Thursday 30 August 2012

Mayan Maze - Free Full Version Game


zuma လိုပါပဲ အရောင်တူအလုံးလေးတွေ ပစ်ပြီး ဆော့ရတဲ့ ဂိမ်းပါ။ ဂိမ်းကစားချင်လို့  အွန်လိုင်းမှာမွှေရင်း တွေ့ လို့ ပြန်ရှယ်လိုက်တာပါ။ကိုယ်တိုင်တော့ မတင်နိုင်သေးလို့  မူရင်းဆိုဒ်(ကျွန်တော်တွေ့ တဲ့ဆိုဒ်) ကပဲ သွားပြီးဒေါင်းလိုက်ကြပါ။စိတ်ဝင်စားရင်ပေါ့နော်...:)

Download Mayan Maze - Free Full Version Game

မူရင်းဆိုဒ်-http://www.freegamepick.com

Wednesday 29 August 2012

USB Stick ကို အလွယ်တကူ ပြန်ဖြုတ်နိုင်တဲ့ Software



 Install လုပ်စရာလည်းမလို နှစ်ချက်ကလစ်လိုက်ရုံနဲ့ တပ်ဆင်ထားတဲ့ USB Stick ကို အပြစ်ကင်းစင်စွာ အလွယ်တကူ ပြန်ဖြုတ်နိုင်ပါလိမ့်မယ်။
Zip File ဖြစ်ပြီး 924KB သာ ရှိပါတယ်။



ရွှေမြန်မာဥယျာဉ်မှ

Mozilla Firefox 15.0

Mozilla Firefox 15.0 ပါ။နောက်ဆုံးထွက် Version လေးပါ။ အောက်ကလင့်လေးကသွားရင် အပေါ်ကပုံလိုမျိုးလေးတွေ့ ပါလိမ့်မည်။ထိုပုံကို ကလစ်ပြီး ဒေါင်းလိုက်ပါ။

လိုချင်တယ်ဆိုရင်တော့ ဒီလင့်လေးကိုသွားပြီးဒေါင်းလိုက်ပါ။ 


အဆင်ပြေကြပါစေ....

USB Stick မှာဖြစ်တတ်တဲ့ ပြဿနာများ ဖြေရှင်းနည်း အချို့ 



စက်မှာ USB PORT ကို အသုံးပြုလို့ မရရင် start >Run >devmgmt.msc >device manager ကိုရောက်ခဲ့လျှင်
တော့ Universal serial bus controller ဆိုတာလေးကိုရှာလိုက်ပါ တွေ ပြီလား တွေ့ ပြီဆိုရင် Universal serial
bus controller ဆိုတာကို Right Clickလုပ်ပြီးတော့ enable လုပ်လိုက်ပါ….


USB PORT ကို သုံးလို့ မရတာ BIOS ထဲက usb controller ကို disable ပေးထားတာလည်း ဖြစ်နိုင်ပါတယ်….
ဒါဆိုရင်တော့ BIOS ထဲက usb controller ကို enable ပေးလိုက်ရင် အဆင်ပြေပါတယ်…

USB ရှေ့ပေါက် motherboard ပေါ်က ကြိုးကို ထိထိမိမိ သေချာတပ်ရဲ့လား/တခါတခါ ကြိုးလွတ်နေလိုdetected
မရတာဖြစ်နိုင်ပါတယ်..ဒါကြောင့် USB ကြိုးကိုသေချာစစ်ကြည့်လိုက်ပါ။

usb port ကို registry ကနေပိတ်ထားတာလဲဖြစ်နိုင်တယ်…

start>run>regedit>
HKEY_LOCAL_MACHINE /SYSTEM /CurrentControlSet /Services /UsbStor ကို
ရွေးပေးလိုက်ပါ။ ညာဘက်မှာ ပြထားတဲ့ start ကို Double click လုပ်ပြီး
ဖွင့်လိုက်ပါ။ Value Data dialog box ပေါ်လာပါလိမ့်မယ်။ Value တန်ဖိုးက
default ဆိုရင် (3) ပါ။ တန်ဖိုးကတစ်ခုခုဖြစ်နေတယ်ဆိုမူလတန်ဖိုး(3)ကို
ပြောင်းထားပေးလိုက်ပါ…

