Thursday, 13 December 2012
သူငယ်ချင်းတို့ အတွက် နောက်ဆုံးထွက် Update ဆော့ဝဲလ်လေးတွေ
နောက်ဆုံးထွက် Update ဆော့ဝဲလ်လေးတွေပါ။လိုအပ်တဲ့သူငယ်ချင်းများ ဒေါင်းသွားကြပါနော်။ဆော့ဝဲလ်အကုန်လုံး Full Version လေးတွေ ဖြစ်အောင် Serial Key တွေကို အိပ်ရေးပျက်ခံ၍ ရှာထားပြီး အခုကျွန်တော်တင်ထားတဲ့ဆော့ဝဲလ်အားလုံးကိုလည်း စမ်းသပ်ပြီးမှ တင်လိုက်တာဖြစ်ပါကြောင်း နှင့် အဆင်မပြေတာရှိပါက ကွန်မက် ချန်ထားခဲ့ပါလို့ မေတ္တာရပ်ခံပန်ကြားအပ်ပါသည်။
Glary Utilities Full Version(With Keygen)
ကွန်ပျူတာကိုသန့် ရှင်းရေးလုပ်ပေးတဲ့ဆော့ဝဲလ်လေးပါ။Module ထဲမှာလဲ  Function တွေ ပါပါသေးတယ်။
ဒီကနေသွားပြီးဒေါင်းပါ။
Iobit Malware Fighter Full Version (With Keygen)
Spyware,adware,trojan..အစရှိတာတွေကို မဝင်အောင်တားဆီးပေးနိုင်တဲ့ဆော့ဝဲလ်ကောင်းတစ်ခုပါ။
ဒီကနေသွားပြီးဒေါင်းပါ။
Perfect Unistaller Full Version (With Keygen)
မိမိကွန်ပျူတာမှာရှိတဲ့ မိမိမကြိုက်တဲ့ဆော့ဝဲလ်တွေ ပြန်ဖြုတ်ချင်တဲ့အခါ အသုံးပြုလို့ အဆင်ပြေတဲ့ ဆော့ဝဲလ်တစ်ခုပါ။
ဒီကနေသွားပြီးဒေါင်းပါ။
အသောကကွန်ပျူတာအဘိဓါန်
တော်တော်များများတော့ရှာလို့ ရပါတယ်။အားလုံးတော့ရှာလို့  မရပါဘူး။ဆော့ဝဲလ်အသစ်လေးမိုလို့ တင်ပေးလိုက်တာပါ။
ဒီကနေသွားပြီးဒေါင်းပါ။
Cartoon Maker Full Version (With Keygen)
မိမိဓါတ်ပုံတွေကိုကာတွန်းပုံလုပ်လို့ ရတဲ့ဆော့ဝလ်ပါ။မှတ်ချက်။  ။ကျွန်တော်ကတော့ ဒီဆော့ဝဲလ်နှင့် ပုံကြမ်းပဲလုပ်တတ်ပါသေးတယ်။ကလိတုန်းပါ။
ဒီကနေသွားပြီးဒေါင်းပါ။
Mytoolsoft Watermark Software(Portable)
မိမိဓါတ်ပုံတွေအောက်မှာ ရေစာလို အမှတ်အသားလုပ်ပြီး အသုံးပြုနိုင်တဲ့ဆော့ဝဲလ်လေးပါ။(မြန်မာလိုတော့ရေး၍မရပါ)
ဒီကနေသွားပြီးဒေါင်းပါ။
Advanced System Care Ultimate 6
ကွန်နက်ရှင်အခက်အခဲကြောင့် ကျွန်တော်ကိုယ်တိုင် Upload မတင်နိုင်တဲ့အတွက် မူရင်းဆိုဒ်ကိုပဲ ပြန်ညွှန်းပေးထားပါတယ်။တော်တော်ကောင်းပါတယ် ဆော့ဝဲလ်က ကွန်ပျူတာရဲ့လုပ်ဆောင်ချက်တွေကိုမြန်စေပါတယ်။Antivirus ဆော့ဝဲလ်ပါ တစ်ပါတည်းပါရှိပါတယ်။
မူရင်းဆိုဒ်မှဒေါင်းလော့ဆွဲရန်
ဆော့ဝဲလ်ဒေါင်းရန်
ကီးဖိုင်ဒေါင်းရန်
အဆင်ပြေကြပါစေနော်....................
