Friday, 7 September 2012

Lock ကျသွားသာ Facebook အကောင့်ကို ပြန်လည် ရယူနည်း



လတ်တလော Facebook ရဲ့ ပြောင်းလဲသွားသော ပေါ်လစီကြောင့် ကမ္ဘာတစ်လွှားက အကောင့်တွေ တော်တော်များများ ပိတ် (Lock) ကျသွားပါတယ်။ ပြန်မရတော့လောက်အောင်ကို စိတ်ညစ်စရာကောင်းပေမယ့် အကောင့်ကို အလွယ်တကူ ပြန်ရနိုင်ပါတယ်။ ဒါကြောင့် အကောင့်သစ်သုံးနေရပြီး မူလအကောင့်ကို ပြန်လိုချင်သူများ အောက်ပါအတိုင်း လုပ်ဆောင်ရန်လိုအပ်ပါတယ်။






အကောင့် လော့ကျတဲ့အခါ ဖုန်းနံပါတ် တောင်းပါလိမ့်မယ်။ ဒါကိုတော့ ကာယကံရှင် လူတိုင်းကြုံတွေ့ပြီး ဖြစ်ပါတယ်။ ဖုန်းနံပါတ် ရမှ အကောင့်ပြန်ဖွင့်ပေးမယ်လို့ပြောထားပြီး နီးစပ်ခင်မင်ရာ သူငယ်ချင်း ဖုန်းနံပါတ် ငှားလိုက်တာမျိုး မလုပ်သင့်ပါဘူး။ နိုင်ငံခြားရောက်နေတဲ့ အသိတစ်ယောက်ယောက်ရဲ့ ဖုန်းနံပါတ်ကို အသုံးပြုပြီး အကောင့် ပြန်ရတာမျိုးအနည်းငယ်ရှိပေမယ့် ဒါက ရေရှည်မကောင်းပါဘူး။ ဘာလို့လဲဆို Facebook ဟာ ယင်းဖုန်းနံပါတ်ကို မှတ်သားလိုက်ပြီဖြစ်ပြီး နောက်ထပ် ယခုလို Lock ကျတာမျိုးတို့ Hack ခံရတာမျိုးနဲ့ ကြုံတဲ့အခါ ယင်းဖုန်းနံပါတ်နဲ့ အမြဲပတ်သက်နေရတော့မှာ ဖြစ်ပါတယ်။ ဒါကလည်း အမြဲပြောင်းလဲနိုင်ပါတယ်။

ဒါကြောင့် အကောင့်လော့ကျတဲ့အခါ  အကောင့်ကို ဘာမှ မသုံးပဲ ၄၈ နာရီ (၂ ရက်တိတိ) ဒီတိုင်းထားပါ။ ၁ရက်ခွဲလည်း ရပေမယ့် Facebook က ၂ ရက်လို့သတ်မှတ်ထားတဲ့အတွက် သူသတ်မှတ်ထားတဲ့ Step အတိုင်းသွားတာ ကောင်းပါတယ်။ အဲလိုမဟုတ်ပဲ ၄၈ နာရီအတွင်းမှာ ထိုင်ကလိနေရင်တော့ သတ်မှတ်ရက်ထက် ပိုကြာသွားနိုင်ပါတယ်။

၂ ရက် (၄၈ နာရီ) ပြည့်ပြီဆိုမှ အကောင့်ကို ယခင်ထုံးစံအတိုင်း Log In လုပ်ပါ။ ဒီမှာ Internet Explorer ကို အသုံးပြုဖို့ ပိုအကြံပေးချင်ပါတယ်။ Mozilla Firefox၊ Google Chrome, Safari အစရှိသဖြင့် အမျိုးမျိုး ခေတ်စားနေတဲ့ Browser များဟာ Security မြင့်မားပါတယ်။ Internet Explorer ကတော့ တားမြစ်ထားတာ သိပ်မရှိပါဘူး။ အချို့  ဝဘ်ဆိုဒ်များက Right click Disable လုပ်ထားတာတောင် Internet Explorer မှာ ရတတ်ပါတယ်။ ဘာပဲ Download ဆွဲဆွဲ Internet Explorer မှာ အတားအဆီး နည်းတယ်ဆိုတာ လက်တွေ့ သုံးဖူးသူတိုင်းသိမှာ ဖြစ်ပါတယ်။

ဒါကြောင့် Account ကို Log In ဝင်ရန် Internet Explorer ကိုအသုံးပြုစေလိုပါတယ်။ Mozilla Firefox, Chrome တို့လည်း အသုံးပြုမရလို့ မဆိုလိုပါ။ အသုံးပြုနိုင်ပါတယ်။ သို့ပေမယ့် အကြောင့်အမျိုးမျိုးကြောင့် ဖုန်း Message box ပြန်ပေါ်လာမှာ စိုးလို့ ဖြစ်ပါတယ်။

ဒါလို Log In ဝင်ပြီးပြီဆိုပါဆို့။ သူက Password မေ့သူတို့ထုံးစံအတိုင်းပဲ Verification step တွေလာပါတယ်။ ဘာမှမပါပါဘူး။ သူငယ်ချင်း နာမည်ကို မှန်ရောင် ရွေးခိုင်းတာမျိုးပဲ ဖြစ်ပါတယ်။ ဓာတ်ပုံနဲ့ လူအမည်နဲ့ တွဲပေးရတာ ဖြစ်တဲ့အတွက် သတိထားစေချင်ပါတယ်။

