Showing posts with label Add-on. Show all posts
Showing posts with label Add-on. Show all posts

Sunday, 10 March 2013

ကြေငြာတွေကို ဖယ်ရှားပေးမဲ့ Add- on

ဒီနေ့ ကျနော့သူငယ်ချင်းတွေကို အရမ်းကို အသုံးဝင်တဲ့ Browser Add On လေးတစ်ခုနဲ့ မိတ်ဆက်ပေးပါရစေ......:)





 ကျနော်တို့ နေ့စဉ် အင်တာနက်ထဲမှာ စာတွေဖတ်ဖို့  Software တွေဒေါင်းယူဖို့ ရုပ်ရှင်တွေ ကြည့်ဖို့ တစ်ဆိုက်ဒ်ဝင် တစ်ဆိုက်ဒ်ထွက်နဲ့ လည်ပတ် လေ့လာ ရှာဖွေကြည့်ရှု့ကြတဲ့အခါ အင်တာနက်စာမျက် တစ်ခုဖွင့်လိုက်ရင် အပေါ်က ပုံလေးတွေထဲကလို ခုန်ပေါက်နေတဲ့ မျက်စိနောက်စရာ ကြော်ငြာ အမျိုးမျိုး တွေကို အားလုံးသတိထားမိကြမယ် ထင်ပါတယ်...စာလေး တစ်ကြောင်း နှစ်ကြောင်း ဖတ်ချင်လို့ ဝက်ဆိုက်ဒ် စာမျက်နှာလေး တစ်ခုဖွင့်လိုက်ပါတယ် လာပြန်ပြီေxာက် ကြော်ငြာ ....:)  တစ်ခုခုကို Download ဆွဲတော့မယ်ဆိုရင်လည်း Adf.ly ဆိုတဲ့ ဆိုက်ဒ် ကို ရောက်သွားရင် စာမျက်နှာ တစ်ခုလုံးမှာ မူးနောက်နေအောင် ကြော်ငြာလေးတွေ ခုန်ပေါက်နေကြပြန်ပါတယ်... ရုပ်ရှင်ကြည့်မလို့ YouTube ကိုသွားတော့လည်း ထို့အတူပါပဲ ...သူတို့လေးတွေကို သွားပြီး Click မိ ထိမိရင်လည်း သူတို့ရဲ့ ကြော်ငြာဆိုက်ဒ်ထဲကနေ တော်တော်နဲ့ ပြန်မလွှတ်တတ်ပါဘူး... Leave this page Yes (or) No ဘာညာဆိုပြီး Virus တွေရှိတဲ့နေရာကို အတင်းဆွဲခေါ်နေတတ်ပါတယ်....:(

အဲ့ဒီ မလိုအပ်တဲ့ ကြော်ငြာတွေကို ကိုယ်ဖွင့်နေတဲ့ အင်တာနက် စာမျက်နှာပေါ်မှာ မပေါ်စေချင်ဘူး ဆိုရင် ဒီအောက်မှာ တင်ထားပေးတဲ့ Link လေးတွေကနေ တစ်ဆင့် မိမိတို့ရဲ့ သက်ဆိုင်ရာ Browser တွေမှာ Add ပေးလိုက်ပါ...Setting လေးတွေကိုတော့ မိမိ ကြိုက်သလို ပြင်လိုက်ပေါ့ဗျာ ကျနော်ကတော့ ဘယ် Setting ကိုမှ ပြင်မပေးတော့ဘဲ ဒီအတိုင်းသုံးနေပါတယ်...။
အရမ်း အရမ်းကိုလဲ မျက်စိနောက် သက်သာ သွားစေပါတယ်...:)

ဘယ်သူ ကြိုက်ကြိုက် မကြိုက်ကြိုက် ကျနော်ကတော့ အမှန်အကန် ကြိုက်သွားပြီဗျာ.....ဟီးးးး Add on ကိုပြောတာပါ....:D

 Chorme Browser အတွက်  ဒီနေရာ ကိုသွားပြီး ADD TO CHORME ကိုနှိပ်ပြီး Add ပေးလိုက်ပါ..။

Firefox Browser အတွက်ကိုတော့ ဒီနေရာကို သွားပြီး Add To Firefox ကို နှိပ်ပေးလိုက်ပါ.. ပြီးရင် Firefox Browser ကို Restart လုပ်ပေးလိုက်ပါ..။

IE Browser အတွက်ကို ဒီနေရာက နေ Download Install လုပ်ပါ..။

Safiri Browser အတွက်ကိုတော့  ဒီနေရာကနေတစ်ဆင့် Add ပေးနိုင်ပါတယ်...။

Opera Browser အတွက်ကတော့ ဒီနေရာ လေးကို သွားလိုက်ပါ...။

ကျနော့လို မသိသေးတဲ့ သူငယ်ချင်းများအတွက်ရည်ရွယ်ပါတယ်နော်.....:)