ကိုယ့်စက်မှာပဲဖြစ်ဖြစ် သူများစက်မှာပဲဖြစ်ဖြစ် usb အသုံးပြုတဲ့အခါတိုင်း virus စစ်ဖို့ လိုပါမယ် ..ဘာလို့လဲ ဆိုရင်အဲကနေပဲ အဝင်များ ဆုံးပါ။ ဒုတိယကကျွှန်တော်တို့ internet ကနေ software ဒေါင်းလိုက် တိုင်းမှာ vriusဆိုတာ ကဖိုင်လေးတွေနဲ့ကပ်ပါလာတက်ပါတယ်ဗျ။
stick ထဲမှာပြည့်နေရင်လည်းလက်မခံဘူး…မလိုအပ်တဲ့ ဖိုင်တွေကိုဖျက်ပြီးမှထည့်သင့်တယ်….Stick ကကောင်း ပါရက်နဲ့ usb port ကအလုပ်မလုပ်တာ usb port ကအလုပ်လုပ်ပါရက်နဲ့ stickကမကောင်း တာရင်တခြားသော ကွန်ပျူတာတွေမှစမ်းသပ်ကြည့်ပါ…
နောက်တစ်ခုက reinstall ဖြစ်နေတာပါ။အဲလိုဖြစ်ရင် install ပြန်လုပ်ပေးပါ။

တခါတခါဝင်းဒိုး driver တွေကြောင့်အလုပ်မလုပ်တာဖြစ်နိုင်ပါတယ်.. device manager ထဲက usbdriver detail
ကနေ ခေါ်ကြည့်ရင်သိပါတယ်…driver မတင်ရသေးရင် driver warning တောင်းပါတယ်..motherboard driver
ပြန် run ပေးလိုက်ပါ…(သို့ )usb driver ရှိရင် usb driver ပြန် run ပေးလိုက်ပါ…..

USB stick ကိုထိုးလို့ဘာမှကိုမပေါ်ဘူးဆိုရင်တော့ သူ့ ကို virus အရင်စစ်ကြည့်ရမယ်…virus အရင်ရှင်းထုတ်ပြီး
မှ ကိုယ်လိုချင်တဲ့ဒေတာ တွေကို fomat ချရမယ်…တခါတခါကျတော့ fomat ချတာ NTFS file နဲ့ ချ မှရတာမျိုးရှိ
သလို FAT file system နဲ့ ချမှရတဲ့ အခါလည်းရှိပါတယ်..

stick ကဘာနဲ့ format ချမှအဆင်ပြေမလဲလို့ ဆိုတော့NTFS file နဲ့အရင် စမ်းကြည့်ရမှာပဲ …သူနဲ ချလို့မှမရရင်
error message ထုတ်ပေးပါလိမ့်မယ်…အဲဒီအခါကျတော့ FAT file ပေးပြီး format ချကြည့်သင့်တယ်….

ဒီလိုလဲ တစ်နည်းရှိပါတယ်.

run>cmd>format/x E:
or
run>cmd>convert E: /fs:ntfs
E: နေရာမှာ drive name ပေါ့ဗျာ

Write Protect Error

1- Click Start->Run.

2-Type regedit and hit enter.

4-Click on the plus sign next to HKEY_LOCAL_MACHINE

5-Click on the plus sign next to SYSTEM

6-Click on the plus sign next to CurrentControlSet

7-Click on the plus sign next to Control ကိုသွားပါ ပြီးရင် ..
StorageDevicePolicies  ဆိုတာကိုရှာပါ..မရှိရင် Control ကို Select လုပ်ပြီး Right click>New>Key မှတစ်ဆင့် StorageDevicePolicies ဟု နာမည်ပေးလိုက်ပါ။မမှားပါစေနှင့်။


8-Click on the plus sign next to StorageDevicePolicies

StorageDevicePolicies  ကိုထောက်ပြီး Right Click>New>Dword Value ကိုနှိပ်လိုက်လျင်.ညာဘက်မှာ
New Value #1 ဆိုပြီးပေါ်လာလိမ့်မယ်..အဲဒီ New Value #1 ကိုဖျက်ပြီး WriteProtect  ဟုနာမည်ပေးလိုက်ပါ


9-Write click on WriteProtect and click modify.

ပြီးရင် အဲဒီ WriteProtect  ကို Double Click နှိပ်ပြီး  Value Data ကို 0 ဟုထားလိုက်ပါ။မှတ်ချက်။    ။Write Protect ဖြစ်ပြီး သုံးမရ ဖြစ်စေချင်ရင် 0 မဟုတ်ပဲ 1 ဟုထားပါ။အထက်ပါအတိုင်း ControlSet001 နှင့် ControlSet002  တို့ ကိုလဲ လိုက်ပြောင်း လိုက်ပါ..။