ဒီမှာ ၅ ခုလောက်တွဲခိုင်းပါတယ်။ မရတဲ့ဟာဆိုရင် ရဲရဲကြီး Skip လုပ်ပါ။ အမှားများရင်တော့ အကောင့်ကို ထပ်မံ Lock ချမှာ ဖြစ်ပါတယ်။ မရတာတွေကို Skip လုပ်လိုက်တဲ့အခါ မေးခွန်းမပြည့်ပြည့်အောင် မေးပေးတာ Facebook ရဲ့ တာဝန်ဖြစ်တဲ့အတွက် နောက်တစ်ခါ ထပ်မေးပါတယ်။ ဒီမှာလည်း မရတာ Skip လုပ်ပြီး သေချာမှာ Submit လုပ်စေချင်ပါတယ်။
အကယ်၍ လူရွေးခိုင်းတဲ့ Step ကို တစ်ခါရှုံးပြီး နောက်တစ်ခါ ထပ်ရှုံးရင်တော့ နောက်မှ ပြန်လာတော့လို့ စာတန်းပေါ်လာတတ်ပါတယ်။ သို့ပေမယ့် Log out လုပ်ပြီး နောက်တစ်ခါ Log In ဝင်၊ အထက်ပါ လူရွေးတဲ့ မေးခွန်းကိုပဲ ဆက်တိုက် ပြန်လည်ဖြေဆိုပေးခြင်း လုပ်နိုင်ပါတယ်။

သူငယ်ချင်းနည်းပြီး ရှိတဲ့သူငယ်ချင်းများရဲ့ ဓာတ်ပုံတွေ ကြည့်ရှုလေ့ရှိသူများအတွက် အိုကေပေမယ့် သူငယ်ချင်း ထောင်ချီရှိပြီး မမှတ်မိဘူးဆိုရင်တော့ ခက်ပါလိမ့်မယ်။ သို့ပေမယ့် စိုးရိမ်စရာမလိုပါ။ သူငယ်ချင်းများလေလေ Facebook က အခွင့်အရေးများများပေးလေ ဖြစ်ပါတယ်။ တစ်ခါဖြေမရ၊ နှစ်ခါ ဖြေမရရင် ထောင်ချီ Friend List  ရှိသူများ ကို နောက်ထပ် ဖြေခွင့် ပေးတတ်ပါတယ်။


ဖြေပြီးလို့ အောင်မြင်ပြီဆိုရင်တော့ Account ပြန်လည် ရရှိပါပြီ။ ဒီမှာ အကောင့်ပြန်ရပြီ ဆိုပြီး အရင်ကလုပ်နေကျ အတိုင်း Like, Comment , Post, Link , Message စတာတွေကို ထင်တိုင်းမကျဲသင့် သေးပါဘူး။ သေချာတာကတော့ Friend Request ၄ ရက်ပိတ်ထားပါတယ်။ Message လည်းပို့ခွင့် မရပါဘူး။ အရင်က Activity တစ်ခုခုလုပ်တိုင်း Warning တွေတက်တက်လာတတ်ပါတယ်။
ဒါကြောင့် ယခင်က ဖော်ပြပေးတဲ့ အောက်ပါလခ့်က စာတွေကို ပြန် လည်ဖတ်ရှုစေလိုပါတယ်။

 အောင်ခမ်း

လက်တလော Facebook တွင် အထူးရှောင်ရှားရမည့် လုပ်ဆောင်ချက်များ

လက်တလော Facebook မှာ Policy ခဏခဏ ပြောင်းလဲနေပါတယ်။ ဝဘ်ဆိုဒ်သတင်းတွေထဲမှာ Facebook တွင် အကောင့်အတုပေါင်း သန်း ၈၀ ကျော်ရှိတယ်လို့လည်း ဖော်ပြခဲ့ပါတယ်။ ဒါကြောင့် Facebook ဟာ အကောင့်အတု များကို ရှင်းလင်းနေပါတယ်။ ဒါကြောင့် Facebook အသုံးပြုသူများ အောက်ပါအချက်များကို သိထားရန် လိုအပ်ပါတယ်။



