Tuesday, 26 February 2013

အတွေးစ

ငွေဆိုတဲ့အရာနောက်ကို
 လောဘစိတ်တွေနဲ့   
 အပြေးလိုက်ရင်း သတိမထားခဲ့မိဘူး
 တစ်နေ့ တစ်ခြား 
 ဆုံးရှုံးခဲ့ရတာတွေကို....
 ခန္ဓာနဲ့ စိတ်ကို အကျဉ်းချခံရပေမဲ့
 အပြုံးမပျက်ဆက်ချီတက်ဆဲ.........
 ခွန်အားတွေကို တစ်စစီစုပ်ယူနေတာ
 သိသိလျှက်နဲ့ ကျေနပ်နေရတယ်........
 ဆန်ပေးမှ ဆီရမှာကို......
 ဒါကသဘာဝပဲ.............
 “တစ်ခုလိုချင်ရင် တစ်ခုကိုစွန့် လွှတ်ရတယ်တဲ့“
 လိုချင်တဲ့တစ်ခုတော့ ရပါတယ်
 ဒါပေမဲ့........................
 စွန့် လွှတ်ခဲ့ရတာတွေက အများအပြား..................
 မျှော်လင့်ချက်တွေနဲ့ 
 အသက်ရှင်နေရတော့လည်း
 အိမ်အပြန်လမ်းရယ်...........
 မိသားစုရယ်....................
ချစ်ရသူရယ်....................
သူငယ်ချင်းတွေရယ်...........
ဇာတိမြို့လေးရယ်.............
အမိမြန်မာပြည်ရယ်...........
ကျောခိုင်းခဲ့ရတယ်။
မျက်ဝန်းမှာတော့  မျက်ရည်စတွေနဲ့ ပေါ့ ။    ။

မယ်သီတာသို့ ရွှေနားတော်သွင်းကဗျာ




မြင်မြင်ချင်းပဲ  နှလုံးသားက
ထိန်းမနိုင် သိမ်းမနိုင်နဲ့ 
ချစ်တဲ့စိတ်တွေ နိုးထလာလို့ 
ချစ်တယ်လို့ ပြောခဲ့တာပါ.......မယ်သီတာ။
ချစ်နိုင်သမျှ အချစ်တွေနဲ့ 
ရူးရူးမူးမူး  ချစ်ခဲ့တာပါ
ဒါတောင်မှ မယုံကြည်နိုင်ဘူး
ပြန်မချစ်နိုင်ဘူး ဆိုရင်လည်း
မုန်းပစ်လိုက်ပါ............ မယ်သီတာ။
ဒါပေမဲ့....သီတာမင်းသမီးလေး မုန်းရုံနဲ့ တော့
ဒဿရဲ့ အချစ်တွေက ပျောက်ပြယ်သွားမှာ မဟုတ်ပါဘူး...
ကမ္ဘာကုန်တည်သရွေ့ ချစ်နေမှာပါ......မယ်သီတာ။
အဆိုးဆုံးထိ တွေးပြီးပြောမယ်.........မယ်သီတာ
တစ်ခြားတစ်ယောက်နဲ့  စုလျားရစ်ပတ်လိုက်ရင်တောင်
ကာမေသုမိစ္ဆာကံရဲ့ ခပ်လှမ်းလှမ်းမှာ........
ဒဿဆိုတဲ့ ငါ ရှိနေမှာပါ..........
ဒဿမှာ ခေါင်းဆယ်လုံးရှိလည်း
နှလုံးသားက တစ်ခုတည်းရှိတာပါ....
တစ်ခုထဲရှိတဲ့ နှလုံးသားကို...
မယ်သီတာ့ထံ ဆက်သပါတယ်။
သိမ်းထားမှာလား လွှင့်ပစ်မှာလားဆိုတာကတော့
မယ်သီတာရဲ့ အလိုတော်အတိုင်းပါ။
ဒဿရဲ့ အချစ်ဟာ အချစ်စစ်မှန်ရင်
မယ်သီတာနဲ့  ရွှေလက်တွဲရပါစေသား.....
မယ်သီတာက ဒဿရဲ့နှလုံးသားကို  သိမ်းထားပါစေသား.....
မယ်သီတာရဲ့ အဖြေကို ရင်ခုန်စွာနဲ့  စောင့်ဆိုင်းနေပါ့မယ်.........။     ။
                                  
  မယ်သီတာကို အသက်ရှူမရပ်သေးသရွေ့ ချစ်နေမဲ့
                                       ဒဿ(သို့ မဟုတ်)ကျော်ဇင်

