Friday, 28 December 2012

Online ကနေ File,Software တွေကို လွယ်ကူမြန်ဆန်စွာ Share ချင်ရင်

 သူငယ်ချင်းတစ်ယောက်က အွန်လိုင်းကနေ File တွေ ဘယ်လို Share ရမလဲဆိုပြီးမေးလားတာနဲ့ ရှာဖွေမွှေနှောက်ရင်း နောက်ထပ် လွယ်ကူမြန်ဆန်တဲ့ Website လေးတစ်ခု တွေ့တာနဲ့ စမ်းကြည့်လိုက်တော့ တော်တော်လေး အဆင်ပြေတာတွေ့ရလို့ ပြန်လည်မျှဝေပေးလိုက်ပါတယ် .. မိမိ ပို့တဲ့ ဖိုင်လ်တွေ ,Software တွေ လုံခြုံဖို့ အတွက်လည်း Password ပါ ခံပြီး ပို့လို့ရပါတယ်...။

Window 7 မှာပါတဲ့ File Share နည်းထက် ပိုမို လွယ်ကူမြန်ဆန်တာကြောင့် ဒီနည်းလေးကိုပဲ မျှဝေပေးလိုက်ပါတယ်.....

Browse ကတဆင့် မိမိပို့ချင်တဲ့ (Share ချင်တဲ့ ) File,Software ကိုရွေးပေးလိုက်ပါ ....

   စက္ကန့်ပိုင်းအတွင်းမှာပဲ မျှားပြထားတဲ့ Link တစ်ခုထုတ်ပေးပါလိမ့်မယ်... လုံခြုံဖို့အတွက် Password ပေးချင်ရင်တော့ အောက်က အကွက်လေးထဲမှာ အဆင်ပြေသလို ထည့်ပေးနိုင်ပါတယ်...
ပြီးရင် အဲ့ဒီ Link ကို Copy ကူးပြီး Gtalk ကနေဖြစ်ဖြစ် တနေရာရာကနေ လက်ခံမဲ့သူဆီကို ပို့လိုက်ပါ...  Password ပေးထားရင် Password နဲ့အတူပေါ့ဗျာ...

 လက်ခံမဲ့လူဆီ Link လေးရောက်လာရင် Dobule Click နှိပ်၍ဖြစ်စေ , Copy ကူးပြီး  Browser ရဲ့ Address Bar မှာ Paste > Enter ခေါက်၍ဖြစ်စေ .... 


Download ကို နှိပ်ပြီး အလွယ်တကူ လက်ခံရယူနိုင်ပါပြီ (Password ပေးထားရင် Password ထည့်ပေးရမှာပါ).. လွယ်ကူ ရိုးရှင်းတဲ့ အပြင် အရမ်းလည်းမြန်ပါတယ်...။
အားလုံး စမ်းသပ်ရင်း ပျော်ရွှင်ကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်ခင်မျာ....
ref-ဆရာဝင်း

တစ်ရက်တာအရူးထခြင်း

◘◘အွန်လိုင်းပေါ်မှာ Typing လေ့ကျင့်ချင်ရင်◘◘
 
ဝက်ဆိုဒ်လိပ်စာက http://www.typingweb.com/ ပါ။


(1) Start Typing ကိုနှိပ်>> ပါ။

(၂)အကောက်ဖောက်ချင်ရင်အသစ်ဖောက်ပါ။မဖောက်ချင်ရင်လည်း
Username က phyutharlay , Password က phyutharlay ပါ။

(၃)The Home Row Keys (သို့ မဟုတ်) စာကြောင်းအဆုံးရှိ begin>> ကိုကလစ်ပါ။

(၄)Loading ခဏ လုပ်ပါလိမ့်မည်. ၁၀၀% အထိပြည့်အောင်စောင့်ပါ။

(၅)လက်ကွက်ပုံစံလေးနှင့်ပေါ်လာပါလိမ့်မည်။ Begin Lesson ကိုကလစ်ပြီး စတင် လေ့ကျင့် နိုင်ပါပြီ။