၁။ Friend Request
Friend Request လုပ်တိုင်း ဒီတစ်လော ပြန်မေးတဲ့ မေးခွန်းက သင့် သိလို့လား၊ သိတဲ့သူမှ Add ပါဆိုတာမျိုး ဖြစ်ပါတယ်။ တစ်ခါခါဆို Request Send လို့မရပဲ အထက်ပါကဲ့သို့ စာများသာ ပေါ်ပေါ်လာမှာ ဖြစ်ပါတယ်။ Request Send လို့ရလည်း တစ်ရက်ကို ၂ ယောက်၊ ၃ ယောက်ထပ် ပို မ Add သင့်ပါ။ အဲဒီထက် Add ပြီဆိုရင်တော့ Friend Request လုပ်ခြင်း ၂ ရက်ပိတ်ပါတယ် လို့ စာတန်းပေါ်လာမှာ ဖြစ်ပါတယ်။ တကယ်လည်း ပိတ်ပါတယ်။ တစ်ခါတစ်လေ ၅ ယောက်လောက် Add ပြီးရင် ပေါ်တတ်ပါတယ်။ Safe အဖြစ်ဆုံး Add နည်းကတော့ ဘေးမှာ Suggest Friend အောက်က ပေးတဲ့ List ကနေ Add တာအကောင်းဆုံးဖြစ်ပါတယ်။ ကိုယ်တိုင် Search Bar မှာ ရှာပြီး အခြားလူတစ်ယောက်ကို Add မယ်ဆိုရင် အထက်ပါ ပြဿနာကြုံတွေ့နိုင်ပါတယ်။
၂။ Comment
တစ်ခါခါ Comment ပေးလို့မရတာ ကြုံရတတ်ပါတယ်။ Comment ပေးလိုက်တိုင်း သင်ပေးတဲ့ Comment ဟာ Spam သို့မဟုတ် အခြား လူတစ်ဦးတစ်ယောက်ကို Personal အရတိုက်ခိုက်ခြင်း မဖြစ်စေရ ဆိုတဲ့ Warning မျိုးပေါ်တတ်ပါတယ်။ အချို့ က ပေါ်ယုံမကပဲ Comment ပါပေးလို့မရတော့ပါဘူး။ အဲဒီလိုအချိန်ကျရင် Comment မပေးသင့်တော့ပါ။ ယာယီမျှသာ block လုပ်ခြင်းဖြစ်ပြီး နောက်နေ့မှ အရင်လို ပြန်ဖြစ်ပါတယ်။
၃။ Message
Message ပို့တာ အင်မတန် သတိထားရပါမယ်။ လက်ရှိ ပြောင်းလဲနေတဲ့ Policy ကြောင့် Facebook က မတ်ဆေခ်ျ့  ပို့ခွင့် ယာယီ ပိတ်ပင်တတ်ပါတယ်။ အဲဒီအချိန်ကျ ဘယ်လောက်အရေးကြီးကြီး ယင်း Facebook အကောင့်ကနေ Message မပို့တော့ပဲ အခြား အကောင့်များဖြင့်သာ Message ပို့သင့်ပါတယ်။
၎။  Link
Blog နဲ့ Facebook ဆက်စပ်မှု ရှိပါတယ်။ ဆက်စပ်ပုံကတော့ Facebook မှာ Blog ကို သိပ် အသား မပေးပါဘူး။ Fan Page များ အထူးသတိထားရပါမယ်။ Post တင်တိုင်၊ Chat တိုင်း မိမိ Blog ကို ဝင်ကြည့်စေလိုတဲ့အခါ Link လေးတွေ ပေးတတ်ကြပါတယ်။ အဲဒီလိုပေးတဲ့အခါ Facebook က Check box ပေါ်လာပြီး လူလား၊ ကွန်ပျူတာလား သိအောင် စာတွေ Box ထဲမှာ ရိုက်ခိုင်းပါတယ်။ မှန်အောင်ရိုက်ပြီး အသုံးပြုမယ်ဆိုရင် အဆင်ပြေပေမယ့် သုံးလေးခါ မက မှားပြီဆိုရင် အကောင့် Lock ကျသွားပါမယ်။
--
အထက် ဖော်ပြပါ အချက်များအတိုင်း အဆင်ပြေပြေ အသုံးပြုသွားရင်ရပေမယ့် Friend Request ကို ၄၊ ၅ဦးထက်မနည်း ပေးမယ် ။Comment ဇွတ်ပေးမယ် ။Message မပို့ပါနဲ့လို့ တားထားတဲ့ ကြားက ဇွတ်ပို့မယ်။ Link တင်တိုင်း အက္ခရာ တွေကို မှန်အောင် မရိုက်ထည့်နိုင်ဘူးစသည်ဖြင့် အားလုံး (သို့မဟုတ်) တစ်ခုခုကို ပြုလုပ်မိရင် အကောင့် ကြိမ်းသေ Lock ကျသွားမှာ ဖြစ်ပါတယ်။
Log in ပြန်ဝင်ခိုင်းပြီး Log in ဝင်ပြီးနောက် ထပ်ကျလာမှာကတော့ ပုံမှာ ပြထားတဲ့ Page လေး ဖြစ်ပါတယ်။ Check Point ဆိုပြီး ဖုန်းနံပါတ် တောင်းပါတယ်။
ဖုန်းနံပါတ် ဖြည့်ခိုင်းခြင်း ဖြစ်ပါတယ်။ မိမိရဲ့ ဖုန်းနံပတ်ကို ဖြည့်ပြီး သူက Code နံပါတ်ကို Message ပို့ပေးတယ်ဆိုပါတယ်။ ယင်းရတဲ့ Code နဲ့ အကွက်လေးထဲမှာ ပြန်ဖြည့်ရင် အကောင့်ပြန်ရတယ် လို့ဆိုပါတယ်။ အခြားနိုင်ငံများမှာ အဆင်ပြေပေမယ့် မြန်မာပြည်က ဖုန်းနံပါတ်များနဲ့ တော့ အဆင်ပြေတာ ရှားနေပါတယ်။ အချို့ ကျတော့ မိမိဖုန်းနံပါတ် ရိုက်ပြီး Message ပို့တယ်ပြောပါတယ်။ အချို့ ကျတော့ Voice call ကလစ်နှိပ်ပြီး ခေါ်မှာ ရတယ်လို့ဆိုပါတယ်။
လက်ရှိ တွေ့ကြုံရသူ တစ်ဦးကတော့ ယခုချိန်ထိ ပြန်မရသေးပါဘူး။ ဖုန်းနံပါတ်ကို ဟန်းဖုန်းဖြစ်ရင် 9ထပ်ဖြည့်ရိုက်ရပါတယ်။ သို့ပေမယ့် Message လည်းမရ၊ voice call လည်းမရသောကြောင့် အကောင့်ဟာ ယာယီပိတ်သွားတာလား၊ အပြီးပိတ်သွားတာလားကတော့ Facebook Admin များသာ သိရှိမှာ ဖြစ်ပါတယ်။
အကောင့် Lock ကျပြီး ပြန်ရဖို့ကြိုးစားရတာကနောက်မှ ကြိုတင် ဆင်ခြင်ထားတာကတော့ အကောင်းဆုံး ဖြစ်ပါတယ်။ ဒါကြောင့် လက်တလော ပြောင်းလဲနေတဲ့ Facebook Policy ကြားမှာ စာဖတ်သူတို့အကောင့် မပျက်ရန် တိုက်တွန်း ရေးသားမျှဝေ လိုက်ရပါတယ်။
----
အောင်ခမ်း

