Wednesday, 21 November 2012

ပဉ္စဂံတေးစု

 အစ်ကိုတစ်ယောက်တောင်းထားတာ ဒီစီးရီးလားမသိဘူး။BIG V ဆိုတဲ့ ခေါင်းစဉ်က အွန်လိုင်းပေါ်မှာရှာတာ ပြဲပြဲစင်ပဲ ရှာမတွေ့ ဘူးဗျာ... ကိုငှက် ပါဝင်သီဆိုခဲ့တဲ့ နောက်ဆုံးအယ်ဘမ် ဆိုတာ အခုတင်ပေးလိုက်တဲ့ ပဉ္စဂံတေးစု အယ်လ်ဘမ် ပဲတွေ့ တယ်...အယ်လ်ဘမ်လိုက်ပဲတင်ပေးလိုက်ပါတယ်။
အောက်ဆုံးက Click here ကိုကလစ်ပြီးဒေါင်းပါ။အဆင်ပြေပါစေဗျာ.....


01 ထူးအိမ်သင် - အိမ်မက်ထဲကရထားကြီး
02 စိုင်းထီးဆိုင် - မျှော်သူပျော်ရစေ
03 ခိုင်ထူး - လမင်းသီချင်း
04 အောင်ရင် - မျှော်လင့်ချက်ညကဗျာ
05 စိုးလွင်လွင် - ယောကျာင်္းကောင်း
06 ထူးအိမ်သင် - ငါ့တိမ်တိုက်
07 စိုင်းထီးဆိုင် - ယုံတမ်း
08 အောင်ရင် - ချစ်သစ္စာ
09 ခိုင်ထူး - အိမ်မက်ပန်းချီ
10 စိုင်းထီးဆိုင် - အချော့တော်စကား
11 ထူးအိမ်သင် - လောကကြီးရဲ့မောင်းနှင်အား
12 အောင်ရင် - ချစ်တဲ့ဘက်ကလူ
13 ခိုင်ထူး - ကာရန်မဲ့ခင်မင်မှု့
14 စိုးလွင်လွင် - ရက်သတ္တပတ်