အားလုံးပျော်ရွှင်ခြင်းများဖြင့် ပြည်စုံကြပါစေ......


source-ဝင်းကမ္ဘာကျော် (Software နှင့် နည်းပညာ)

Sunday, 24 February 2013

IE,Chrome နှင့် Mozilla ဘရိုဇာ မှာ (ဖေ့ဘွတ်၊ဂျီမေးလ်...) အကောက်တွေ ကြိုက်သလောက် ဖွင့်ချင်ရင်

၁ ခါ ၁ လေ အကောင့် ၂ ခု .. ဒါမှ မဟုတ် ၂ ခုထက်ပိုရှိနေတတ်တဲ့ Accounts တွေ ရှိနေတတ်တယ် .. အဲ့လိုမျိုးဆို Gmail ဆိုရင်တော့ Add Account လိုမျိုး သူ့မှာ ပါလာတဲ့ Function သုံး ဖြေရှင်းလိုက်လို့ရပါတယ် ။ တခြား Service တွေ မှာ အဲ့လို Function တွေ မပါခဲ့ဘူးဆို Browser ၂ ခု ၃ ခု ဖွင့်ပီး သုံးရမလိုဖြစ်နေတတ်ပါတယ် .. အဆင်မပြေဘူးပေါ့ဗျာ .. အဲ့တော့ Browser ၁ ခု ထဲမှာ အကောင့် တွေ ခွဲတွေ သုံးလို့ရအောင်လုပ်တဲ့ နည်းလေးတွေ ရှိပါတယ် ။ အများဆုံး သုံးဖြစ်တဲ့ Browser ၃ ခု ဖြစ်တဲ့ ကျွန်တော်လည် သုံးနေကျ  (1) Chrome  (2) Mozilla Firefox  (3) Internet Explorer (IE) တို့ မှာ ဘယ်လိုသုံးလို့ရလည်း ဆိုတာပါ ။
Chrome  
Chrome က အလွယ်ဆုံးပါပဲ .. သူက အကောင့် ၂ ခုလောက် သုံးဖို့ အဆင်ပြေဆုံးပါ .. ဘာလို့လဲ ဆိုတော့ ဘာမှလည်း ပြင်စရာမလို ဘာမှလည်း လုပ်စရာမလိုပါဘူး .. Key လေး နှိပ်လိုက်ရင်ပဲ အဆင်ပြေပါပီ 
Crl+Shift+N
ဖွင့်ပီး သုံးနေချိန်မှာ Crl+Shift+N နှိပ်လိုက်တာနဲ့ နောက်ထပ် အကောင့် ၁ ခု ထပ်သုံးဖို့ နောက်ထပ် new window နဲ့ ပေါ်လာပါလိမ့်မယ် 
ဒါဆို အကောင့် ၂ ခုလောက်ကို ဘာမှ လုပ်စရာမလိုပဲ Chrome မှာ အမြန်သုံးလို့ ရပါပီ။
Mozilla Firefox
Firefox ကတော့ နည်းနည်း လုပ်စရာလေး ရှိပါတယ် ။ ဘာလုပ်ရမှာလဲ ဆိုတော့ Add-ons လေး ၁ ခု ထည့်ပေးရတာပါ ။ နာမည်လေးက Multifox ဆိုတဲ့ Add on လေးပါ ။ ကိုယ့် Firefox လေးမှာ Install လုပ်ရပါမယ် ။ Install လုပ်မယ်ဆို အောက်က Multifox ဆိုတဲ့ Icon လေး နှိပ်ပီး Install အရင်လုပ်ရပါမယ် ။
Add-on လေးကို Install လုပ်ပီးရင်တော့ Browser ကို Restart ချခိုင်းပါလိမ့်မယ် .. Restart ချပီး ပြန်တတ်လာပီ ဆိုရင်တော့ စတင်ပီးသုံးလို့ရပါပီဗျာ။ သုံးရမယ့် နည်းလေးကတော့ New Identity Profile ဆိုတာလေးကနေ သွားဖို့ပါပဲ ။

