Sunday, 5 August 2012

Gmail Voice and Video Chat Software





G-mail ကနေ Video Chat ရယ် ပြီးတော့ ဖုန်း လဲ ပြောလို့ ရတဲ့ဆော့ဝဲလ်ပါ။ ဒီဆော့ဝဲလ်က ထွက်တာတော့ကြာနေပါပြီ ။မသိသေးတဲ့ ညီအစ်ကို မောင်နှမတွေအတွက်ပါ။ (အမှန်တော့ ဘာတင်ရမလဲစဉ်းစားရင်းနဲ့ တင်စရာမရှိသောကြောင့် ရှာကြံတင်လိုက်ရခြင်းပါ :P ) 




ပထမဦးဆုံး  ဒီကနေသွားပြီးဆော့ဝဲလ်ကိုဒေါင်းလိုက်ပါ။
ပြီးရင် အောက်ကပုံက အနီရောင်လေးထောင့်ကွက်နဲ့ ဝိုင်းပြထားတဲ့  Install Voice and Video Chat ဆိုတဲ့ စာသားလေးကိုကလစ်ပြီး Download လုပ်လိုက်ပါ။


ကလစ်ပြီးရင်Downloadလုပ်နေပါလိမ့်မည်။အောက်ကပုံလေးလိုပေါ့..
အစိမ်းရောင်လေးပြည့်သွားတဲ့အထိ စောင့်လိုက်ပါ။ 

 အစိမ်းရောင်လေးပြည့်သွားပြီဆိုရင်တော့..နောက်ထပ်စာမျက်နှာတစ်ခုကျလာပါလိမ့်မည်။
အောက်ကပုံလေးလိုပေါ့......
 Congratulations .....video chat ဆိုသောစာကြောင်းအောက်က စာကြောင်းကိုကြည့်လိုက်ပါ။
      Start chatting right from Gmail or iGoogle   ဆိုတာတွေ့ ရပါလိမ့်မည်။ထိုအထဲမှ Gmail ကိုကလစ်လိုက်ပါ။မိမိဂျီမေးလ်ကိုပြန်ပြီး Loading လုပ်ပြီး ပြန်ဖွင့်နေပါလိမ့်မည်။

ထိုအခါ မိမိအကောက်ရှေ့မှာ ဗွီဒီယို ကင်မရာလေးနဲ့ဖြစ်နေတာကိုတွေ့ရမှာပါ။ဒါဆိုရင်တော့ အိုကေပါပြီ။ 
မှတ်ချက်။ ။ကွန်ပျူတာ မှာ ကင်မရာတပ်ထားမှ ကင်မရာပုံပေါ်တာနော်...

ဆော့ဝဲလ်မဒေါင်းရသေးမီပုံ....



ဆော့ဝဲလ်ဒေါင်းပြီးပုံ....

သူငယ်ချင်းအားလုံးအဆင်ပြေကြပါစေနော်.........  


 

Mozilla Firefox ရဲ့ Tabs တွေကိုရောင်စုံလေးထားပြီးသုံးချင်ရင်

  
Mozilla Firefox ရဲ့ Tabs တွေကိုရောင်စုံလေးထားပြီးသုံးချင်တယ်ဆိုရင်  ဒီနေရာလေးကသွားပြီး 

အနီရောင်လေးထောင့်ကွက်လေး ဝိုင်းပြထားတဲ့ +Add to firefox ဆိုတာလေးကိုကလစ်ပါ။



ကလစ်လိုက်ရင် Install လုပ်ပြီး Firefox ကို Restart ပြန်လုပ်ခိုင်းပါလိမ့်မည်။Restart ပြန်လုပ်ပေးလိုက်ပါ။ဒါဆို မိမိတို့ ရဲ့ Mozilla Firefox ရဲ့ Tabs တွေဟာ အရောင်လေးတွေနဲ့ ဖြစ်နေတာကိုတွေ့ ရမှာပါ။
အဆင်ပြေကြပါစေ။
မသိသေးတဲ့ဘော်ဒါတွေအတွက်ပါ။

Mini Lyric Player(သီချင်းစာသားပေါ်တဲ့ဆော့ဝဲလ်)










 သီချင်းဖွင့်လိုက်ရင်  Desktop  ပေါ်မှာရယ် Mini Lyric Software ပေါ်မှာရယ် သီချင်းစာသားပေါ်တဲ့ဆော့ဝဲလ်လေးပါ။ မြန်မာသီချင်းတွေတော့မရပါဘူး....ကျွန်တော်စမ်းကြည့်တာ အင်္ဂလိပ်၊မလေးရှား၊ကိုရီးယား...သီချင်းတွေ ရပါတယ်....window media player နဲ့  ပဲ အဆင်ပြေပါတယ်.....ဆော့ဝဲလ် ကို Install လုပ်ရာတွင် တစ်ခြား player တွေ နဲ့ support လုပ်မှာလားဟုမေးပါလိမ့်မည်။ဘာမှ မလုပ်ပါနှင့် Next သာဆက်နှိပ်သွားလိုက်ပါ။

စမ်းသပ်သုံးစွဲ ကလိချင်ရင်တော့.......အောက်ကလင့်နှစ်ခုကနေသွားပြီးဒေါင်းလိုက်ပါ။

ဒီနေရာကနေဒေါင်းလိုက်ပါ.........

ဒီနေရာကနေဒေါင်းလိုက်ပါ.........


Related Posts Plugin for WordPress, Blogger...

Like ခြင်းဖြင့် အားပေးပါ :)

mumcradio