ပြီးပါက ကွန်ပျူတာကို Restart လုပ်လိုက်ပါ။


USB - stick က save လုပ်လို့လဲမရတော့ဘူးခင်ဗျာ နောက်ပြီး delete လုပ်လို့လဲမရတော့ဘူး နောက်ပြီး fomat လုပ်တော့လဲမရတော့ဘူးဗျာ the disc write protect ဆိုပြီး error ဘောက်လေးတတ်တတ်လာပါက


HKEY_LOCAL_MACHINE\SYSTEM\CurrrentControlSet\Control\StroageDevicePolicies
If there is a WriteProtect key (REG_DWORD) then
1 = Write Protect On
0 = Write Protect Off

ဒါကြောင့်..
 StroageDevicePolicies မှာ 0 ပဲထားပြီး Restart လုပ်ပါ..
 တခြား ကောင်းတဲ့ ကွန်ပျူတာမှာ သွားပြီး ဖောမတ်ချလဲ ရပါတယ်..အလွယ်ဆုံးပဲ :P

အရူးလွယ်အိတ်မှ..

Tuesday 28 August 2012

ကိုယ်ဘယ်သူနဲ့ ရမလဲဆိုတာတွက်လို လို့ ရတဲ့ဆော့ဝဲလ် :)




ဒီဆော့ဝဲလ်လေးကတော့ကိုယ်ဘယ်သူနဲ့ အိမ်ထောင်ကျမယ် ဘယ်လိုလူမျိုးနဲ့ ရမလဲ


ဆိုတာကအစတွက်လို့ ရတယ်။
  

 Install လုပ်ပြီးရင် ခုနှစ်သက္ကရာဇ်လေးထည့်ပေး၇ုံနဲ့ စုံနေအောင်တွက်လို့ ရတယ်။ 


ကွန်ပျုတာဗေဒင်ပေါ့။


ဝါသနာပါသူများနဲ့ ဗဟုသုတရလိုသူတွေဆောင်ထားသင့်ပါတယ် :P



ဒီမှာDownload ယူပါ..     အိမ်ထောင်ကျမကျတွက်တဲ့ဗေဒင်ဆော့ဝဲ

အခြေခံပညာသင်ဝါသနာတူသူငယ်ချင်းအားလုံးအတွက်(မူရင်း...(လျှို့ ဝှတ်ဥယာဉ် မှ ဖော်ပြပါတယ်)

flash song ကိုယ်တိုင် လုပ်လိုသူများအတွက် လိုအပ်တဲ့ Software များနှင့် အသုံးပြုပုံ စာအုပ်များ


flash song ကိုယ်တိုင် လုပ်လိုသူများအတွက် လိုအပ်တဲ့ စော့ဝဲလ် များနှင့် အသုံးပြုပုံ စာအုပ်များ

swishmax.2 ဒေါင်းရန်

(swishmax.3 ဒေါင်းလုဒ်လုပ်ရန်)


swishmax.3 and 4 path ဒေါင်းရန်

swishmax.4 ဒေါင်းရန်

swishmax 3 crack ထည့်နည်း ဒေါင်းရန်

ဖလက်ဆောင်း လုပ်နည်းစာအုပ်

ဓာတ်ပုံနှင့် အယ်ဘန်လ်ထည့်နည်း

အသဲပုံ မောက် effect-1 ဒေါင်းရန်

အသဲပုံ မောက်effect -2 ဒေါင်းရန်

 မောက် အဖက် ထည့်နည်းစာအုပ်



(4 ground components )


mouse mask effect swi ဒေါင်းရန်


(လိပ်ပြာ ၃ back ground)


 boy or girl back gr ဒေါင်းရန်


mouse snow ဒေါင်းရန်



(play and stop button)



(star mouseEffect ဒေါင်းရန်)



(နှင်းဆီ back ground(1)


(နှင်းဆီ back ground(2)


(ခေါင်းလောင်းback ground)


(Flash Player ဒေါင်းရန်)

(ပန်းရောင် back ground)

(Heart back ground)

(Flower back ground)

ဘယ်တော့မှမမေ့ mouse eff


play and stop button ဒီဇိုင်းမျိုးစုံဒေါင်းရန်


(star back ground)


(mouse effect letter)



(bubble နောက်ခံ 1)


(bubble နောက်ခံ 2)


(mouse blur)


(mouse Fadein Fadeout)


(ရုပ်ရှင်ဖိုင်ထည့်နည်းebook)

နောက်ဆုတ်ဖို့ကြိုးစားရင်း နောက်ခံ


play and stop button ထည့်နည်း ebook


(လိပ်ပြာ 1 back ground)



(ဖဲကြိုးcomponents )

