောက်ရမဲ့ လမ်းက.........စမ်းတ၀ါးဝါးနဲ့ ............................
ငါဘယ်လိုေ၇ှ့ဆက်ရမလဲဟင်................
ဗလာဗလာကြီးနဲ့ ပါဟာ.................
နင်ကငါ့အသည်းနှလုံးကိုမှထုတ်ယူသွားခဲ့ တာကိုး.
:'(



အနားမှာရှိတဲ့လူတိုင်းကိုမချစ်ပါဘူး. ချစ်တဲ့သူကိုပဲအနားမှာရှိစေချင် တာပါ... ချစ်သူတွေအများကြီးလဲမရှိပါဘူး..... ရှိတဲ့သူတယောက်ကိုပဲအများ ကြီးချစ်ပါတယ်.....


ဆရာကျသလိုလိုနဲ့နင်ကငါ့ကိုခါချတယ် ရတယ်ဒါသဘာဝဘဲ လူပါးတော့လာမ၀နဲ့ နင့်ထက်သာတာရှာပြမယ် အဲ့ခါကျမှငါ့ရှေ့ခ၀ါမချနဲ့ ငါ့မှာလဲမာနနဲ့ အထာတော့လာမကျနဲ့ ပြာကျမယ်...
လူဆိုးစစ်စစ်တွေက ကြောက်ဖို့မကောင်းပါဘူး...
လူကောင်းအတုတွေသာ ကြောက်ဖို့ကောင်းပါတယ်။


မရှိသေးပါသဖြင့်  ....
၁၅ မီနစ် ခန့် စောင့်ပါ။
၁၅ မီနစ် မှ ပြန်မလာပါ က ....
ဤစာအား အစကန ပြန်ဖတ်ပေးပါ။


လူအနားတွင် ကွန်ပြူတာ မရှိသေးပါ။
အရေးကြီး ကိစ္စရှိလျှင် မတ်ဆေ့  ချန်ခဲ့ပေးပါ။
မတ်ဆေ့ မရှိလျှင် ၁ ကျပ်တန် ထားခဲ့ပါ။
၁ ကျပ်တန် မရှိလျှင် ၅ ထောင်တန် ထားခဲ့ပါ။


တရားစွဲလို့ မရလို့ ပေါ့ ....
ရလို့ကတော့...
အိမ်မက်ထဲမှာ ပိုင်နက် ကျူးလွန်မူ...
စိတ်ကူးတွေကို လွှမ်းမိုးထာမူ...
ရင်ခုန်နှုန်း မြန်အောင်လုပ်မှုနဲ့.....
နင် ဒီတသက်
အပြင်တောင် ရောက်မှမဟုတ်ဘူး


နင်ထွက်သွားတဲ့ နေ့ကစပြီး...
ရပ်ကွက်ထဲမှာ မီးပျက်တယ်...
ရေမလာဘူး.... မီးပွိုင့်တွေ ပိုကြပ်တယ်....
နောက်ပြီး ဆိုင်ကယ်ဘီး ပေါက်တယ် .....
ခလုတ်တိုက်တယ် ဖိနပ်ပျက်တယ်.......
ဒါကြောင့်... နင့်ကိုငါ လွမ်း....တယ်.......... ^^


တစ်ခါ hi 100ကျပ်၊နာမည်မေးလျှင် 200 ကျပ်၊ လိပ်စာပါသိချင်လျှင် 500 ကျပ်၊ အသည်းကွဲ၍လာတိုင်ပင်လျှင် 1000 ကျပ်၊ ဟိုမေးဒီမေး 5000ကျပ်၊ စစနောက်နောက် 10000 ကျပ်၊ ရည်းစားစကားပြောလျှင် FREE

နင်မရှိလည်းဖြစ်တယ်"ဆိုပြီး အော်နေတဲ့ပါးစပ်နောက်မှာ "ခွဲမသွားပါနဲ့" လို့တီးတိုးတောင်း ပန်နေတဲ့နှလုံးသားတစ်စုံ ရှိတယ်ဆိုတာနင်ကမှမသိတာ...:(

ဒို့ပြည်မြန်မာ အိမ်တကာ ကွန်ပျူတာ ရှိပါစေ......

မရှိသူများ ဆိုင်မှာသွား တော်ကီ (talking) ပွားနိုင်စေ...။

ပီစီ (PC) တစ်လုံး ကိုယ်စီသုံး ရွှင်ပြုံးကြပါစေ....

