Wednesday, 18 April 2012

Gmail Gtalk အကြောင်းစုံလင်အောင်ရေးထားစာအုပ်လေးပါ

Gmail Gtalk အကြောင်းစုံလင်အောင်ရေးထားပါတယ်အကောင့်အသစ်မလုပ်တတ်
တဲ သူငယ်ချင်းများဖတ်ရမယ့်စာအုပ်လေးပါ
အကောင့်အခိုးမခံရအောင်လုပ်တဲ့နည်းလည်းဒီစာအုပ်လေးဖတ်ကြည့်လိုက်ပါတ
ကယ်ကောင်းတဲ့စာအုပ်လေးပါဒီစာအုပ်လေးထဲမှာ….
အကောင့်အသစ်လုပ်နည်းများ..အကောင့်မသုံးချင်တဲ့အခါဖျက်တဲ့နည်းမ၀င်လာ
စေချင်တဲ့မေးတွေကိုတားနည်း..သူငယ်ချင်းတစ်ယောက်မေးထားသလိုမျိုးချစ်သူ
ရဲ့အကောင့်ထဲမှာစပိုင်ထဲ့ထားတဲ့နည်းလေးချစ်သူဆီမေးဝင်ရင်ကိုယ့်ဆီပါCopy
တစ်ဆောင်ရောက်လာအောင်လုပ်တဲ့နည်းလေးပါတကူတကကိုယ့်ချစ်သူဆီသွား
စစ်စရာမလိုပဲကိုယ့်ချစ်သူကိုဘယ်သူတွေမေးပို့ နေတယ်ဆိုတာအကုန်သိနိုင်ပါ
တယ်ပြီးတော့ဟိုးအရင်မေးတွေကအစပြန်ဝင်လာတာတွေ့ ရပါတယ်ဝင်လာတဲ့
မေးတွေကိုလည်းခေါင်းစဉ်ခွဲလေးနဲ့ ထားလို့ ရပါတယ်ဥပမာချစ်သူဆီမှမေးများ
သူငယ်ချင်းဆီမှမေးများဖတ်ကြည့်ရင်တကယ်အကျိုး၇ှိမယ့်စာအုပ်လေးပါ့ ..ကဲလက်တို့ လိုက်တယ်နော်………
ဒေါင်းလော့ဆွဲရန်လင့်ခ် ….. http://www.mediafire.com/?qsfcg4echvqcx2i#1

♣♣Google အစားမိမိနာမည်လေးထိုးကြည့်မယ်♣♣

ဒီမှာသွားပြီးတော့လုပ်နိုင်ပါတယ် http://funnylogo.info/ လုပ်ပုံလုပ်နည်းကတော့လွယ်ပါတယ် ။ အားလုံးအဆင်ပြေမှာပါ။
ဖူးစာရှင်လေဟက ကူးယူမျှဝေတာပါ….

ပရိတ်ကြီး ၁၁ သုတ် အသံထွက်နည်း ပရိတ်ကြီး ၁၁ သုတ် ပါဠိ၊အနက်၊အသံထွက် စာအုပ်

ကျွန်တော်တို့တွေ ပရိတ်ကြီး ၁၁ သုတ်ဆိုရင် ပါဠိ၊အနက်၊အသံထွက် ကိုမပြောနှင့် ၁၁ သုတ်လုံးရဲ့ခေါင်းစဉ် တွေတောင် ကောင်းကောင်းစုံလင်အောင်မသိ့ပါဘူး။နောက်ပိုင် လူငယ်တွေ ပိုဆိုးပါတယ်။
ဒိလိုသုတ်တွေက ရဟန် သံဃာတွေ ရွတ်ဖတ်ဖို့သာထင်ထားကြတာပါ။လူတိုင်း လိုလိုနုတ်တတ်ရွရွ ဆောင်
ထားကြရင်ဖြင့် အကောင်းဆုံးပါ။
ဘုရားရှင်၏ နုတ်တော်မှ ဟောကြားတော်မူခဲ့သော အလွန်မတန်မှ တန်ခိုးစွမ်းအားကြီးမားလှသော
သုတ်တော်တွေပါ။ ပရိတ်ရွတ်ဖတ်သူ၏ အင်္ဂါ၊နာယူသူ၏ အင်္ဂါတွေ ပြည့်စုံကြရင် များစွာအကျိုးထူးကြောင်း
သိ့ကြမှာပါ။

