Tuesday 4 September 2012

Photoscape 3.6.2




 ဓါတ်ပုံတွေ ကို ဘောင်လေးတွေခတ်၊ရုပ်ပြောင်တွေလုပ်၊အလင်း အမှောင် ကာလာချိန် ပေးလို့ ရတဲ့ ဆော့ဝဲလ် ကောင်းလေးပါ။စမ်းသပ်ကလိကြပေါ့နော်။


Photoscape is a fun and easy photo editing software that enables you to fix and enhance photos.

To install Photoscape 3.6.2 on your computer, click one of the Free Download buttons below.


Get it from brothersoft.com!
:: Free Download from brothersoft.com (17.5MB)

Get it from CNET Download.com!
:: Free Download from download.cnet.com (17.5MB)

Get it from softonic.com!
:: Free Download from softonic.com (17.5MB)

အဆင်ပြေကြပါစေ။

ပုံပြင်လေးတစ်ပုဒ်

တစ်ခါတုန်းကပေါ့...ပါမောက္ခကြီးတစ်ယောက်က စာသင်ခန်းထဲကို ကျောင်းသားတွေကို စာသင်ပြပေးဖို့ ဝင်လာပါတယ်။ကျောင်းသားတွေက သူ့ကို နှုတ်ဆက်ပြီးတာနဲ့  ဆရာကြီးက သူ့အိတ်ထဲမှာပါလာတဲ့ အဝကျယ်တဲ့ ပုလင်းကြီး တစ်လုံးကို ထုတ်လိုက်တယ်။အဲ့ဒီ့ ပုလင်းထဲကို ဂေါက်သီးဘောလုံးလေးတွေ တစ်လုံးစီထည့်သွားလိုက်တာ နောက်ဆုံး ဘောလုံးတွေ ထပ်ထည့်လို့ မရတော့တဲ့ အထိပေါ့။အဲ့လို လုပ်ပြီးတော့ ဆရာကြီးက ကျောင်းသားတွေကို ဒီပုလင်းထဲမှာ ဂေါက်သီးတွေနဲ့ ပြည့်သွားပြီလားလို့မေးလိုက်တယ်။ ကျောင်းသားတွေကလည်းပြည့်သွားပါပြီ ဆရာကြီးလို့  ဖြေကြတာပေါ့နော်။