အဆင်မပြေတာရှိရင်လည်း ကွန်မက်ပေးခဲ့ပါနော်။
Windows 8 အတွက် မြန်မာဖောင့်၊ကီးဘုတ် နှင့် မြန်မာဖောင့် ထည့်နည်း
ဒီတစ်ခါတော့ Windows 8 အသုံးပြုသူများအတွက် zawgyi-one font အသုံးပြုနည်းလေး ပြောပြပါ့မယ်။ အရင်ဆုံးကျွန်တော်ပေးထားတဲ့ လင့်လေးတွေကနေ zawgyi font ကိုဒေါင်းလော့ချလိုက်ပါ။ ပြီးရင်  winrar ဖို်င်လေးကိုဖြေလိုက်ပါ။ ပထမဖိုင်ထဲမှာ  setup ဆိုတာလေးကို အရင် install လုပ်ပါ။ ပြီးရင် ဒုတိယဖိုင်ထဲက IEZawGyiGtalkfont ဆိုတာကို install လုပ်ပါ။ ဒါဆိုရင်ပထမ အဆင့်ပြီးပါပြီ။ 
ဒုတိယအဆင့်က control panel ထဲဝင်ပြီး Language setting ကိုပြင်ဖို့လိုပါတယ်။ 
အဆင့်(၁) Control panel ကိုသွားဖို့ကရိုးရိုးလေးပဲ။ Desktop ပေါ်ကို right click ထောက် personalize ကိုကလစ်ပေးပါ။  ညာဘက်ထိပ်မှာ Control Panel Home ဆိုတာကို ကလစ်ပေးပါ။  Windows 8 ဖြစ်တဲ့အတွက် Language ဆိုပြီးကမ္ဘာလုံးပုံလေးကို ကလစ်ပေးပါ။
အဆင့်(၂) အဲဒီမှာ Advaced settings ဆိုတာကို လကစ်ပေးပါ။
အဆင့်(၃) Override for default input method  ဆိုတာကိုရှာ၊ အဲဒီအောက်က ဘားလေးထဲမှာ English(United States)- Zawgyi Myanmar Unicode L  ဆိုတာလေးကို ရွေးပေးပါ။  ဒါဆိုရင် zawgyi  font ကို windows 8 မှာ အသုံးပြုလို့ရပါပြီ။
To download  (For zawgyi-keyboard)  >> Mediafire
To download  (For IEZawGyiGtalkfont) >> Mediaifre
ref;အိမ့်မှူးသော်ဆိုဒ်မှ
မိမိကွန်ပျူတာလုပ်ဆောင်ချက် မြန်လာစေမဲ့ နည်းလမ်းတစ်ခု
မိမိတို့ ရဲ့ကွန်ပျူတာကိုလျင်မြန်လာစေမဲ့နည်းလမ်းများစွာရှိသည့်အထဲက ကျွန်တော်သိတဲ့ နည်းပညာတစ်ခုကိုမျှဝေပေးတာပါ။
ပထမဦးဆုံး Desktop ပေါ်မှာ ရှိတဲ့ My Computer Shortcut လေးပေါ်မှာ Right Click ထောက်ပြီး Properties ကိုကလစ်လိုက်ပါ။
ပြီးရင်ပေါ်လာသည့်အထဲက Change setting ကိုကလစ်ပါ။
System Properties ဟူသော Box တစ်ခုကျလာပါလိမ့်မည်။ ထို Box ထဲရှိ Advanced ကိုကလစ်လိုက်ပါ။
ပေါ်လာတဲ့ အထဲက အပေါ်ဆုံးမှာရှိတဲ့ Perfomance ခေါင်းစဉ်အောက်ရှိ Settings.. ကိုကလစ်လိုက်ပါ။
Performance Options ဆိုပြီး Box တစ်ခု ထပ်ကျလာပါလိမ့်မည်။ ထိုဘောက်ထဲတွင် Custom: ဆိုသောစာသားရှေ့က အဝိုင်းထဲတွင် အစက်လေးရှိနေပါလိမ့်မည်။ကျွန်တော် အစိမ်းရောင်နှင့် ဝိုင်းပြထားတဲ့ Adjust for best appearance ရှေ့ရှိအဝိုင်းလေးကိုကလစ်ပြီးရွှေ့ပေးလိုက်ပါ။
ပြီးရင် Apply နှိပ် OK နှိပ်။
အဆင်ပြေကြပါစေ။
မိမိဘလော့မှာ ချက်ဘောက် ထားချင်ရင်
ဒါကတော့ ဘလော့အတွက်ပါ ကျွန်တော့် ဆိုဒ်မှာလည်းမတင်ရသေးလို့ ...မသိသေးတဲ့သူငယ်ချင်းတွေလည်း ဗဟုသုတအနေနဲ့  သိရအောင်လို့  တင်ထားလိုက်တာပါ။တစ်ခြား ချက်ဘောက်တွေလည်း ရှိပါတယ်။ကျွန်တော်ဆိုဒ်မှာသုံးနေတဲ့ ချက်ဘောက်ဆိုဒ်လေးနဲ့ ပဲ ချက်ဘောက်ထည့်နည်းကို ဖော်ပြပါမယ်နော်....:)
