Sunday, 10 February 2013

Andriod Phone Pattern Lock ကျပြီးပြသနာတက်နေသူများအတွက် ဖြေရှင်းနည်း

 Android ဖုန်းတွေမှာ Pattern Lock ကျသွားတဲ့အခါ .. ဒါမှမဟုတ် မမှတ်မိတော့တဲ့အခါ ပြန်လည် ပြင်ဆင်နည်းလေး တင်ပေးလိုက်ပါတယ်ခင်မျာ...

Andriod Phone Patten Lockဖြည်ဖို့အတွက်ကို Software လေးကိုအရင်ဒေါင်းထားလိုက်ပါ ပြီးရင် PC မှာတင်မယ်ပေါ့...တင်လို့ပြီးရင် အဲဒီ Software လေးကိုဖွင့်ပြီးတော့ phone နဲ့တွဲပေးလိုက်ဗျာ Driver သိနေဖို့တော့လိုတာပေါ့နော်..Driver လိုအပ်နေသူများ မိမိဖုန်းနဲ့သက်ဆိုင်ရာ Driver လေးတွေကို အရင် Download ချလိုက်ပါ..




 Driver တွေဒေါင်းပြီးပီဆိုရင်...ကွန်ပျူတာမှာ Install လုပ်ပြီး လုပ်ငန်းစလို့ရပါပြီ..
 ဒါလေးကမြင်ရမယ့်ပုံလေးပါ



အဲဒါလေးကိုအခုကျွန်တော်ပြောင်းတဲ့နေရာကိုပြောင်းလိုက်ပါ အောက်ကပုံလေးကိုကြည့်ပါ..



အခုမြှားလေးတွေနဲ့ပြထားသလိုလေးပေါ့ Patten Lock လေးကိုနှိပ်လိုက်ပါ

 မျှားပြထားတဲ့အတိုင်းလေးပေါ့နော်...

 ပြီးရင်တော့ သူ့ပုံမှန်အတိုင်း Software လေးကပြန်ဖြစ်သွားပါလိမ့်မယ်...
.ပြီးရင် Phone မှာ ကြိုက်တဲ့ Patten Lock
ပုံစံကို ဆွဲပြီးရင် ဖုန်းကို PC နဲ့တွဲထားတဲ့ကြိုးကို ဖြုတ်လိုက်လို့ရပါပြီ
ဒါဆိုရင် အခု သင့်ဖုန်းက အခုဆွဲလိုက်တဲ့ Patten Lock ပုံစံဖြစ်သွားပါပြီ အရင်က မေ့နေတဲ့ပုံစံမဟုတ်တော့ပါဘူး ပြောင်းပစ်လိုက်တဲ့သဘောပါဘဲ မကြိုက်ဘူးဆိုရင်တော့လည်းဖြုတ်ပစ်လို့ရနေပြီလေ  အဲဒါနဲ့ Huawei T 8620 ကို Root လုပ်လို့ လည်းရသေးတယ်နော် နောက်လုပ်လို့ရတာတွေလည်းရှိသေးပါတယ် ကလိကြည့်ပေါ့ဗျာနော်
အားလုံးအဆင်ပြေကြပါစေဗျာ.....

 
source-http://www.mmithelper.blogspot.com

မိမိဘလော့ဆိုဒ်အောက်ခြေမှာရှိတဲ့ Subscribe to: Posts (Atom) ကိုဖြုတ်နည်း


 ယခုဖော်ပြတဲ့နည်းလမ်းကတော့ ကျွန်တော်တို့  ဘလော့ဆိုဒ်တွေရဲ့ Post အောက်မှာရှိတဲ့ Subscribe to: Posts(Atom)ဆိုတဲ့စာကြောင်းလေးဖြုတ်နည်းလေးပါ။
ဖြုတ်ချင်တဲ့သူငယ်ချင်းတွေအတွက်ပါ၊ 
တစ်ချို့ Template တွေမှာကျတော့Auto ဖြုတ်ပြီးသားပါလာတ်ပါတယ်
Autoဖြုတ်ပြီးသားမပါလာလို့ ဖြုတ်ချင်တဲ့သူငယ်ချင်းတွေကတော့ အောက်က အဆင့်လေးတွေ အတိုင်း လုပ်သွားလိုက်ပါ။


