Sunday 11 November 2012

ခုနှစ်ရက်သားသမီးများအတွက် ( ၁၂.၁၁.၁၂) မှ (၁၈.၁၁.၁၂) အထိ တပတ်စာဗေဒင်ဟောစာတမ်း

ဆရာကြီးမင်းသိင်္ခ၏တပည့် ဗေဒင်ပညာရှင် ဆွေဇင်ဝတီ

တနင်္ဂနွေသားသမီးများ၏ကံကြမ္မာ
အလုပ်တွင်စိတ်ပင်ပမ်းလူပင်ပမ်းဖြစ်နေတတ်သည်။ ယခုအချိန်ကိုယ်ပိုင်လုပ်ငန်းလုပ်ရန်ဖြစ်လာတတ်သည်။ မလုပ်
ပါနှင့်၊ မအောင်မြင်သေးသောအချိန်ဖြစ်သည်။ ငွေဝင်မည်။ အကျိုးမရှိကုန်တတ်သည်။စာချုပ်စာတမ်း၊စာရင်းအင်း
များ သတိထားပါ။စာရင်းအင်းမှားပြီးငွေစိုက်ဖြေရှင်းရတတ်သည်။ ဆွေမျိုးသားချင်းအတွက်ပူပင်သောကဖြစ်ရတတ်
သည်။ မိမိစိတ်တွင်ဖြစ်ချင်နေတာတမျိုးလုပ်ကိုင်နေရတာတမျိုးဖြစ်နေတတ်သည်။
စိတ်တိုင်းမကျဖြစ်နေတတ်သည်။
ကျန်းမာရေး။ ဗိုက်အောင့်ပြီးဆေးရုံဆေးခန်းသွားနေရတတ်သည်။
အချစ်ရေး။ မိမိအနားတွင်အားပေးပြုစုဖေါ်ကောင်းရှိနေသောကြောင့်ရောဂါတ၀တ်သက်သာနေသည်။
ယတြာ။ မွေးနေ့နံနက်တွင် မိမိကိုးကွယ်ရာဘာသာမှဘုရားသခင်အားအုန်းစိမ်းရည်ကပ်လှူဆုတောင်းပါ။
အကျိုးပေးဂဏန်း။ ( ၁ ၂ ၅ ၂)

တနင်္လာသားသမီးများ၏ကံကြမ္မာ
အလုပ်တွင်လက်အောက်ငယ်ထွက်ပြေးသွားသောကြောင့်စိတ်တိုသလိုဖြစ်နေခြင်း၊ အလုပ်များမနိုင်မနင်းဖြစ်နေတတ်
ခြင်းဖြစ်နေတတ် သည်။ လူမျိုးခြား၊ ဘာသာခြားကြောင့်စိတ်အနှောင့်အယှက်ဖြစ် ရတတ်သည်။ အလုပ်တွင်အထက်
လူကြီး ဆရာသမားကောင်းများနှင့်လုပ်ကိုင်နေရသောကြောင့် အစစအရာရာအဆင်ပြေနေတတ်သည်။ စက်ပစ္စည်း
အဟောင်း များထွက်ပြီးအသစ်များဝင်မည်။ခင်မင်သောမိတ်ဆွေများနှင့်လမ်းခွဲရတတ်သည်။ နိုင်ငံခြားနှင့်ပတ်သက်
သောလုပ်ငန်းများရပ်တန့်နေသည်။
ကျန်းမာရေး။ လက်မောင်းတဘက်ကိုက်ခဲနေတတ်သည်။
အချစ်ရေး။ အစစအရာရာအဆင်ပြေနေပါသည်။
ယတြာ။ မွေးနေ့နံနက်တွင် မိမိကိုးကွယ်ရာဘာသာမှဘုရားသခင်အား ကြံရည်ကပ်လှူဆုတောင်းပါ။
အကျိုးပေးဂဏန်း။ ( ၂ ၃ ၆ ၃)