ပီစီ (PC) ၏ ရန် ဗိုင်းရပ်(စ်)ဒါဏ် တွန်းလှန်နိုင်ပါစေ.....။*

“ အွန်လိုင်း” တက်လာ များသူငါ “ကြူ” နိုင်ကြပါစေ.....

*
“ ကြူ သူ”တိုင်းဟာ အမြဲသာ ရင်ထဲရှိပါစေ။

“chatting” ထိုင်စဉ် ပြုံးပျော်ရွှင် အဆင်ပြေပါစေ....

“ချက်ချိန်”တိုင်းတွင် အမြဲပင် “ကွန်နက်ရှင်” (connection) ကောင်းပါစေ။*

*“ ဘလော့ဂ် ” ရောက်လာမိတ်သဟာ ကျန်းမာကြပါစေ...

စပ်မိစပ်ရာ ဗလချာ ....ရေးနိုင်ကြပါစေ....။

“ ဘလော့ဂ်ဂါ ”အချင်းချင်း ရန်စောင်ခြင်း လွတ်ကင်းကြပါစေ.....

“ ချိန်း၊ချက် ” ရန်ရှာ၊ ပြဿနာ...ရှောင်နိုင်ကြပါစေ...။*

*ခြိမ်းခြောက်လိုချင်း အချင်းချင်း ကင်းရှင်းကြပါစေ....

ကိုယ့်ထက်သာသူ...ကိုယ့်အောက်လူ ကူညီနိုင်ပါစေ...။*

*ဒို့ မေတ္တာစွမ်း နှစ်ခါနမ်း... (အာ...ရောကုန်ပီ sorry) ကမ္ဘာလွှမ်း
အေးချမ်းကြပါစေ....။

မေတ္တာရေချမ်းကိုယ်စီဖြန်း..... အရမ်းလန်းပါစေ...။


နင်မမှားပါဘူး ငါမမှန်ခဲ့တာ နင်မလာခဲ့ပါဘူး ငါမျှော်လင့်နေမိတာပါ နင်မချစ်ခဲ့ပါဘူး ငါသာရူးမိုက်ခဲ့တာ

You mAke me ရွစိရွစိ
My heArt is ယားကျိယားကျိ
I do yOu ကွစိကွစိ you sAy me ပွစိပွစိ
 at the End we aRe .......kwi kwi ^^


နင်ကတာ့တာဆို ငါကဘိုင့်ဘိုင်ပဲ
သေမလောက်ချစ်ရင်တောင် ခြေသလုံးဖက် ဆွဲမထားဘူး
အသက်ရှူရပ်မတတ် နာကျင်နေရင်တောင် နင့်ရှေ့မှာငိုမပြဘူး
 မချစ်တတ်တာတော့မဟုတ်ဘူး ငါ့မာနက ပြတ်သားတာပါ

sorryပဲ...
gtalkဖွင်.တိုင်း ...chatနေတာ..
Q နေတာ...မဟုတ်ဖူး
မာန်တက်နေတယ်ထင်ရင်..blockနိုင်တယ်...
i don't care ပဲ...သဘောပေါက်လား
(မပေါက်ရင် ၂ခါပြန်ဖတ် ..
၂ခါပြန်ဖတ်လို.မှနားမလည်ရင်...
ငါတော်တော် IQ နိမ်.တာပဲလို.တွေးပြီး
လဲသေလိုက်
နင်အသဲခွဲတာ killing spree ပဲရှိသေးတာ
ငါက အသဲခွဲတာ Beyond Godlike တောင် ဖြစ်နေပြီ
Ultra Kill တွေ rampage တွေရကုန်လို့
someone kill him လို့ တောင် ပြောကုန်ကြပြီ
killing spree လောက်နဲ တက်မလာနဲဦး moonstar kill ရ မှငါ့ကိုပြော... :P

                       စိန်နန်းအင်တာနက်ကဖီးမှ ကူးယူဝေမျှပါသည်

တရုတ်နိုင်ငံမှာ ရောင်းတဲ့ ကလေးစွပ်ပြုတ်တဲ့ဗျာ ကြည့်ကြပါဦး

ကျွန်တော် ဒီ Post လေးကို မတင်ခင် ဓာတ်ပုံလေးတွေ ကြည့်ရင်းနဲ့တင် တော်တော်ကြီးကိုဝမ်းနည်းမိပါတယ်ဗျာ။
သူငယ်ချင်းတွေ အားလုံးလဲ ကြည့်ပြီး ခံစားကြည့်ပေးကြပါဦးဗျာ။
တရုတ်နိုင်ငံမှာရှိတဲ့ တရုတ်လူမျိုးအချို့ဟာ လိင်အားတိုးဆေးဆိုပြီး ကလေးငယ်လေးတွေကို
စွပ်ပြုတ်လုပ်သောက်ကြပါတယ်.....ဒီသတင်းဟာ ကမ္ဘာ့အသိုင်းအ၀ိုင်းကို တုန်လှုပ်ချောက်ခြားစေခဲ့တာ အမှန်ပါ.....။


