Friday, 25 May 2012

ပညာပေးပုံပြင်လေးတစ်ပုဒ်ပါ.......

တစ်ခါတုန်းက အတင်းအဖျင်း ပြောတာ အလွန်ကို ၀ါသနာကြီးတဲ့
မိန်းမကြီးတစ်ယောက် ရှိပါတယ်.. သူဟာ သူတစ်ပါးရဲ့ မကောင်းကြောင်း
အတင်းအဖျင်းတွေကို ပြောဖို့ဆိုရင် ထမင်းမစား ဟင်းမစားနဲ့ အိမ်တကာကို
လျှောက်လည်ပြီး ပြောနိုင်တဲ့သူ တစ်ဦးဖြစ်ပါတယ်.. တစ်နေ့တော့ အဲဒီ
အတင်းပြောကောင်းတဲ့ မိန်းမကြီးဟာ သူ့အိမ်နီးနားချင်း တစ်ယောက်ရဲ့
အတင်းတစ်ခုကို အိမ်ပေါက်စေ့အောင် လျှောက်ပြောထားပါတယ်.. သူရဲ့
သတင်းဖြန့်မှုကြောင့် ထိုအကြောင်းမှာ တစ်မြို့လုံးနီးပါး
ပျံ့နှံ့ကုန်ပြီး… ကာယကံရှင်ဖြစ်တဲ့ အိမ်နီးချင်း ဟာလည်း လူတွေရှေ့
မျက်နှာမပြရဲအောင် အရှက်တကွဲ ဖြစ်ရပါတော့တယ်..





နောက်ရက်အနည်းငယ် ကြာတော့ အတင်းပြောတဲ့မိန်းမဟာ သူလျှောက်ပြောမိတဲ့
အကြောင်းတွေဟာ မှားနေတဲ့ အတင်းအဖျင်းတွေသာ ဖြစ်ကြောင်း သူသိသွားခဲ့ပါတယ်…
အဲလိုလဲသိရော သူ့အမှားအတွက်ရော၊ သူ့အိမ်နီးချင်း အတွက်ပါ
စိတ်မကောင်းခြင်းကြီးစွာ ဖြစ်ရပါတယ်.. ဒါနဲ့ သူမလည်း သူ့အမှားအတွက်
အိမ်နီးချင်းရဲ့ အရှက်တကွဲ ဖြစ်မှုကို ဘယ်လို ပြန်ဖြေရှင်းပေးရင်
ကောင်းမလဲလို့ စဉ်းစားမိတယ်.. အဖြေမထွက်ပါဘူး.. ဒါနဲ့ဘဲ ပညာဥာဏ်
အမြော်အမြင်ရှိတဲ့ လူတစ်ယောက်ဆီ သွားတယ် ပြီးတော့ အကျိုးအကြောင်း
ပြောပြပြီး သူမ ဘယ်လို လုပ်ပေးရင် ကောင်းမလဲလို့ အကြံ တောင်းခံပါတယ်..



အဲဒီ ပညာရှိတဲ့လူက သူမကိုပြောတယ်… ဈေးကိုသွားပါ.. ဈေးထဲက
ကြက်တစ်ကောင်ကိုဝယ်.. ပြီးရင် အဲဒီ ကြက်ကို သတ်ခိုင်းလိုက်..
ကြက်မွှေးတွေကို နှုတ်ပြီးရင် အိမ်ပြန်တဲ့ လမ်းတလျှောက်လုံး အဲဒီ
ကြက်မွှေးတွေကို ပစ်ချထားခဲ့လို့ အကြံပေးပါတယ်.. မိန်းမကြီးဟာ ပညာရှိရဲ့
အကြံပေးချက်ကို အံ့သြမိပေမဲ့ ဘာမှပြန်မပြောဘဲ ပညာရှိ ပြောတဲ့ အတိုင်း
ဈေးထဲက ကြက်ကိုဝယ်.. အမွှေးနှုတ်ပြီး အပြန်လမ်း တစ်လျှောက်လုံး ချထား
ခဲ့ပါတယ်..



နောက်တစ်နေ့ မနက်ကျတော့ ပညာရှိက မိန်းမကြီးကို



“ ကဲ အခု ခင်ဗျား မနေ့က ချထားခဲ့တဲ့ အမွှေးတွေကို ရအောင် အကုန်
ပြန်ကောက်လာပြီး ကျုပ်ဆီကို ယူလာခဲ့ပါ ” လို့ ပြောပါတယ်..