အင်္ဂါသားသမီးများ၏ကံကြမ္မာ
သင်တန်းတခုတက်ရခြင်း၊ ပညာသင်ရန်ပြင်ဆင်နေရတတ်ခြင်းများဖြစ်နေတတ်သည်။ မိတ်ဆွေဟောင်းများနှင့်ပြန်
လည် ဆုံတွေ့ရတတ်သည်။ စိတ်တိုင်းမကျဖြစ်နေတတ်သည်။ မိမိဖြစ်ချင်သလိုမဖြစ်ဘဲအဆင်ပြေသလိုလုပ်ကိုင်နေ
ရတတ်သည်။ ၀င်ငွေမရှိဘဲထွက်ငွေများနေတတ်သည်။ အလုပ်လက်မဲ့ဖြစ်နေတတ်သည်။ စိတ်များလေနေတတ်
သည်။ ဘယ်အလုပ်ဘဲလုပ်လုပ်စိတ်ပင်ပမ်းလူပင်ပမ်းဖြစ်တတ်သည်။ သည်းခံပြီးလုပ်ပါ။
ကျန်းမာရေး။ အရေပြားတွင်အဖု့အပိန့်ထွက်ခြင်း၊ အညိုအမဲစွဲခြင်းဖြစ်နေတတ်သည်။
အချစ်ရေး။ လက်ရှိချစ်သူထက်အရင်ချစ်သူဟောင်းကိုသတိရလွမ်းနေတတ်သည်။
ယတြာ။ မွေးနေ့နံနက်တွင် မိမိကိုးကွယ်ရာဘာသာမှဘုရားသခင်အားစပျက်သီးဖျော်ရည်ကပ်လှုဆုတောင်းပါ။
အကျိုးပေးဂဏန်း။ ( ၃ ၄ ၇ ၄)

ဗုဒ္ဓဟူးသားသမီးများ၏ကံကြမ္မာ
နိုင်ငံခြားနှင့်ပတ်သက်သောလုပ်ငန်းများလုပ်နေရတတ်သည်။ ရေခြားမြေခြားပင်လယ်ခရီးကောင်းသွားရတတ်သည်။
ပညာသင်ရခြင်း၊ မြေ၀င်ခြင်း၊ ဖုန်းဝင်ခြင်း၊ ကြာသပတေးနံပစ္စည်းများရောက်လာ ခြင်းဖြစ်တတ်သည်။ လုပ်ငန်းတွင်
ဝင်ငွေကောင်းနေသည်။ လစာတိုးခြင်း၊ အပိုဝင်ငွေရခြင်းများဖြစ်နေတတ်သည်။ လက်ဆောင်ပစ္စည်းများလည်းရနေ
တတ်သည်။ မျက်မှန်၊ ဆိုင်ကယ်၊ ဆိုင်ခန်းဝင်တတ်သည်။ လူလိမ်ခံရခြင်းဖြစ်တတ်သည်။ ရွှေ၊ နာရီထွက်တတ်သည်။
သတိရှိပါ။
ကျန်းမာရေး။ သွေးတိုးနေတတ်သည်။ အစားအသောက်ဆင်ခြင်ပါ။
အချစ်ရေး။ အနေဝေးလို့သွေးအေးနေတတ်သည်။
ယတြာ။ မွေးနေ့နံနက်တွင် မိမိကိုးကွယ်ရာဘာသာမှဘုရားခင်အားလိမ္မော်သီးဖျော်ရည်ကပ်လှူဆုတောင်းပါ။
အကျိုးပေးဂဏန်း။ ( ၄ ၅ ၈ ၅)

ကြာသပတေးသားသမီးများ၏ကံကြမ္မာ
ခရီးများဆက်တိုက်သွားနေရတတ်သည်။ အလှူအတန်းများလည်းဆက်တိုက်ပြုလုပ်နေရတတ်သည်။ စက်ပစ္စည်း
များဝင်ခြင်း၊ အစားအစာများလက်ဆောင်ရခြင်းများဖြစ်တတ်သည်။ မိတ်ဆွေဟောင်းများနှင့်တွေ့ရတတ်သည်။
အလုပ်တွင်ပုံမှန် အတိုင်းဖြစ်နေသည်။ အဖွဲအစည်းနှင့်ပတ်သက်ပြီး မိမိကြိုးစားသလောက်မအောင်မြင်သေးဘဲဖြစ်
နေသေးသည်။ လက်အောက်ငယ်သားကြောင့်စိတ်ညစ်စရာဖြစ်ရတတ်သည်။ မိမိရစရာငွေများမရသောကြောင့်စိတ်
ညစ်ရတတ်သည်။
ကျန်းမာရေး။ ဆီးချိုရောဂါကြောင့်ဆေးထိုးနေရတတ်သည်။
အချစ်ရေး။ အချစ်ရေးအတွက်မစဉ်းစားနိုင်အောင်ဖြစ်နေတတ်သည်။
ယတြာ။ မွေးနေ့နံနက်တွင် မိမိကိုးကွယ်ရာဘာသာမှဘုရားသခင်အားပန်းသီးဖျော်ရည်ကပ်လှူဆုတောင်းပါ။
အကျိုးပေးဂဏန်း။ ( ၅ ၆ ၉ ၆)