သုံးနေပီဆို အောက်က ပုံလေးလို ပေါ်လာပါလိမ့်မယ် .. ၂ ခု သုံးနေတယ်ပေါ့

ကိုယ်က အရင် ၁ ခုထဲ ဖွင့်နေတယ် .. ကိုယ်ထပ်ဖွင့်ချင်တာလေးရှိရင် ဖွင့်ချင်တာလေးကို (Eg- www.facebook.com) Bookmark ထဲမှာ ထည့်ထားလိုက်ပါ။ ပီးရင် မှတ်ထားတာလေးကို Right Click > Open in a New Identity Profile ကိုရွေးလိုက်ရင် နောက်ထပ် New Window လေး ပေါ်လာပီး စတင်ပီး သုံးလို့ရပါပီ။



Internet Explorer (IE)

IE မှာတော့ Chrome လောက် Shortcut နဲ့ အဆင်မပြေသလို  ... Firefox လို Add-on ထည့်လောက်အောင်လည်း အချိန်ပေးစရာ မလိုပါဘူး ။ သူကတော့ G-talk ကို အများ ကြီး ဖွင့်ရင်လုပ်ရသလိုပဲ Properties > target မှာ ဝင်ချိန်းလိုက်ရင်ရပါတယ် ။ ချိန်းရမှာက Target မှာရေးထား တဲ့နောက်မှာ -nomrege ဆိုတာလေး ထည့်ပေးလိုက်ရင်ရပါတယ် .. 
ဘယ်လိုလုပ်ရမလဲဆို .. ပထမဆုံး IE ကို Desktop ပေါ် Shortcut ကို တင်ပေးလိုက်ပါ .. ပီးရင် Right Click > Target မှာ -nomrege ထပ်ထည့်ပေးလိုက်ပါ (Example -“C:\Program Files\Internet Explorer\iexplore.exe" to “C:\Program Files\Internet Explorer\iexplore.exe” -nomerge) အဲ့ဒါဆိုရင် နောက် ထပ်ထွက်လာတဲ့ new window တွေ မှာ နောက်ထပ်အကောင့်တွေ ဖွင့်လို့ရသွားပီ။


သိပီးထားတဲ့ သူတွေလည်းရှိမှာပါ .. မှတ်တမ်းမှတ်ရာလေးကျန်မယ် .. မသိတဲ့ သူတွေ သိသွားမယ်ဆိုရင်ပဲ ကျေနပ်မိမှာပါ .. အားလုံးကို ကျေးဇူးတင်ပါတယ်။

မှတ်ချက်။  ။ ကျွန်တော် Mozilla အတွက်တော့ Multifox add on လေးအသုံးပြုနည်းကို ဘလော့ပို့ စ်အဖြစ် တင်ခဲ့ဖူးပါတယ်။ ကျွန်တော့်ရဲ့ ဘလော့ဂါ ညီအစ်ကို ဖြစ်တဲ့ ကိုလုလင် ရှင်းပြထားတာလေးက ပိုပြီး ပြည့်စုံပြီး ခရိုမီ၊အိုင်အီး အတွက်ပါပါတဲ့ အတွက် ဘလော့ပို့ စ် အဖြစ် ထပ်တင်လိုက်တာပါ။

အဆင်ပြေကြပါစေ။

You Tube နှင့် တခြားဆိုဒ်တွေက ဗွီဒီယို တွေ ကို ဒေါင်းယူနိုင်တဲ့ အပြင် Social ဆိုဒ်တွေ ကိုပါ Share နိုင်တဲ့ Mozilla Firefox အတွက် Add on လေး

နောက်ထပ် add on လေးတစ်ခု နဲ့  မိတ်ဆက်ပေးပါ့မယ်။ You Tube နှင့် တခြားဆိုဒ်တွေက ဗွီဒီယို တွေ ကို  ဒေါင်းယူနိုင်တဲ့ အပြင် Social ဆိုဒ်တွေ ကိုပါ Share နိုင်တဲ့ Mozilla Firefox အတွက် Add on လေးပါ။ Add on လေးရဲ့ နာမည်က Video Download Helper ပါ။

ပထမဦးဆုံး ဒီလင့်  ကသွားပြီး Add on လေးကို Install လုပ်လိုက်ပါ။ Install လုပ်ပြီးလျှင် မော်ဇီလာ ကို Restart ချလိုက်ပါ။ မော်ဇီလာပြန်ပွင့်လာတာနဲ့  add on လေးကို အသုံးပြုနိုင်ပါပြီ။

Add on လေးကို Install လုပ်တာကတော့ သူငယ်ချင်းတွေ လုပ်တတ်မယ် ထင်သောကြောင့် ပုံနှင့်မပြတော့ပါဖူး။

