Friday, 22 February 2013

Android ဖုန်းအသုံးပြုသူတွေတိုင်း ဆောင်ထားသင့်တဲ့ Sanity v2.12 for Android





Android ဖုန်းအသုံးပြုသူတွေအနေနဲ့ Sanity ဆော့ဝဲလေးကိုမရှိမဖြစ်ဆောင်ထားသင့်ပါတယ်။ ဒီဆော့ဝဲလေးတစ်မျိုးထဲနဲ့ ဖုန်းကို ကိုယ်မကိုင်ဖြစ်ရင် auto ဖြေပေးမယ့် Auto Answer, ကိုယ်မကိုင်ချင်တဲ့ ဖုန်းအ၀င် call တွေကို block ထားနိုင်မယ့် Call BlackList, ဖုန်းခေါ်ထားရင်းနဲ့ တစ်ဖက်လူက ဖုန်းကိုင်လိုက်တာနဲ့ ကိုယ့်ဖုန်းဘက်မှာ vibrate တုန်ခါသွားစေမယ့် Urgent Call , ဖုန်းပြောနေစဉ် နားနားကနေခွာလိုက်တာနဲ့ ဖုန်း speaker ကို auto ဖွင့်ပေးမယ့် automatic speakerphone, ကိုယ်ပြောထားတဲ့ ဖုန်း call တိုင်းကို အသံဖိုင်နဲ့ record လုပ်ထားနိုင်မယ့် call record , နားနဲ့ကပ်ပြီးဖုန်းပြောနေစဉ် ကိုယ့်ဦးနှောက်ကို ဖုန်းကထုတ်လွှတ်တဲ့ bluetooth , 3G Internet စတဲ့လိုင်းတွေကြောင့်မထိခိုက်အောင် ခဏတာ auto ပိတ်ပေးထားမယ့် reduce electromagnetic waves စတဲ့ features အလန်းပေါင်းများစွာပါဝင်ပါတယ်။ Sanity v2.12 for Android ကိုအောက်က link မှာရယူနိုင်ပါတယ်။

Sanity v2.12 for Android အားရယူရန်







Credit to ကိုသက်နိုင်စိုး( Myanmar Mobile App Store)

ပတ္တမြား FM ရေဒီယို For Android

ပတ္တမြား FM ရေဒီယိုလေးပါ။Beta Versionပါ။



လိုအပ်ခဲ့လျှင် Dropbox ဆိုဒ်မှ ဒေါင်းရန်
Box ဆိုဒ်မှ ဒေါင်းရန်

အဆင်ပြေကြပါစေ။

မိမိကြိုက်တဲ့ ဝက်ဆိုဒ်ကို Android Application အလွယ်လုပ်နည်း (၃)

ပထမဦးဆုံး ဒီလင့်လေးကိုသွားလိုက်ပါ။
အောက်ကပုံလိုတွေ့ ပါလိမ့်မည်။


URL ဘေးကအကွက်မှာ မိမိပြောင်းချင်တဲ့ ဝက်ဆိုဒ်လင့် ကိုရေးပါ။

App Title နေရာမှာ ဝက်ဆိုဒ်နာမည်ရေးပါ။
(မှတ်ချက်။ ။အင်္ဂလိပ်လိုပဲရေးလို့ ရပါသည်။မြန်မာလိုရေးရင်အလုပ်မလုပ်ပါ။)
(အပေါ်က ပုံကြီးကတော့ ကျွန်တော်လည်း စလုပ်တော့ မသိပဲ မြန်မာလိုရေးထားတဲ့ပုံပါ။Error တက်မှ မြန်မာလိုရေးမရဖူးသိတာ :)  )

Icon နေရာမှာတော့  Browse...ကိုကလစ်ပြီး မိမိကွန်ပျူတာထဲရှိ ဓါတ်ပုံကို ထည့်ပါ။
(မှတ်ချက်။  ။ Png ဖောမတ်မှ ထည့်၍ရပါသည်။)