အရမ်းမိုက်ပါတယ် ဆော့ရတာ....လက်ကွက်မြန်လာတယ်။ကီးဘုတ်ကိုင်တဲ့ လက် အနေအထားမှန်လာပါတယ်။

Browser တခုထဲကနေ Facebook အကောင့် ၂ခု ၃ခု , Gmail အကောင့် ၂ခု ၃ခု ကို တပြိုင်ထဲ အသုံးပြုနည်း

ဒီနည်းလေးက လွယ်ပါတယ်....ကျွန်တော်လည်းအစကမသိပါဘူး......

တစ်ပြိုင်ထဲ facebook အကောင့်နှစ်ခုဖွင့်ထားချင်သူတွေအတွက်

အဆင်ပြေပါတယ်။

Firefox Browser အတွက်ကိုတော့ Extension လေးတစ်ခုကို Browser

မှာ Add ပေးရမှာပါ....ဒီလင့်လေးကိုအရင်သွားလိုက်ပါခင်ဗျာ >>>

http://br.mozdev.org/multifox/

Install Multifox ကို နှိပ်ပါ လမ်းညွှန်တဲ့အတိုင်း Install ပေးလိုက်ပါခင်ဗျာ

ပြီးရင် Firefox Browser ကို Restart ချပေးလိုက်ပါ

ကီးဘုတ်က Ctrl + Alt + M ကိုနှိပ်ပြီး Facebook နှစ်ခု သုံးခု Gmail နှစ်ခု

သုံးခုကို Browser တစ်ခုထဲမှာ Login ဝင်နိုင်ပါပြီခင်ဗျာ....

Chrome Browser မှာတော့ မည်သည့် Extension မှ

ထည့်ပေးစရာမလိုပါဘူး ကီးဘုတ်က Ctrl + Shift + N

ကိုနှိပ်လိုက်ပြီး Log in ၀င်လို့ရပါပြီ......


♣♣ Samsung Galxy Series အတွက်မြန်မာဖောင့်♣♣

Samsung Galxy Seriesဖုန်းတွေတိုင်း အတွက် မြန်မာဖောင့်သွင်း လို့ အဆင်ပြေပါတယ် ။အောက်မှာ Download Link ရှိပါတယ်

Myanmar Font for All Samsung Glaxy Series --->

http://www.mediafire.com/?5asqzs61h0u888d

ပထမဆုံးအနေနဲ့ ဖုန်းရဲ့ Setting -> Application -> Unknown Sources ကို အမှန်ခြစ်လုပ်ပေးဖို့လိုပါလိမ့်မယ်။ ပြီးရင်တော့ ဒေါင်းလုပ်လုပ်ထားတဲ့ အထဲက rar ဖိုင်ကို ဖြည်ပြီးတော့ Samsung Glaxy ဆိုတဲ့ Folder ကို Memory card ထဲကို Copy ကူးပါ ။ Memory Card ကို ဖုန်းထဲကို ထည့်ပြီးတော့ My Files ထဲကနေပြီးတော့ Samsung Glaxy Folder ထဲကို ၀င်ပါ ။

ပြီးတော့ ဖောင့်အတွက် Zawgyi_One.apk ရယ် Fontomizer.apk ရယ်ကို install လုပ်ပါ့မယ် ။ အဲ့ဒါက ဖောင့်အတွက်ပါ ။ ပြီးတာနဲ့ Setting -> Display -> Font မှာ Zawgyi-One ကိုရွေးပေးပါ။
Reboot ချခိုင်းရင်ချပေးလိုက်ပါ ။ပြန်တက်လာပြီဆိုရင်တော့ သူငယ်ချင်း ရဲ့စက်မှာ မြန်မာဖောင့်မြင်ရပါပြီ။
ဖောင့်မြင်ရပြီးတဲ့ အခါ မှာ ကျွန်တော်တို့ ကီးဘုတ်ကို တင်ကြပါမယ် ။