၁။Template ကိုနှိပ် ပြီးရင် ပေါ်လာတဲ့အထဲက Edit HTML ကို ဆက်နှိပ်ပေးပါ။



၂။Expand Widget Templates ရှေ့က Box ထဲမှာ Mouse နှင့် တစ်ချက်ကလစ်ပြီး အမှန်ခြစ်လေးခြစ်ပေးလိုက်ပါ။



၃။Expand Widget Templates ရှေ့ မှာ အမှန်ခြစ်လေး ခြစ်ပြီးလျှင် ကီးဘုတ်ပေါ်ရှိ Ctrl+F ကိုတွဲနှိပ်လိုက်ပါ။ထိုအခါ အောက်ခြေနားမှာ Find ဟူ၍ အပြာရောင်ဘားတန်းလေး နှင့်ပေါ်လာပါလိမ့်မည်။ ထိုအခါ အောက်ခြေရှိ Find ဘေးရှိ Box ထဲတွင် <b:include name='feedLinks'/>  ဟုရိုက်ထည့်ပါ။
   ထိုအခါ အစိမ်းရောင်တန်းလေးနှင့် <b:include name='feedLinks'/> ကို HTML ကုဒ်တွေထဲတွင်တွေ့ ရပါလိမ့်မည်။တွေ့ ရင် <b:include name='feedLinks'/> ဟူသောစာသားကို ဖျက်ပစ်လိုက်ပါ။အောက်မှာပုံနှင့်လည်းပြထားပေးပါတယ်။
 ၄။ပြီးလျှင် မိမိဖျက်လိုက်တာ error တက်မတက် Preview ကို နှိပ်ပြီး စစ်ဆေးနိုင်ပါတယ်။ အားလုံးအဆင်ပြေရင်တော့ Save template ကိုနှိပ်လိုက်ပါ။
ဒါဆိုရင်တော့ မိမိဘလော့ဆိုဒ်အောက်ခြေမှာရှိတဲ့ Subscribe to: Posts (Atom) ဟူသော စာသားကို အောင်မြင်စွာ ဖယ်ရှားပြီးပါပြီ။

အဆင်ပြေကြပါစေ။

ဒီနည်းလမ်းကတော့ ကျွန်တော် ဘလော့နည်းပညာတွေ လေ့လာတဲ့ ဆိုဒ်ဖြစ်တဲ့ http://kp3family.blogspot.com မှ လေ့လာထားတဲ့နည်းပညာပါ။ ဘလော့ဆိုဒ်စတင်ထောင်ထားတဲ့ သူငယ်ချင်းတွေ လက်မလွတ်ပဲ လေ့လာသင့်တဲ့ဆိုဒ်လေးပါ။

မိမိဘလော့ဆိုဒ်မှာ ဘာကုဒ်မှ မလိုပဲ Read more ထည့်နည်း (သို့ မဟုတ်) ပို့ စ်ခေါက်နည်း

ဒီနည်းကတော့ ကျွန်တော့်လို ဘလော့လုပ်ခါစ သူငယ်ချင်းတွေ အတွက် အဆင်ပြေလိမ့်မယ်လို့  မျှော်လင့်ပါတယ်။ ဘာလို့ လဲ ဆိုတော့ Read more တပ်ချင်ရင် စာတွေ ကို မိမိလိုအပ်တဲ့နေရာကနေ ဖြတ်ပြီး ပို့ စ်ခေါက်ချင်ရင် Edit Template မှာ ဝင်ပြင်ရတာ ဘလော့စလုပ်ခါစ သူငယ်ချင်းတွေ အတွက် စိတ်ရှုပ်စေမှာပါ။ ဒီနည်းလေးကတော့ ဘာကုဒ်မှ ထည့်စရာမလို ပဲ မိမိဘလော့ပို့ စ်အသစ်ရေးတိုင်း လုပ်ပေးရုံနှင့် မိမိတင်လိုက်တဲ့ ပို့ စ်ကို Read more တပ်ပြီးသား ပို့ စ်ခေါက်ပြီးသားဖြစ်စေမှာပါ။