ပြန်လိုချင်တဲ့ ကလေးဘဝ


သောကဆိုတာ......မသိခဲ့ပါဘူး။
လောဘဆိုတာ.....သင်ယူနေဆဲ။
ပိုက်ဆံဆိုတာ...အချိန်တန်ရင်
လက်ထဲရောက်လာတဲ့အရာ။
အချစ်.....သိတောင်မသိဘူး။
အမုန်း....ဟာသဇာတ်ကားလား။
ကစား ချိန် ကစား
နား ချိန် နား
ကျောင်းသွား ချိန် ကျောင်းသွား
စာကျက် ချိန် စာကျက်
အပူအပင်ကင်းတယ်။
ဖြစ်နိုင်ရင်....
ပြန်ရောက်ချင်မိတယ်....
အခုအချိန်မှာ....
ကလေးလေးဘဝကို......။   ။

ကောင်မလေးတစ်ယောက်အကြောင်း

ကိုယ်လုံးကိုယ်ပေါက် ခပ်တောင့်တောင့်
အရပ် ၅ ပေ ၆.......
မျက်ခုံးထူထူ အသားဖြူ
“မိုးဟေကို“ နဲ့ တူ........
သာယာတဲ့အသံ ချိုသောအပြုံး
ကြည့်သူ မြင်သူ  ရင်ခုန်မဆုံး........
“အောင်မလေးနော်“ အာမေဋိတ်
ကြားရသူရင် တဒိတ်ဒိတ်.........
သူ့ အသက်က ၂၅
၁၆ နှစ်နဲ့ ထင်မှတ်မှား........
ခြောက်ပစ်ကင်းပြီး သဲတော့မစင်
ဘယ်သူမှလည်း အပြစ်မမြင်
သူ့ ကို လူတိုင်းချစ်၍ခင်။
ကဗျာလည်းစပ် စကားလည်းတတ်
မဗေဒါလိုပန်းပန်လျှက်........။   ။

ငယ်ပေါင်းလေးသို့ .....


ငယ်ငယ်တုန်းက ''ဝ''လုံးလေးတွေ
အတူတူဝိုင်းအောင် ရေးခဲ့ဖူးတဲ့
ငယ်ပေါင်းလေး ရေ............
     တစ်မိုးအောက်မှာ တစ်မြေတည်းနေ
     တစ်ရေထဲသောက် သွေးသားတော်စပ်
     မောင်နှမထက် ပို၍ချစ်ခင်
     ရိုင်းပင်းကူညီ အားပေးတတ်တဲ့
     ငယ်ပေါင်းလေး ရေ.............
                            မိုးရွာမရှောင် နေပူမရှောင်
                            ထဘီမနိုင် ပုဆိုးမနိုင်
                            နှပ်တွဲလောင်းနှင့်
                            ပျော်ပျော်ပါးပါး ဆော့ကစားခဲ့တဲ့
                            ငယ်ပေါင်းလေး ရေ........
သစ်ရွက်လှုပ်တာတောင်
ရင်ခုန်တတ်တဲ့ အရွယ်ရောက်တော့
ဖြူစင်မှုကို အရောင်ဆိုးလို့ 
ရင်ခုန်သံစကား ဖွင့်ပြောခဲ့တော့
ရှက်ပြုံးလေးနဲ့  ခေါင်းငုတ်နေတတ်တဲ့
ငယ်ပေါင်းလေး ရေ.....
             ပျော်ရွှင်ရတဲ့ အချိန်တွေ
             အကုန်မြန်လွန်းတယ်ဟာ......
             သမုဒ္ဒရာ ဝမ်းတထွာအတွက်
             ငါတို့ နှစ်ယောက် တစ်နေရာစီ
             ကွာဝေးခဲ့ရတယ်.................
ဒီလိုနဲ့ ပဲ...........................
                                    သစ်ရွက်တွေကြွေ
                                    ပြက္ခဒိန်တွေ တစ်ခုပြီး တစ်ခုပြောင်း
                                    သက်ပြင်းမောတွေ အခါခါချ
                                    နှလုံးသားကတောင့်တ
                                    အိပ်မရတဲ့ညတွေ များနေပြီပေါ့
                                    ငယ်ပေါင်းလေး ရယ်.............
                                    လွမ်းလိုက်တာကွာ...............။   ။

လေထဲမှာ...