ကျန်နေသေးတဲ့ apk ဖိုင်သုံးခု MyanDroid-Soft-Keyboard-Zawgyi-Beta.apk ရယ် MyanmarKeyboard.apk ရယ် FrozenKeyboard_1.1.1 .apk ရယ် အဲ့ဒီသုံးခုထဲက ကြိုက်တဲ့တစ်ခုကို install လုပ်လိုက်ပါ ။ သုံးခုစလုံးကို တင်လိုက် ရင်လည်းရပါတယ် ။ ကျွန်တော်ကတော့ MyanmarKeyboard ကို သဘောကျပါတယ် ။ သူက
သုံးရတာလောလောဆယ်တော့ အလွယ်ကူဆုံးနဲ့ အဆင်ပြေဆုံးပါပဲ ။

ပြီးရင်တော့ Setting -> Language and Keyboard -> မြန်မာကီးဘုတ် ကို အမှန်ခြစ်ခြစ်ပေးပါ ။Myandroid Keyboard ကိုတင်ထားရင်တော့ Setting -> Language and Keyboard -> Myandroid Soft Keyboard ဆိုပြီး
မြင်ရမှာပါ ။

အဲ့လိုလုပ်ပြီးရင်တော့ သူငယ်ချင်းရဲ့ စက်မှာမြန်မာဖောင့်တင်လို့ပြီးသွားပါပြီ ။ စမ်းသပ်ကြည့်ဖို့ရာ Message boxတစ်ခုခုမှာ ကြာကြာလေးနှိပ်ထားပါ Input Method ကို နှိပ်ပြီးရင် မြန်မာကီးဘုတ် တင်ထားတယ်ဆိုရင်မြန်မာ
ကီးဘုတ် ကိုရွေးပေးပါ ။ Myandroid Soft Keyboard တင်ထားရင် Myandroid Soft Keyboard ကိုရွေးပြီးရင်မြန်မာလိုရိုက်လို့ရပါပြီ ။

ဒီနေရာမှာ တစ်ခုပြောချင်တာက Myandroid Soft Keyboard တင်ထား မယ်ဆိုရင် မြန်မာလိုရိုက်ရာကနေ အင်္ဂလိပ်လိုပြန်ပြောင်း ရိုက်ချင် တယ်ဆိုရင် Input Method ပြန်ပြောင်းပြီးမှ ဖောင့်ပြောင်းလို့ရပါတယ် ။ မြန်မာကီးဘုတ်မှာကတော့ ကီးဘုတ်ရဲ့အောက်ခြေ ဘယ် ဘက်ထောင့်လေး မှာ အလံလေးတွေပါပါတယ် ။ အဲ့ဒီအလံလေးတွေနှိပ်ရုံနဲ့ ဖောင့်ပြောင်း လို့ရတဲ့အတွက် သုံးရတာအဆင်ပြေပါတယ် ။

(MediaFire မှ ဒေါင်းလို့ မရရင် ကွန်မက်ချန်ခဲ့ပေးပါ။တစ်ခြားဆိုဒ်မှာပြန်တင်ပေးပါ့မယ်။)


မြန်မာ့ ရုပ်ရှင်ထူးချွန်ဆုပေးပွဲကြီးကို www.myanmaracademyaward.com တွင် တိုက်ရိုက် ထုတ်လွင့်ပြသမည်ဖြစ်ပါသည်။