အဲ့လိုကျောင်းသားတွေဖြေပြီးတဲ့နောက် ဆရာကြီးက ကျောင်းသားတွေကို ဘာမှ ပြန်မပြောဘဲနဲ့  ဂေါက်သီးတွေနဲ့ ပြည့်နေတဲ့ အဲ့ဒီ့ ပုလင်းကြီးကိုဖြည်းဖြည်းချင်းလှုပ်ပြီး ခဲလုံးသေးသေးလေးတွေ ထပ်ထည့်ပြန်တယ်။ ဖြည်းဖြည်းချင်းလှုပ်ပေးလိုက်လို့  လွတ်ဟာနေတဲ့ နေရာတွေကို ခဲလုံးလေးတွေ ဝင်သွားပြန်တာပေါ့။ ပြည့်သွားပြီလားလို့ ကျောင်းသားတွေကိုမေးတော့ ပြည့်သွားပါပြီ ဆိုတဲ့ အသံဘဲထွက်လာတယ်။ဒီတစ်ခါမှာလဲ ပုလင်းကို ဖြည်းဖြည်းလှုပ်ရင်း သဲတွေကို ထပ်ပြီး အသာလောင်းထည့်ပြန်တယ်။လွတ်တဲ့နေရာတွေကို သဲတွေက ထပ်ဝင်သွားပြန်တယ်။နေရာလပ်တောင်မရှိတော့ဘူးတဲ့။ကျောင်းသားတွေက ဆရာကြီးမမေးခင်ပြည့်သွားတဲ့ သဲတွေကိုကြည့်ပြီး 'ပြည့်သွားပါပြီဆရာကြီး'လို့ အရင်ဦးအောင်ဖြေကြတယ်။
 ဆရာကြီးကတော့ဘာမှမပြောဘဲ ခေါင်းတညိတ်ညိတ်နဲ့ ဘဲ ပြုံးနေတာပေါ့။
ပြီးတော့ ရေနှစ်ဖန်ခွက်ယူပြီးပုလင်းထဲကို အသာထည့်လိုက်တယ်။ရေနှစ်ဖန်ခွက်လုံးက သဲထဲရေသွန်ဆိုသလိုပဲ ပုလင်းထဲကို ဝင်သွားပြန်တယ်။ကျောင်းသားတွေက ပါးစပ်အဟောင်းသားဖြစ်ကုန်ကြတာပေါ့။
 ဒီတော့မှ ဆရာကြီးက စကားစပြောတယ်။
"ဒီပုလင်းဟာ မင်းတို့ဘဝရဲ့ ပုံပမာပဲ "ဂေါက်သီးဆိုတာက မင်းတို့ ဘဝမှာ လိုအပ်တဲ့ အရာ အရေးကြီးတဲ့ အရာလို့ ဆိုကြပါစို့ ... ဥပမာ။ ။ မိသားစု၊ဇနီးသည်၊ခင်ပွန်း၊ကျန်းမာရေး၊ကလေးတွေ၊သားသမီးတွေ၊မိတ်ဆွေတွေ၊ချစ်ခင်သူတွေ ပေါ့ ..ဒါတွေက မင်းတို့ ဘဝမှာ ပြည့်နေပြီလို့  ထင်ရတာတွေပေါ့။
ကျောက်ခဲတွေကတော့ ဘဝမှာ မြင်သာထင်သာတွေလို့  ဆိုကြပါဆို့...ဥပမာ။  ။မင်းတို့ရဲ့ အလုပ်အကိုင်တွေ၊အိမ်တွေ၊ကားတွေပေါ့။
သဲတွေကတော့ ဘေးဒုက္ခတွေရယ် သေးသေးမွှားမွှားကိစ္စတွေရယ် ပေါ့...."ကိစ္စများမြောင် လူတို့ ဘောင်"မဟုတ်လား။ဒါက လူ့ဘဝမှာ မမြင်နိုင်တဲ့အသေးအမွှားတွေနဲ့ ပြည့်နေတာကို ဆိုလိုတာပါ။
"ကဲ...တပည့်တို့ ...တကယ်လို့ သာ သဲကို အရင် အပြည့်ဖြည့်မယ်ဆိုရင် သဲထည့်ပြီးတဲ့နောက်မှာ ဘာမှ ထပ်ထည့်လို့ မရတော့ဘူးပေါ့။
သဲကို အရင်ထည့်မိရင် ဂေါက်သီးအတွက်ရော၊ခဲလုံးတွေ အတွက်ရော နေရာ ရှိတော့မှာ မဟုတ်ဘူး။
မင်းတို့ ရဲ့ဘဝမှာလည်း အဲ့ဒီ့လိုဘဲ မင်းတို့ ဟာ အသေးအမွှား ကိစ္စတွေမှာပဲ အားအင်တွေသုံး အချိန်တွေကုန်နေကြမယ်ဆိုရင် အရေးကြီးတဲ့ ကိစ္စတွေအတွက် နေရာရှိတော့မှာ မဟုတ်ဘူး။
မင်းတို့ ဘဝအတွက်အရေးကြီးတဲ့ အရာတွေအတွက် အချိန်မပေးနိုင်တော့ဘူးပေါ့။ဒီတော့ ဘဝမှာ အရေးကြီးတဲ့ အရာတွေကို ဦးစားပေးလုပ်ပါ။
နောက်ဆုံး သဲထဲ ဝင်သွားတဲ့ ရေကရော ဘာသဘောလဲ သိကြလား....
မင်းတို့  ဘဝမှာ ဘယ်လိုပဲ ပြည့်စုံနေနေ ပြည့်လို့မောက်လျှံနေပါစေ ရေတစ်ခွက် နှစ်ခွက်ကတော့ နေရာရှိပါသေးလားဆိုတာကို မမေ့ဖို့ ပါပဲ တဲ့။     ။
                 သူငယ်ချင်းများအားလုံး ပျော်ရွှင်ချမ်းမြေ့နိုင်ကြပါစေ..........

