Facebook က Privacy Setting အကြောင်းလေးပါ။ မသိသေးတဲ့သူငယ်ချင်းတွေအတွက်ရည်ရွယ်ပါတယ်။
ကျွန်တော်လေ့လာထားသလောက်ဝေမျှပေးတာပါ။ လိုတာရှိသေးရင်လည်းဖြည့် စွက်ပြောပြပါလို့ မေတ္တာရပ်ခံပါတယ်။
ပထမဦးဆုံး မိမိ Facebook အကောက်ကိုဖွင့်လိုက်ပါ။ပြီးရင် ညာဘက်အပေါ်ဆုံးထောင့် Home ရဲ့ဘေးမှာရှိတဲ့ မြားပုံလေးကို ကလစ်လိုက်ပါ။(မှတ်ချက်။ ။ ကျွန်တော့်ဖေ့ဘွတ်စာမျက်နှာအတိုင်း
ဖော်ပြသည့်အတွက် အပေါ်ဘားတန်းမှာ ရှိသည့်နေရာတူချင်မှတူပါလိမ့်မည်။Home ရဲ့ဘေးက မြားပုံ ကိုပြောတာပါ။)အောက်မှာပုံနဲ့ ဖော်ပြပေးထားပါတယ်။
ပြီးရင် Privacy Settings တွေပေါ်လာပါလိမ့်မည်။
Public.... ကမ္ဘာလုံးပုံ ရဲ့အဓိပ္ပါယ် က သူငယ်ချင်းတွေတင်မက တစ်ခြားသူတွေပါ မိမိတင်သမျှကို တွေ့ မြင်စေတဲ့ သဘောပါ။
Friends....လူနှစ်ယောက်ပုံလေးရဲ့ အဓိပ္ပါယ်က မိမိဖေ့ဘွတ်အကောက်ထဲမှာ ရှိတဲ့ သူငယ်ချင်းတွေပဲ မိမိတင်သမျှကို တွေ့ မြင်စေတဲ့ သဘောပါ။
Custom...ခွေးသွားစိတ်ပုံလေးရဲ့သဘောက မိမိတင်သမျှကို မိမိမြင်စေချင်တဲ့သူတွေကိုပဲ တွေ့ မြင်စေနိုင်တဲ့ သဘောပါ။
အောက်ကပုံက Custom အောက်က အဝိုင်းလေးကို ကလစ်လိုက်ရင် ပေါ်လာမဲ့ပုံပါ။
These people or lists: ဘေးရှိ အကွက် အဆုံးမှာရှိတဲ့ မြားပုံလေးကို ကလစ်ပြီးပြင်နိုင်ပါတယ်။
Friends of Friends ကိုရွေးလိုက်ရင် မိမိတင်သမျှကို မိမိသူငယ်ချင်းများသာမက မိမိသူငယ်ချင်းများရဲ့သူငယ်ချင်းများကလည်း တွေ့ မြင်စေနိုင်တဲ့သဘောပါ။
Friends .....မိမိတင်သမျှကို မိမိအကောက်မှာရှိတဲ့သူငယ်ချင်းများသာ တွေ့ မြင်စေနိုင်တဲ့သဘောပါ။
Specific People or Lists...ကိုရွေးလိုက်ရင် မိမိတင်သမျှကို မိမိမြင်စေချင်တဲ့သူတွေသာ မြင်စေနိုင်တဲ့သဘောပါ။
Only Me ကတော့ မိမိတစ်ယောက်တည်းသာ မြင်စေနိုင်တဲ့သဘောပါ။
Hide this from ရဲ့အောက်မှာရှိတဲ့ These people or lists: ဘေးရှိအကွက်ထဲမှာတော့ မိမိတင်သမျှကို မိမိမမြင်စေချင်တဲ့သူ နာမည်ရိုက်ထည့်လိုက်ပါ။ကျန်တဲ့သူတွေကတော့ မိမတင်သမျှကို တွေ့ မြင်နိုင်မှာပါ။
မိမိစိတ်ကြိုက်ပြုပြင်ပြီးရင် Save Changes ကိုကလစ်လိုက်ပါ။
How You Connect
မိမိကို ဘယ်သူတွေ ဆက်သွယ်လို့ ရသလဲ ပြုပြင်လို့ ရပါတယ်။ပြုပြင်မယ်ဆိုရင်တော့ How You Connect ဘေးအဆုံးရှိ Edit Settings ကို ကလစ်ပြီးပြုပြင်နိုင်ပါတယ်။
Edit Settings ကိုကလစ်လိုက်ရင်နောက်ထပ် Box တစ်ခုကျလာပါလိမ့်မည်။မိမိနှစ်သက်သလိုပြုပြင်လိုက်ပါ။
Timeline and Tagging
မိမိ Wall ပေါ်မှာ စာတွေဘယ်သူတွေ ရေးနိုင်တယ်..ဘယ်သူတွေက မိမိတင်ထားတာမဟုတ်ပဲ တစ်ခြားသူတွေ ဆီက Tag လုပ်ထားတာတွေကို တွေ့ မြင်စေနိုင်တယ်။မိမိ Tag လုပ်ထားတာတွေကို တွေ့ နိုင်အောင် မတွေ့ နိုင်အောင်...အစရှိတာတွေကို ပြုပြင်နိုင်ပါတယ်။
Ads,Apps and Websites
မိမိမကြိုက်တဲ့ application တွေ ဝက်ဆိုဒ်တွေကို Remove လုပ်နိုင်ပါတယ်။
How people bring your info to apps they use ရဲ့သဘောကတော့ မိမိသူငယ်ချင်းမဟုတ်တဲ့သူတွေက မိမိ Facebook profile ကိုဝင်ကြည့်တဲ့အခါ မိမိမြင်စေချင်တဲ့အရာတွေကိုပဲ မြင်အောင်ပြုပြင်နိုင်ပါတယ်။
Instant personalization ရဲ့သဘောကတော့ မိမိဝင်ထားတဲ့ Like ပေးထားတဲ့ Fan page တွေ့  Group တွေ အဆိုတော်၊..အစရှိသည်တို့ ကို မြင်နိုင်မမြင်နိုင် ပြုပြင်နိုင်ပါတယ်။
Public search ရဲ့သဘောကတော့ မိမိနာမည်ကို Search Box မှာရိုက်ပြီးရှာရင် တွေ့ အောင် ပြုပြင်နိုင်တဲ့နေရာပါ။မတွေ့ မြင်စေချင်ရင်တော့ သူ့ ဘေးက Edit Settings ကိုကလစ်ပြီး ပေါ်လာတဲ့ Box ထဲမှာ Enable publish search ရှေ့ရှိလေးထောင့်ကွက်လေးထဲမှာကလစ်ပြီး အမှန်လေးခြစ်ပေးလိုက်ပါ။
Ads ရဲ့သဘောကတော့ ကျွန်တော် စမ်းကြည့်တာတော့ ဘာမှမဟုတ်ပါဘူး..
မပြုပြင်တာပဲကောင်းပါတယ်:)