ဒီမှာတွေ့ရတဲ့ ပြင်ဆင်ချက်ပြုတ်နေတဲ့ စက်ဆုပ်ဖွယ်ရာပုံတွေဟာ တရုတ်နိုင်ငံ ကန်တန် (Canton)
ခရိုင်တောင်ဘက်မှာရှိတဲ့ မြို့တစ်မြို့မှာ ဖြစ်တယ်လို့ဆိုပါတယ်....။

ဒီကလေးစွပ်ပြုတ်ဟာ ကျန်းမာခြင်း၊ သက်လုံကောင်းခြင်း၊ အထူးသဖြင့် လိင်အားတိုးခြင်းကို ဖြစ်စေတယ်လို့ဆိုပါတယ်...။

ဈေးနှုန်းကတော့ ဒေါ်လာ(၄,၀၀၀) ခန့် ရှိပါတယ်တဲ့....။

ဝယ်သူစားသုံးနေကျဖောက်သည်တစ်ဦးဖြစ်တဲ့ စက်ရုံမန်နေဂျာတစ်ယောက်ကတော့ ဒီလူဆေးစွပ်ပြုတ်ဟာ
ထိရောက်မှုရှိတယ်လို့ အင်တာဗျူးမှာ အတည်ပြုပြောဆိုပါတယ်....။

အဲဒီစွပ်ပြုတ်ရဖို့အတွက် အဖိုးတန်ဆေးဖက်ဝင် ပစ္စည်းတွေအပါအ၀င် ကြက်သားနဲ့ရောပြီး
ကလေးငယ်ကို ၈ နာရီကြာ ရေနွေးနဲ့ပွက်ပွက်ဆူအောင် ပြုတ်ရပါတယ်....။

တရုတ်နိုင်ငံမှာ ရောင်းတဲ့ ကလေးစွပ်ပြုတ်တဲ့ဗျာ ကြည့်ကြပါဦး

အသက် ၆၂ နှစ်အရွယ်ရှိတဲ့ စက်ရုံမန်နေဂျာက သူ့ရဲ့ ၁၉ နှစ်အရွယ် ဒုတိယမယားငယ်ကို လက်ညှိးထိုးပြပြီး
သူတို့ဟာ နေ့စဉ် လိင်ဆက်ဆံတဲ့အကြောင်း (မရှက်မကြောက်) သတင်းထောက်ကို ပြောပြပါတယ်....။

ဒီပုံမှာတွေ့တဲ့ ကလေးငယ်ရဲ့ မိဘတွေဟာ သမီးမိန်းကလေး ၂ ယောက်ရှိထားပြီး...
တတိယကိုယ်ဝန်ဟာလည်း သမီးမိန်းကလေးဖြစ်နေတဲ့အတွက် ကိုယ်ဝန် ၅ လအရွယ်မှာ ဖျက်ချဖို့
ဆုံးဖြတ်ခဲ့တာဖြစ်ပြီး.....အဲဒီလိုဖျက်ချတာဟာ ကုန်ကျစရိတ်အနည်းဆုံးဖြစ်တယ်လို့လည်းဆိုပါတယ်....
ဖျက်ချတာမဟုတ်ပဲ မွေးလပြည့်ခါနီးဖြစ်တဲ့ကလေးတွေ သဘာဝအတိုင်းသေမယ်ဆိုရင်
တရုတ်ယွမ်းငွေ (၂၀၀၀)လောက် ကုန်ကျပြီး....တမင်သက်သက် ဖျက်ချမယ်ဆိုရင်တော့
ရာဂဏန်းအနည်းငယ်လောက်သာ ကုန်ကျမယ်တဲ့...။

ဒေသခံသတင်းထောက် တစ်ယောက်ကတော့ ဒီပြသနာတွေဟာ တရုတ်လူမျိုးတွေအနေနဲ့ ကျန်းမာရေးနဲ့ပတ်သတ်ပြီး
အရမ်းအာရုံစူးစိုက်လွန်းလို့ ထွက်ပေါ်လာတဲ့ ပြသနာတွေဖြစ်ပြီး.....
မိသားစုတစုမှာ ကလေးတယောက်သာ ယူရမယ်ဆိုတဲ့ တရုတ်အစိုးရပေါ်လစီရဲ့
အကျိုးသက်ရောက်မှုရလဒ်တွေလည်း ပါတယ်လို့ဆိုပါတယ်.....။


