Tuesday, 18 December 2012

Phone အတွက် Ringtone လေးများ



သူငယ်ချင်းများအားလုံးမင်္ဂလာပါနော်။
ဒီတစ်ခါတော့ ဖုန်းအတွက် Ringtone လေးတွေပါ။မိမိနှစ်သက်သော Ringtone ပေါ်တွင်ကလစ်ပြီး ဒေါင်းနိုင်ပါတယ်။

ရဲလေးရဲ့ဘယ်သူမှအစားမထိုးနိုင်ဘူး



ခရစ္စမတ်ရင်းတုန်း

VIP Ringtone

Theme Massage Alert

sweet dream

suko gila

song

scooby doo

saxobeat

စိုင်းစိုင်းရဲ့ Hamster

ဆိုင်းကြိုက်တဲ့မောင်

ရဲကားအသံ remix

ရဲကားအသံ

phone ring

Ok allright

မြန်မာ့နှဲသံ

Msg msg msg

Akon ရဲ့ Lonely

Metal gear solid

love you like a love

kiss and love

i will be with you

hi sweety i love you

happy birthday

hamster dance

guitar playing

galaxy s3 tune

င်္Funny goat

မီးသတ်ကားအသံ

First Love

တော်တော်ကျယ်တဲ့အသံ

အရေးပေါ်ကားသံ

dinidiboy

Dj

Di Bomba

Dj-2

Disco

D16

Changming part 1

မြန်မာ့တီးလုံး(၁)

မြန်မာ့တီးလုံး(၂)

ဘူးသီးနုနုမခူးရတီးလုံး

Blackberry ဖုန်းအသံ

ကြည်နူးဖွယ်ငှက်သံ

ဘဝသံသရာ

babylon

baby dream

baby sing

baby dj mix

ဘရဏီ

လူလည်အာရှသားတီးလုံး

Angry Bird

Alarm(1)

Alarm(2)

Alarm(3)

Alarm(4)

action

unknown

ကျွန်တော်သိမ်းထားတဲ့ ကျွန်တော်အကြိုက်ဆုံး ရင်းတုန်းလေးတွေပါ။
သူငယ်ချင်းတို့ လည်းကြိုက်နှစ်သက်ပါစေလို့  မျှော်လင့်လျှက်.........................
အဆင်ပြေကြပါစေ။

Nokia & sony Syambian ဖုန်း အတွက် မြန်မာဖောင့်



Syambian ဖုန်း အတွက် မြန်မာဖောင့်  ကို ကျန်တဲ့ နေ ရာ တွေ မှာတော့ မ မြင် ရသေးပေမဲ့ website ကြည့် ရင် မြင် နိုင် မဲ့ နည်း လမ်းလေး ပါ ဗျာ ။ အဆင်ပြေပါတယ် E72 မှာ စမ်းပြီးသွား ပါပြီ။
အောက်က ဖုန်းတွေ မှာ လဲ ရနိုင်ပါတယ် ...

Myanmar Font for Opera mobile in s60v5, Symbian^3, Symbian Anna, Nokia Belle Phones (Nokia N8, C7, C6-01, E7, 5800, 5230, 5530, 5535, N97, X6, C6, Samsung i8910, Sony Ericsson Idou, Vivaz Etc.)

In symbian phones, opera browser is the only browser that will dispaly myanmar fonts correctly.



>>အဆင့်  -1: ဒါလေးဒေါင်းလိုက်ပါ : http://bit.ly/KJXwl4

အဲ့ zip ဖိုင်ထဲ မှာ အောက်ကဟာတွေပါတယ်:

1) Opera Mobile 12
2) X-plore
3) Nokia Pure font with zawgyi
4) user.css
5) instructions!!.txt

>>အဆင့် -2

Un-rar ဖိုင်ဖြည်လိုက်ပါ . opera mobile နဲ့ x-ploreကို ဖုန်း ထဲ မှာ သွင်းလိုက်ပါ ။မှတ်ချက်။ ။ ဖုန်း ထဲ မှာ သာသွင်းပါ ။

>>အဆင့် -3

X-plore ကိုဖွင့် ပါ  "NOKIA_PUREwithzawgyi.ttf" ကို ကူးပြီး  "E:/system/Apps/OperaMobile/fonts" အောက် ထဲ ကူးထည့် လိုက် ပါ ။




>>အဆင့် -4
"user.css" ဖိုင်လေး ကို  "E:/system/Apps/OperaMobile/styles" ထဲ ကိုကူးထည့် ပါ



အဲ့ဒါတွေ ပြီးရင်  x-plore ပိတ်ပါ ။. ကဲ Symbian Phone ဖုန်းမှာ web ဆိုဒ် တွေ ကို မြန်မာ လို ကြည့်  နိုင်ပြီ ဖြစ် ပါတယ် ။
အဆင်ပြေပါစေ ....