ဆော့ဝဲလ်မြို့တော်မှ

Monday 27 August 2012

ဆက်ချစ်နေမယ် ~ (City FM 10 Anniversary - Mp3 Download)

ပဖဘဗမ ~ (ရတနာမိုင် - Mp3 Song Download)

Facebook အကောက်ဖွင့်နည်း

yewinaung: အကို facebook အကောင့်ဖွင့်နည်းလေးလမ်းညွန်ပေးပါဦး ကျေးဇူးတင်ပါတယ်

ဘလော့ပို့ စ်အနေနဲ့ ပဲ တင်လိုက်တယ်နော် အစ်ကို...... မသိသေးသောသူငယ်ချင်းများလည်း ဗဟုသုတ အနေနဲ့ ကြည့်လို့ ရအောင်ပါ။ :)

{ဖေ့ဘွတ်အကောက်ဖွင့်ရန် မိမိမှာ ဂျီမေးလ်တစ်ခု ရှိရပါမည်။ဂျီမေးလ်အကောက်တစ်ခုကို ဖေ့ဘွတ်အကောက်တစ်ခုသာ ဖွင့်၍ ရပါသည်။မိမိမှာရှိသော ဂျီမေးလ် နှင့် ဖေ့ဘွတ် အကောက်ဖွင့်ပြီးပါက ဖေ့ဘွတ်အကောက်သစ်ထပ်ဖွင့်၍ မရတော့ပါ။ ဂျီမေးလ် မရှိရင်တော့ ဂျီမေးလ်အကောက်သစ်ကို အရင်ဖွင့်ပြီးမှ ဖေ့ဘွတ်အကောက်ကို ဖွင့်ပါ။}


ပထမဦးဆုံး  http://www.facebook.com/ ကိုသွားလိုက်ပါ။
အောက်ကပုံအတိုင်း ပေါ်လာပါလိမ့်မည်။ဖြည့်ရမည့် နေရာများတွင် ပြည့်စုံအောင်ဖြည့်ပေးပြီး Sign Up ကိုနှိပ်ပါ။


 အောက်ကပုံစံအတိုင်းလေးပေါ့ :)


မိမိဖြည့်တာမှန်ကန်တယ်ဆိုရင်တော့ အောက်ကပုံအတိုင်းဆက်ပေါ်ပါလိမ့်မည်။
မိမိဂျီမေးလ်မှာရှိတဲ့သူငယ်ချင်းတွေကို ဖိတ်ချင်ရင်တော့  Gmail အောက်က Your Email ဆိုတဲ့ ဘေးက အကွက်မှာ မိမိ ဂျီမေးလ်လိပ်စာ ရိုက်ထည့်ပြီး Find Friends ကိုနှိပ်ပြီး invite လုပ်နိုင်ပါတယ်။မလုပ်ချင်သေးဘူးဆိုရင်တော့ ညာဘက်အောက်ခြေမှရှိတဲ့ Skip this step ကိုနှိပ်ပြီး ကျော်လိုက်ပါ။


တကယ် Skip လုပ်ပြီး ကျော်မှာလား ဟု မေးသော Box တစ်ခု ကျလာပါလိမ့်မည်။ထို Box ထဲမှ Skip ကိုသာနှိပ်ပြီး ကျော်လိုက်ပါ။


ပြီးရင် မိမိ ကျောင်း ၊ အလုပ် တွေဖြည့်ခိုင်းတဲ့ Box တစ်ခုကျလာပါလိမ့်မည် Skip ကိုသာနှိပ်ပြီးကျော်လိုက်ပါ။ဖြည့်ချင်တယ်ဆိုလျှက်လည်း ဖြည့်ပါ ပြီးရင် Save&Continue ကိုနှိပ်ပါ။


ပြီးရင် မိမိဓါတ်ပုံတင်ရန် Box တစ်ခုကျလာပါလိမ့်မည်။တင်မယ်ဆိုရင် Upload ကိုနှိပ်ပြီး တင်လိုက်ပါ။ပြီးရင် Save & Continue ကို နှပ်ပါ။ မိမိဓါတ်ပုံမတင်သေးဘူးဆိုလျှင် Skip ကိုနှပ်ပြီး ကျော်လိုက်ပါ။


ဒါဆိုရင်တော့ Facebook အကောက်သစ်ဖွင့်ပြီးပါပြီ........ပြီးရင် မိမိဂျီမေးလ်ကို ပြန်ဖွင့်ပြီး
 Confirm လုပ်ခိုင်းပါလိမ့်မည်။ဖေ့ဘွတ်မှ ပို့ သော မေးလ်ကို ဖွင့်ပြီး သူပေးထားတဲ့ လင့် ကို နှိပ်ပြီး Confirm လုပ်ပေးပါ။Confirm မလုပ်ပေးလျှင် ဖေ့ဘွတ် သုံး၍ ရမည်မဟုတ်ပါ။