ပြီးရင် Create My App ကိုနှိပ်ပါ။

နမူနာအနေဖြင့် ကျွန်တော်ရဲ့ မြင်ဆရာ တစ်ဦးဖြစ်တဲ့ ကိုဝင်း (ဝင်းကမ္ဘာကျော်) ဆိုဒ်ကို ပြပေးပါမယ်။
ပေးထားတဲ့လင့်ကနေသွားပါ။၎င်းဝက်ဆိုဒ်ကိုရောက်လျှင် အပေါ်ကပေးထားတဲ့နည်းအတိုင်းဖြည့်ပါ။
အောက်မှာနမူနာဖြည့်ပြထားပါတယ်။
Show Advanced Settings နေရာမှာ မိမိဥာဏ်ရှိသလိုဝင်ပြင်နိုင်ပါသေးတယ်။ကျွန်တော်ကတော့ Create My App ကိုပဲကလစ်ပြီးဆက်သွားလိုက်တယ်။
ပြီးရင်အောက်ကလိုပေါ်လာပါလိမ့်မည်။အနီရောင်လေးထောင့်ကွက်နှင့် ဝိုင်းပြထားပြီး မြားထိုးပြထားတဲ့ အပြာရောင်လင့်(Download Your Android Package from this link)ကိုကလစ်ပြီး ဆော့ဝဲလ်ကိုဒေါင်းလိုက်ပါ။
ဆော့ဝဲလ်ဒေါင်းပြီးလျှင် ကွန်ပျူတာရဲ့ညာဖက်အောက်ခြေမှာ Download ယူပြီးကြောင်း Box တစ်ခုတက်လာပါလိမ့်မည်။
ဒါဆို Android ဖုန်းမှာ ကြည့်နိုင်မည့် Apk ဆော့ဝဲလ်တစ်ခုကို အောင်မြင်စွာ ဖန်တီးပြီးပါပြီ။

ကိုဝင်းကမ္ဘာကျော် apk ဖိုင်ကို အောက်ပါလင့် ၂ ခုမှသင် ကြိုက်ရာ လင့်မှ ဒေါင်းရန်
Box ဆိုဒ်မှ ဒေါင်းရန်
Dropbox ဆိုဒ်မှ ဒေါင်းရန်

မေတ္တာရိပ် apk ဖိုင်ကို အောက်ပါလင့် ၂ ခုမှ သင် ကြိုက်ရာ လင့်မှ ဒေါင်းရန်
Dropbox ဆိုဒ်မှ ဒေါင်းရန်
Box ဆိုဒ်မှ ဒေါင်းရန်


 အောက်ကတော့ ကျွန်တော့် ဆိုဒ်မှာ တင်ထားတဲ့ Android Application အလွယ်လုပ်နည်း (၁) နဲ့  (၂) ရဲ့လင့်တွေပါ။
(၁)ရဲ့ နည်းလမ်းကတော့ ကျွန်တော် ရှာဖွေ တွေ့ ရှိထားတာပါ။ (၂) ကတော့ ကော်ပီပို့ စ်ပါ။
လေ့လာချင်ရင် ရှာနေရမှာ ကြာနေမှာစိုးရိမ်လို့  လင့်ပါ တင်လိုက်တာပါ။
 မိမိကြိုက်တဲ့ဝက်ဆိုဒ်ကို Android Application အလွယ်လုပ်နည်း (၁)
 မိမိကြိုက်တဲ့ဝက်ဆိုဒ်ကို Android Application  အလွယ်လုပ်နည်း(၂)

အဆင်ပြေကြပါစေ။

ဖုန်းအချင်း ဖိုင်ပို့သူတွေအတွက် bluetooth ထက် ၁၀-ဆလောက်မြန်တဲ့ zapya(Update)