သုတ် ဖြစ်ပေါ်လာပုံဝထ္ထု၊ ရွတ်ဖတ်ရန် အချိန်၊ ရွတ်ဖတ်ရခြင်းအကျိုး၊ အသံထွက်ပုံအသေးစိတ်၊သုတ်အမွန်း၊
စသည့် ဖော်ပြထားပါတယ်။
ဒီလိပ်စာ ကိုသွားလိုက်ပါ။ခဏစောင့်ပါ၊စာမျက်နာတွေ အကုန်ပေါ်လာရင်ဖြင့် သိမ်း(save)လိုက်ပါ။
http://storage.vuzit.com/public/3cxec/aeec86c3e47dff58.pdf
မရခဲ့ရင်ဖြင့် မူရင်ဆိုဒ် ဒီလိပ်စာမှာ ဒေါင်းယူပါ။အတူတူပါပဲး။
http://www.dhammavideo.com/media/1999/1/
ပရိတ်ကြီး ၁၁ သုတ်(ဆရာတော်များ၏)စာအုပ်များရယူချင်ကြရင်ဖြင့် ဒီလိပ်စာကိုသွားပါ။
http://www.dhammavideo.com/c/120/1/

DiGi ဖုန်းလိုင်းသုံးသူများအတွက်ပါ

မလေးရှား နိုင်ငံအတွင်း.DiGi ဖုန်းလိုင်းသုံးသူများ မိမိဖုန်းကိုခေါ်ဆိုသူအား ပိုက်ဆံမစားအောင်
settings လုပ်နည်းပါ. *128*1*9*3*4*1# ကိုခေါ်ပြီးလျှင် ခဏစောင့်ပါ
sms တစ်ခု ရောက်လာပါလိမ့်မယ်.. ပြီးရင်
*128*1*9*3*3*1# ကိုခေါ်ပါ..
ခဏနေရင် sms တစ်ခုထပ်မံရောက်လာပါလိမ့်မယ်.
sms ရောက်လာပြီဆိုရင် ရောက်သွားပါပြီ..
ကျွန်တော် စမ်းပြီး လုပ်တာ အားလုံးအဆင်ပြေပါတယ်..
အားလုံးအဆင်ပြေပါစေ….
မှတ်ချက်. DiGi center မှ သိရလို့ ပြန်လည်မျှဝေပေးတာပါ..

♣♣Memory Stick မှ Virus ကွန်ပြူတာသို့ မ၀င်အောင်♣♣

Virus အများစုရဲ့File Extensions တွေက.exe .vbs .inf(autorun file) .com .bat .cmd တို့ဖြစ်ပါတယ်။
ဒီ File တွေ ဟာ Memory Stick မှာhidden လုပ်ထားတယ်။
ဒါမှမဟုတ် ပုံစံတူFolder လုပ်ပြီး Exe File လုပ်ထားမယ်။
ဒီFile တွေကို Run လိုက်ရင်တော့…. Virus ၀င်သွားပြီပေါ့ ဒီတော့ ဒီ File တွေကို မ Run အောင်လုပ်ထားလို့ရပါတယ်။
လုပ်ရမှာကStart>Run> secpol.msc လို့ရိုက်ပြီး Enter နိပ်ပါ။
Local security Settings ပေါ်လာပါပြီ။
Software Restriction ကို Right Click နိပ်ပြီး Create New Policies ကိုနိပ်ပါ။
Additional Rules မှာတစ်ချက်နိပ်ပါ။ ညာဘက်အကွက်မှာ Right Click > New Path Rule ကိုရွေးပါ။
Path နေရာမှာ ကိုယ့် Memery Stick ရဲ့ Drive Letter ကိုပေးရ ပါမယ်။
ဥပမာ Fဆိုရင်ဒီလိုရေးရပါတယ်။ f:\*.exe လို့ရိုက်ပြီးSecurity Level မှာ Disallowedကိုရွေးပါ။
ဒါဆိုရင် Memory Thick မှာရှိတဲ့ Exe File တွေမ Run တော့ပါဘူး။ မယုံရင် Run ကြည့်ပေါ့။
ဒါပေမဲ့ သူ့ရဲ့ ဆင့်ပွား Folder ထဲက Exe File တွေကတော့ Run ပါသေးတယ်။
Virus တွေက Memory Stick ထဲမှာပဲ Hidden လုပ်ထားပြီး Run တာပါ။
ဆင့်ပွား Folder ထဲမှာ Run တယ်ဆိုတာ ရှားပါတယ်။ကျန်တဲ့ file extension တွေကိုလည်းလုပ်ရပါမယ်။
Right Click နိပ်ပြီး New Path Rule ကိုရွေးပါ။ f:\*.vbs လို့ရိုက်ပါ။ Security Level မှာ Disallowed Disallowed ကိုရွေးပေးပါ။
vb Script File တွေ Run လို့မရတော့ပါဘူး။ဒီနည်းအတိုင်းတခြား extension တွေကိုလည်းလုပ်ကြည့်ပါဦး။
Memory Stick မှာ Virus အများစုရဲ့ File တွေ Run လို့မရတဲ့ အတွက် Virus ကိုကာကွယ်ပြီးသားဖြစ်သွားပါပြီ။