ပထမဦးဆုံး မိမိ ယခင် ပို့ စ်ရေးကျအတိုင်း New Post ကို နှိပ်ပြီး ဘလော့စ်ပို့ စ်ကိုရေးပါ။ရေးပြီးသွားလျှင် မိမိပို့ စ် ကို Read more ထားဖို့  (သို့ ) ပို့ စ်ခေါက်ဖို့ အတွက် Linkချိတ်တဲ့  နေရာ၊ ဓါတ်ပုံထည့်တဲ့နေရာ၊ဗွီဒီယိုထည့်တဲ့နေရာဘေးရှိ စာရွက်နှစ်ပိုင်းပြတ်နေတဲ့ ပုံလေးကိုကလစ်ပါ။
စာရွက်ပုံလေးကိုကလစ်လိုက်ရင် မိမိ Read more ထားမဲ့နေရာမှာ မျဉ်းကြောင်းလေးပေါ်လာတာကိုတွေ့ ရမှာပါ။ထိုသို့ တွေ့ လျှင် အိုကေပါပြီ။ Publish ကိုနှိပ်ပြီး မိမိရေးထားတဲ့ပို့ စ်ကို တင်လိုက်ပါ။
 အောက်ကပုံလေးမှာလည်းမြားလေးနှင့်ထိုးပြီးပြထားပေးပါတယ်။


ပြီးရင် View blog ကိုနှိပ်ပြီး မိမိဘလော့ဆိုဒ် ကို ကြည့်လိုက်ပါ။

အောက်ကပုံကတော့ View blog ကို နှိပ်ပြီး မိမိဘလော့ဆိုဒ်ကို ကြည့်လိုက်တဲ့ အခါ Read more တပ်ပြီးသား (သို့ မဟုတ်) ပို့ စ်ခေါက်ပြီးသား ဖြစ်နေတာကို တွေ့ ရမှာပါ။

အဆင်ပြေကြပါစေဗျာ။

ဒီနည်းလမ်းလေးကတော့ ကျွန်တော်ရဲ့ ပါရမီဖြည့်ဖက်လေးက ပြောပြထားတဲ့နည်းလမ်းပါ။

ဘလော့မှာ Counter Widgets လေးတွေထည့်ချင်ရင်

ကျွန်တော်တို့ဘလော့မှာကိုယ့်ဆီကိုလာလည်တဲ့သူငယ်ချင်းများဘယ်လောက်၇ှိပြီလဲ၊ ဘယ်နိုင်ငံကလာတာလဲဆိုတာကိုသိဖို့ ၊ပြီး၇င်မိမိဘလော့လေးကိုလဲအလှဆင်ချင်သူများအတွက် Counter Widgets လေးတွေအသုံးပြုလို့၇မဲ့ဆိုဒ်လေးတွေကိုကျွန်တော်ဖော်ပြပေးလိုက်ပါတယ်။
ကျွန်တော် ဘလော့စပြီးလုပ်ခါစက ကျွန်တော်ရဲ့ အွန်လိုင်းပေါ်က မြင်ဆရာတွေထဲက တစ်ယောက်ဖြစ်တဲ့ ကိုနေမင်းမောင်ရဲ့ဆိုဒ်ကနေကူးထားတာလေးကိုဘလော့လုပ်ခါစသူငယ်ချင်းတွေအတွက် ရည်ရွယ်ပြီးပြန်လည်မျှဝေပေးတာပါ။


1.Flag Counter 





  ဒါကတော့ Flag Counter ဆိုဒ်လေးပါ။Get Your Own Free Flag Counter ဆိုလေးကိုနှိပ်ပြီးသွားလိုက်