Click Here

သာသနာ့အလံ ဖြစ်ပေါ်လာပုံ နှင့် တီထွင်သူ အမှန်


(၁၈၈၅) ခုနှစ်၊ ဧပြီလ(၂၈)ရက်တွင် (သီဟိုဠ်ကျွန်း) သီရိလင်္ကာနိုင်ငံတွင် ကဆုန်လပြည့် (ဗုဒ္ဓနေ့)ကို ခမ်းနားကြီးကျယ်စွာကျင်းပရန် အထူးအစီအစဉ်ရှိ နေသည့် ဗုဒ္ဓနေ့ အထိမ်းအမှတ်ပွဲတော်ကြီးနှင့် အခြား ဘာသာရေးပွဲတော်များတွင်ပါ သာသနာ့အလံတော်ကို အမှတ်တရ အဖြစ်လွှင့်ထူရန် စဉ်းစားခဲ့ကြသည်။
ထို့ကြောင့် ဗုဒ္ဓဘာသာဝင်ဖြစ်သော ကိုလံဘို မြို့သူမြို့သားတို့သည် မိရိုးဖလာ ကိုးကွယ်မှု
အထိမ်း အမှတ်အဖြစ် ဗုဒ္ဓအလံတော် တစ်ခုကို တီထွင်ပြုလုပ်ရန်အတွက်ကြိုးပမ်းခဲ့ကြ၏။
ထိုအလံတော်ကို (၁၈၈၅) ခုနှစ်တွင်ပြုလုပ်ခဲ့သော်လည်း ဗုဒ္ဓအလံတော်ကို ကမ္ဘာအရပ်ရပ်က အသိအမှတ် ပြုလာကြသည်မှာနှစ်ပေါင်း ၁၀၀ ကျော်ခန့်မျှသာ ရှိပေသေးသည်။ ကမ္ဘာ့ဗုဒ္ဓသာသနာ့အလံတော်အဖြစ် (၁၉၅၁) ခုနှစ်သို့ ရောက်သောအခါမှသာ
ကမ္ဘာတစ်ဝန်းလုံးတွင်ရှိသော ဗုဒ္ဓဘာသာဝင်နိုင်ငံများမှ လက်ခံလာခြင်းဖြစ်သည်။
တီထွင်သူ အစစ် (သာသနာ့အလံကို ကနဦး တီထွင်သောသူသည်
ဟင်နရီ စတီးလ် အိုကော့ ( Henry Steele Olcott )
ဟု ထင်နေကြပြီး အမှန်တကယ်မှာ စီ ပီ ဂုဏ၀ဍ္ဎန ခေါ် ကာရိုလစ် ပူဂျသ ဂုဏ၀ဍ္ဎန
(Carollis Pujitha Gune Wardene) ဖြစ်သည်။) ဟင်နရီစတီးအိုကော့ ( H.S. Olcott )
ဟင်နရီစတီးအိုးကော့ သည် အမေရိကန်နိုင်ငံသား အငြိမ်းစားဗိုလ်မှူးကြီး တစ်ဦးဖြစ်သည်။
အောလ်ကော့ကို ၁၈၃၂ခုနှစ်၊ ဩဂုတ်လ၂ရက်နေ့တွင် နယူးဂျာစီပြည်နယ်၊ Orange မြို.၌ ပရိုတင့်စတင့်ခရစ်ယန် မိဘနှစ်ပါးမှ မွေးဖွားခဲ့သည်။ အသက်(၂၉) နှစ်တွင် အမေရိကန်ပြည်တွင်းစစ် အတွင်းတပ်မတော်သို့ဝင်ရောက်အမှုထမ်းခဲ့ပြီးဗိုလ်မှူးကြီးအဖြစ်အငြိမ်းစား ယူခဲ့သည်။
အတွေးအခေါ်သမိုင်းနှင့်နိုင်ငံရေးနယ်ပယ် မှာထင်ရှားသူ ဖြစ်ပြီး သီအိုဆိုဖီပညာများကို
လေ့လာလိုက်စား၍ တစ်စတစ်စ ဗုဒ္ဓ၀ါဒများကိုလိုက်စားရင်းမှ ဗုဒ္ဓဘာသာဝင်တစ်ဦး ဖြစ်လာခဲ့သူပင်။
၁၈၆၁ခုနှစ် အမေရိကန် ပြည်တွင်းစစ်တွင် ငွေဝယ်ကျွန်စနစ်ကို တိုက်ဖျက်လိုသော တပ်မတော်မှ ပါဝင်တိုက်ခိုက်ခဲ့သည်။ အောလ်ကော့ သီရိလင်္ကာနိုင်ငံတွင် ရောက်ရှိနေစဉ်အချိန်က ဗုဒ္ဓဘာသာနှင့် ခရစ်ယန်ဘာသာတို. စကားရည်လုပွဲကြီး ကျင်းပနေသည့်အချိန် ဖြစ်သည်။ ဗုဒ္ဓဘာသာဘက်မှ အရှင်ဂုဏာနန္ဒဆရာတော်နှင့် ခရစ်ယန်ဘက်မှ ဓမ္မဆရာ များ ၁၈၇၃ခုနှစ်တွင် ပနာဒူရမြို.၌ ယှဉ်ပြိုင်ခြင်းဖြစ်သည်။ အကဲဖြတ်မှတ်တမ်းများအရ အရှင်ဂုဏနန္ဒက အကိုးအကား ခိုင်လုံပြီး အရည်အသွေးသာကြောင်း သိရသည်။
ဤပွဲ ဖြစ်ပွားပြီးနောက် ဗိုလ်မှုးကြီးအောလ်ကော့သည် သီရိလင်္ကာ၊ ဂေါလေ (Galle) ၌ တရားဝင် ဗုဒ္ဓဘာသာအဖြစ် ကြေငြာခဲ့သည်။ ၁၈၉၁ခုနှစ်တွင်မန္တလေးသို.လာရောက်ပြီး သံဃာတော်များကို လာရောက်ဖူးမြော် သေးသည်။ စီပီဂုဏ၀ဍ္ဎန(C.P. Gune Wardene) စီပီဂုဏ၀ဍ္ဎန သည် ၁၈၅၄-ခုနှစ်၊ ဖေဖော်ဝါရီလ (၁၆)ရက်နေ့တွင် ဖွားမြင်သူဖြစ်သည်။
ထိုအချိန်ကာလက သီဟိုဠ်တွင် ခရစ်ယာန်သာသနာ လွှမ်းမိုးနေချိန်ဖြစ်သည်။
ထို့ကြောင့် ဗုဒ္ဓဘာသာ ပြန်လည်ထွန်းကားရေး နှင့် ဗုဒ္ဓဘာသာဝင်တို့ ဆုံးရှုံးနေသော အခွင့်အရေးများ ပြန်ရရေးအတွက် “ဗုဒ္ဓသာသနာ ကာကွယ်ရေး ကော်မတီ” ကို ၁၈၈၄-ခုနှစ် ဇန်န၀ါရီ(၂၇)ရက်နေ့ တွင် ထူထောင်ခဲ့သည်။