အောက်ကပုံကတော့ မိမိဖေ့ဘွတ် စာမျက်နှာအပေါ်မှာ ဂျီမေးလ် ကိုပြန်ဖွင့်ပြီး Confirm လုပ်ရန် အသိပေးတာ ပုံပါ။ထိုပုံထဲမှ Go to your email ကိုနှိပ်ပြီး မိမိ ဂျီမေးလ် ကို ဖွင့်ပါ။


 facebook မှ မိမိဂျီမေးလ်သို့  မေးလ်နှစ်စောင်ပို့ ထားပါလိမ့်မည်။

 

Just one more step နှင့်စသော မေးကို ဖွင့်ပြီး To complete..follow this link; အောက်က လင့်အပြာလေးကိုပဲဖြစ်ဖြစ် Get started; အောက်က Complete Sign-up ကိုပဲ ဖြစ်ဖြစ်နှိပ်လိုက်ပါ။မိမိ ဖေ့ဘွတ် အကောက်သို့ ရောက်သွားပါလိမ့်မည်။ဒါဆိုရင်တော့ ဖေ့ဘွတ်ကို စတင်အသုံးပြုလို့ ရပါပြီ။



အဆင်ပြေကြပါစေ.......


Twitter အကောက်ဖွင့်နည်း

yenainghtwe: twitter accountဖွင်.နည်းလေးပြောပြပေးပါ

ကိုရဲနိုင်ထွေး နှင့်တကွ  မသိသေးတဲ့ သူငယ်ချင်းတွေလည်း ဗဟုသုတ ရအောင် ကျွန်တော်ဘလော့ ပို့ စ်အနေနဲ့ပဲ တင်လိုက်ပါတယ် နော်။


ပထမဦးဆုံး အကောက်ဖွင့်ဖို့  ဒီလင့်လေးကသွားလိုက်ပါ။ 
အောက်မှာပြထားတဲ့ ပုံအတိုင်း ပေါ်လာပါလိမ့်မည်။ မိမိ နာမည်၊မိမိ ဂျီမေးလ်၊ ပက်စ်ဝက်၊အသုံးပြုမည့်နာမည် ရိုက်ထည့်ပေးပြီး Create my account ကို နှိပ်လိုက်ပါ။


 
Loading ခဏလုပ်ပါလိမ့်မည်။ခဏစောင့်လိုက်ပါ။


အောက်က ပုံအတိုင်းပေါ်လာလျှင် Next ကိုသာနှိပ်ပေးပါ။


 ပြီးရင် အောက်ကပုံအတိုင်းပေါ်လာပါလိမ့်မည်။မိမိ Follow လုပ်ချင် သောသူရှိပါက Follow ကိုနှိပ်ပြီး မရှိပါက Skip this step ကိုသာ နှိပ်လိုက်ပါ။



skip this step သာနှိပ်ပြီးဆက်သွားလိုက်ပါ။



 မိမိဂျီမေးလ်က သူငယ်ချင်းတွေကို ဖိတ်ခေါ်ချင်ရင် Gmail icon လေးဘေးက Search Contacts ကို နှိပ်ပြီး invite လုပ်လိုက်ပါ။မလုပ်ချင်သေးဘူးဆိုလျှင် Skip this step ကိုသာနှိပ်ပြီးသွားလိုက်ပါ။



 မိမိ ဓါတ်ပုံတင်ချင်ရင် Upload image ကိုနှိပ်ပြီးတင်လိုက်ပါ။ Bio အောက်က Box မှာ မိမိ ကိုယ်ရေးအချက်အလက် အနည်းငယ် ကို ရေးပေးပါ..မရေးပေးချင်သေးရင် Skip this step ကိုနှိပ်ပြီး ကျော်လိုက်ပါ။


 ဒါဆိုရင်တော့  twitter ကိုစတင်သုံးလို့ ရပါပြီ။



 မှတ်ချက်။  ။မိမိဂျီမေးလ်ကို ဖွင့်ပြီး twitter က ပို့ ပေးထားသောမေးလ်ကို ဖွင့်ပြီး သူပေးထားတဲ့လင့်ကို နှိပ်၍ Confirm လုပ်ပေးရန်လိုသည်။





အဆင်ပြေကြပါစေ.......
Related Posts Plugin for WordPress, Blogger...

Like ခြင်းဖြင့် အားပေးပါ :)

mumcradio