♣♣နောင်အနှစ် ၂၀(သို့)၃၀ ကြာပြီးနောက်ဖြစ်လာမဲ့ မိမိပုံ ကို ကြည့်ရအောင်♣♣

သူငယ်ချင်းတို့ အချိန်ဆိုတာ ဆွဲထားလို့ရတဲ့ အရာ မဟုတ်ပါဘူးနော်။ အသက်အရွယ်ကလည်း ထိုနည်းလည်းကောင်းပါပဲနော်။ဒီတော့ နောင်အနှစ် ၂၀ ကြာပြီးရင် မိမိ ရုပ်ရည်ဘယ်လိုဖြစ်လာမလဲ ဆိုတာ ဘယ်သူမှ မသိပါဘူး။ဒါပေမဲ့ အနီးစပ်ဆုံး ခန့်မှန်းပေးနေတဲ့ website တစ်ခုတော့ရှိပါတယ်။နောင်အနှစ် ၂၀ ကြာရင် ဖြစ်လာမဲ့ မိမိ ရုပ်ရည်လေးကို ရင်ခုန်စွာ ကြည့်ကြတာပေါ့..
ပထမဦးဆုံးလုပ်ပေးရမှာက
၁။ ယောက်ျားလေးလား မိန်းကလေးလား ရွေးပေးပါ။
၂။အနှစ် ၂၀ ကို ကြည့်မှာလား အနှစ်၃၀ ကိုကြည့်မှာလား ရွေးပေးပါ။
၃။မူးယစ်ဆေး သုံးသူလား မသုံးသူလား ရွေးပေးပါ။
ပြီးရင် အောက်နားမှာ upload your photo ဆိုတာရှိပါတယ် click ပြီး မိမိ ဓါတ်ပုံတစ်ပုံကို တင်ပေးလိုက်ပါ။ခဏကြာရင်တော့
နောင် အနှစ် ၂၀ ကြာပြီးရင်ဖြစ်လာမဲ့ မိမိ ဓါတ်ပုံလေးကိုတွေ့ရမှာပါ။
website က www.in20years.com ပါ။

“မြတ်ဗုဒ္ဓ ၏ထေရုပ္ပတ္တိအကျဉ်း”