ကိုးကား - Fone Fun Club

credit to: http://moiblehouse.blogspot.com


Nokia ဖုန်းအတွက် မြန်မာစာ/မြန်မာ Keyboard  Install လုပ်နည်းကို ဒီနေရာမှာ လေ့လာနိုင်ပါတယ်...

လိုအပ်တဲ့ Myanmar Font/Keyboard Software ကို ဒီမှာ ဒေါင်းယူပါ...။

အားလုံးအဆင်ပြေကြပါစေ...။

Nokia ဖုံးက အင်တာနက်ကို PC မှာသုံးချင်ရင်

Nokia ovi suite 3.5 Download


ဖုန်းတွင် လုပ်ဆောင်ရန်

(၁) Menu ကို သွားပါ။ Setting မှ တစ်ဆင့် Connectivity ကို သွားပါ။
(၂) USB Data Cable ကို ဖွင့်ပြီး Nokia Ovi Suite ကို ရွေးချယ်ပါ။




ကွန်ပျူတာတွင် လုပ်ဆောင်ရန်

(၁) Nokia Ovi Suite ဆော့ဝဲလ်ကို အင်စတောလုပ်ပါ။
(၂) ဖုန်းကို USB နှင့် ချိတ်ဆက်ပါ။
(၃) အင်စတောလုပ်ပြီးပါက Nokia Ovi Suite ကို ဖွင့်လိုက်ပါ။
(၄) Tool တွင် Content to Internet ကို ရွေးလိုက်ပါ။ APN နှင့် Name တွင် mptnet ကို ဖြည့်ပါ။
(၅) ဖုန်းနှင့် ချိတ်ဆက်နေပါလိမ့်မည်။ ဖုန်းတွင်လည်း E စာလုံးတွင် ကွင်းလေးဝိုင်းနေပါလိမ့်မည်။
(၆) Mozilla Firefox တွင် Tool မှ Option ကို ဖွင့်။ Option Box တွင် Advanced မှ Network မှ Setting တွင် Auto dectect Proxy ကို ရွေးချယ်ပြီး Ok လုပ်ပါ။

Credit to: မောင်စေတနာ

အပေါ်က  မောင်စေတနာ ပြောပြထားတာကတော့ mptnet  ပါနေတဲ့ အတွက်ကြောင့်  မြန်မာပြည်က သူငယ်ချင်းတွေနဲ့ အဆင်ပြေမယ်ထင်ပါတယ် .... 

Nokia Ovi Store ကလိုချင်တာတွေကို ကွန်ပျူတာကနေ ဒေါင်းချင်ရင်


ကိုမုန်တိုင်းဆီကနေကူးလာတာပါ။ရမရတော့ကျွန်တော်မစမ်းလိုက်ရဘူး။
ကျွန်တော်က နိုကီရာဖုန်းသုံးတာမဟုတ်လို့ ပါ။နိုကီရာသမားတွေအတွက်ပါ။
အခု ကျွန်တော် ပြောပြမယ့် အကြောင်းအရာကတော့ Nokia ဖုန်းကို အသုံးပြုသူ တော်တော်များများ လိုချင်တဲ့ Application,Game အစရှိသည်တို့ကို Nokia Ovi Store Site မှာ သွားရောက် ဒေါင်းယူကြရပါတယ်…ဒေါင်းယူလိုတဲ့ Application,Game အစရှိသည်တို့ကိုလည်း မိမိ ကွန်ပျူတာမှတစ်ဆင့် တိုက်ရိုက် ဒေါင်းယူ၍ မရပဲ မိမိ၏ဖုန်းသို့ Download Link ပို့ပေးပါတယ်….ထို Download Link မှတစ်ဆင့် မိမိရဲ့ ဖုန်းထဲသို့ ပြန်လည် ဒေါင်းယူရပါတယ်…ထိုကဲ့သို့ ဖုန်းမှတစ်ဆင့် ဒေါင်းယူဖို့ အတွက် အဓိက အရေးကြီးဆုံးကတော့ Internet Connection ဆိုတာကြီး လိုအပ်လာပါတယ်…Wifi ကို Free ရတဲ့နေရာမျိုးမှာ ဒေါင်းတယ်ဆိုတာမျိုးက ကိစ္စမရှိပါဘူး…..မိမိ လိုချင်တဲ့ Application,Game တွေကို ဒေါင်းယူလိုတဲ့သူတစ်ယောက်အတွက် Wifi Connection ဆိုတာ မရှိခဲ့ဘူးဆိုရင် ဘယ်လိုများ ယူနိုင်ကြမလဲ???