ထိုအသင်းတွင် ဟင်နရီစတီး အိုးကော့ က စီပီဂုဏ၀ဍ္ဎန ကို အကျိုးတော်ဆောင် အဖြစ် ခန့်အပ်သည်။ စီပီဂုဏ၀ဍ္ဎန သည် ဗုဒ္ဓသာသနာ ပြန်လည်ထွန်းကားရေးအတွက် နှစ်ပေါင်း (၄၀)ခန့်အင်တိုက်အားတိုက် ဆောင်ရွက်ခဲ့လေသည်။
စီပီဂုဏ၀ဍ္ဎန က “ခရစ်ယာန်ဘာသာဝင်များ အတွက် ကြက်ခြေနီ အထိမ်းအမှတ် ရှိသကဲ့သို့ ကမ္ဘာ့ဗုဒ္ဓ သာသနာဝင် အားလုံး အသုံးပြုနိုင်ရန် အလံတော်ကို ဗုဒ္ဓနှင့် သက်ဆိုင်သည့် ရောင်ခြည်တော် ခြောက်ပါး ပါသော အရောင်တို့ကို အသုံးပြုရန်” အကြံပေး တင်ပြခဲ့သည်။

၎င်း အကြံပေး တင်ပြသော ဗုဒ္ဓသာသနာ့ အလံကို ၁၈၈၅-ခုနှစ် ကဆုန်လပြည့်(ဗုဒ္ဓနေ့)၌ တင်ရန်
ကော်မတီဝင် အားလုံးက လက်ခံခဲ့ကြသည်။ ၎င်းအလံပုံစံကို သရသ၀ိ သန္ဒရေသ
( Sarasavi Sandaresa ) စာစောင်တွင် အချပ်ပိုထည့်၍
၁၈၈၅-ခုနှစ်၊ ဧပြီလ(၁၇)ရက် တွင် ဖော်ပြခဲ့သည်။
သို့သော် ထိုစဉ်က အလံပုံစံ တီထွင်သူ၏ အမည်ကို မဖော်ပြခဲ့ချေ။
သို့သော် စီပီဂုဏ၀ဍ္ဎန ကွယ်လွန်ပြီးနောက် နှစ်နှစ်အကြာ
၁၉၂၈-ခုနှစ်၊ မေလ(၁)ရက်နေ့ထုတ် သုဒနမိန စာစောင်နှင့်
ကိုလံဘို ဗုဒ္ဓသာသနာ သီအိုဆိုဖီ အသင်း ရာပြည့်စာစောင်တွင် ဗုဒ္ဓသာသနာ့ အလံ
တီထွင်ရေးဆွဲသူမှာ စီပီဂုဏ၀ဍ္ဎန ဖြစ်ကြောင်း ဖော်ပြခဲ့သည်။
ထို့ပြင် ဟင်နရီစတီးအိုးကော့ ကိုယ်တိုင်ကလည်း သူ၏မှတ်တမ်းဟောင်း စာမျက်နှာ( ၄၆၉ ) ၌
“ဗုဒ္ဓသာသနာ့ အလံ တီထွင်ရေးဆွဲသူမှာ သူမဟုတ်ကြောင်း” ထုတ်ဖော် ၀န်ခံထားခဲ့သည်။
အလံလွှင့်တင်ရာ (ဗုဒ္ဓနေ့)တွင် အိုးကော့မှာ အိန္ဒိယနိုင်ငံသို့ ရောက်နေခဲ့ပြီး ၁၈၈၆-ခုနှစ်၊ ဇန်န၀ါရီလ(၂၈)ရက်တွင် သီဟိုဠ်သို့ ပြန်လည်ရောက်မှ သာသနာ့ အလံကို ဦးစွာ မြင်ဖူးခြင်း ဖြစ်သည်။