ပညာရှိ နှင့် ပညာမဲ့ ခွဲခြားနည်း

ပညာမဲ့က....ငါကောင်းစားဖို့  ဒါနပြုတယ်။
ပညာရှိက....သာသနာပူဇော်ဖို့  ဒါနပြုတယ်။
ပညာမဲ့က....ငရဲကြောက်လို့  ငါးပါးသီလ မြဲတယ်။
ပညာရှိက....မမြဲသောခန္ဓာကြီးကို အမိုက်ခံပြီး မကျွေးလိုသဖြင့် ငါးပါးသီလမြဲတယ်။
ပညာမဲ့က....နတ်ပြည်ရောက်ဖို့  ဥပုသ်စောင့်တယ်။
ပညာရှိက....တစ်နေ့ တစ်ရက် တဏှာကျွန် အဖြစ်မှ ငြိမ်းချမ်းတဲ့ သုခကိုလိုချင်သောကြောင့် ဥပုသ်စောင့်တယ်။
ပညာမဲ့က....ငါတို့ ဘုန်းကြီးမှ ဂစ္ဆာမိတယ်။
ပညာရှိက...သံဃာအစစ်မှ ဂစ္ဆာမိတယ်။
ပညာမဲ့က...ထုံးစံကိုလေးစားတယ်။

ပညာရှိက...မဂ်ဥာဏ် ဖိုဉာဏ်ကိုလေးစားတယ်။
ပညာမဲ့က...အများကောင်းရင် လိုက်ကောင်းတယ်။
ပညာရှိက...အများကောင်းတိုင်းလိုက်မကောင်း။
ပညာမဲ့က...နာမည်ကြီးသူပြောရင် ယုံကြည်တယ်။
ပညာရှိက...နာမည်ကြီးသူပြောတိုင်း လိုက်၍ မယုံ ။
ပညာမဲ့က...အထူးအဆန်းကိုမြတ်နိုးတယ်။
ပညာရှိက....သဘောမှန်ကိုမြတ်နိုးတယ်။
                                       (ကျေးဇူးတော်ရှင် နမ္မားဆရာတော်ဘုရားကြီး အရှင်ဉာဏ)
ဘာရယ်လို့တော့မဟုတ်ပါဘူး သူငယ်ချင်းတွေအတွက် ဗဟုသုတလေး ပါ။
ပျော်ရွှင်ကြပါစေ။

youtue videoတွေကို mp3 ပြောင်းနိုင်တဲ့ ဝက်ဆိုဒ်


ပထမဦးဆုံး  ဒီဆိုဒ်လေးကိုသွားလိုက်ပါ။

How to convert YouTube to MP3:
  1. Copy the FULL address (URL) of the page with the video.
  2. Paste the address you copied into the text box on the left
  3. Click "Download", and wait. Please be patient
  4. When your free conversion is complete, follow the instructions and click "Download MP3"
  5. Done!
 အောက်ကပုံလိုမျိုးလေးတွေ့ ပါလိမ့်မည်။ youtube က မိမိဒေါင်းချင်တဲ့သီချင်း URL (or) Link ကိုကူးပြီး အောက်က အကွက်ထဲမှာထည့်လိုက်ပါ။ပြီးရင် ဒေါင်းလော့ နှိပ်ပေးပါ။



youtube ဆိုဒ်ကို ဖွင့်ပါ။ပြီးရင် မိမိကြိုက်တဲ့သီချင်းလင့်ကို copy ကူးပြီး paste လုပ်ပေးပြီး download ကိုနှိပ်ပေးပါ။

Download ကိုနှိပ်ပြီးရင် ခဏစောင့်ပေးပါ။အောက်ကပုံအတိုင်း Checking လုပ်နေပါလိမ့်မည်။






Checking လုပ်ပြီးလျှင် အောက်ကပုံအတိုင်းပေါ်လာပါလိမ့်မည်။ထိုကဲ့သို့ ပေါ်လာလျှင် Click here to get your Download Link ဆိုတဲ့ အပြာရောင်နဲ့ ရေးထားတဲ့လင့်ကို ကလစ်လိုက်ပါ။


ပြီးရင်အောက်ကပုံအတိုင်းပေါ်လာပါလိမ့်မည်။ Download MP3 ကိုဆက်ကလစ်လိုက်ပါ။



အောက်ကပုံအတိုင်းပေါ်လာပါလိမ့်မည်။ :)


အပေါ်ကလိုပုံ ပေါ်လာရင်တော့ စတင်ဒေါင်းလော့ လုပ်ပါပြီ။


အဆင်ပြေကြပါစေ..