ပညာရှင်တို့၏အဆိုအမိန့်များ




(၁).အသိတရားပေါ်မူတည်ပြီး လူ့ဘ၀အနိမ့်အမြင့်ဖြစ်လာတယ်

(၂).ရိုးသားမှု့သည် တန်ဖိုးကြီး၍ ရှားပါသောအရာဖြစ်သည်၊

(၃).လူတစ်ယောက်၏ အမြင့်ဆုံးတန်ဖိုးသည် ယုံကြည်စိတ်ချရမှု့ဖြစ်သည်၊


(၄).ဂုဏ်သိက္ခာကို တန်ဖိုးထားတဲ့သူဟာ ကိုယ်ပြောတဲ့စကားကို တန်ဖိုးထားသည်၊

(၅).အပြစ်ရှိ၍ လိပ်ပြာမသန့်ခြင်းသည် စွပ်စွဲမည့်သူ မလို၊

(၆).စိတ်ဓာတ်တည်ငြိမ်ရင့်ကျက်တာဟာ အသက်ကြီးတာငယ်တာနှင့်မဆိုင်

(၇).လိုချင်တဲ့ အရာတစ်ခုကို ရဖို့အတွက် ထိုက်တန်တဲ့ ရင်းနှီးမှု့တစ်ခုတော့ ပေးဆပ်ရမည်၊

(၈).အခတ်အခဲဆိုတာမရှိခဲ့ရင် အရည်ချင်းဆိုတာထုတ်ဖေါ်ခွင့် ရှိမှာမဟုတ်၊

(၉).ဒုက္ခဆိုတာ နောင်တစ်ချိန်မှာ ဟာသဖြစ်သွားမှာပါ၊

(၁၀).လောကမှာ တက်သိတဲ့သူများပြီး သိတက်တဲ့သူ ရှားတယ်၊

(၁၁).တစ်ခါမကောင်းမိတာနဲ့ အခါတစ်ရာကောင်းခဲ့တာကိုမမေ့ပါနဲ့၊

(၁၂).နေရာတကာခွင့်လွတ်ခြင်းသည် လူမိုက်များကို မြေတောင်မြှောက်ပေးခြင်းဖြစ်သည်၊

(၁၃).သည်းခံသူ၏ ဒေါသကိုသတိထားပါ၊

(၁၄).ပေးဆပ်ခြင်းတွေ သိပ်များလာလျှင် ပေါက်ကွဲမှု့တွေ ပြင်းထန်တက်တယ်၊

(၁၅).ကမ္ဘာမှာ စိတ်မချမ်းမြေ့ဖြစ်ရဆုံးက ပညာမဲ့ခြင်းပဲ၊

(၁၆).ကမ္ဘာမှာ အဖိုးအတန်ဆုံးက သူတစ်ပါးကိုအကျိုးဆောင်ပြီး တုံ့ပြန်ကျေးဇူး မတောင်းဆိုခြင်းပဲ၊

(၁၇).ကမ္ဘာမှာ အလှပဆုံးတရားက အရာရာကိုမေတ္တာထားခြင်းပဲ၊

(၁၈).ကမ္ဘာမှာ အကျည်းတန်ဆုံးက တခြားလူရဲ့ဘ၀ကို မနာလိုဖြစ်ခြင်းပဲ၊

(၁၉).ကမ္ဘာမှာ ၀မ်းနည်းစရာအကောင်းဆုံးက မုသားစကားပြောဆိုခြင်းပဲ။


.....
Credit to (မာန်အောင်မြေ )

မြန်မာအမျိုးသမီးတိုင်း ဖတ်သင့်၏။အမျိုးသားများလဲ သိသင့်၏.......


ကိုယ်ဝန်ဖျက်ချခြင်းသည် ပါဏာတိပါတကံ ထိုက်၏ မထိုက်၏

အရှင်ဘုရား၊ မေးလျောက်စရာတခု ရှိလို့ပါဘုရား၊ တပည့်တော်တို့ အနောက်နိုင်ငံတွေမှာ လူမျိုးမရွေး ဘာသာမရွေး နိုင်ငံမရွေးပဲ ( ကန်တော့ပါရဲ့ ) အလိုမတူပဲ မုဒိန်းကျင့်ခံနေရတဲ့ မိန်းကလေးငယ်တွေ ဟာ နောက်ဆက်တွဲအနေနဲ့ ငယ်ငယ်ရွယ်ရွယ်မှာ ကိုယ်ဝန်ဆောင်ရခြင်း ဒုက္ခတွေကို ခံစားနေရပါတယ်၊ တကယ်တော့ သူတို့ဟာ ငယ်ရွယ်သူများ ဖြစ်ကြတဲ့အတွက် တချို့များ ၁၃ နှစ် အရွယ်လောက်မှာပဲ ကိုယ်ဝန်ဆောင်မိခင် ဖြစ်နေကြရတာမို့ တတ်သိနားလည်တဲ့ လူကြီးတွေက နည်းလမ်းတွေ ဘာတွေ ပြောပြပြီး အဲဒီကိုယ်ဝန်ကို ဖျက်ချပေးရပါတယ်၊ မသိနားမလည်သေးတဲ့ ကလေးတွေ ဖြစ်တဲ့အတွက် လူကြီးတွေက မျက်နှာလွှဲနေလို့လဲ မဖြစ်ပြန်ဘူးဘုရား၊