လေထဲမှာ တွေ့ ဆုံ......
လေထဲမှာ ရင်းနှီး.........
လေထဲမှာ သံယောဇဉ်တိုး....
လေထဲမှာ ရင်ခုန်.....
လေထဲမှာ တမ်းတ သတိရ.......
လေထဲမှာ ချစ်......
လေထဲမှာ လွမ်း....
လေထဲမှာ ကွဲ.....
လေထဲမှာ ငို....
လေထဲမှာ မျက်ရည်တွေပြန့် ကျဲ.....
လေထဲက ဇာတ်လမ်း......
လေထဲမှာ ဇာတ်သိမ်း.....
လေထဲမှာ နှလုံးသားတွေ သဂြိုလ်...
လေထဲမှာ ဇာတ်လမ်းပေါင်းများစွာ...
လေထဲမှာ စကားလုံးများစွာ........
လေထဲမှာ ......
                လေထဲမှာ...........
လေထဲမှာ.......
ကိုယ်မသိတဲ့ အကြောင်းအရာတွေ အတော်များပါလား....။   ။

သင်္ခါရ

မျိုးစေ့တစ်စေ့ ငါစိုက်ပျိုးခဲ့တယ်
ရက်မှနှစ်သို့  ပြောင်းလာတဲ့အခါ
တဖြည်းဖြည်းရှင်သန်
အကိုင်းအခက် အသီးအပွင့်
ဝေဝေဆာဆာနဲ့  ကြီးထွားလာတယ်.............
အဲ့ဒီ့အချိန်မှာတော့
လူတွေက.........
ခူးဆွတ်ချင်တယ် ....စားသုံးချင်တယ်
လိုအပ်သလိုအသုံးပြုချင်တယ်......
နောက်ဆုံး...ထင်းအဖြစ်တောင်အသုံးပြုချင်တယ်။
ဆက်လက်ရှင်သန်ကြီးထွားလာအောင်
ဘယ်လိုလုပ်ရမယ် မတွေးကြဘူး.....
ခဏတာအတွက်ပဲ အသုံးချချင်ကြတယ်။
အခုတော့ အဲ့အပင်က
သစ်ခြောက်ပင်ကြီးဖြစ်သွားပါပြီ....
လူတွေလည်းအသုံးမပြုချင်ကြတော့ဘူး.....
သူတို့ အတွက် အသုံးမှ မဝင်တော့တာကို.....
ဒီတော့ရှုပ်ပါတယ်ဆိုပြီး
ငါကိုယ်တိုင် ခုတ်လှဲပြီး မီးရှို့ လိုက်တယ်....
မြေအောက်မှာတော့ အမြစ်တွေ
ကျန်ဦးမယ်ထင်တယ်............
မြေပေါ်မှာမရှိတော့ လူတွေလည်း
မှတ်မိတော့မှာ မဟုတ်ပါဘူးလေ။   ။

မလေးမြေက ပန်းအချို့ ကို ခံစားကြည့်ခြင်း

အရောင်အဆင်း.....အနံ့ သင်းထုံ
လှတယ်ဆို.....ခူးဆွတ် ဝယ်ယူ
သိမ်းပိုက်ချင်သည်။
တယုတယလည်း...နမ်းရှိုက်ကြ၏။
အရောင်လည်းနွမ်း...ရနံ့ လည်းပြယ်
ကြွေကျလျှင်....လွှင့်ပစ်နင်းခြေ
ဖျက်စီးကြ၏။
ကြွေကျသော်ငြား....အဆင်းမပျက်က
ခဏပန်ဆင်...ပြီးရင်လွှင့်ပစ်
လုပ်တတ်ကြသည်။
မလေးမြေက
ပန်းလေးတွေရယ်....
လန်းချိန်တန်းလန်း...
ပွင့်ချိန်တန်ပွင့်...
ဖူးချိန်တန်ဖူး...
အဖိုးထိုက်တဲ့ ပန်းလေးတွေသာ
ဖြစ်စေချင်တယ်။
                        
(မည်သူ့ ကိုမှမရည်ရွယ်ပါ၊တိုက်ဆိုင်သွားလျှင်ခွင့်လွှတ်ပေးကြပါ၊ကျွန်တော်မြင်တွေ့ နေရတဲ့အဖြစ်အပျက် ၊ ကြားသိရတဲ့အကြောင်းအရာလေးတွေကို ခံစားပြီး စိတ်မကောင်းခြင်းများစွာနဲ့  ရေးထားတဲ့ ခံစားမှုသက်သက်ပါ)