ဗွီဒီယိုတွေကို ဒေါင်းယူဖို့  အတွက် Youtube ကို ဖွင့်လိုက်ပါ။ မိမိဒေါင်းလိုသည့် သီချင်းကို ရှာပါ။ ပြီးရင် အောက်ကပုံမှာ ဝိုင်းပြထားတဲ့ လည်နေတဲ့ ဝါ၊နီ၊ပြာ အလုံးလေးပေါ်မှာ Right Click ထောက် ပေါ်လာတဲ့ အထဲက Media ကို ဆက်ကလစ် ပြီးရင် ပေါ်လာသည့် အထဲမှ mp4,flv(360,240),3gp,flv အစရှိသည့် ဒေါင်းယူနိုင်သည့် ဖောမတ်တွေကို တွေ့ ရပါလိမ့်မည်။ မိမိနှစ်သက်ရာ ဖောမတ်ကို ကလစ်ပြီး ဒေါင်းယူနိုင်ပါတယ်။

နောက်တစ်နည်းကတော့ လည်နေတဲ့ ဝါ၊နီ၊ပြာ အလုံးလေးဘေးရှိ အောက်စိုက်နေတဲ့ မြားခေါင်းလေးကို ကလစ်ပြီး ပေါ်လာသည့်အထဲမှ မိမိနှစ်သက်ရာ ဗွီဒီယို ဖောမတ်ပေါ် မောက်စ် နှင့် ထောက် Download ကို နှိပ်ပြီး ဒေါင်းယူနိုင်ပါတယ်။
အောက်ကပုံကတော့ ကျွန်တော် mp4 ဖောမတ် အဖြစ် Download ကို ကလစ်ပြီး ဒေါင်းယူနေတဲ့ ပုံပါ။

အောက်ကပုံကတော့ Download ယူပြီးတဲ့ ပုံပါ။
Download ယူပြီးတဲ့ ဗွီဒီယို ကို ဖွင့်ကြည့်နေတဲ့ပုံပါ။


Social ဆိုဒ်တွေကို Share မယ်ဆိုလျှင် လည်နေတဲ့ ဝါ၊နီ၊ပြာ အလုံးလေးဘေးရှိ အောက်စိုက်နေတဲ့ မြားခေါင်းလေးကို ကလစ်ပြီး ပေါ်လာသည့်အထဲမှ မိမိနှစ်သက်ရာ ဗွီဒီယို ဖောမတ်ပေါ် မောက်စ် နှင့် ထောက် ပေါ်လာသည့်အထဲမှ Social Share ကို ဆက်ကလစ်ပါ။
Social Share ကို ဆက်ကလစ်လိုက်ရင် အောက်ကလို Box ပေါ်လာပါလိမ့်မည်။ မိမိ Share လိုသည့် Social ဆိုဒ်တစ်ခုခုကို ရွေးပါ။ ကျွန်တော်ကတော့ Facebook ကို ပဲ ရွေးလိုက်ပါတယ်။ပြီးရင် အောက်ခြေမှာ ရှိတဲ့ OK ကို နှိပ်လိုက်ပါ။
OK ကို နှိပ်လိုက်ရင် နောက်ထပ် Tab တစ်ခုမှာ Facebook ပွင့်လာပါလိမ့်မည်။ Login မဝင်ရသေးလျှင် Login ဝင်လိုက်ပါ။ ကျွန်တော်ကတော့ Login ဝင်ထားတော့ တိုက်ရိုက် ပေါ်ပါတယ်။ Share Link ကို နှိပ်ပြီး မိမိဖေ့ဘွတ်စာမျက်နှာမှာ Share နိုင်ပါတယ်။

 အောက်ကပုံကတော့ http://music.all-channel.com က ဗွီဒီယိုကို Download ယူပြထားတာပါ။ တစ်ခြားဆိုဒ်တွေမှာလည်းရမှာပါ ကိုယ်တိုင်ပဲ စမ်းသပ်ကလိကြပါနော်။

အဆင်ပြေကြပါစေ။





ဖေ့ဘွတ်က ဓါတ်ပုံ တွေကို Album အလိုက် ဒေါင်းယူနိုင်တဲ့ Mozilla Firefox အတွက် Add on လေး

ဒီနေ့  မွှေရင်းနဲ့  Mozilla Firefox အတွက် Add On လေးတစ်ခုတွေ့ ပါတယ်။ ဖေ့ဘွတ်က ဓါတ်ပုံ တွေကို ဒေါင်းယူနိုင်တဲ့ Add on လေးပါ။ ဒီ Add on လေးက Wall ပေါ်က ဓါတ်ပုံတွေကို တော့ တစ်ပုံချင်း ဒေါင်းမယူနိုင်ပါဖူး။ မိမိဒေါင်းချင်တဲ့ သူရဲ့ ဓါတ်ပုံ Album ထဲကိုဝင်ပြီး ဒေါင်းမှ ရပါတယ်။
ပထမဦးဆုံး ဒီလင့်လေးကိုသွားလိုက်ပါ။