ဒီတော့ ဖခင်မပေါ်တဲ့ ကလေးကို မွေးဖွားခဲ့ပြန်ရင်လဲ လူ့အသိုင်းအ၀ိုင်းထဲမှာ ဘယ်လိုမှ မျက်နှာပြလို့ မရပြန်ဘူး၊ တပည့်တော်တို့ မြန်မာလူမျိုးတွေမှာဆို ပိုဆိုးပါတယ်၊ တကယ်ပဲ ပတ်ဝန်းကျင် အပြင်ဘက် ရောက်သွားတော့တာပါ၊ ပတ်ဝန်းကျင်ကလဲ လူမှု့ရေးကို အဓိကထားပြီး သူ့ကို ၀ိုင်းဝန်းကူညီ
ပေးကြရပါတယ်၊ ကိုယ်ဝန်အရင့်အမာ မဖြစ်သေးရင် နည်းမျိုးစုံနဲ့ ဖျက်ဖို့ အကူညီပေးရပြန်တယ်ဘုရား၊




နောက်တချက်က မဖျက်ပဲ မွေးဖွားလာခဲ့ရင်လဲ လက်ခြေ မသန်မာတဲ့ ကလေးတွေ၊ ဦးနှောက် ပုံမှန်မဟုတ်တဲ့ကလေးတွေ၊ မျက်စိမမြင်၊ နားမကြား၊ ဆွံ့အနေတဲ့ကလေးတွေ စသဖြင့် ပုံမှန် မဟုတ်တဲ့ ကလေးတွေကို မိခင်ဝမ်းတွင်းမှာကတည်းက အာထရာဆောင်း နဲ့ ကြည့်တဲ့အခါမှာ ကြိုတင် သိနေမြင်နေကြရပါတယ်၊ အဲဒီတော့ ဒီလို ကလေးတွေ မွေးလာပြန်ရင်လဲ လူ့လောက ထဲမှာ သူတို့ကို ပြုစုယုယနေရတာနဲ့ မိဘတွေမှာ တခြားအလုပ်မလုပ်နိုင်တော့ပါ

ဒါကို ကြိုတင်ဖြေရှင်းထားမှ သူတို့ဘ၀ အနာဂါတ် မှာသာယာပြီး ချမ်းမြေ့နိုင်ပါမယ်၊ တပည့်တော် သိချင်တာက အဲဒီလို အနှိပ်စက်ခံ မိခင်လောင်း အမျိုးသမီးလေးတွေ ကို ကိုယ့်ပတ်ဝန်းကျင်မှာ တွေ့တဲ့အခါ လူမှု့ရေး အရ လူကြီးတယောက်အနေနဲ့ ကူညီပေးမိပါတယ်၊ အဲဒီလို ကူညီတာဟာ ပါဏာတိပါတကံ ထိုက်ပါသလား ဘုရား --
သိလိုသူ - ဒကာမတစ်ဦး

မေးသင့်တဲ့ မေးခွန်း၊ သိပ်ကောင်းတဲ့ မေးခွန်းပါပဲ၊ သိပ္ပံပညာ နည်းပညာတွေ ထွန်းကားပြီး ရုပ်ဝါဒ ဆန်လာတဲ့ ဒီနေ့ ခေတ်ကြီးထဲမှာ သိမ်မွေ့နူညံ့ပြီး စဉ်းစားရခက်စေတဲ့ မေးခွန်းမျိုးပေါ့၊ မီးစတစ်ဖက် ရေမှုတ်တစ်ဖက် ဆိုတာ ဒါမျိုး အခြေအနေ ထင်ပါရဲ့၊ နားလည်လွယ်အောင် ဘုရားဟော တရားတော်တွေကို ထောက်ဆ ဖြေပေး၇ရင်ဖြင့် ပါဏာတိပါတကံ ထိုက်တယ် လို့ပဲ အတိုချုပ် မှတ်ရပါမယ်။ဘာကြောင့်လဲဆိုတော့ ပါဏာတိပါတအကုသိုလ်ကံမှာ လူသားကို ဖြစ်စေ ၊ တိရိစ္ဆာန်တွေကို ဖြစ်စေ ဘယ်သူ့ကိုပဲ ဖြစ်ဖြစ် သေစေတဲ့ အခါမှာ အောက်ဖော်ပြပါ အင်္ဂါ ၅ ချက် စုံတယ်ဆိုရင် ကံမြောက်တော့တာပါပဲ၊