ပထမဦးဆုံး ဒီဆိုဒ်လေးကိုသွားလိုက်ပါ။
အောက်ကပုံအတိုင်းတွေ့ ရပါလိမ့်မည်။ ပုံမှာ အနီရောင်နှင့် ဝိုင်းပြထားတဲ့ Get your own free Cbox now! ဆိုတဲ့စာသားကိုကလစ်ပြီးဆက်သွားလိုက်ပါ။
အကောက်အသစ်ဖောက်ဖို့ လိုပါတယ်။လိုအပ်တာများကိုပြည့်စုံအောင်ဖြည့်စွက်ပြီး Create my Cbox! Buttom လေးကိုကလစ်လိုက်ပါ။
အောက်ကပုံကတော့ နမူနာဖြည့်ပြထားတာပါ။ :)
အောက်ကပုံကတော့ Create my Cbox! ကို နှိပ်လိုက်ရင် ပေါ်လာမဲ့ပုံပါ။မိမိအကောက်ကို  Registering လုပ်နေသည့်အတွက် ခဏစောင့်ပေးလိုက်ပါ။
အောက်ကလိုပုံပေါ်လာရင်တော့ မိမိအကောက်ဖောက်တာ အောင်မြင်ပါပြီ။မိမိဖောက်ထားတဲ့ အီးမေးလ်အကောက်လိပ်စာရဲ့မေးလ်ကို ပြန်ဖွင့်လိုက်ပါ။
Cbox ဆိုပြီး မေးလ်တစ်စောင်ရောက်နေပါလိမ့်မည်။ထိုမေးလ်ကိုဖွင့်လိုက်ပါ။
အောက်ကပုံကတော့ Cbox ကပို့ ထားတဲ့မေးလ်ကိုဖွင့်လိုက်ရင်တွေ့ ရမဲ့ပုံပါ။အဲ့မေးလ်ထဲမှာ အပြာရောင်စာသားနှင့်ရေးထားတဲ့ လင့်ကိုကလစ်ပြီး ဆက်သွားလိုက်ပါ။
Cbox ဝက်ဆိုဒ်ကိုပြန်ရောက်သွားပါလိမ့်မည်။မိမိအကောက်ဖောက်ခဲ့သည့် မေးလ်လိပ်စာနှင့် ပက်စ်ဝက်ကိုပြန်ရိုက်ထည့်ပြီး Enter (သို့ ) အောက်သို့တဇောင်းစိုက်နေတဲ့အဝါရင့်ရောင် မြားလေးကိုကလစ်ပြီး ဝင်လိုက်ပါ။
Copy to clipboard ကိုနှိပ်၍ဖြစ်ဖြစ် သူ့ အောက်က စာသားများကို Copy ယူလိုက်ပါ။
ပြီးရင် ထိုကုဒ်ကို မိမိဘလော့ရဲ့  Layout>Add a Gadget>HTML/Java Script  မှာထည့်ပြီး Save ပေးလိုက်ပါ။
အဆင်ပြေကြပါစေ။
Desktop ပေါ်မှာ မီးလုံးလေးတွေ တန်းစီပြီး ချိတ်ဆွဲထားချင်ရင်
ဆော့ဝဲလ်လန်းလန်းလေးပါ။ Desktop ပေါ်မှာ မီးလုံးလေးတွေ တန်းစီပြီး ချိတ်ဆွဲထားချင်ရင်ပေါ့။
လိုအပ်ခဲ့လျှင် ဒီကနေသွားပြီးဒေါင်းလိုက်ပါ။
◘◘အသုံးပြုပုံ◘◘
ဆော့ဝဲလ်ကို ဖွင့်လိုက်တာနဲ့  ပုံထဲကလို Desktop အပေါ်ဆုံးမှာတန်းပေါ်ပါတယ်။ အောက်ကပုံကတော့ အသုံးပြုပုံပါ။ :)
OnTop ကတော့ မီးလုံးလေးတွေ အနည်းငယ်လျော့သွားစေပါတယ်။
Transparent ကတော့ မီးလုံးလေးတွေကို ဖျော့ဖျော့ သွားစေပါတယ်။ဘေးက မြားလေးကို ကလစ်ပြီးချိန်ပါ(လိုအပ်လျှင်)
{ပုံထဲမှာရေးရမှာမေ့သွားလို့  :) }
More Christmas stuff...ကိုကလစ်လိုက်ရင်တော့  http://www.get-xmas.com ကိုရောက်သွားပါလိမ့်မည်။
အဲ့ဝက်ဆိုဒ်လေးကပဲ ရတာပါ အခုတင်ထားတဲ့ဆော့ဝဲလ်ကလည်း.....:)
အဲ့ဆိုဒ်လေးမှာ Desktop ပေါ်မှာထားဖို့  ခရစ္စမတ်အပင်လေးတွေ အများကြီးရှိပါသေးတယ်။
အဆင်ပြေကြပါစေ။
Related Posts Plugin for WordPress, Blogger...
Like ခြင်းဖြင့် အားပေးပါ :)
mumcradio