Showing posts with label ဒဿန. Show all posts
Showing posts with label ဒဿန. Show all posts

Saturday, 14 July 2012

တဂိုးရဲ့ ဒဿနများ စုစည်းမှု


နေမင်းကြီးနှင့်လွဲ ရသည့်အတွက်သင်ငိုကြွေး
နေလျှင်ကြယ်ပွင့်လေးတွေနဲ့လည်း လွဲရပေဦးမည်။


ဖန်ဆင်းခြင်း၏လျှို့ဝုက်ဆန်းကြယ်မူသည် ညအမှောင်ထုကဲ့သို့
နက်ရှိုင်းကြီးကျယ်လှပါ၏ အသိဥာဏ်၏ မိုက်မှားလွန်ခြင်းက-
နံနက်ခင်းမြူးနှင်းတို့နှင့်တူ၏။

သင်ဘာလဲဆိုတာ သင် မမြင်ပါ။
သင်မြင်သည်မှာ သင့် အရိပ်သာ။


* အကောင်းဆုံးကို ကျွန်ုပ်မရွေးချယ်နိုင်ပါ။
အကောင်းဆုံးကသာ ကျွန်ုပ်ကို ရွေးချယ်တာပါ။

* အို...အလှအပ...ချစ်ခြင်း မေတ္တာတရားသာ သင် တွေ့ပါစေ။
ကြည်မှန်တစ်ချပ်၏ (ဖျားယောင်း)မြှောက်ပင့်မူထဲတွင် မတွေ့ပါရစေနဲ့။

* ခန်းခြောက်နေသောမြစ်ပြင်လွှာသည် သူ၏
အတိတ်ကိုကျေးဇူးတင်စရာ ရှာမတွေ့။

* နှလုံးသားသည်အဘယ်ကြောင့် ငြိုးလျ ငြိမ်သက်သွားသည်ကို ကျွန်ုပ်မပြောနိင်ပါ။
ကှ်ျသည်မှာ...အသေးအဖွဲ့ လိုအင်ဆန္ဒများအတွက် ဘယ်တော့မှ မမေးမြန်း မသိ
သတိမရခြင်းကြောင့်သာ ဖြစ်ပါ၏။

* သူသည် လက်နက်များကို ကိုးကွယ်ရာ
အဖြစ်ထုတ်လုပ်၏။ လက်နက်များက အနိင်ရသောအခါ
သူသည်သာ ရှုံးနိမ့်သွားတော့၏။


* စိတ်သည်ထက်မြက်စူးရှ၏။ သို့သော် ကျယ်ပြန့်ခြင်း မရှိ။
ထို့ကြောင့်နေရာတိုင်းတွင် တွယ်ငြိ၏။ သို့ရာတွင် ရွေ့လျားခြင်းတော့ မရှိ။

* ငါ၏တစ်နေ့တာ ကုန်ဆုံးသွားခဲ့ပြီ ငါသည် ညနေခင်း ဒီရေအကျတေးသံကို
နားဆင်နေသော ကမ်းပေါ်ဆွဲတင်ခံထားရသည့် လှေငယ်တစ်စီးနှင့် တူလှ၏။

ဘ၀က ငါတို့ကို ပေးသည်။
ငါတို့ကလည်းဘ၀ကို ပေးဆပ်ခြင်းဖြင့်
အလုပ်အကျွေး ပြန်ပြုကြ၏။

* မပြည့်စုံသော ချစ်ခြင်းအတွက်
ပြည်စုံခြင်းက သူ့ဖာသာ အလှဆင်လာ၏။

* မြက်ပင်ငယ်လေး...
မင်းခြေလှမ်းတွေက သေးငယ်လှပါဘိ။
ဒါပေမဲ့...မင်းခြေလှမ်းတွေ အောက်မှာရှိတဲ့
ကမ္ဘာမြေကြီးကို မင်း ပိုင်ဆိုင်ထားပါတယ် ။

* အမှားက ဆုံးရှုံးခံနိုင်စွမ်းရည်မရှိ-
အမှန်သာလျှင် ဆုံးရှုံးခံနိင်စွမ်းရှိ၏။

* ရေငတ်သူတို့အတွက်
ရေအနည်းငယ်မျှဖြင့်
လုံလောက်နိင်မှန်း  သိသော်လည်း
ငါ့တွင် ရှိသမျှသော ရေအားလုံးကို
ဝမ်းသာစွာ ငါပေး၏ဟု
ရေတံခွန်က တေးဆိုသည် ။

* ကျွန်ပ်တို့သည် ကမ္ဘာလောကကြီးအကြောင်းကို ဖတ်ပြီး
ကျွန်ပ်တို့ကို ကမ္ဘာလောကကြီးက လှည့်စားနေတာပါလို့ ပြောဆိုကြသေးတယ်။

* မြက်ပင်သည်သူ(မ)၏အစုအဝေးကို
မြေပြင်တွင်ရှာဖွေ ၏။
သစ်ပင်ကမူသူ၏အထီးကျန်ခြင်းကို
ကောင်းကင်တွင်ရှာဖွေသည်။