ပါဏာတိပါတ အင်္ဂါ ၅-ပါး
(၁) ပါဏ- သက်ရှိထင်ရှား သတ္တ၀ါဖြစ်ခြင်း၊
(၂) ပါဏသညိတ- သက်ရှိသတ္တ၀ါဟု စိတ်က သိနေခြင်း၊
(၃) ဃာတ စိတ္တ- သတ်လို သေစေလိုသောစိတ်ရှိခြင်း၊
(၄) ဥပက္ကမ- သေအောင် ပါးစပ်ဖြင့်လည်းကောင်း၊ ကိုယ်တိုင်အားထုတ်၍လည်းကောင်း လုလ္လပြု ခြင်း၊
(၅) မရဏ- ကိုယ့်ပယောဂကြောင့် တဖက်သား သေသွားခြင်း။
ယခုခေတ်အခါ ကိုယ်ဝန်ဖျက်ချဖို့အတွက် ကိုယ်ဝန်ကျဆေးပေးခြင်း၊ ဘယ်လိုပုံစံ လုပ်ရင်ဖြင့် ကိုယ်ဝန်ကျစေနိုင်တယ် စသဖြင့် မိမိပါးစပ်က နည်းလမ်းပြကာ ပြောဆိုနေစဉ်ပင် စိတ်ကလဲ ကိုယ်ဝန်ကျစေ ( တနည်းအားဖြင့် သေစေလိုတဲ့ စေတနာက ပြဋ္ဌာန်းနေတဲ့အတွက် ) ကိုယ်တိုင် သတ်သလိုပါပဲ၊ ဒါကြောင့် အကုသိုလ် မဖြစ်လိုလျင် ဝေေ၀းရှောင်နိုင်လေ အကုသိုလ်ကင်းလေ လို့ပင် ဆိုရပါလိမ့်မည်၊

နောက်ရှောင်လွှဲနိုင်တဲ့ တနည်းကတော့ နစ်ဦးသား စပ်ယှက်ပြီးချိန်မှနောက် ( ၇ ) ရက်ကျော်လွန်လျင် ကလလရေကြည်တည်တယ် လို ဆိုပါတယ်၊ အဲဒီအချိန်မှာ ကိုယ်ဝန်သန္ဓေသား အသက် ၀ိဥာဉ် ရှိနေပြီ လို့ မြတ်စွာဘုရားရှင် ဟောတော်မူထားတာကြောင့် အဲဒီ ၇ ရက်အတွင်း ဆေးစား ဆေးထိုးလုပ်ရင်ဖြင့်
ပါဏာတိပါတကံ ကို ရှောင်နိုင်ပါမယ်။ ယခုခေတ် ဆေးဆရာဝန်များကတော့သန္ဓေသား ၄ လ ပြည့်မှ
အသက်ဝိဥာဉ် ရှိတယ်၊ ဥပမာ နှလုံးခုန်လာတယ် အသက်ရှုလာတယ် လို့ ဆိုပါတယ်၊ ဘယ်လိုပဲ ဖြစ်ဖြစ် ဗုဒ္ဓဘာသာဝင်ဖြစ်သည့်အလျောက် ဘုရားဟောသည့်အတိုင်းကြိုတင်ကာကွယ်တာက အသေချာ
ဆုံးလို့ ယုံကြည်ပါတယ်၊
ဒါကြောင့်လဲ ၇ဟန်းတော်များရဲ့ပါရာဇိက ၄ ပါး အပြစ်ကြီး အာပတ်ကြီးထဲမှာ လူတယောက် အသက်ကို ဘယ်လိုအကြောင်းကြောင့်မှ မသတ်ရဘူး၊ နောက်ဆုံး ပါးစပ်နဲ့ သတ်ခိုင်းတာပဲ ဖြစ်ဖြစ်၊ ကိုယ့်ကိုယ်ကို သတ်သေချင်သူရဲ့ အနားမှာ ကတ်ကြေး ဒါး သံချွန် စသည် ထားပေးတာပဲ ဖြစ်ဖြစ် မလုပ်ကောင်းဘူး၊ သေမည့်သူကို အားပေးအားမြှောက်လဲ မပြောရဘူး၊ ရဟန်းတော်များဟာ ကိုယ်ဝန်ဆောင်မိခင်သည်ကိုလဲ ဘယ်ဆေးကို သောက်လိုက်၊ ဘယ်လို လုပ်လိုက်ရင် ကိုယ်ဝန်ကျစေရမယ် စသည်ဖြင့် ယောင်လို့တောင် ပါးစပ်နဲ့ မပြောကောင်းဘူး၊ ကိုယ်ပြောတဲ့အတိုင်း သန္ဓေလောင်းကလေး သေလို့ကတော့ ရဟန်းဘ၀ ဆုံးရှုံးတော့ပါတာပါပဲ။ ဒါကြောင့် ပါဏာတိပါတအပြစ်ဟာ ထင်ရှားသိသာတယ် လို့ ထင်ရပေမယ့် သိပ်ပြီး နူညံ့တဲ့ အကုသိုလ်ဆိုလဲ မမှားပါဘူး၊
လူမှု့ရေးတခုကိုသာ ကြည့်ရင် ခွင့်လွှတ်နိုင်စရာ လို့ ထင်ရပေမယ့် အပြစ်ဟာ အပြစ်ပါပဲ၊ ဒီနေရာမှာ ကိုယ်တိုင်သတ်ပုံ ၊ သေစေပုံ နည်းလမ်းတွေကို ဗဟုဿုတအဖြစ် ရှာဖွေထုတ်နှုတ်တင်ပြလိုက်
ပါတယ်။