Wifi Connection မရှိလို့ ဒေါင်းဖို့ အတွက် အဆင်မပြေသူများအတွက် မိမိ ကွန်ပျူတာထဲသို့ အလွယ်တကူ ဒေါင်းယူနိုင်ဖို့ အတွက် တစ်ဆင့်ခြင်း ဖော်ပြပေးသွားပါတယ်….
၁။ ပထမဆုံးလိုအပ်တာကတော့ Firefox အတွက် လိုအပ်တဲ့ User Agent Switcher Add-On ပဲဖြစ်ပါတတယ်…. User Agent Switcher Add-On ကို ဒီနေရာ တွင်သွားရောက်ပြီး Forefox တွင် Install လုပ်ဆောင်လိုက်ပါ….




၂။ User Agent Switcher Add-On ကို Install လုပ်ဆောင်ပြီးသွားပြီ ဆိုရင်တော့ ဒုတိယ အချက်အနေနဲ့ Save လုပ်ပြီးသား XML File ကို ဒီနေရာ မှာ ဒေါင်းယူလိုက်ပါ....

၃။ တတိယ အဆင့်အနေနဲ့ လိုအပ်တာတွေ ပြင်ဆင်ပြီးသွားတဲ့ အတွက် FireFox ကို ဖွင့်ပါ့မယ်…Firefox ဖွင့်ပြီးပြီ ဆိုရင်တော့ အောက်ပါ အဆင့်အတိုင်း တစ်ဆင့်ခြင်း သွားပါ့မယ်….Tools\Default User Agent\User Agent switcher\Options… ဆိုပြီး Options ကို Click လုပ်လိုက်ပါ….



Pop-up Box နဲ့ Option Box ပွင့်လာပါလိမ့်မယ်….ထို Option Box ရဲ့ဘယ်ဘက် အောက်ခြေမှာ ရှိတဲ့ Import မှတစ်ဆင့် အစက XML File အဖြစ် သိမ်းထားတာကို ရွေးပြီးတော့ Open ပေးလိုက်လျှင် အောက်ပါပုံအတိုင်း မြင်တွေ့ရမှာပဲ ဖြစ်ပါတယ်……



၎။ စတုတ္ထ အဆင့်အနေနဲ့ မိမိ ရဲ့ Phone Model ကို စတင်ရွေးချယ်လိုက်ပါ..ဥပမာ N97 ကို ရွေးချယ်လိုက်ပါ့မယ်…ဒီနေရာမှာကတော့ မိမိရဲ့ Phone Model ကို ရွေးချယ်ပေးရမယ့် အဆင့်ပဲ ဖြစ်ပါတယ်……ကျွန်တော်ကတော့ ဥပမာ အနေနဲ့ N97 ကို ရွေးချယ်ထားတဲ့ အတွက် အောက်ပါပုံအတိုင်းမြင်ရမှာပဲ ဖြစ်ပါတယ်….ရွေးချယ်ပြီးသွားရင်တော့ Ok ပေးလိုက်ပါ……



၅။ ပဉ္စမ အဆင့်အနေနဲ့ Ok ပေးပြီးသွားပြီဆိုရင်တော့ အထက်က သွားခဲ့ဖူးတဲ့ အဆင့်အတိုင်း Tools\Default User Agent\N97 ဆိုပြီး ဆက်လက် ရွေးချယ်ပါ့မယ်…N97 နေရာမှာကတော့ အစက မိမိ ရွေးချယ်ထားတဲ့ Phone Model ကိုရွေးချယ်ပေးရမှာပဲ ဖြစ်ပါတယ်…..



အခုဆိုရင် Browser က Mobile View တစ်ခုအနေနဲ့ မြင်တွေ့ရမှာပဲဖြစ်ပါတယ်…

၆။ နောက်ဆုံးအဆင့်အနေနဲ့ လိုချင်တဲ့ Application,Game တွေကို ဒေါင်းလုပ်ယူဖို့ အတွက် Ovi Store Website ကို ဒီနေရာ ကနေသွားရောက်လိုက်ပါ....စစချင်း မြင်တွေ့ရတဲ့ Nokia Welcome Page မှာ No Thanks, continue using the Website ဆိုတာကို ပေးလိုက်ပါ.....



ယခု အချိန်က စပြီး မိမိ အသုံးပြုချင်တဲ့ Game,Application စတာတွေကို စိတ်ကြိုက် ဒေါင်းယူနိုင်ပြီး Phone ထဲကို ထည့်သွင်းအသုံးပြုနိုင်ပြီ ဖြစ်ပါတယ်….