ဖခမည်းတော်-သုဒ္ဓေါဒနမင်းကြီး မယ်တော်-မာယာဒေဝီ မိထွေးတော်- ဂေါတမီ ကြင်ယာတော်- ယသော်ဓရာဒေဝီ သားတော်- ရာဟုလာမင်းသား ညီတော်- အာနန္ဒာ ယောက်ဖတော်- ဒေဝဒတ် ယောက္ခမမင်း- သုဗ္ဗဗုဒ္ဓမင်း ငယ်အမည်- သိဒ္ဓတ္ထ မင်းသား ဖွားမြင်သည့်နေရာ- လုဗ္ဗနိဥယျာဉ် (နိပေါ) ဖွားမြင်သည့်နှစ်- မဟာသက္ကရာဇ်၆၈ကဆုန်လပြည့် သောကြာနေ့ အိမ်ထောင်ပြုစဉ်အသက်- ၁၆ နှစ် တောထွက်ချိန်- ၂၉ နှစ် တရားကျင့်သည့်နှစ်ပေါင်း- ၆ နှစ် (ဒုက္ကရစရိယာ) ဘုရားဖြစ်ချိန်သက်တော်- ၃၅နှစ် ဘွဲ့တော်- ဂေါတမ ပရိနိဗ္ဗာန်ပြုချိန်သက်တော်- ၈၀ နှစ် ပရိနိဗ္ဗာန်ပြုချိန်ဝါတော်- ၄၅ ၀ါ နေပြည်တော်- ကပိလ၀တ်ပြည် (သက္ကတတိုင်း) နန်းစံနှစ်- ၁၃ နှစ် နမိတ်ကြီး လေးပါး- သူအို၊ သူနာ၊ သူသေ၊ ရဟန်း ဗျာဒိတ်ခံယူသောဘ၀- သူမေဓါ ရသေ့ဘ၀ ဗျာဒိတ်ပေးသောနေ့- ကဆုန်လပြည့်နေ့ ဗျာဒိတ်ပေးသောဘုရား- ဒီပင်္ကရာ မြတ်စွာဘုရား ပါရမီဖြည့်ဘက်- သူမိတ္တာအမျိုးသမီး (ရသေ့မ) ပါရမီဖြည့်ကာလ- လေးင်္ချေနှင့် ကမ္ဘာတစ်သိန်း ပါရမီဖြည့်ခြင်း၏ရည်ရွယ်ချက်- သတ္တ၀ါများအကျိုးဆောင်ရွက်ရန် ဒုက္ကရစရိယာ ကျင့်သောနေရာ- ဥရုဝေဌတောအုပ် ဘုရားပွင့်ရန်သက်တမ်း- နှစ်(၁၀၀)တန်း တရားဦးဟောကြားခံရသည့်ပုဂ္ဂိုလ်များ- ပဉ္စ၀ဂ္ဂီငါးဦး တရားဦးဟောသည့်နေရာ- ဗာရာဏသီ(မိဂဒါဝုန်တောအုပ်) အဆုံးအမ သာသနာ- ပရိယတ္တိ၊ ပဋိပတ္တိ၊ ပဋိဝေဓ သာသနာ ကျင့်စဉ်သိက္ခာ – သီလ၊ သမာဓိ၊ ပညာ။ ချမှတ်သောလမ်းစဉ်- မဇ္ဈိမပဋိပဒါ သန္ဓေယူသောနေ့- ၆၇ ၀ါဆိုလပြည့် ကြာသပတေးနေ့ တော်ထွက်သောနေ့- ၉၇ ၀ါဆိုလပြည့် တနင်္လာနေ့ ဘုရားဖြစ်သောနေ့- ၁၀၃ ကဆုန်လပြည့် ဗုဒ္ဓဟူးနေ့ ဓမ္မစကြာတရားဦးဟောသောနေ့- ၁၀၃ ၀ါဆိုလပြည့် စနေနေ့ ပရိနိဗ္ဗာန် စံသောနေ့- ၁၄၈ ကဆုန်လပြည့် အင်္ဂါနေ့ တေဇောဓါတ်လောင်ကျွမ်းသောနေ့- ၁၄၈ ကဆုန်လဆုတ် ၁၂ တနင်္ဂနွေနေ့ သန္ဓေယူ၊ တောထွက်၊ ဟောမြွက်သံချို လ၀ါဆို ။ ။ ☺☺☺ဗုဒ္ဓကမ္ဘာ☺☺☺ဝက်ဆိုဒ်မှ ကူးယူဝေမျှပါသည်။

မိမိကွန်ပျူတာမှာ မမြင်ရတဲ့ folder လေးတခုလုပ်နည်း

မိမိရဲ့  ကွန်ပျုတာထဲ မှာ အရေးကြီး တဲ့ သူ များတွေမသိစေလို တဲ့ အကြောင်းအရာတွေရှိမှာပေါ့
အဲ့ ဒီလို ကိုယ့်ရဲ့ လျှို့ ဝှက် ထားချင်တဲ့ Fileတွေ၊Folder တွေ ကို ဘယ်သူ မှမတွေ့ ရအောင် ဘယ်လိုလုပ်မလဲ
ဆိုတော့
အရင်ဆုံး Desktop ပေါ် မှာ right click > new folder ဖန်းတီမယ်။
new folder ကို rename လုပ်ပြီး Alt+0160 တွဲ၍နှိပ်ပေးလိုက်ပါ။
folder မှာ နာမည်လေး ပျောက်သွားပါလိမ့်မယ်။
ဒီအဆင့်ထိပြီးရင် Folder Icon ကို ပြောင်းရန်Right click >properties>customize>change Icon> မှာ လွတ်နေတဲ့နေရာလေးမှာ(ကွက်လပ်လေး)
double click လုပ်ပေးလိုက်ပါ။ ပြီးရင် OK ကိုနှိပ်လိုက်ပါ။
ဒါဆို မိမိကွန်ပျူတာမှာ မမြင်ရတဲ့ folder လေးတခုရရှိသွားပြီးဖြစ်တယ်။
Related Posts Plugin for WordPress, Blogger...

Like ခြင်းဖြင့် အားပေးပါ :)

mumcradio