ငွေကြေးချမ်းသာတဲ့ တရုတ်အများစုကတော့ ကလေးအသားတွေ စားရတာကို သဘောတွေ့ကြပြီး....
မရှိဆင်းရဲသားမိဘတွေကတော့ ငွေကြေးအတွက် သူတို့ရဲ့ ကလေးငယ်တွေကို ရောင်းလိုရောင်း.....
ဒီလိုနဲ့ တရုတ်နိုင်ငံမှာ စက်ဆုပ်ရွံ့ရှာဖွယ်ကောင်းတဲ့ ရာဇ၀တ်မှုတွေ ပေါ်ပေါက်လာနေတာ အမှန်ပါ....။

နောက်တခုက...စားသောက်ဖွယ်ရာတွေလုပ်ဖို့အတွက် ကလေးအသေတွေကို
အမေရိကန်ဒေါ်လာ (၇၀)နဲ့  ထိုင်ဝမ်နိုင်ငံမှာ ၀ယ်လို့ရတယ်လို့ ဆိုပါတယ်.....။

ဘယ်နည်းမဆိုပါ.....နီဂုံးချုပ်ကြည့်မယ်ဆိုရင်တော့....ဇာတ်တူသားစားတဲ့ ဟင်္သာ(၉)သောင်းနဲ့
ပင့်ကူ ဇာတ်လမ်းသစ်ကြီးကို တရုတ်နိုင်ငံမှာ မကြာခင် ရှုစားရမှာ ဖြစ်ပါတယ်.....။
 ဒီပုံ အတိုင်း သူတို့ စွပ်ပြုတ်လုပ်သောက်ကြတာလေ။ မိုက်ရိုင်းလိုက်ကြတာ ဗျာ။
ကလေးလေး ကိုယ်ထဲမှာ ရှိတဲ့ မသန့်တာတွေ ကို ဖယ်ရှားဖို့ လုပ်နေကြတာလေ။
ဒီ ပုံထဲက အတိုင်း ကလေးလေး ကိုရေနွေးပွတ်ပွတ်ဆူတဲ့ အထဲကို ထည်ပြီး 8 နာရီကြာ ပြုတ်ကြတာလေ။
ဘယ်လောက် စက်ဆုပ်ရွှံစရာကောင်းကြလဲ ဗျာ။
ဒီ ပုံလေးကတော့ သူတို့တရုတ်တွေရဲ့ ဆေးပေါင်းစုံနဲ့ ကလေးလေးကို စွပ်ပြုတ်လုပ်ဖို့ အတွက်ပြင်ဆင်နေတဲ့ ပုံလေးပါ။
ဒီပုံလေး ကတော့ ကလေးလေးကို ဓားနဲ့ ခွဲပြီး စွပ်ပြုတ်လုပ်ဖို့ အတွက်ပုံလေးပါ။
ဒီ ပုံလေးကတော့ ကလေးလေးကို အရက်နဲ့ သန့်စင်အောင် ဆေးနေတဲ့ ပုံလေးပါ။
ဒီ ပုံလေးဆို အနီးကပ်မြင်ရတဲ့ အတွက် သူငယ်ချင်းတွေ ရင်ထဲမှာ ဘယ်လို ခံစားရမလဲဗျာ။
အပြစ်မရှိဘဲ ဖြူစင်တဲ့ ကလေးလေးတွေကို သူတို့ ဘာလို့ အဲ့လောက်လုပ်တယ်ဆိုတာ
ကျွန်တော်ဖြင့်နားမလည်နိုင်ဘူးဗျာ။ ကြင်နာတက်တဲ့ အသည်းနှလုံးမရှိလိုက်တဲ့ သူတွေဗျာ။
အပြစ်မရှိဘဲ ဖြူစင်ပြီး နူးညံ့လှတဲ့ ကလေးလေး တွေကို ကျွန်တော်တို့အနေနဲ့ ကြင်နာကြပါ ။
သနားညှာတာကြပါ။

လူသားချင်း စာနာကြပါလို့ ကျွန်တော်က ပြောပါရစေဗျာ ။

From - The Seoul Times
                                                                                                                                         ကြိုးစားလျက်.....!
ဖူးစာရှင်လေးမှ မေသူဆောင်းရဲ့ ဘလော့အားကူယူဝေမျှပါသည်။
Related Posts Plugin for WordPress, Blogger...

Like ခြင်းဖြင့် အားပေးပါ :)

mumcradio