သို့သော် အလံမှာ အနည်းငယ် ရှည်လျားနေသဖြင့် အမျိုးသား အလံများကဲ့သို့ အချိုးအစားကျအောင် ဆောင်ရွက်ရန် အကြံပေးခဲ့သည်သာရှိ၏။ မြန်မာနိုင်ငံ နှင့်
သာသနာ့အလံ သာသနာ့အလံတော်ကို
သီဟိုဠ် ဂိုဏ်းချုပ် ဆရာတော် အရှင်သီရိ သုမင်္ဂလာထေရ် သည်
၁၉၅၀ ပြည့်နှစ်တွင် သီဟိုဠ်နိုင်ငံလုံးဆိုင်ရာ ဗုဒ္ဓသာသနာ ကွန်ဂရက် အဖွဲ့ကြီး၏ ဥက္ကဌ ဒေါက်တာဂျီပီမာလာ ဆေထေရ် ၏ ဆန္ဒအရ ကမ္ဘာလုံးဆိုင်ရာ ဗုဒ္ဓသာသနာ ကွန်ဂရက် အစည်းအဝေးကြီးကို ဖိတ်ခေါ်၍ အစည်းအဝေးပြုလုပ် ခဲ့သည်။
မြန်မာနိုင်ငံတွင် (၁၉၅၆) ခုနှစ် ဆဌသင်္ဂါယနာ တင်သည့်နေ့မှစ၍
အထက်ပါ ကမ္ဘာ့ ဗုဒ္ဓသာသနာ့အလံတော် ကို သာသနာ့အလံတော်ကြီး
အဖြစ် အောင်မြင်စွာ အတည်ပြုလွှင့်ထူနိုင်ခဲ့လေသည်။

၁၉၈၀ပြည့်နှစ်တွင်ကျင်းပသည့်သာသနာတော် သန့်ရှင်းတည်တံ့ပြန့်ပွားရေး ဂိုဏ်းပေါင်းစုံ သံဃအစည်းအဝေးမှလည်း ဗုဒ္ဓသာသနာ့ အလံတော်နှင့်
ပတ်သက်၍ အညီအညွတ်ဆုံးဖြတ်ပြီး သံဃနာယက လက်စွဲကျမ်းတွင် ပြဋ္ဌာန်း ခဲ့သည်။