WinRaR နှင့်ဖိုင်ခွဲနည်း(မသိသေးသူများ အတွက်သာ)

ကိုယ့်မှာရှိတဲ့ဆော့ဝဲလ်တွေကိုသူငယ်ချင်းတွေကိုပေးချင်တဲ့အခါပဲဖြစ်ဖြစ် ကိုယ်ကိုယ်တိုင်ဝဘ်ဆိုဒ်ပေါ်
တင်ချင်တဲ့အခါဖြစ်ဖြစ် ဖိုင်လ်ဆိုဒ်ကြီးနေမယ်ဆိုရင် .. ပရီမီယာ..အကောင့်ရှိတဲ့လူအတွက်ကပြဿနာ
မဟုတ်ပေမဲ့..ကျွန်တော်တို့လိုဖရီးယူဆာသမားတွေကအတော်ခေါင်းစားရပါတယ်..နောက်တစ်ချက်က
ဒေါင်းလုဂ်...ယူမည့်သူကလဲ..ဖိုလ်ဆိုဒ်ကြီးရင်..လက်တွန့်တတ်ပါတယ်... အင်တာနက်ကွန်က်ရှင်က
လိပ်ဘိုးဘိုးနဲ့အမျိုးတော်နေတဲ့အချိန်ဆိုပိုဆိုးပါတယ်.. အဲလိုမဖြစ်ရအောင်..ဖိုလ်လေးတွေကို မီဂါဘိုက်
နဲနဲစီခွဲပြီးတင်ပေးလိုက်မယ်ဆိုရင်.. နှစ်ဦးနှစ်ဖက်အဆင်ပြေမယ်ထင်ပါတယ်...ကဲ..လေရှည်သွားပြီ
အောက်မှာဖိုင်လ်ခွဲပုံခွဲနည်းကို ပုံနဲ့လိုက်ကြည့်ပါ..(မသိသေးသူများအတွက်ရည်ရွယ်ပါသည်)။
 
အဆင့် ..၁။  ကျွန်တော်စက်မှာရှိတဲ့ CSCD.iso ဖိုင်လ်ကိုနမူနာအနေနဲ့ခွဲပြပါမည် ..ကဲ..ဖိုဒါကိုဖွင့်ပါမယ်။


 
  အဆင်..၂။ ဖိုဒါထဲမှာ cscd3 ဆိုတဲ့ဖိုင်လ်ကိုခွဲပါမယ်.. အဲဒီထဲမှာပဲ..ဖိုဒါအသစ်တစ်ခုခေါ်လိုက်ပါ့မယ်
(ဖိုင်လ်ခွဲတဲ့အခါရှင်းရှင်းလင်းလင်းဖြစ်သွားအောင်လို့ပါ.. ဖိုလ်ဒါနာမည်ကိုကြိုက်သလိုပေးပေါ့)

 
 
 အဆင့်..၃။ ပြီးရင်.. ခွဲမည့် cscd3 ဖိုင်လ်ကို ဖိုဒါအသစ်ထဲမောက်နဲ့ဆွဲထည့်လိုက်ပါ..။


အဆင့်..၄။ ပြီးရင်.. ဖိုလ်ဒါအသစ်ကိုဖွင့်ပြီး.. ခွဲမည့်ဖိုင်လ်ပေါ်ကို Right Click ထောက်ပြီး Add archive ...
ဆိုတဲ့စာတမ်းကိုနှိပ်ပေးလိုက်ပါ..။

 
 အဆင့်..၅။ အောက်ပါပုံအတိုင်းပေါ်လာပါမည်.. အဲဒီမှာသတိထားရမှာက..ကိုယ်ခွဲမည့်ဖိုလ်သည်
မီဂါဘိုက်ဘယ်လောက်ရှိသလဲဆိုတာကိုအရင်ကြည့်ထားဖို့လိုပါသည်.. ဒါမှသာလျင်..ဘယ်လောက်စီ
ခွဲမလဲဆိုတာ..ခန့်မှန်းလို့ရပါမည်..။ (အားလုံးစိတ်ကြိုက်ပြင်ဆင်ပြီးရင်တော့.. OK.. ကိုနှိပ်ပေးပါ)




အဆင့်..၆။ ကဲ..အခုဆို.. ဖိုလ်လေးတွေသူဘာသာသူ အော်တိုပဲ..ခွဲပေးသွားတာကိုမြင်ရပါမယ်...။
Upload လုပ်ဖို့အနေတော်လေးတွေဖြစ်သွားပြီပေါ့..။

 
 အားလုံးအဆင်ပြေပါစေဗျာ..။

ref;ဆရာခေ
Related Posts Plugin for WordPress, Blogger...

Like ခြင်းဖြင့် အားပေးပါ :)

mumcradio