♣♣ PDF ဖိုင်တွေကို တစ်ရွက်ချင်း လှန်ဖတ်မယ်♣♣

ကျွန်တော်ဒီတစ်ခါ ဆော့ဝဲလ် လေးတစ်ခုနဲ့မိတ်ဆက်ပေးချင်ပါတယ်။ စာဖတ်တဲ့ ဆော့ဝဲလ်လေးပါ။ Miscrosoft တို့ PDF တို့လိုမျိုးလေးပါ။ ဒီကောင်လေးက ဘာ အားသာလဲဆိုရင် တစ်ရွက်ချင်း လှန်ပြီးဖတ်လို့ရတယ်။ တချို့ က စာရွက်လှန်ပြီး ဖတ်ရတာကို ပိုပြီးတော့ သဘောကျ ကြတယ်လေ။ အဲလိုလှန်ဖို့ကျတော့ အပြင်မှာ စာအုပ်ရှိမှ လှန်ဖတ်လို့ရတာပေါ့ ။ ဒါပေ့မယ့် အခုတော့ မိမိ ကွန်ပျူတာမှာပဲ Ebook တွေကို တစ်ရွက်ချင်းလှန်ဖတ်လို့ရအောင် ဒီကောင်လေးက လုပ်ဆောင်ပေးပါလိမ့်မယ်။ အရမ်းကောင်းပါတယ်။ တစ်ခုသတိထားရမှာက Ebook က PDF ပဲ ဖြစ်ရပါ့မယ်။ Mircrosoft office ဆိုရင် တော့ ဖတ်လို့ မရပါဘူး ။ သုံးနည်းက လွယ်လွယ်လေးပါ။ အရင် ဆုံး ကျွန်တော်ပေးထားတဲ့ ဆော့ဝဲလေးကို ဒေါင်းလော့ချလိုက်ပါ။ ပြီးရင် အဲဒီကောင်လေးကို run လိုက်ပါ။ဘာကီးမှ မလိုပါဘူး။ ပြီးပြီဆိုရင် မိမိဖတ်ချင်သော PDF ဖိုင် ပေါ်မှာ right click ထောက်ပါ။ Open with ကိုသွားပါ ။ အဲဒီမှာ Martview ဆိုတာကို ရွေးပြီးဖွင့်ပါ။ ဒါဆိုရင်တော့ စာအုပ်တွေကို မိမိကွန်ပျူတာမှာပဲ တစ်ရွက်ချင်းလှန်ဖတ်လို့ရပါပြီ ။ စာရွက်လှန်တဲ့နေရာမှာ left click လေးဖိပြီးတော့ လှန်ရပါတယ်။ right click ကိုဖိတယ်ဆိုရင်တော့ Move လုပ်ခြင်းဖြစ်ပါတယ်။

ကြိုက်တယ်ဆိုရင်တော့ အောက်မှာ ဒေါင်းလိုက်တော့ဗျာ။

http://www.mediafire.com/?5mxdymb65wd833n


Windows တင်ပြီးလိုအပ်သောဆော့ဝဲများယူနိုင်သော ဝက်ဆိုဒ်

http://ninite.com/



SuperEasy Video Converter_v2.1.2296 (+Crack)
 

DVDs, videos, movies Format တွေကနေ မိမိရဲ့ Device အပေါ်မူတည်ပြီး လိုချင်တဲ့ Formats တွေအဖြစ် ပြောင်းတဲ့ Software လေးပါ .. youtube, seavenload, myvideo, clipfish, dailymotion, metacage, yahoo! video, Veoh စတဲ့ site ပေါ်မှာ တင်ထားတဲ့ Video ဖိုင်တွေကိုလဲ မိမိလိုချင်တဲ့ Format အဖြစ် Download ချနိုင်တဲ့ Downloader လေးပါ ပါပါတယ် ..