ရောင်းရန်မဟုတ်တဲ့ ပန်းတစ်ပွင့်ကို ခံစားကြည့်ခြင်း



ပန်းတစ်ပွင့် မှာ

စာတန်းချိတ်ဆွဲထားတယ်

ရောင်းရန်မဟုတ်ပါတဲ့။

ပန်းကလှတော့

ငေးကြည့်မိတယ်

ကြည့်ရင်းနဲ့  ပန်းက

ကိုယ့်ဖက် ညွှတ်လာလို့

ပတ်ဝန်းကျင်ကို မေ့ပြီး

လှမ်းပြီး ဆွဲယူ ရှိုက်နမ်းမိတယ်

အားးးးးးးးးးးးးး

သတိမထားမိဖူး ဆူးတွေပါတာကို။


မြန်မာမလေးကို လွမ်းဆွတ်ခြင်း




ဟိုတစ်ချိန်က ပါးမှာသနပ်ခါး
ရှည်လျားကေသာ အိနြေ္ဒကြီးစွာ
ရင်ဖုံးအင်္ကျီ ချိပ်ထဘီနှင့်
ကျက်သရေရှိလှ မောင့်နှမ။

အသက်ထက် အရှက်ကို တန်ဖိုးထားလှ
စိတ်ဓါတ်ကလည်း မြင့်မြတ်လှ
ရိုးရိုးလေးနဲ့  ချစ်ဖို့ ကောင်းစွ မောင့်နှမ။

အခုတော့....
တိုးတက်လာတဲ့ ခေတ်ရေစီးကြောင်းကြောင့်လား
ပါးမှာရောင်စုံခြယ်သ
ဟိုတို ဒီတို ဟိုခွဲ ဒီခွဲ ဟိုပေါ် ဒီပေါ် နှင့်
မမြင်အပ်တာ ပါ ဖော်ပြနေတော့
လူတကာက လက်ညှိုးထိုးပြီး
ဝိုင်းပြီးကဲ့ရဲ့ နှာခေါင်းရှုံ့တယ်
မြန်မာမလေးလို့  မပြောပါနဲ့ 
မင်းတို့ အစား ငါ ရှက်တယ်။

ရိုးရိုးလေးနဲ့ လည်း လှပါတယ်
ချစ်ဖို့ ကောင်းပါတယ်
မြန်မာမလေးတွေရယ် ။ ။

(မည်သူ့ ကိုမှ မရည်ရွယ်ပါ...အင်တာနက်ပေါ် တွင် တွေ့ ရသည့် ဓါတ်ပုံများ ကို ကြည့်ပြီး ရေးဖြစ်သွားတာပါ။ )


တွေးမိတွေးရာ(၂)


"လောကကြီးမှာ အလွယ်ကူဆုံး အရာတွေဟာ အရေးပါဆုံး အခြေခံအကျဆုံးပါ"

ဥပမာ။ ။"လေ" အကြောင်း ကျွန်တော်တို့ မသိဖူး ။ ဒါကြောင့် မြတ်စွာဘုရားက လေအကြောင်းသိအောင် "၀င်တယ်၊ထွက်တယ်(ဖောင်းတယ်၊ပိန်တယ်) မှတ်ခိုင်းတော်မူခဲ့တာ။

ကျွန်တော်တို့  လွယ်လို့  ပစ်ထား လိုက်ကြတယ်။

လွယ်သလား.....လွယ်တယ် ။

သိသလား...မသိဘူး ။

ကျွန်တော် နှင့် တကွ သူငယ်ချင်းညီအစ်ကိုမောင်နှစ်မ အားလုံးရဲ့ နေ့ စဉ်ဘ၀ထဲမှာလည်း ဒါမျိုးတွေ အများကြီးပါ ။

လွယ်လား....လွယ်တယ်။

သိလား....မသိဖူး ။

   ကျော်ဇင် 

၂၆-၂-၂၀၁၃

တွေးမိတွေးရာ (၁)

အချစ်ဆိုတာ ဘာလဲဆိုတာ ကျွန်တော် မသိပါဖူး။

ဒါပေမဲ့ အချစ်ဆိုတာ သစ္စာရှိစွာ နဲ့  ချစ်သူကို ချစ်မြဲချစ်နေဖို့ လို့ ထင်တယ်။

အချစ်ဆိုတာကြီးကို ကြုံတွေ့ တာနဲ့  တပြိုင်နက် အချစ် ရဲ့ မိတ်ဆွေတွေ ဖြစ်တဲ့ လွမ်းဆွတ်မှု၊တမ်းတသတိရမှု၊စိုးရိမ်ပူပန်မှု၊သ၀န်တိုမှု ဆိုတာတွေကတော့ မခေါ်လည်း ရောက်လာကြတယ်။