ဒီကောင်လေးက bluetooth ထက် တစ်ကယ်ကို ၁၀-လောက်မြန်တယ်ဗျာ… 
သူက wifi connection ကိုသုံးထားတာပါ… zapya ကိုသုံးဖို့အတွက် သုံးမဲ့စက်အားလုံးမှာ
 zapya တင်ထားဖို့တော့လိုပါတယ်… wifi သုံးထားတဲ့အတွက် network တစ်ခုဖန်တီးပြီး
 အလုံးများစွာ ချိတ်ဆက်လို့ရပါတယ်… 
တစ်လုံးနဲ့တစ်လုံး ချိတ်ဆက်ပြီးတော့ zapya game လေးတွေလည်း ဆော့လို့ရပါတယ်… 
တစ်ကယ်ကို ပျော်စရာကောင်းပါတယ်… 
network တစ်ခုဖန်တီးဖို့ကတော့ zapya ကိုဖွင့်ပြီး connect to friends ဆိုတာကိုနှိပ်လိုက်ပါ… 
ချိတ်မယ့်သူထဲက တစ်ယောက်က ဆာဗာထောင်ရပါမယ်.. 
ကျန်တဲ့သူတွေက အဲဒီဆာဗာကို join ရပါမယ်…
 အောက်မှာ ပုံလေးတွေနဲ့ ပြထားပါတယ်…
 file နဲ့ app တွေကို share ဖို့ကတော့ 
ကိုယ် ပို့ချင်တဲ့သူရဲ့ logo လေးထဲကို ပို့ချင်တဲ့ ဖိုင်ကို drag ဆွဲပြီး ပို့လိုက်ယုံပါပဲ… 

တစ်ခုထူးခြားတာက apk ဖိုင်မရှိပဲ install လုပ်ထားတဲ့ app တွေကိုပါ share ပြီး သုံးလို့ရတာပါပဲ….
 game တွဲဆော့မယ်ဆိုရင်လည်း တစ်ယောက်က ဆော့မယ့်game ကို နှိပ်ပြီး start လုပ်လိုက်ပါ…
ဒါဆိုရင် ကျန်တဲ့ network တွင်းမှာရှိတဲ့သူတွေဆီကို request ရောက်ပါမယ်..
 accept လုပ်ပေးလိုက်ရင် တွဲဆော့လို့ရပါပြီ…  တစ်ကယ်ကိုကောင်းပါတယ်… လိုချင်ရင် အောက်မှာ ဒေါင်းသွားလိုက်ပါဗျာ… 
Download>>>zippyshare (or)mediafire  
 

Ref>>>http://myanmarplay.com/?p=3364
 
ကျွန်တော် ကိုအမျိုးကောင်းသားဆိုဒ်က တွေ့ လို့  စမ်းကြည့်ပြီး သုံးလို့ အဆင်ပြေတာ နဲ့  ပြန်လည်မျှဝေပေးတာပါ။ပထမဆုံး ချိတ်ဆက်တဲ့အခါမှာတော့ ဆော့ဝဲလ်က အလုပ်လုပ်တာနှေးပါတယ်။ပထမတစ်ကြိမ်ပြီးတာနဲ့  အသုံးပြုတာမြန်လာပါတယ်။ကျွန်တော်သုံးကြည့်တာကိုပြောပြပေးတာပါ။တော်တော်အဆင်ပြေပါတယ်။
ဖြူးသားလေးမှ ကိုအမျိုးကောင်းသားဆိုဒ်တွင်တင်ထားသောပို့ စ်အားမူရင်းအတိုင်းမျှဝေပေးပါသည်။
(ဖေ့ဘွတ်က အေးချမ်းမွန်ဖန်ပေ့မှာသုံးတဲ့စကားကိုသဘောကျလို့  :P )

Android ဖုန်းတွေ အတွက် ဖုန်း Screen ကိုလင်းစေတဲ့ ဆော့ဝဲလ် (သို့ ) ဓါတ်မီး (အချက်ပြမီး)

