မြန်မာနိုင်ငံတွင် သမားရိုးကျအစဉ်အလာအားဖြင့် မြန်မာထုံးတမ်းစဉ်လာ (၁၀)မျိုးဖြင့် လက်ထပ်ထိမ်းမြား ဆောင်ရွက်လေ့ ရှိကြပေသည်။ မိမိအဆင့်အတန်းအလိုက် ကြိုက်နှစ်သက်ရာ (၁)ပါးဖြစ်စေ၊ (၂)ပါးတွဲ၍ဖြစ်စေ၊ (၅)ပါးတွဲ၍ဖြစ်စေ၊ (၆)ပါးတွဲ၍ဖြစ်စေ ဆောင်ရွက်ခြင်းဖြင့် လက်ထပ်မင်္ဂလာမှုပြုလုပ်ကြပေသည်။ထိုလက်ထပ်ခြင်း (၁၀)မျိုးတို့မှာ၁။ ပုဆိုးတန်းတင်လက်ထပ်ခြင်း ကုန်ကျငွေနည်းနည်းနှင့် လိုရင်းထိရောက်စေသော လက်ထပ်ခြင်းဖြစ်သည်။ သတို့သားဝတ်ဆင်သော ပုဆိုးအင်္ကျီတို့ကို...