တစ်ခါတစ်လေ အချစ်ဆိုတာကြီးက တစ်ဦးနဲ့ တစ်ဦး အရမ်းချစ်ပါတယ် ပြောနေတဲ့သူတွေကို ပတ်ဝန်းကျင်ကထွက်လာတတ်တဲ့ ကိုယ်ချင်းစာလို့ ပြောပြတာပါ(စေတနာစကားလည်ုးဖြစ်ချင်ဖြစ်မှာပါ)ဆိုတဲ့ စကားနဲ့ ခွဲခွာစေသလို့  ကံကြမ္မာ ကြောင့်လည်းခွဲခွာစေတယ်။

ဒါကြောင့် အချစ်မှာ အဓိက လိုအပ်တာက တစ်ယောက် နဲ့  တစ်ယောက် ယုံကြည်ပြီး၊နားလည်မှု ဆိုတာ ရှိဖို့ အဓိက လိုအပ်တယ်။

ကံကြမ္မာကြောင့်ဆိုတာကတော့ ကုသိုလ်ကံ အတိုင်းပေါ့။

အချစ်လည်းရှိပြီ နားလည်မှုလည်းရှိပြီဆိုတော့ နောက်ဆုံးပန်းတိုင် ဖြစ်တဲ့ အိမ်ထောင် တစ်ခု တည်ဆောက်နိုင်ပြီလား ဆက်တွေးမိတယ်။

အိမ်ထောင်ပြုတာက လွယ်ပါတယ်။ ရုံးတက် လက်မှတ်ထိုးတာနဲ့  လင်မယား ဖြစ်တယ်တဲ့။

ဒါဆို ဘာက ခက်လည်း? ? ?

ဘ၀တစ်ခုတည်ဆောက်ဖို့  ဆိုရင် လိုအပ်လာတာက
(၁) ပိုက်ဆံ
(၂)အလုပ်
(၃)အိမ် ဆိုပြီး အကြမ်းဖျဉ်း လိုမယ်ထင်တယ်။

(ဆွေစဉ်မျိုးဆက် ချမ်းသာတဲ့ သူတွေ အတွက်တော့ မလိုဖူးပေါ့ဗျာ)

ဘာလို့  အိမ် လိုအပ်တယ်လို့ ထင်ရင် ကိုယ်ပိုင် အိမ် မဟုတ်ပဲ မိဘ အိမ် ၊ယောက္ခမ အိမ်မှာ နေရင် ရေရှည်ကျရင် ပြဿနာတွေ ဖြစ်လာနိုင်လို့ ပါ။ (ကျွန်တော့် မေမေ နဲ့  ဖေဖေ က ကျွန်တော့် ကိုယ်တွေ့ ) ကိုယ်ပိုင် အိမ် မ၀ယ်နိုင်သေးတောင် အိမ်ငှားနေနိုင်ရင် အဆင်ပြေမှာပါ။

အဲ့တော့ အချစ်တစ်ခု ခိုင်မြဲဖို့  အချစ် ရယ် သစ္စာရှိမှုရယ် နားလည်မှု ရယ် ရှိရင် ခိုင်မြဲမယ်။

အဲ့လို သစ္စာရှိစွာချစ်ပြီး နောက်ဆုံးပန်းတိုင်ဖြစ်တဲ့ ဘ၀နှစ်ခုကို နှစ်ကိုယ်တစ်ဘ၀ ပေါင်းစည်းဖို့ အတွက် အချစ်၊သစ္စာရှိမှု၊နားလည်မှု၊အလုပ်၊ငွေ၊အိမ် လိုအပ်တယ်။

(စိတ်ညစ်နေတာနဲ့  လျှောက်တွေးနေရင်း ခေါင်းထဲပေါ်လာတာတွေ ချရေးဖြစ်သွားတာပါ)

ကျော်ဇင်
၂၆-၂-၂၀၁၃

အရောင်တူ လုံးလေးတွေ စီပြီးဆော့ရတဲ့ ဂိမ်း(Jewel Star 2.8 For Android)

အရောင်တူ လုံးလေးတွေ စီပြီးဆော့ရတဲ့ ဂိမ်းလေးပါပဲ။



လိုအပ်ခဲ့လျှင် Box ဆိုဒ်မှ ဒေါင်းရန်
Dropbox ဆိုဒ်မှ ဒေါင်းရန်

အဆင်ပြေကြပါစေ။
Related Posts Plugin for WordPress, Blogger...

Like ခြင်းဖြင့် အားပေးပါ :)

mumcradio