မိန်းမကြီးကလဲ မနေ့က အမွှေးတွေ ချထားခဲ့တဲ့ လမ်းအတိုင်း ပြန်သွားပြီး
ချထားခဲ့သမျှတွေကို ပြန်ကောက်ဖို့ ကြိုးစားပါ သော်လည်း သူမ ထိတ်လန့်စွာ
သိလိုက်ရတာက အမွှေးတွေဟာ လေနဲ့ လွှင့်ပါသွားကုန်ပြီမို့ မတွေ့ရ
တော့ပါဘူးတဲ့… နာရီပေါင်း အတော်ကြာ ကြိုးစားပြီး ရှာဖွေပြီးတဲ့နောက်
ကြက်မွှေးလေး ၃ မွှေးကိုသာ ရှာတွေ့နိုင် ခဲ့ပြီး ပညာရှိထံကို ပြန်လာ
ခဲ့ပါတယ်..



ပညာရှိကို အကျိုးအကြောင်း ပြောပြတော့ ပညာရှိက မိန်းမကြီးကို ပြောပါတယ်..



“ကဲကြည့် .. သင် တွေ့ပြီမဟုတ်လား..ကြက်မွှေးတွေဟာ ချထားခဲ့တုန်းက
လွယ်သလောက် အခုပြန်ကောက်တဲ့အခါ အကုန်မပြောနဲ့ တစ်ဝက်တောင်
ပြန်ရနိုင်သေးရဲ့လား… စကားပြောတဲ့ နေရာမှာလည်း ဒီလိုဘဲ ကိုယ့်ပါးစပ်က
လျှောက်ပြောရတာ ဘယ်လောက်လွယ်သလဲ.. ပြီးတော့ မကောင်းသတင်းဆိုတာ
ပြန့်ပွားဖို့ သိပ်ကို လွယ်ကူတယ်.. ခင်ဗျား လုပ်ပြီးသွားပေမဲ့ အခုမှ
မှားမှန်းသိလို့ ပြန်ရုပ်သိမ်းဖို့ကျတော့ ဖြစ်နိုင်သေးရဲ့လား… လွယ်ကူ
သေးရဲ့လား.. ဒါကို သင်ခန်းစာယူပြီး နောက်ကို ဘယ်လို ကိစ္စမျိုးမဆို
မပြောခင်မှာ အတန်တန် စဉ်းစားပါ… မသေချာတဲ့ သတင်းစကားကို ဘယ်တော့မှ
လွယ်လွယ် မပြောပါနဲ့.. မဖြန့်ဝေမိပါစေနဲ့ တဲ့”

(သော်တာ)

လူ့ဖြစ်ရခြင်းရဲ့ အဓိကရည်ရွယ်ချက် ?

“လူဖြစ်ရခြင်း၏ အဓိက ရည်ရွယ်ချက်ကို မသိသော ပညာမဲ့သည် လူ့ဘဝကို ကာမဂုဏ် ခံစားဖို့အတွက် အသုံးချ၍ အပါယ်လေးပါးသို့ သွားသည်။ လူဖြစ်ရခြင်း၏ အဓိက ရည်ရွယ်ချက်ကို
သိသော ပညာရှိသည် လူ့ဘဝကို ကုသိုလ်ရဖို့အတွက် အသုံးချ၍ နိဗ္ဗာန်သို့
သွားသည်။”

အသက် နှင့် အချိန်
စက္ကန့်၊ မိနစ်၊ နာရီ၊ နေ့၊ ရက်၊ လ၊ နှစ် စသည့်
အချိန်တိုလေးများကို
ပေါင်းစည်းထားခြင်းသည်ပင်
အသက်မည်၏။

ထို့ကြောင့် အသက်ကို တန်ဖိုးထားသူသည်
အချိန်ကို တန်ဖိုးထားရမည်။
ကုသိုလ်၊ ပညာ၊ ဥစ္စာ သုံးမျိုးအနက်
တစ်မျိုးမျိုးကိုမှ မရဘဲ
အချိန်ဖြုန်းတီးသူများသည်
မိမိအသက်ကို
ဖြုန်းတီးသူများပင် ဖြစ်၏။