Android ဖုန်းတွေ အတွက် ဖုန်း Screen ကိုလင်းစေတဲ့ဆော့ဝဲလ် (သို့ ) ဓါတ်မီး(အချက်ပြမီး) ပေါ့။
အသုံးပြုပုံကတော့ ဆော့ဝဲလ်ကိုဒေါင်းပြီး ကွန်ပျူတာမှ တစ်ဆင့် ဖုန်းမန်မိုရီကဒ်ထဲထည့် အင်စတောလုပ်။ဆော့ဝဲလ်ပွင့်လာရင် အပေါ်ကပုံအတိုင်းပေါ်လာပါလိမ့်မည်။ ခလုတ်ကိုနှိပ် ပြီးရင် ခလုတ်အပေါ်က Screen Flash ကိုထပ်နှိပ်ပါ။ ဖုန်းမှာ အလင်းရောင်ပေါ်လာပါလိမ့်မည်။ အလင်းရောင်(အပေါ်ပုံ ညာဖက်အခြမ်းက မီးလင်းတဲ့ပုံ)ကိုပိတ်ချင်လျှင် ဘယ်ဖက်အပေါ်နားရှိ
 Back ကိုနှိပ်( Back လို့ ထင်တယ် စာလုံးတော့ မမြင်ရဖူး ကျွန်တော့်ဖုန်း Screen ကသေးလို့  ) ။



လိုအပ်ခဲ့လျှင် Box ဆိုဒ်မှ ဒေါင်းရန်
Dropbox ဆိုဒ်မှ ဒေါင်းရန်
အဆင်ပြေကြပါစေ။

အရောင်တူ အလုံးလေး တွေ ဆက်ပြီးဆော့ရတဲ့ puzzle ဂိမ်း(For Android)

အရောင်တူအလုံးလေးတွေ ဆက်ပြီးဆော့ရတဲ့ puzzle ဂိမ်းလေးပါ။

ဖိုင်ဆိုဒ်က 3.3 MB ရှိပါတယ်။အသုံးပြုနိုင်တဲ့ Android ဖုန်း Version က Version 1.6 နှင့်အထက်ပါ။


လိုအပ်ခဲ့လျှင် Box ဆိုဒ်မှ ဒေါင်းရန်
Dropbox ဆိုဒ်မှဒေါင်းရန်

အဆင်ပြေကြပါစေ။

အိုင်ဖုန်း အတွက် Viber မြန်မာဗားရှင်း နှင့် ipa ဖိုင်ကို iFunbox နဲ့ Install လုပ်နည်း

 


ကွန်ပျူတာ အင်တာနက် ဖုံး စတဲ့ အိုင်တီနဲ့ ပတ်သက်တာမှန်သမျှ ကျနော်တို့မြန်မာစာနဲ့ထွက်လာတယ်ဆိုတာတော်တော်လေးကို ရှားပါသေးတယ်။ နိုင်ငံတိုင်း လူမျိုးတိုင်း ကိုယ့်ဘာသာ ကိုယ့်စာပေနဲ့ အရာရာတိုင်းကို ရှိနေချင်ကြတာ သဘာဝပါပဲ။ ကမ္ဘာမှာ ဘယ်ဘာသာစကားကို အဓိကသုံးစွဲရမယ်လို့ သတ်မှတ်ချက် မရှိပေမယ့် အင်အားကြီးတဲ့ ဘာသာစကားကို သုံးနေကြတာ အထင်အရှားပါ။ ကျနော်လဲ လူထဲက လူတစ်ယောက်မို့ ကျနော်တို့မြန်မာစာ မြန်မာစကားကို နေရာတိုင်းမှာ ရှိနေစေချင်တဲ့ ဆန္ဒရှိနေပါတယ်။ အဲဒါကြောင့် ဖုံးအလကားခေါ်ဆိုလို့ လွယ်ကူတဲ့ စမတ်ဖုံးများမှာ အသုံးပြုနေတဲ့ Viber Application ကို မြန်မာမှု ပြုလိုက်ပါတယ်။ အကောင်းကြီးတော့ မဟုတ်ပေမဲ့ အတတ်နိုင်ဆုံး ကြိုးစားလုပ်ထားပါတယ်။ အင်္ဂလိပ်အက္ခရာများနဲ့ ရင်းနှီးနေပြီးသားသူများအတွက် ကြည့်ရတာမျက်စိနောက်ကောင်းနောက်ပေမဲ့မြန်မာလူမျိုးများအတွက် သင့်တော်မယ်ထင်လို့ မြန်မာဗားရှင်းလေးကို လုပ်ဖြစ်သွားတာပါ။ အနှောက်ယှက်ဖြစ်ရင်တော့ တောင်းပန်ပါတယ်။ 