ကြိုက်တယ်ဆိုရင်တော့ အောက်မှာ ဒေါင်းလိုက်တော့ဗျာ။

http://www.mediafire.com/?9jm9bxp6m16pfi7


မြန်မာလက်ကွက် လေ့ကျင့်ဖို့ ဆော့ဝဲ



ဒီတစ်ခါတော့ Teach space journal မှာတွေ့လို့ ပြန်လည် ဝေမျှလိုက်ပါတယ်။ မြန်မာလက်ကွက် မကျွမ်းကျင်သေးသောသူများအတွက်ပါ။ ကွန်ပျုတာနဲ့ စတင်ထိတွေ့မယ့် လူတွေအတွက်အသုံးဝင်ပါတယ်။ အသုံးလိုမည့်သူများ အောက် မှာ ဒေါင်းယူလိုက်ပါ။

http://www.mediafire.com/?0f8smzgod8ljmhp



ဖေ့ဘွတ် Update Status က Feacture အသစ် လေးက မိုက်တယ် ကော ..
အရင်ကဆိုဓါတ်ပုံတင်ရင်တစ်ပုံခြင်းပဲတင်လို့ ရတာအခုကြိုက်သလောက်
တစ်ခါတည်းတင်လို့ ရတယ်။ :)



စမ်းသပ်ကလိကြဖို့ ပါ။ :)



Account ဖျက်, Website ဖျက်ချင်သူများအတွက်.......
 
Facebook မှာ အကောင့်ဆောက်ဖို့လွယ်တယ်။ မလိုချင်လိုဖျက်မယ်ဆိုရင်ခေါင်းစားရပါတယ်။ သက်လိုအခက်အခဲကို ဖြေရှင်းပေးမှာက www.accountkiller.com/en ပါ။သည်ဆိုက်မှာ Facebook,Skype,
Google စတဲ့ လူသုံးများတဲ့ Website အကောင့်ဖျက်နည်းတွေကို ပြောပြထားတယ်။ အကောင့်တစ်ခုကိုဖျက်ဖို့
ဘယ်လောက်လွယ်ကူသလဲ၊ခက်ခဲသလဲဆိုတဲ့ အဆင့်တွေကို အရောင်နဲ့ဖော်ပြထားတယ်။အမည်းဆိုရင် ဖျက်
လို့လုံးဝမရဘူး။ မီးခိုးရောင်ဆိုရင် နည်းနည်းလွယ်တယ်။အဖြူရောင်ဆိုရင် ဖျက်ဖို့အလွန်လွယ်ပါတယ်တဲ့။ ဖျက်ပုံဖျက်နည်းအပြင် အကောင့်ကို တိုက်ရိုက်ဖျက်နိုင်တဲ့ Link ကိုပါပေးထားပါတယ်။ကဲ..ဖျက်ကြပေတော့ဗျို့။အခုမှတွေ့ လို့  ပြန်ရှယ်လိုက်တာ။စမ်းသပ်ကလိကြည့်ပါ။
အဆင်ပြေကြပါစေ.....


◘◘Desktop ရဲ့ BackGround ပုံကို ပြောင်းလို့မရအောင် လုပ်ထားချင်ရင်◘◘

Start>Run(box) တွင် Regedit လို့ရိုက်ထည့်ပါ။ Registry Editor ပေါ်လာလျှင် HKEY_CURRENT_USER>>
Software>>Microsoft>>Windows>>Current Version>>Policies သို့ရောက်အောင်ဖွင့်ပါ။ ၄င်း Policies
ကို ညာကလစ်နှိပ်ပြီး New>>Key တွင် ActiveDesktop လို့အမည်ရိုက်ထည့်ပေးပါ။ ၄င်းအမည်နေရာကို ညာက
လစ် ထပ်နှိပ်ပြီး New>>DWORD Value ကိုဖွင့်ပါ။ ၄င်းတွင် New Value# အသစ်တစ်ခု ပေါ်လာပါမည်။ အဆိုပါ
နေရာတွင် NoChangingWallpaper ဟုရိုက်ထည့်ပြီး ၄င်းစာသားပေါ်ကိုပင် မောက်စ်ကလစ် နှစ်ချက်နှိပ်ပါ။ ထိုအခါ Edit DWORD Value(dialog box) ပေါ်လာပါမည်။ အဆိုပါ box မှ Value Data တန်ဖိုးကို “1” ဟုပြောင်း
လိုက်ပါ။ OK ကိုနှိပ်ပြီး ကွန်ပျူတာကို ပြန်မောင်းလိုက်ပါ။ ပြန်ပြောင်းလို့ရချင်တယ်ဆိုရင်တော့ Value Data “1” နေရာမှာ “0” ဟုပြောင်းပြီး ကွန်ပျူတာကို Restart ပြန်ချလိုက်ပါ။