ပြီးရင်  ပေါ်လာသည့် စာမျက်နှာထဲမှ +Add to Firefox ကိုကလစ်ပါ။
အောက်ကပုံက Add on လေးကို အင်စတော လုပ်နေသည့်ပုံပါ။



 Software Installation ဟူသော Box ထဲမှ Install ကိုကလစ်ပါ။
Inatall ကို နှိပ်ပြီးရင် Reatart Now ကို ဆက်ကလစ်ပေးပါ  ။ မော်ဇီလာ ခဏပိတ်ပြီးပြန်ပွင့်လာပါလိမ့်မည်။

ဒါဆိုရင် တော့ add on လေးကို အင်စတော လုပ်ပြီးပါပြီ ။
ဖေ့ဘွတ်က ဓါတ်ပုံတွေကို ဒေါင်းဖို့ အတွက် မိမိဖေ့ဘွတ်ကို ဖွင့်လိုက်ပါ။
ပြီးရင် မိမိအိမ်ကို ဝင် Photo ကို ကလစ် Album ကို သွားပါ။
သူငယ်ချင်း အကောက်က ပုံကို ဒေါင်းယူချင်ရင်လည်း အတူတူပါပဲ ။သူငယ်ချင်းရဲ့ Timeline ကိုသွားပါ။ Photo ကို ကလစ်ပါ။ ပြီးရင် Album ကို ဆက်ကလစ်ပါ။
ကျွန်တော် နမူနာ ပြပေးပါ့မယ်။
ပထမဦးဆုံး ကျွန်တော့် ကိုယ်ပိုင် ဖေ့ဘွတ်စာမျက်နှာက ပုံကို ဒေါင်းယူပြပါ့မယ်။
 ကျွန်တော့်ရဲ့ ဖေ့ဘွတ်စာမျက်နှာကိုသွားပါတယ်။ ပြီးရင် Photo ဆိုတာကို ကလစ်လိုက်ပါတယ်။

မိမိတင်ထားတဲ့ ဓါတ်ပုံတွေကို တွေ့ ရပါလိမ့်မယ်။ မိမိကို Tag လုပ်ထားတဲ့ ပုံတွေကို ဒေါင်းချင်လား။မိမိ wall ပေါ်မှာ တင်ထားတဲ့ ပုံတွေကို ဒေါင်းချင်တာလား ။ Album လိုက် ဒေါင်းချင်တာလား ။ ရွေးပါ။ ပြီးရင် ထို အပေါ်မှာ Right Click ထောက်ပါ။

Right Click ထောက် ပေါ်လာသည့် အထဲမှ Download Facebook album(s) ကိုကလစ်လိုက်ပါ။အောက်မှာပုံနှင့်လည်းပြထားပါတယ်။

Download Facebook album(s)ကို နှိပ်လိုက်ရင် Download Facebook albums with facepaste ဟူသော Box တစ်ခုကျလာပါလိမ့်မည်။ ကျလာတဲ့ Box အထဲမှ ? ကိုကလစ်ပေးပါ။

? ပုံလေးကို ကလစ်လိုက်ရင် မိမိ ဖေ့ဘွတ်ကနေ ဒေါင်းလော့ယူမဲ့ ဓါတ်ပုံတွေကို Save ဖို့ နေရာကို ရွေးခိုင်းပါလိမ့်မယ်။ မိမိကွန်ပျူတာထဲရှိ မိမိနှစ်သက်ရာ နေရာမှာ ရွေးပေးပြီး Select Folder ကို ရွေးပေးလိုက်ပါ။

ရွေးပေးပြီးသွားရင် မိမိ ဖေ့ဘွတ် အကောက်ထဲရှိ မိမိတင်ထားသည့် ဓါတ်ပုံများထဲမှ မိမိဒေါင်းချင်သည့် ဓါတ်ပုံ Album ကို ရွေးပေးပြီး အောက်ခြေရှိ Start ကို နှိပ်ပေးလိုက်ပါ။