တစ်ချို့ကို Language Data အခက်အခဲကြောင့်   မြန်မာလို မပြန်ဘဲ ဒီတိုင်းထားခဲ့ရပါတယ်။ အဒီအတွက်လဲ ထပ်ပြီး တောင်းပန်ပါရစေ...နောက်ထွက်မည့် ဗားရှင်းအသစ်တွေမှာ ကောင်းသထက်ကောင်းအောင် ကျိုးစားပါ့မယ်။ 

အခုထွက်လာတဲ့ Viber မြန်မာဗားရှင်းက နောက်ဆုံးထွက် ဗားရှင်းဖြစ်ပြီး iPhone Jailbreak လုပ်ပြီးသား မြန်မာဖောင့် ရှိမှသာ အသုံးပြုနိုင်မှာဖြစ်ပါတယ်။ Jailbreak မလုပ်ရသေးတဲ့ ဖုံးများမျာ အသုံးပြုလို့မရနိုင်သေးပါဘူး။ သုံးရင်လဲ မြန်မာဖောင့်က အတုံးတုံးလေးတွေပဲ ပေါ်နေမှာဖြစ်ပါတယ်။ နောက်ထပ် ကောင်းမယ် အသုံးများမယ်ထင်တဲ့ Application များကို မြန်မာမှုပြုနိုင်အောင် ကြိုးစားနေပါတယ်။ တစ်ခုခုအမှားအယွင်းတွေ့ရှိလျင် ကျနော့်လိုအပ်ချက်သာ ဖြစ်ပါကြောင်း။ ကျနော် လုပ်ထားတဲ့ Viber မြန်မာဗားရှင်း နဲ့ ပတ်သက်ပြီး ဖေ၀န် အကြံပြုချက်များကို လက်ခံသွားမည်ဖြစ်ပါတယ်ခင်ဗျား။ 


Viber မြန်မာဗားရှင်း ဖြစ်ပေါ်လာအောင် အကူညီပေးခဲ့တဲ့ အကို ကိုဧချမ်း (US) ဒီနေရာကနေ အထူးပဲ ကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ....။






ကျနော်  iPhone 4 နဲ့ 4S မှာပဲ စမ်းရပါသေးတယ်။ တခြား iOS များမှာလည်း သုံးလို့ ရနိုင်မယ်လို့ မျှော်လင့်ပါတယ်။ အောက်မှာ Download လုပ်ယူကြပါခင်ဗျားး။

IPA ကို Download လုပ်ရန် 


mega | mediafire | zippyshare | box 

ipa ဖိုင်ကို iFunbox နဲ့ Install လုပ်နည်း

Apple Store ကနေ တိုက်ရိုက် install လုပ်တာမဟုတ်ဘဲ အင်တာနက်ကနေ ipa ဖိုင်များကို ဒေါင်းလွတ်လုပ်ပြီး မိမိရဲ့ PC ကနေ install လုပ်နည်းပါ။ လုပ်နည်းက အရမ်းကို လွယ်ပါတယ်။