ဖုန်း Free ပြောနိုင်တဲ့ ဝက်ဆိုဒ်

ဖုန်း Free ပြောနိုင်တဲ့ ဝက်ဆိုဒ်လေး တစ်ခုပါ။ သူငယ်ချင်း maymyothut က တင်ပေးပါဆိုလို့  တစ်ခြားသူငယ်ချင်းတွေလဲ ဗဟုသုတ အနေနဲ့ ကြည့်ရအောင် ဘလော့ပို့ စ်အနေနဲ့ တင်လိုက်တာပါ။
နိုင်ငံတိုင်းတော့ မရပါဘူး ဖုန်း Free ခေါ်လို့  သူ့ဝက်ဆိုဒ်မှာ ပေးထားတဲ့ နိုင်ငံတွေသာခေါ်ဆိုလို့ ရပါတယ်။
မြန်မာနိုင်ငံတော့ ခေါ်လို့ မရပါဘူး :(

ဝက်ဆိုဒ်လေးက -  http://www.freecall.com  ပါ။

အောက်ကပုံကတော့ Free ခေါ်ဆိုနိုင်တဲ့နိုင်ငံတွေပါ။




ကျွန်တော်က ဘယ်လို ခေါ်ရမလဲ ဆိုတာကို အောက်မှာ ပုံလေးတွေ နဲ့ ရှင်းပြပါ့မယ်။

ဖုန်း မှ ဖုန်း သို့  ခေါ်နည်း

ဖုန်းရှိမှသာခေါ်လို့ ရပါတယ်....ဒီနည်းက....
http://www.freecall.com  သို့ သွားပါ။ အောက်ကပုံကဲ့သို့ ဇယားကွက်လေးကိုတွေ့ ရပါလိမ့်မည်။


ထိုအထဲတွင် မိမိဖုန်းနံပါတ် နှင့် မိမိ ခေါ်ဆိုမည့်သူ၏ ဖုန်းနံပါတ်ရိုက်ထည့်ပေးပြီး Call ကိုနှိပ်လိုက်ပါ။


ထိုအခါ မိမိဖုန်းကို မိမိခေါ်ဆိုမည့်သူ၏ ဖုန်းနှင့် ထိုဝက်ဆိုဒ်က ခေါ်ဆိုပေးပါလိမ့်မည်။
မိမိခေါ်ဆိုမည့်သူဘက်က ဖုန်းကိုင်တာနဲ့ စတင်ပြောလို့ ရပါပြီ။ တစ်ခါ ပြော ရင် ၁၀ မိနစ်လောက်ပြော၍ ရပါသည်။

အမြဲတမ်းတော့ မရပါဘူး ခေါ်ဆိုလို့ ..သူပေးထားတဲ့ limit ပြည့်သွားရင်  Free ခေါ်လို့ ရတော့မည် မဟုတ်ပါ။ ထိုအခါ မိမိအသုံးပြုနေသော IP ကို ချိန်းပြီး ပြန်ခေါ်ဆိုပါ။

ကွန်ပျူတာ မှ ဖုန်းသို့  ခေါ်ဆိုနည်း 

ဒါကတော့ ဆော့ဝဲလ်ကို ကွန်ပျူတာမှာ ဒေါင်းထား မှ ကွန်ပျူတာ ကနေ ဖုန်း ကို ခေါ်ဆိုနိုင်မှာဖြစ်ပါတယ်။
http://www.freecall.com  သို့ သွားပါ။ အောက်ကပုံကဲ့သို့ ဇယားကွက်လေးကိုတွေ့ ရပါလိမ့်မည်။
ထိုဇယားကွက်ထဲမှ အနီရောင်နဲ့ ရေးထားတဲ့ Download now! ကိုနှိပ်ပါ။


စတင် ဒေါင်းလော့လုပ်နေပါလိမ့်မည်။ကျွန်တော်စက်က အင်တာနက်ဒေါင်းလော့မန်နေဂျာ ရှိတော့ သူနဲ့ ပဲ ဒေါင်းလော့ဆွဲပုံကို ပြတော့မယ်နော် :)
ဖိုင်ဆိုဒ်ကလည်း 5.91 MB ပဲရှိပါတယ်။