ပါဏာတိပါတကံ ၏ ပယောဂအမျိုးအစား ၈-ပါး
(၁) ဥဒ္ဒိဿ ပယောဂ-သေစေလိုသော သတ္တ၀ါကို စိတ်မှတ်၍ သတ်ဖြတ် ခြင်း၊
(၂) အနုဒ္ဒိဿ ပယောဂ- ဘာကောင်သေသေ၊ တကောင်ကောင် သေရင် ပြီးရော စိတ်မျိုးဖြင့် သတ်ဖြတ်ခြင်း၊
(၃) သာဟတ္ထိက ပယောဂ-ကိုယ်တိုင် သတ်ခြင်း၊
(၄) အာဏတ္တိက ပယောဂ- သူတပါးကို သတ်ခိုင်းခြင်း၊
(၅) နိဿဂ္ဂိယ ပယောဂ-အဝေး၌နေသော သတ္တ၀ါကို မြှား လှံ သေနတ် စသည်ဖြင့် သေစေခြင်း၊
(၆) ထာဝရ ပယောဂ- တွင်းတူးထားကာ တွင်း၌ကျ၍သေစေခြင်း၊ ဆေးဝါး အစီအရင် စသည်ဖြင့် သတ်ခြင်း၊
(၇) ၀ိဇ္ဇာမယ ပယောဂ- ဓာတ်ရိုက် ဓာတ်ဆင် ဂါထာမန္တရား စသော အစီအရင်တို့ဖြင့် သေအောင်သတ်ခြင်း၊
(၈) ဣဒ္ဓိမယ ပယောဂ- မိမိ ကမ္မဇိဒ္ဓိတန်ခိုးဖြင့် သတ္တ၀ါတို့ကို သေစေခြင်း။
ပါရာဇိကဏ် အဋ္ဌကထာ ဒု ။

ပါဏာတိပါတကံ၏ မကောင်းကျိုး ၂၃-မျိုး
ဤနေရာ၌ ပါဏာတိပါတ် သူ့သက်သတ်သူတို့ ခံစားတွေ့ကြုံရသော မကောင်းကျိုးများသည် ပိဋကပါဠိတော်တို့၌ သင်္ချာအမျိုးမျိုးဖြင့် လာရှိသော်လည်း ဤ၌ အလုံးစုံပါဝင်သည့် ခုဒ္ဒကပါဌ အဋ္ဌကထာလာ သင်္ချာ ၂၃-ပါးကို ပြဆိုပါမည်၊

(၁) ခြေလက် စသော ကိုယ်အင်္ဂါချို့တဲ့ခြင်း၊
(၂) ခန္ဓာကိုယ် အချိုးအစား မကျခြင်း၊
(၃) နုံနှေး လေးဖင့်ခြင်း၊
(၄) ခြေ, လက်, ဖ၀ါး, မညီညာခြင်း၊
(၅) ရုပ်ဆိုးခြင်း ၊
(၆) အသားအရေ မွဲခြောက်ခြင်း၊
(၇) အသားအရေ ကြမ်းထမ်းးခြင်း၊
(၈) ကြောက်ရွံ့တတ်ခြင်း၊
(၉) ခွန်အားဗလ မရှိခြင်း၊
(၁၀) စကားပြေပြစ်စွာ ချိုချိုသာသာ မပြောတတ်ခြင်း၊
(၁၁) ချစ်ခင် ကြင်နာမည့်သူ မရှိခြင်း၊
(၁၂) မိမိပရိသတ် အကြိမ်ကြိမ် ပြိုကွဲ ပျက်စီးခြင်း၊
(၁၃) ထိတ်ထိတ်လန့်လန့် ဖြစ်နေရခြင်း၊
(၁၄) လက်နက်, အဆိပ် သင့်တတ်ခြင်း၊
(၁၅) သူများ ပယောဂဖြင့် မသေသင့်ပဲ သေရခြင်း၊
(၁၆) တွေဝေ ထုံထိုင်း ဖျင်းအခြင်း၊
(၁၇) ခြွေရံပရိသတ် နည်းပါးခြင်း၊
(၁၈) စက်ဆုပ်ဖွယ် ရုပ်အဆင်းရှိခြင်း၊
(၁၉) ကုန်းကွသော ကိုယ်ရှိခြင်း၊
(၂၀) ကြောင့်ကြ ဗျာပါဒ စိုးရိမ်မှုများခြင်း၊
(၂၁) ဘေးရန် များခြင်း၊
(၂၂) ချစ်ခင်သော သားသမီးတို့နှင့် ကွေကွင်းရခြင်း၊
(၂၃) ကိုယ်တိုင်လဲ အသက်တိုခြင်း။
ဗုဒ္ဓတရားတော်အရ မိခင်ဝမ်းတွင်းမှ သန္ဓေသားကလေးဟာ ကိုယ်လက် အင်္ဂါ ချို့တဲ့သည်ဖြစ်စေ ကောင်းသည်ဖြစ်စေ၊ ဘ၀အဆက်ဆက်က ဆည်းပူးခဲ့တဲ့ သူ့ရဲ့ အကုသိုလ်ကံအတိုင်း အကျိုးပေးတယ်လို့ပဲ မှတ်ရပါမယ်၊ ကိုယ်ကတော့ လုလ္လပြုပြီး သတ်ဖို့ အားမထုတ်သင့်ပါဘူး၊