  ပါ။Choose your own options and appearance မှာမိမိစိတ်ကြိုက်ပုံစံလေးကိုပြင်လို့၇ပါတယ်။ပြီး၇င်
  Get Your Flag Counter ကိုနှိပ်လိုက်ပါ။ပြီး၇င် Code for websites: မှာကုဒ်လေးကိုယူပြီးမိမိဘလော့မှာ
  ထည့်လိုက်ပါ။

ဒီလင့်လေးကနေသွားလိုက်ပါ။


2.GeoToolBar


   မိမိဘလော့အောက်ခြေမှာလာလည်တဲ့သူငယ်ချင်းများကို Toolbar လေးနဲ့ဖော်ပြပေးမှာဖြစ်ပါတယ်။ပုံ၇ဲ့
   အောက်မှာ inscription GeoToolBar ဆိုတာကိုတွေ့ ၇ပါလိမ့်မယ်။ GeoToolBar  ကိုနှိပ်လိုက်ပါ။ပြီး၇င်
   LL FIELDS WITH A * ARE REQUIRED!  အောက်မှာလိုအပ်တာလေးတွေဖြည့်ပေးလိုက်ပါ။ပြီး၇င်
   ပုံလေးကိုနှိပ်ပြီးသွားလိုက်ပါ။ပေးထားတဲ့ကုဒ်ကိုယူပြီးမိမိဘလော့မှာထည့်ပေးလိုက်ပါ။

ဒီလင့်လေးကနေသွားလိုက်ပါ။

3.GeoGlobe


 မိမိတို့ဆီကိုလာလည်တဲ့သူငယ်ချင်းများကိုကမ္ဘာပုံလေးနဲ့ဖော်ပြပေးနေမှာဖြစ်ပါတယ်။ပုံလေးတွေ၇ဲ့အောက်
 မှာ GeoGlobe -> here [Register]GeoGlobe -> here [Register]   ဆိုတာကိုနှိပ်လိုက်ပါ။ပြီး၇င်
   LL FIELDS WITH A * ARE REQUIRED!  အောက်မှာလိုအပ်တာလေးတွေဖြည့်ပေးလိုက်ပါ။ပြီး၇င်
   ပုံလေးကိုနှိပ်ပြီးသွားလိုက်ပါ။ပေးထားတဲ့ကုဒ်ကိုယူပြီးမိမိဘလော့မှာထည့်ပေးလိုက်ပါ။

ဒီလင့်လေးကနေသွားလိုက်ပါ။

4.Geo Counter



 အပေါ်ကပုံမှာပြထားသလိုမျိုးဖော်ပြပေးနေမှာပါ။ကိုကြိုက်တဲ့အေ၇ာင်ကိုေ၇ွးပါ။အကြိုက်တွေ့ ပြီဆို၇င်ပုံလေး
 ကိုကလစ်နှစ်ချက်နှိပ်လိုက်ပါ။ပြီး၇င်ပေါ်လာတဲ့ပုံထဲမှာလိုတာလေးတွေဖြည့်ပေးလိုက်ပါ.။ဖြည့်ပြီးသွားပြီဆို
 ၇င် Get Widget ကိုနှိပ်လိုက်ပါ။ပြီး၇င်၇လာတဲ့ကုဒ်ကိုမိမိဘလော့မှာထည့်လိုက်ပါ။

ဒီလင့်လေးကနေသွားလိုက်ပါ။


5.99 Counters 



ဒါကတော့ကျွန်တော်ဘလော့မှာလဲထည့်ထားတဲ့ပုံစံမျိုလေးပါ.။Create Counter ကိုနှိပ်လိုက်ပါ။ပြီး၇င်လို
အပ်တဲ့အကောင့်တစ်ခုဖောက်ပါ.။ပြီး၇င်အဲ့ဒီမှာပေးထားတဲ့ကုဒ်ကိုမိမိဘလော့မှာထည့်ပေးလိုက်ပါ.။

ဒီလင့်လေးကနေသွားလိုက်ပါ။

အားလုံးပဲအဆင်ပြေကြပါစေ......ကျေးဇူးတင်ပါတယ်ခင်ဗျာ......
Related Posts Plugin for WordPress, Blogger...

Like ခြင်းဖြင့် အားပေးပါ :)

mumcradio