◘◘shutdown, restart , Logoff စသည်များကို shortcut လုပ်ထားမယ်...◘◘

window ကို shutdown လုပ်ဖို့ restart လုပ်ဖို့ တွေအတွက် start ကိုသွား ဟိုနိုပ် ဒီနိုပ် လုပ်နေရတာနဲ့ စာရင် shortcut ကြိုက်တဲ့ သူတွေ အတွက် အဆင်ပြေပါတယ်။

Desktop ပေါ်မှာ R-Click လုပ် New - shortcut ကိုနိုပ် ။ ပေါ်လာတဲ့ box မှာ
Shutdown အတွက် - shutdown.exe -s -t 0
ပြီးရင် Next ။ ပေါ်လာတဲ့ box မှာ ဖိုင်နာမည်ပေး ပြီး finish နိုပ်ပေါ့ ။

Restart အတွက် - shutdown.exe -r -t 0
Logoff အတွက် - shutdown.exe -l -t 0
အပေါ်ကအတိုင်းရေးပြီးရင် Next ။ ပေါ်လာတဲ့ box မှာ ဖိုင်နာမည်ပေး ပြီး finish နိုပ်ပေါ့ ။

Virus အကြောင်းရေးထားတဲ့ စာအုပ်လေးပါ။လိုအပ်ခဲ့လျှင် အောက်ကလင့်ကနေသွားပြီးဒေါင်းလိုက်ပါ။

http://www.mediafire.com/?8dopjtacifboiks
◘◘စက်ပိတ်တာနဲ့ Recent Files ကို Auto Clear လုပ်နည်း◘◘

မိမိကွန်ပျူတာမှာ Recent Documents တွေကို မိမိက စက်ပိတ်လိုက်တာနဲ့ Auto Clear ဖြစ်သွားအောင် ဘယ်လိုပြုလုပ်ရမယ်ဆိုတာ မသိတဲ့သူတွေအတွက် ဖော်ပြပေးလိုက်ရပါတယ်။ Recent Document ဆိုတာ
ဘာလဲဆိုတာ မသိတဲ့သူတွေအတွက် နည်းနည်းပြောပြပါမယ်။ ကွန်ပျူတာကို ဖွင့်တဲ့အချိန်ကနေ ပိတ်တဲ့အချိန်ထိ မိမိဖွင့်တဲ့ Folder တွေ၊ ဖိုင်တွေ။ ပုံတွေကို တွေ့မြင်နိုင်ပါတယ်။ ဒါကြောင့် အဲဒီလို ခြေရာခံ
လို့မရအောင် မပိတ်ခင်မှာ Run>>Recent လို့ရိုက်ထည့်ပြီး အဲဒီထဲမယ်ရှိတဲ့ ဖိုင်တွေကို Delete ပေးလိုက်လည်းရပါတယ်။ ဒါပေမယ့် အမြဲဒီလိုလုပ်ဖို့ မမှတ်မိနိုင်ပါဘူး။ ပိုဆိုးတာက အဲဒီ Recent Documents
တွေကို မဖျက်ဘဲ ထားတာကြာလာရင် စက် handing သွားနိုင်သလို Virusတွေခိုအောင်းတဲ့နေရာလည်း ဖြစ်လာနိုင်ပါတယ်။ ဒါကြောင့်ပုံမှန် ရှင်းလင်းသင့်ပါတယ်။ ဒါကြောင့် မိမိလည်းရှင်းရသက်သာအောင် မိမိမေ့နေရင်တောင် စက်ပိတ်တာနဲ့ Auto ရှင်းသွားအောင် အောက်ပါအတိုင်း လုပ်ဆောင်နိုင်ပါတယ်။