အထက်ပါအချက်အလက်တို့ကိုထောက်ရှု့သောအားဖြင့်ယခုခေတ်တွင်မရှူ့မလှဝေဒနာခံစားနေရ
သော လူနာအား ထိုးဆေးထိုးကာ အနားပေးစေခြင်း၊ မိခင်နှင့် ကလေးစောင့်ရှောက်ရေး အသင်းမှ ခွင့်ပြုမိန့်စသည်ရယူကာ ဖျက်ချစေခြင်း၊ လူမှုရေး ပရဟိတ လုပ်နေသူတိုင်း မကင်းနိုင်သော NGO အဖွဲ့အစည်း၊ UniCef စသောအဖွဲ့အစည်းများလဲ သတိထားသင့်တယ် လို့ စာရေးသူကတော့ သတိပေးလိုပါတယ်၊
ဥပမာ - တရားသူကြီးက သေဒဏ် ကျခံရမယ့် တရားခံကို မလွှဲမရှောင်သာလို့ ဒီလူကို အနားပေးလိုက်ပါ လို့ မျက်နှာအမူအယာရော စကားနဲ့ပါ ချိုချိုသာသာ အမိန့်ချလိုက်ပေမယ့် တဖက်သားမှာတော့ မသေချင်ပဲ သေရတော့မှာပါ၊ တရားခံသေတာနဲ့တပြိုင်နက် တရားသူကြီးဟာလဲ သတ်ပေးသူနဲ့ အတူတူ ပါဏာတိပါတကံ အလိုလို ထိုက်သွားပါပြီ၊

ဒါကြောင့် နုးညံ့သိမ်မွေ့တဲ့ ပါဏာတိပါတတွေကို အတတ်နိုင်ဆုံး ရှောင်လွှဲကာ လူမှု့ဒုက္ခတွေကို ဖြေရှင်းနိုင်ကြပါစေ လို့ မေတ္တာစကားဖြင့် နိဂုံးချုပ်လိုက်ပါတယ်။

အရှင်သုနန္ဒာလင်္ကာရ

Format Factory 2.60


ဒီ Format Factory လေးက viedo ဖိုင်တွေကို Mp3 ပြောင်းချင်တာပဲဖြစ်ဖြစ်... viedos,auidos,pictures စတာတွေကို format အမျိုးမျိုးပြောင်းချင်တာပဲဖြစ်ဖြစ် အသုံးပြုလို့ ရပါတယ်..ပြီးတော့ dvd, cd ထဲကိုဖိုင်တွေကိုလည်း file အမျိုးအစားတွေပြောင်းပေးနိုင်ပါတယ်...media file တော်တော်များများကိုလည်း support လုပ်ပေးပါတယ်....free software အမျိုးအစားလေးပါ.. install သွင်းပီး စိတ်ကြိုက်အသုံးပြုလို့ ရပါတယ်..လိုအပ်တယ်ဆိုရင် ယူသွားပါ...

မြန်မာစာအုပ်များဖတ်ရှုရန်

အမည် = HEIN TINT ZAW
လိပ်စာ = http://www.heintintzawbooks.com/
အကြောင်းအရာ = မြန်မာစာအုပ်များဖတ်ရှုရန်။


(ကီးကီး)

အမည် = ကီးကီး
လိပ်စာ = http://keekee.minus.com/
အကြောင်းအရာ = နည်းပညာစာအုပ်များရယူရန်။



(MYANMAR EBOOKS)

အမည် = MYANMAR EBOOKS
လိပ်စာ = http://www.myanmarebooks.net/
အကြောင်းအရာ = မြန်မာစာအုပ်များဖတ်ရှုရန်။


(ဆရာအောင်သင်း)

အမည် = အောင်သင်း
လိပ်စာ = http://aungthin.com/
အကြောင်းအရာ = ဆရာအောင်သင်းဧ။်စာအုပ်နှင့်
ဆောင်းပါးများဖတ်ရှုရန်။


(BOOK HIVE)

အမည် = BOOK HIVE
လိပ်စာ = http://www.books-hive.com/
အကြောင်းအရာ = မြန်မာစာအုပ်များရယူရန်။


(DOWNLOAD FOR EBOOKS)

အမည် = DOWNLOAD FOR EBOOKS
လိပ်စာ = www.dlfeb.co.cc
အကြောင်းအရာ = မြန်မာစာအုပ်များရှာဖွေ၍ဒေါင်းလုပ်ရန်။


(စကားဝါမြေ)

အမည် = စကားဝါမြေ
လိပ်စာ = http://www.sagarwarmyae.info/
အကြောင်းအရာ = မြန်မာစာအုပ်များရယူရန်။


(WINT NYIN THIT)

အမည်= ၀ိဥာဏ်သစ်
လိပ်စာ=
www.wntbookshelf.com/
အကြောင်းအရာ= မြန်မာစာအုပ်များဖတ်ရှုရန်။


(NAY THIT LIBRARY)

အမည်= နေ့သစ်စာကြည့်တိုက်
လိပ်စာ=
http://www.naytthit.net/?cat=138
အကြောင်းအရာ= စာအုပ်များဒေါင်းလုပ်ရယူရန်။


(MM BLOGS E-BOOKS)

အမည်= E-BOOKS BLOG
လိပ်စာ=
ebooks.mmblogs.net/
အကြောင်းအရာ= စာအုပ်များဒေါင်းလုပ်ရယူရန်။


(MYANMAR NETWORK NEWS)

အမည်= MYANMAR NETWORKNEWS
လိပ်စာ=
www.myanmarnetworknews.com/
အကြောင်းအရာ= စာအုပ်များဒေါင်းလုပ်ရယူရန်။


Related Posts Plugin for WordPress, Blogger...

Like ခြင်းဖြင့် အားပေးပါ :)

mumcradio