အောက်ကပုံကတော့ Start ကို နှိပ်ပြီး ဆက်သွားလိုက်ရင် မိမိ ဒေါင်းယူလိုက်သည့် ဓါတ်ပုံ Album ကို ဒေါင်းလော့ယူနေသည့်ပုံပါ။
အောက်ကပုံကတော့ မိမိ ဒေါင်းယူထားတဲ့ ဓါတ်ပုံ Album ကို ဒေါင်းလော့ယူပြီးတဲ့ပုံပါ။
ထိုအခါ စောနက မိမိဒေါင်းယူမည့် ဓါတ်ပုံတွေကို Save ခိုင်းထားသည့် နေရာကို သွားပြီး ဒေါင်းထားတဲ့ ဓါတ်ပုံတွေကို ဒေါင်းပြီးပြီလား မပြီးသေးဖူးလားဆိုတာ စစ်ဆေးကြည့်ပါ။အောက်ကပုံကတော့ ကျွန်တော် ဒေါင်းထားသည့် Album ကို Save ခိုင်းထားသည့်နေရာမှာ ဒေါင်းပြီးပြီလား ဆိုတာ ဖွင့်ကြည့်ထားတဲ့ပုံပါ။ဒေါင်းပြီးကြောင်း တွေ့ ရပါတယ်။ 
ကျွန်တော် မိမိစာမျက်နှာက ပုံကို ဒေါင်းယူပြပြီးတော့ သူငယ်ချင်းအိမ်က ဓါတ်ပုံကို ဒေါင်းယူတာ ထပ်ပြပေးပါ့မယ်။
မိမိဓါတ်ပုံဒေါင်းယူချင်သည့် သူငယ်ချင်း စာမျက်နှာကို သွားပါ။ ကျွန်တော်ကတော့ ကျွန်တော့်ရဲ့ အချစ်ဆုံး အစ်မ ဖြစ်တဲ့ မခိုင်လေးရဲ့ Timeline ကို သွားပြီး ဓါတ်ပုံတွေကို ဒေါင်းယူပါ့မယ်။
မိမိသူငယ်ချင်းရဲ့ စာမျက်နှာရောက်ရင် Photo ကိုကလစ်ပါ။
Photo ကို ကလစ်ပြီး ဓါတ်ပုံတွေထားတဲ့ နေရာကို ရောက်ရင် Right Click ထောက် ပေါ်လာသည့် အထဲမှ Download Facebook album(s) ကိုကလစ်လိုက်ပါ



? ပုံလေးကို ကလစ် Save မည့်နေရာရွေးပါ။ ပြီးရင် Start ကို နှိပ်ပါ။
အောက်ကပုံက ဒေါင်းလော့ယူနေသည့်ပုံပါ။ ဒေါင်းပြီးသွားရင် မိမိ Save ခိုင်းထားသည့်နေရာကို သွားပြီး ဒေါင်းပြီးလား မဒေါင်းရသေးဖူးလားဆိုတာ ကို ဖွင့်ပြီး စစ်ဆေးကြည့်ပါ။
အောက်ကပုံကတော့ ဒေါင်းလော့ယူပြီးပုံပါ။
အောက်ကပုံကတော့ ဒေါင်းယူထားတဲ့ ပုံတွေကို Save ခိုင်းထားတဲ့ နေရာမှာ ဒေါင်းပြီးပြီလား မဒေါင်းရသေးဖူးလားဆိုတာ ဖွင့်ကြည့်တာပါ။ ဒေါင်းပြီးသွားပြီဆိုတော့ အဆင်ပြေသွားပါပြီ။

အဆင်ပြေကြပါစေ။

Monday, 28 January 2013

Firefox နှင့် Google Chrome သုံးသူများအတွက် မြန်မာစာအဆင်ပြေစွာ ဖတ်ရှုနိုင်သည့် Tagu တန်ခူး Addon



                           ကွန်ပျူတာ စနစ်တစ်ခုလုံးအတွက် မြန်မာ ဇော်ဂျီ font နှင့် အခြား ယူနီကုဒ် တစ်မျိုးမျိုး ထည့်သွင်းထားသော်လည်း Browser များ၏ ရံဖန်ရံခါ update ပြုလုပ်မှုများကြောင့်နှင့် အသုံးပြုသူများ၏ မှားယွင်းမှုများကြောင့် မြန်မာစာ အသုံးပြုထားသော webpage များကို ဖတ်ရှုရာမှာ လေးထောင့်တုံးများ ပေါ်နေတတ်ပြီး၊ အဆင်မပြေမှုများ ကြုံတွေ့ကြရပါတယ်။ Firefox နှင့် Google Chrome အသုံးပြုသူများအတွက်တော့ မြန်မာ developer တစ်ယောက်ဖန်တီးထားသော Tagu တန်ခူးဟုခေါ်သည့် Browser Addon တစ်ခုကို ထည့်သွင်းအသုံးပြုခြင်းဖြင့် အထက်ပါ Browser များမှာ Facebook အပါအဝင်၊ မြန်မာစာပါဝင်သော Webpage များမှာ အဆင်ပြေစွာ ဖတ်ရှုနိုင်မှာဖြစ်ပါတယ်။ ၄င်း Tagu Addon ကိုထည့်သွင်းထားခြင်းဖြင့် မိမိ၏ကွန်ပျူတာတွင် အခြားမည်သည့် မြန်မာစာစနစ်များကိုမှ ထည့်သွင်းထားစရာမလိုပဲ ဇော်ဂျီစနစ်ရော အခြား ယူနီကုဒ်စနစ်များကိုပါ အလိုအလျှောက် ခွဲခြားပြီး၊ ဖတ်ရှုနိုင်မှာ ဖြစ်ပါတယ်။