၁။ Start>>Run မှာ Regedit လို့ရိုက်ထည့်ပါ။ပြီးရင် အိုကေပေးလိုက်ပါ။
၂။ HKEY_Current_User>>SOFTWARE>>Microsoft>>Windows>>CurrentVersion>>Policies>>
Explorer နေရာထိရောက်အောင်အဆင့်ဆင့်သွားပါ။ ရောက်တာနဲ့ညာဘက်က နေရာလွတ်မှာ New>>
DWORD Value ကိုကလစ် နှိပ်လိုက်ပါ။ Rename ကို ClearRecentDocsOnExit လို့ရိုက်ပြီး Name ပေး
လိုက်ပါ။
၃။ မိမိတည်ဆောက်ခဲ့တဲ့ ClearRecentDocsOnExit ပေါ်မှာ Double Click ပဲနှိပ်နှိပ်။ Right Click ထောက်ပြီး
Modify ကိုပဲဖြစ်ဖြစ် ကလစ်လိုက်ပါ။ပြီးတာနဲ့ Value Data မှာ 1 လို့ရိုက်ထည့်ပါ။ ပြီးရင် OK ကိုနှိပ်ပြီး စက်
စက်ကို Restart ချလိုက်ပါ။ ပြန်တက်လာတာနဲ့ Auto Clear ဖြစ်မှာဖြစ်ပြီး..မည်သူမျှ ကိုယ်ကြည့်ခဲတဲ့ဖိုင်တွေ
ကိုခြေရာခံနိုင်တော့မည်မဟုတ်ပါ။
◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘
ကျွန်တော့်ကွန်ပျူတာ ဗိုင်းရပ်စ်ကိုက်ခံထားရလို့  တောင်းထားတဲ့ဆော့ဝဲလ်တွေ ချက်ချင်းပြန်မတင်ပေးနိုင်တာ ခွှင့်လွှတ်ကြပါနော်။ လင့်တွေ လည်း သတိထားနှိပ်ကြပါ။
ကျွန်တော်ထိတဲ့ဗိုင်းရပ်စ်က တော်တော်ကြောက်ဖို့ ကောင်းတယ် ပုံတင်မရဘူး၊notepad ဖွင့်မရဘူး၊ဆော့ဝဲလ် Install လုပ်မရဘူး၊ဓါတ်ပုံတောင်ဒေါင်းမရပါဘူး။ဗိုင်းရပ်စ်သတ်တဲ့ဆော့ဝဲလ်တွေနဲ့ သတ်တာတောင် သတ်မရပါဘူး။လုပ်မရတဲ့အဆုံး ဝင်းဒိုးပြန်တင်လိုက်ရတယ်။အင်တာနက်လိုင်းက ကုန်နေပြီဆိုတော့ လိုင်းနှေးနေတော့ Driver တွေ ဒေါင်းမရတာနဲ့  ဆော့ဝဲလ်တွေ စမ်းလို့ မရသေးလို့ ပါ။
လကုန်ပြီးမှပဲ တောင်းထားတဲ့ဆော့ဝဲလ်တွေပြန်တင်ပေးတော့ပါ့မယ်။လောလောဆယ်လိုင်းဝယ်ဖို့  ရေ မလျှံသေးလို့  လိုင်းကုန်ပြီး မှ နှစ်သစ်မှာ ဆော့ဝဲလ်အသစ်တွေ နည်းပညာလေးတွေ နဲ့  နှစ်ပါးသွားကြတာပေါ့။  :)
 ◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘
Related Posts Plugin for WordPress, Blogger...

Like ခြင်းဖြင့် အားပေးပါ :)

mumcradio