ဒေါင်းလို့ ပြီးလျှင် အကွက်တစ်ခု ပေါ်လာပါလိမ့်မည်။ဓါတ်ပုံရိုက်လို့ မရသောကြောင့် အဲ့ပုံတော့ မပါတော့ဘူး :)  ထိုအကွက်ထဲမှ Yes သာ နှိပ်ပေးလိုက်ပါ :)
ပြီးရင်အောက်ကပုံအတိုင်း ပေါ်လာပါလိမ့်မည်။ OK ကိုနှိပ်ပြီး ဆက်သွားလိုက်ပါ။


Next သာဆက်နှိပ်ပေးလိုက်ပါ။


I accept ရှေ့သို့ အစက်လေး ထားပေးပြီး Next ကိုနှိပ်ပေးလိုက်ပါ။


                                                      install ကိုနှိပ်ပါ။
                                                     Finish ကိုနှိပ်ပါ။
                             အောက်ကပုံအတိုင်း ပေါ်လာပါလိမ့်မည်။ခဏစောင့်လိုက်ပါ။

အကောက်တစ်ခု ဖောက်ပေးရပါမည်။ a new user ရှေ့မှာ အစက်လေးထားပြီး Next ကို နှိပ်လိုက်ပါ။

အောက်ကပုံအတိုင်းပေါ်လာပါလိမ့်မည်။လိုအပ်တာတွေဖြည့်ပေးလိုက်ပါ။
                                    
                                         ဖြည့်ပေးပြီးရင် Register ကိုနှိပ်လိုက်ပါ။


ထိုအခါ register လုပ်ပြီးကြောင်း ဘောက်တစ်ခုကျလာပါလိမ့်မည်။Ok ကိုနှိပ်ပေးလိုက်ပါ။


အောက်ကပုံအတိုင်းပေါ်လာပါလိမ့်မည်။ Start ကိုနှိပ်ပြီးဆက်သွားလိုက်ပါ။

Upload,Download,Voice နေရာတွေကို အစိမ်းရောင်လေးတွေပြည့်သွားသည်အထိစောင့်ပြီး ..ပြည့်သွားရင် Next ကိုနှိပ်ပြီးဆက်သွားလိုက်ပါ။

             အောက်ကပုံအတွေအတိုင်းပေါ်လာပါလိမ့်မည်။ Next သာဆက်နှိပ်ပြီး သွားလိုက်ပါ။

                           အပေါ်က ပုံက Finish ကို နှိပ်လိုက်ရင်စတင်အသုံးပြုလို့ ရပါပြီ။

                             အောက်ကပုံလေးအတိုင်းပေါ်လာရင် စတင်ခေါ်ဆို နိုင်ပါပြီ။


type phone number or user name နေရာမှာ ခေါ်ဆိုလိုသည့် ဖုန်းနံပါတ် ရိုက်ထည့်ပြီး ခေါ်ဆိုနိုင်ပါသည်။မိမိခေါ်ဆိုသည့်သူငယ်ချင်းကလည်း ဒီဆော့ဝဲလ်ကို ဒေါင်းထားလျှင် ဂျီတော့မှာ အကောက် အပ်သလိုပဲ သူ့ ရဲ့ user name တောင်းပြီး အပ်၍ ခေါ်ဆိုနိုင်ပါသည်။စမ်းသပ်ကလိကြပေါ့ ဗျာ...ကျွန်တော့် user name ကတော့ phyu thar ပါ။

sms လည်း Free ပို့  နိုင်ပါတယ်။ phone ရှိရင်လည်း phone to phone ခေါ် ဆိုနိုင်ပါတယ်။


အဆင်ပြေကြပါစေ..
အဆင်မပြေရင် comment ပေးခဲ့ပါ။ဒါမှမဟုတ် toobigg02@gmail.com ကို မေးလ်ပို့  ပြီး မေးနိုင်ပါတယ်။
Related Posts Plugin for WordPress, Blogger...

Like ခြင်းဖြင့် အားပေးပါ :)

mumcradio