Firefox Browser တွင် Tagu Addon ထည့်သွင်းပုံ


၁။ Firefox browser ကို ဖွင့်ပါ။
၂။ Firefox Browser ၏ Address Bar တွင် အောက်တွင်ပေးထားသော URL လိပ်စာကို Copy ကူးပြီးလျှင် Paste လုပ်ခါ Enter ကိုနှိပ်ပါ။

https://addons.mozilla.org/en-US/firefox/addon/tagu/ 

၃။ အထက်ပါပုံတွင်ပြထားသည့်အတိုင်း "Add to Firefox" ကိုနှိပ်လိုက်လျှင် Update ပြုလုပ်ထားသည့် အချိန်မကြာသေးသည့်အတွက် Tagu Addon ကို Firefox မှ စမ်းသပ်မှုမပြုလုပ်ရသေးသောကြောင့် သတိနှင့် အသုံးပြုရန် Caution box ကျလာပါမယ်။ အောက်ပါ ပုံအတိုင်း "Add to Firefox" ကိုထပ်နှိပ်ပါ။
မှတ်ချက်- Tagu Addon ကို Firefox မှ စမ်းသပ်မှုပြုလုပ်ပြီးသွားပါက Caution box ထပ်မံကျလာတော့မည့်မဟုတ်ပဲ တိုက်ရိုက် install ပြုလုပ်သွားမှာပါ။


Google Chrome တွင် Tagu Addon ထည့်သွင်းပုံ


၁။ Google Chrome ကိုဖွင့်ပါ။
၂။ Google Chrome browser ၏ Address bar တွင် အောက်တွင်ပေးထားသော URL လိပ်စာကို Copy ကူးပြီး Paste လုပ်ခါ Enter ကိုနှိပ်ပါ။

https://chrome.google.com/webstore/detail/ddjpcdpfemhkibhpmgcdbfajdhgpegdk

၃။ အထက်ပါပုံတွင်ပြထားသည့်အတိုင်း "ADD TO CHROME" ကိုနှိပ်ပြီးလျှင် "Confirm New Extension" ဝင်းဒိုးကျလာပြီးလျှင် အောက်ပါပုံအတိုင်း "Add" ကိုထပ်နှိပ်ပါ။

                       အထက်ပါအဆင့်များပြီးဆုံးပါက လက်ရှိအသုံးပြုနေသော Browser များတွင် မြန်မာစာ အဆင်ပြေစွာ ကြည့်ရှုနိုင်ရန် အဆင်သင့်ဖြစ်ပါပြီ။ ယခု Addon ကို Mobile ဖုန်း Browser များတွင်ပါ အသုံးပြုနိုင်ပြီး၊ Firefox for Android 11 နှင့် အထက်မှာ အသုံးပြုနိုင်မှာ ဖြစ်တယ်လို့ Tagu Addon ရဲ့ Firefox စာမျက်နှာ မှာ ဖေါ်ပြထားပါတယ်။ 
source-stamedia.blogspot.com

Thursday, 6 September 2012

IP ပြောင်းနိုင်တဲ့ Add-on လေး (for mozilla firefox)


ကျွန်တော် ဒီနေ့ရေးပေးမယ့် အကြောင်းအရာလေးကတော့ Ip change တာလေးပါပဲ့။တကယ်တော့ ဒီအကြောင်းအရာ လေးက Proxy ကျော်တာနဲ့ သိပ်တော့ မကွာခြားလှပါဘူး။


Firefox နဲ့ Ip change တာလေး ဒါမှမဟုတ် Proxy ကျော်တာပါ။

လုပ်ရမဲ့ အဆင့်လေးတွေကလည်း အဲ့လောက်မများပါဘူး။

 ကဲ ကျွန်တော်တို့ စမ်းကြည့်ကြရအောင် ....:)

အဆင့် ၁.. ကျွန်တော်တို့ ဒီလင့်က https://addons.mozilla.org/firefox/addon/2464 Add on လေးကို သွားပြီးတော့ Add to firefox ကို နိုပ်လိုက်ပါ.