ဥစ္စာစည်းစိမ် ဆင်းရဲလို့ အပါယ်မကျ။

ကိုယ်ကျင့်သီလ ဆင်းရဲမှ အပါယ်ကျသည်။

ဥစ္စာစည်းစိမ် ဆင်းရဲလို့ မည်သည့် ပညာရှိ သူတော်ကောင်းကမှ အထင်မသေး။

ကိုယ်ကျင့်သီလ ဆင်းရဲမှသာ ပညာရှိသူတော်ကောင်းများ အထင်သေးသည်။

လူဖြစ်ရခြင်း၏ အဓိက ရည်ရွယ်ချက်သည် ဝမ်းစာရှာဖို့ မဟုတ်၊ အိပ်ဖို့ မဟုတ်၊ စားဖို့ မဟုတ်၊ ကာမဂုဏ် ခံစားဖို့ မဟုတ်။ ကုသိုလ်ပြုဖို့ အတွက်သာ ဖြစ်၏။ တိရစ္ဆာန်တွင် ဝမ်းစာရှာခြင်း၊
အိပ်ခြင်း၊ စားခြင်း၊ ကာမဂုဏ် ခံစားခြင်းဟူသော အချက်လေးချက် ရှိသကဲ့သို့
လူတွင်လည်း ထို့အတူ လေးချက်ပင် ရှိ၏။ ဤလေးချက်တည်းသာ ရှိနေပါက လူသည်
တိရစ္ဆာန်နှင့် ဘာမျှမထူး၊ အတူတူသာ
ဖြစ်၏။

လူသားသည် ကုသိုလ် (ပရဟိတအလုပ်)ကို လုပ်တတ်၏။ တိရစ္ဆာန်ကား မလုပ်တတ်။
ဤကုသိုလ် (ပရဟိတအလုပ်) ကြောင့်သာလျှင် လူသားသည် တိရစ္ဆာန်ထက် သာလွန်
မြင့်မြတ်သွားခြင်း ဖြစ်၏။

ဆရာတော် အရှင်ဇဝန

ဖိုင်တွေကို Copyကူးတာ မြန်ဖို့

ဖိုင်တွေကို Copyကူးတဲ့နေရာမှာ အထိုက်အလျောက် မြန်တဲ့ ဆော့ဝဲလ်ပါ။

Download - Tera Copy



Motorcycle Game


                                                       

 ဆိုင်ကယ် ပြိုင်မောင်းတဲ့ ဂိမ်းလေးပါ။ လမ်းသရဲတွေ ပြိုင်တာ။ ထိုးတာ ကြိတ်တာတောင် ပါတယ်။ရဲကလဲ လိုက်ဖမ်းတယ်။ ဆိုင်ကယ်က ပြိုင်ရတာ အစီး(၁၅)စီး။ ပထမ၊ ဒုတိယ၊ တတိယ ရမှ ပိုက်ဆံရတယ်။ အဲဒီက ရတဲ့ ပိုက်ဆံနဲ့မှ ဆိုင်ကယ်ကို ၀ယ်လို့ရတယ်။ Windows XP မှာကောင်းကောင်းဆော့လိုရတယ်။ရှင်းလည်း ရှင်းတယ်။Windows 7 မှာ သိပ်အဆင်မပြေဘူးနော်။လိုချင်ရင်တော့ ဒေါင်းဗျာ။

ဒီမှာဒေါင်းပါ။

Desktop ပေါ်မှာ ကြောင်လေးမွေးချင်ရင်



မိမိရဲ့ ကွန်ပျူတာ Desktop ပေါ်မှာ ကြောင် မွေးချင်တယ်ဆိုရင်တော့ ဒီမှာသာ ယူလိုက်ပါ။ ကြောင်ရုပ်ကလေးက ချစ်စရာကောင်းပြီး အရမ်းအဆော့သန်ပါတယ်။ မွေးတဲ့သူများ နိုင်အောင် ထိန်းဖို့တော့လိုတယ်နော်။ ကြောင်ချစ်သူများ ပျော်ရွှင်ပါစေ။

ကိုစေတနာဆိုဒ်က ပါ။

Tank Commander Game



  တင့်ကားဂိမ်းလေးကိုဒီမှာ Download လုပ်ယူပါ။

ပိုပြီးတော့ ဂိမ်းတွေ ဒေါင်းချင်သေးရင် www.gametop.com
Related Posts Plugin for WordPress, Blogger...

Like ခြင်းဖြင့် အားပေးပါ :)

mumcradio