၁။ ဒီနေရာကနေ ifunbox ကို Download လုပ်ပါ။

၂။ iDevice ကို USB နဲ့ PC ကို ချိတ်ပါ။

၃။ iFunbox ကို ဖွင့်လိုက်ပါ။ ifunbox ရဲ့ Menu bar မှာ သင့် iDevice နာမည်နဲ့ connected ဖြစ်နေတာ တွေ့ရပါလိမ့်မယ်။ 

၎။ iFunbox Classic အောက်တည့်တည့်က folder viewer ကို ကြည့်ပါ။ အောက်မှာ User Applications ကို ကလစ်ပေးပါ။ User Applications ကို ကလစ်ပေးလိုက်လို့ ဘေးနားဘောက်ထဲမှာပေါ်လာတဲ့ Icon များက သင် Download လုပ်ထားတဲ့ App များဖြစ်ပါတယ်။ အောက်ကပုံကို နမူနာကြည့်ပါ။
၅။ Icon များ အပေါ်မှ Install App ကို ကလစ်ပေးပါ။ ဘောက်တစ်ခု ကျလာပါမယ်။ အဲဒီဘောက်ထဲမှာ သင် Install လုပ်ချင်တဲ့ ipa ဖိုင်ကို ရွေးလိုက်ပါ ။ ခဏစောင့်ပါ Install လုပ်နေပါလိမ့်မယ်။ 
၆။ အောက်ပုံထဲကလို Result of the last app installation: 1 succeeded, 0 failed. ပြလာပြီဆိုရင်တော့ သင် install လုပ်တာ အောင်မြင်သွားပါပြီ။ Failed မှာ 1 လို့ ပြလာရင်တော့ install လုပ်တာ မအောင်မြင်သေးတာဖြစ်ပါတယ်။ 

၇။ တကယ်လို့ To install .ipa purchased with your own Apple ID for that device, the installation works even without Jailbreak. To install unsigned .ipa package, you may need to install AppSync from Cydia. Otherwise, the installation will fail. စာတန်းတက်လာရင် သင့်ဖုံး Cydia ထဲမှာ AppSync ကို ရှားပြီး Install လုပ်ပါ။ ဒီနည်းက Jailbreak လုပ်ပြီးသား iDevice များကို ရည်ရွယ်ပါတယ်။

အောက်ကတော့လိုလိုမယ်မယ်ပေါ့။ :P
Viber မြန်မာဗားရှင်းမှာ မြန်မာလိုရေးလို့ ဖတ်လို့ရနေပေမယ့် သဝေထိုး (ေ ) နဲ့ ရရစ် (ြ    ) အတွက် အခက်ခဲဖြစ်နေခဲ့တဲ့ ပြဿနာကိုဖြေရှင်းနည်း 
 
အရင်က  သဝေထိုး နဲ့ ရရစ်ကို ရေးရင် သူ့ရှေ့မှာ စာလုံးရှိမနေဘူးဆိုရင် မပေါ်တော့ပါဘူး။ အောက်မှာ ကိုစေတန်ဂေါ့ ပို့စ်ကို မူရင်းအတိုင်း ဖော်ပြလိုက်ပါတယ်။ 