အဆင့် ၂.. Add to Firefox ကို နိုပ်ပြီး ခဏစောင့်တာနဲ့ အောက် ဘောက်လေးလိုပေါ်လာပြီး install လုပ်မလားမေးပါလိမ့်မယ်။

ဒါဆို Install လုပ်လိုက်ပါ...။


အဆင့် ၃.. Install လုပ်ပြီးပြီဆိုရင် Firefox ကို Restart တောင်းပါလိမ့်မယ်။

Restart ပြန်တက်လာရင် Firefox အောက်ဆုံးထောင့်လေးနားမှာ အောက်ကပုံလေးလိုတွေ့ပါလိမ့်မယ်။

ဒါဆိုရင် ကျွန်တော်တို့ install လုပ်ပြီးတဲ့ အဆင့်ကိုရောက်ပါပြီ။


အဆင့် ၄..  ကျွန်တော်တို့ ကြည့်လို့ မရတဲ့ဆိုဒ်တွေကို ကျော်ကြည့်မှာဖြစ်တဲ့ အတွက် ကျွန်တော်တို့ ကျော်နိုင်တဲ့ Proxy ကို သွားယူရပါမယ်။

ဒီတော့ ဒီလင့်ကို http://www.ip-adress.com/proxy_list/?k=type သွားပါ။

ဒီလင့်ကိုရောက်ရင် နိုင်ငံအများကြီးနဲ့ တွေ့နေပါလိမ့်မယ် Check it ဆိုတာလေးကိုနိုပ်ပြီး စစ်ကြည့်လိုက်ရင် ဒီ IP အလုပ်လုပ်လားမလုပ်လားဆိုတာကို ပြပါတယ်။



အဆင့်် ၅... ဒီအဆင့်ရောက်ပြီဆိုရင် အလုပ်လုပ်တယ်လို့ (Working ) ဆိုတဲ့ Proxy သို့မဟုတ် IP ကိုယူလာပြီး ကျွန်တော်တို့ Foxyproxy ပုံလေးကို နိုပ်လိုက်ပါ.

ဒီကနေမှ Add New Proxy ကိုရွေးပါ.။ အောက်ကပုံလေးကိုကြည့်ပါ။.


အဆင့် ၆.. ဒီအဆင့်လေးကို ရောက်ရင် အပေါ်မှာ ယူလာခဲ့တဲ့ IP ကို Host or IP Address ဆိုတဲ့နေရာကွက်လေးမှာထည့်ပေးလိုက်ယုံပါပဲ့ .

နောက်က Port ကတော့ ဘာမှ မထည့်ပဲ့ Tab ကို နိုပ်လိုက်ရင် အလိုအလျှောက်ပေါ်လာပါလိမ့်မယ်။


အဆင့် ၇.. ဒီအဆင့်ရောက်ပြီဆိုရင်တော့ Ip လည်း ဖြည့်ပြီးပြီင်္းဆို၇င် ကျွန်တော်တို့ ပြီးပါပြီ။

ဒါဆိုရင် Firefox ကနေ ထည့်ထားတဲ့ Proxy ကျော်တော့မယ်ဆိုရင် ကျော်လို့ ရပါပြီ ။

အဲ့တော့ Firefox အောက်ထောင်က foxy ပုံလေးကို ညာကလစ်နိုပ်ပြီး Use Proxy …................(....= IP) for all URL ကို ရွေးပေးလိုက်ရင် ရပါပြီ။

ဒါဆို ကြည့်ချင်တဲ့ဆိုဒ်ကိုကြည့်လို့ရပါပြီ ကျော်ကြည့်နေရတဲ့ မြန်မာက အကိုအစ်မတွေတွက်ပါ အဆင်ပြေမယ်လို့ ထင်ပါတယ်။


ဒါဆို ကျွန်တော်တို့ IP တကယ်ချိန်းသွားပြီလားဆိုတာကို ဒီလင့်မှာ http://www.whatismyip.com/ သွားစစ်ကြည့်လိုက်ပါ IP ပါ ချိန်းနေသလို နိုင်ငံတွေပါပြောင်းထားတဲ့အတိုင်းချိန်းနေတာကိုတွေ့ပါလိမ့်မယ်။


ဒီလိုဆို သုံးလို့ ရပါပြီ နောက်ပိုင်းမှာ ကျွန်တော် Proxy Software ကောင်းလေးတွေကို တင်ပြပေးပါဦးမယ်။

အားလုံးကို ကျေးဇူးတင်ပါတယ်။ အဆင်ပြေပါစေ...။



နေမင်းမောင်(နည်းပညာ)မှကူးယူဖေါ်ပြသည်။
Related Posts Plugin for WordPress, Blogger...

Like ခြင်းဖြင့် အားပေးပါ :)

mumcradio