* အမှောင်ထုအတွင်း မီးပွားများကို ပွင့်စေသော
မမြင်ရသည့် မီးလျှံဆိုသည်မှာ ကြယ်ပွင့်များလား။

* ဘ၀ကို နွေဦးပန်းနှယ် သာယာလှပပါစေကွယ် ။
မရဏကိုတော့..
ဆောင်းဦးရက်ကြွေဝယ် တင့်တယ်ပါစေကွယ်။

* ဓားသွား၏ ချွန်ထက်မူကို
အကာကွယ်ပေးရသဖြင့်
ဓားအိမ်သည် ခပ်တုံးတုံးဖြစ်စေရန် လိုအပ်၏။

* အမှောင်ထဲတွင် တစ်ဦးတစ်ယောက်သည် ပုံစံတူသကဲ့သို့ ဖြစ်ပေါ်နေသည်။
အလင်းထဲတွင် တစ်ဦးတစ်ယောက်သည် မတူကွဲပြားခြားနားသကဲ့သို့ ဖြစ်နေ၏။

* သစ်ရွက်တို့၏မွေးဖွားခြင်းနှင့်သေဆုံးခြင်းသည်
ဝဲကတော့၏အလျင်အမြန် ချာချာလည်နေခြင်းမျှသာဖြစ်၏။
၎င်းတို့၏ ကျယ်ပြန့်သော စက်ဝိုင်းဂယက်များသည်
ကြယ်များကြားတွင် တဖြည်းဖြည်း ရွှေ့လျားနေကြ၏။

* မြူးနှင်းသည်...
ကမ္ဘာမြေကြီး၏အလိုဆန္ဒနှင့်တူ၏။
၎င်းသည်(ကမ္ဘာမြေကြီးက)
တောင့်တအပ်သော နေမင်းအား ဖုံးကွယ်ထားပေး၏။

* ဘ၀၊ အချစ်နှင့် မရဏ ရေစီးကြောင်းများတွင်
စီးမျောပါခဲ့ရသော အ ချိန်ကာလများကို
ကျွန်ုပ်တွေး၏။
ပြီးတော့...ကျွန်ုပ်- မေ့ပစ်လိုက်သည်။
ထို့အခါ ကုန်လွန်သွားပြီးသော
လွပ်လပ်မူကို ကျွန်ုပ် သတိရခံစားနေမိတော့၏။

* မရဏ၏ အမှတ်တံဆိပ်သည် ငွေဒင်္ဂါးကိုတန်ဖိုး
ရှိစေရန် ဖန်တီးပေးသည်။
ထိုအရာဖြင့် စစ်မှန်အဖိုးတန်သော ဘ၀ကို ၀ယ်ယူနိင်၏။


* သင့်ကိုယ်ပိုင်အိတ်ကပ်ထဲမှာ ကုသိုလ်ဟောင်းကို
ချေးဌားလိုက်ခြင်းဖြင့် သင့်မိတ်ဆွေကို
မစော်ကားလိုက်ပါနှင့်။

အမည်မဲ့ နေ့ရက်တို့၏ ထိတွေ့မူများသည်
သစ်ပင်အို ပတ်လည်တွင် ရှိသော
ရေညှိများနှယ် ကိုယ့်ကို တွယ်ငြိနေတော့၏။

* ပဲ့တင်သံသည် သူသာလျင်
မူလပထမဖြစ်ကြောင်း သက်သေပြရန်အတွက်
မူရင်းသံကိုသရော် လှောင်ပြောင်နေတော့၏။

* ငါ၏လမ်းပေါ်တွင် ငါ့အရိပ်ကိုထင်စေ၏။
အကြောင်းမူကား.....
မီးမထွန်းညှိရသေးသော မီးအိမ်တစ်လုံး
ငါမှာ ရှိနေသောကြောင့်တည်း။

* ကုန်ခမ်းခြင်းတွင်- အဆုံးသတ်သောအရာသည်-
သေခြင်းမည်၏။
သို့ရာတွင်...
ပြီးပြည့်စုံသောအဆုံးစွန်တရားသည်
အဆုံးမဲ့မူပေါ်တွင်တည်သည်။




တဂိုးစာအုပ်မှ ပြန်မျှဝေသည်။

Monday, 11 June 2012

ဒဿန (၁)


ယနေ့ သင်လုပ်ခဲ့သမျှအတွက် နောင်တစ်ချိန်တွင် လူတွေက
သင်နှင့် သင့်တော်သော ခေါင်းစဉ်တစ်ခု တပ်ပေး ကြပါလိမ့်မည်။
ထိုခေါင်းစဉ်ကို သင် နှစ်သက်ချင်မှ နှစ်သက်လိမ့်မည်၊
သို့သော် ၎င်းမှာ သင်ကိုယ်တိုင် ရေးခဲ့သော သမိုင်းပင် ဖြစ်သည်။
Related Posts Plugin for WordPress, Blogger...

Like ခြင်းဖြင့် အားပေးပါ :)

mumcradio