{{{ Zawgyi font က iOS 6.1 မှာ [space]+ေ နဲ့ [space]+ြ  စတာတွေ မပေါ်တာ ဖြစ်နေပါတယ်။ အဲဒီ ပြဿနာကို အခု ပြင်ပြီးတော့ cydia.macforus.com မှာ update လုပ်ထားပေးပြီးပါပြီ။Mac For Us repo မထည့်ရသေးသူတွေ အနေနဲ့iPad ဆိုရင်Cydia > Sources > Edit > Add > http://cydia.macforus.com ကို ထည့်လိုက်ပါ။iPhone ဆိုရင်တော့Cydia > Manage > Sources > Edit > Add > http://cydia.macforus.com ကို ထည့်လိုက်ပါ။ဘာမှ မသွင်းခင် Package တွေ သေချာအောင် Cydia > Changes > Refresh လုပ်ထားလိုက်ပါ။Zawgyi iOS 4.3 Font ကို Install သွင်းလိုက်ရင် iOS မှာ ဇော်ဂျီ မြင်ရပါလိမ့်မယ်။တကယ်လို့ Zawgyi iOS 4.3 Font သွင်းပြီးသား လူတွေကတော့Cydia > Changes > Refresh လုပ်ပြီး update လုပ်လို့ရပါတယ်။တကယ်လို့ deb လိုချင်ရင်တော့ http://cydia.macforus.com/deb/zawgyi-iOS43-font.deb မှာ download ချ လို့ရပါတယ်။Keyboard ပြဿနာကတော့ @MoeSeth update လုပ်ပေးပါလိမ့်မယ်။ }}}
Zawgyi font က iOS 6.1 ကို Update လုပ်ပြီး သဝေထိုးနဲ့ ရရစ် အဆင်ပြေသွားပါပြီ။ 



Viber မြန်မာဗားရှင်းကိုလည်း ကျနော် အသစ် ပြန်တင်ပေးလိုက်ပါတယ်။ 
Viber-Myanmar ipa ကို Download ယူရန်။
 
အဆင်ပြေပါစေ...


Credit to စာချစ်သူ



ကျွန်တော် အိုင်ဖုန်းမသုံးတတ်သလို ကိုင်လည်းမကိုင်ဖူးပါဖူး။ ကိုပေါက်(ကျွဲအင်း)မှာတွေ့ ပါတယ်။မူရင်းဆိုဒ်မှာသွားပြီးကြည့်တယ်။အဆင်ပြေမယ်ထင်လို့  မျှဝေပေးပါတယ်။:)
ဆော့ဝဲလ်ထွင်တဲ့ မြန်မာပညာရှင်ကိုလည်း Credit ပေးပါတယ်။ဆက်လက်ပြီးဆော့ဝဲလ်ပေါင်းများစွာ တီထွင်နိုင်ကြပါစေလို့  ဆုမွန်ကောင်းတောင်းပေးပါတယ်။

မဟာဘုတ်ဗေဒင်ဆော့ဝဲလ် (For Android)

မဟာဘုတ်ဗေဒင်ဆော့ဝဲလ်လေးပါ။ ဗေဒင်ဝါသနာပါတဲ့သူတွေ စမ်းသုံးကြည့်လို့ ရတာပေါ့။ ဆော့ဝဲလ်ထွင်တဲ့ မြန်မာပညာရှင်ကိုလည်း Credit ပေးပါတယ်။ဆက်လက်ပြီးဆော့ဝဲလ်ပေါင်းများစွာ တီထွင်နိုင်ကြပါစေလို့  ဆုမွန်ကောင်းတောင်းပေးပါတယ်။



လိုအပ်ခဲ့လျှင် Box ဆိုဒ်မှ ဒေါင်းရန်
Dropbox ဆိုဒ်မှဒေါင်းရန်

အသုံးပြုနည်းကတော့လွယ်ပါတယ်။ဆော့ဝဲလ်ကိုဒေါင်း။ကွန်ပျူတာကနေ ဖုန်းမန်မိုရီကဒ်ထဲကူး။အင်စတောလုပ်။ဆော့ဝဲလ်ပွင့်လာရင် မွေးနေ့ ရွေးရန်ကိုနှိပ်။မိမိမွေးနေ့ ထည့်။ပြီးရင် တွက်ပါ ကို နှိပ်။

အဆင်ပြေကြပါစေ။

Related Posts Plugin for WordPress, Blogger...

Like ခြင်းဖြင့် အားပေးပါ :)

mumcradio