သောကြာသားသမီးများ၏ကံကြမ္မာ
အလုပ်များပိနေတတ်သည်။ လူမူရေးများလည်းလုပ်ကိုင်နေရတတ်သည်။ စက်ပစ္စည်း တီဗွီဝင်ခြင်း၊ ရွှေဝင်ခြင်း၊
လျှပ်စပ်ပစ္စည်းများဝင်ခြင်းဖြစ်တတ်သည်။ ငွေများဝင်သည်။ ကူညီမှုများလည်းလုပ်နေရတတ် သည်။ မိမိနှင့်ရင်နှီး
သော မိတ်ဆွေသစ္စာမရှိမှုကြောင့် မိမိအလုပ်တွင်မမျှောင့်လင့်သောဆုံးရှုံးမှုများဖြစ်တတ်သည်။ လက်အောက်ငယ်
သား ထွက်ပြေးတတ်သည်။ မိမိလုပ်ကိုင်နေသောအလုပ်များတိုးတက်သော်လည်း စိတ်ရှုပ်စရာများဖြစ်နေတတ်
သည်။ မကြာခင်အဆင်ပြေသွားပါလိမ့်မည်။
ကျန်းမာရေး။ သွေးပေါင်ကျနေတတ်ခြင်း၊ သွားဒုက္ခပေးခြင်းဖြစ်နေတတ်သည်။
အချစ်ရေး။ ချစ်သူ / အိမ်ထောင်ဖက်ကျန်းမာရေးညံ့နေသောကြောင့်စိုးရိမ်စိတ်များဖြစ်နေတတ်သည်။
ယတြာ။ မွေးနေ့နံနက်တွင် မိမိကိုးကွယ်ရာဘာသာမှဘုရားသခင်အားသရက်သီးဖျော်ရည်ကပ်လှူဆုတောင်းပါ။
အကျိုးပေးဂဏန်း။ ( ၆ ၇ ၀ ၇)

စနေသားသမီးများ၏ကံကြမ္မာ
အလုပ်တွင်ဝင်ငွေကောင်းနေသည်။ သို့သော်ငွေများမမြဲဘဲဖြစ်နေသည်။ စိတ်များလေနေသည်။ မိမိအလုပ်တွင်
စိတ်မ၀င်စားဘဲအလောင်းအစားဖက်စိတ်ရောက်နေတတ်သည်။ ရသမျှငွေများကုန်နေတတ်သည်။ နိုင်ငံခြားနှင့်
ပတ်သက်သောကိစ္စများရပ်တန့်နေသေးသည်။ ပြည်တွင်းခရီးသွားရတတ်သည်။ ပြည်ပခရီးအားနည်းနေသေးသည်။
အလုပ်တွင်လုပ်ဖေါ်ကိုင်ဖက်များကြောင့်စိတ်အနှောင့်အယှက်ဖြစ်ရတတ်သည်။ မိမိအလုပ်ကိုဂရုတစိုက်လုပ်ပါ
အောင်မြင်ပါလိမ့်မည်။
ကျန်းမာရေး။ မျက်စိနှင့်ပတ်သက်ပြီးမျက်စိဆေးခန်းသွားရတတ်သည်။
အချစ်ရေး။ မိမိကဖွင့်မပြောရဲဘဲဖြစ်နေတတ်သည်။ ရဲရဲသာဖွင့်ပြောလိုက်ပါ၊ ချစ်သူရည်းစားရကိန်းရှိသည်။
ယတြာ။ မွေးနေ့နံနက်တွင် မိမိကိုးကွယ်ရာဘာသာမှဘုရားသခင်အားဒိန်ချဉ်ကပ်လှူဆုတောင်းပါ။
အကျိုးပေးဂဏန်း။ ( ၈ ၉ ၁ ၉ )

*ကောင်းကျိုးလိုရာဆန္ဒပြည့်ဝကြပါစေ*
ဗေဒင်ပညာရှင်- ဆွေဇင်ဝတီ (ဆရာကြီးမင်းသိင်္ခ၏တပည့်)

ဟောချိန်- နံနက် ၁၀း၀၀ နာရီ မှ ညနေ ၅း၀၀ နာရီထိ

ဟောခန်း- နန်းထိုက်ပဒုမ္မာစားသောက်ဆိုင်၊ ကလန်း

ကလန်းကားဂိတ် နှင့် Mydin Supermarketအနီး

ဖုန်း+ 016 6903 513 ,+018 2250 510
Related Posts Plugin for WordPress, Blogger...

Like ခြင်းဖြင့် အားပေးပါ :)

mumcradio