အလံတော် အဓိပ္ပါယ် သာသနာ့အလံတော်ကြီးသည် ငြိမ်းချမ်းသာယာခြင်း၊ သည်းခံခြင်း၊ စိတ်ထားဖြူစင်ခြင်းတို့၏အထိမ်းအမှတ် အဖြစ် သရုပ်ဖော်ထားပြီး ဗုဒ္ဓဘာသာဝင်တို့သည် ဘုရားရှင်အားအထူးကြည်ညိုကြသဖြင့် ဘုရားရှင်၏ ရောင်ခြည်တော် ခြောက်သွယ် ကွန့်မြူးကာ တရားတော်များ ဟောကြားနေတော်မူခဲ့သည်ကို ရည်ညွန်းကြခြင်းဖြစ်၏။
ထို့ကြောင့် ရောင်ခြည်တော် ခြောက်သွယ် အရောင်ကို အသုံးပြုရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်ပါသည်။
အရွယ်အစား/အရောင် • အကြီး = အလျား - ၉ပေ x အနံ - ၅ပေ •
အလတ် = အလျား - ၄ပေ ၆လက်မ x အနံ - ၂ပေ ၆လက်မ •
အလတ် = အလျား - ၂ပေ ၃လက်မ x အနံ - ၁ပေ ၃လက်မ •
အသေး = အလျား - ၉လက်မ x အနံ - ၅လက်မ ဟူ၍ လေးမျိုး သတ်မှတ်ထားသည်။
ရောင်ခြည်တော် ခြောက်သွယ် သတ်မှတ်ပြဋ္ဌာန်း ထားသည့်အတိုင်း
အလံတော်တိုင်ဘက်မှ စတင်၍ သတ်မှတ်ရသည်ရှိသော်
1. နီလ = အပြာရင့်ရောင်
2. ပီတ = အ၀ါရင့်ရောင်
3. လောဟိတ = အနီရောင်
4. သြဒါတ = အဖြူရောင်
5. မဉ္ဇီဋ္ဌ = ပန်းနုရောင် ထိုအရောင်(၅)မျိုးကို ဒေါင်လိုက်ထားရှိပြီးလျှင်-
6. ပဘဿရ = ပြိုးပြိုးပြက်ပြက် တစ်ခဲနက် ထွက်နေသော အရောင် အဖြစ် အလံတော်၏ အစွန်အဖျား(အထက်)အပေါ်ဘက်မှ နေ၍ အပြာ၊ အ၀ါ၊ အနီ၊ အဖြူ၊ ပန်းနုရောင် တို့ကိုပင် အစဉ်အတိုင်း အောက်ဖက်သို့ ထားရှိချုပ်လုပ်ရမည်။
အသုံးပြုပုံ မြန်မာနိုင်ငံရှိ နိုင်ငံတော်သံဃ မဟာနာယက အဖွဲ့သည် အလံတော်ကို
သံဃနာယက လက်စွဲ၊ အပိုဒ်(၅)၊ အခန်း(၂၉) ၌ သာသနာ့အလံတော် အခန်း အပိုဒ်(၃၅၅)၌ အသုံးပြုရမည့်နေ့ရက်များ သတ်မှတ်ထားသည်မှာ-
(က)အခါကြီး ရက်ကြီးများ
1. ကဆုန်လပြည့် (ဗုဒ္ဓနေ့)2. နယုန်လပြည့် (မဟာသမယနေ့)
3. ၀ါဆိုလပြည့် (ဓမ္မစကြာနေ့) 4. ၀ါခေါင်လပြည့် (မေတ္တာ အခါတော်နေ့)
5. တော်သလင်းလပြည့် (ဂရုဓမ္မ အခါတော်နေ့)
6. သီတင်းကျွတ်လပြည့် (အဘိဓမ္မာ အခါတော်နေ့)
7. တန်ဆောင်မုန်းလပြည့် (သာမညဖလ အခါတော်နေ့ )
8. တပို့တွဲလပြည့် (သြ၀ါဒ ပါတိမောက် အခါတော်နေ့)
(ခ)ပွဲတော်နှင့် အခမ်းအနားများ
1. ၀ါဆိုပွဲတော် အခမ်းအနား
2. အဘိဓမ္မာအခါတော်နေ့
3. ကထိန်ပွဲတော်
4. ရဟန်းခံရှင်ပြုပွဲ
5. ဆွမ်းကြီးလောင်းလှူပွဲ
6. စာပြန်ပွဲ နှင့် ဘွဲ့နှင်းသဘင်
7. နိကာယစာမေးပွဲ၊တိပိဋကစာမေးပွဲနှင့် ပူဇော်ပွဲ
8. ခွင့်ပြုချက်ရရှိပြီးသည့် တရားပွဲများ 9. ဘုရားထီးတင်ပွဲ
10. ဗုဒ္ဓပူဇနိယပွဲတော်11. အသံမစဲ ပဋ္ဌာန်းရွတ်ဖတ် ပူဇော်ပွဲ
12. သံဃာ့အစည်းအဝေး 13. သံဃ၀ိနိစ္ဆယအဖွဲ့ စစ်ဆေး ဆုံးဖြတ်ရာဌာန
14. ဘာသာရေး၊ သာသနာရေးနှင့် စပ်ဆိုင်သော သင်တန်းများတို့ တွင် အသုံးပြုနိုင်သည်။
(ဂ)လွှင့်ထူ အသုံးပြုနည်း၊
အပိုဒ်(၃၅၈) အထိမ်းအမှတ်အလံအားလုံး၏ အလယ်တွင် ဖြစ်စေရမည်။
လက်ယာအစွန်းမှ အရောင်ငါးမျိုး ရောယှက်ရောင်တွင် အပြာရင့်ရောင်သည် အပေါ်တွင်လက်ျာဘက်ရှိနေစေရမည်။

မော်တော်ယာဉ်တွင် စိုက်ထူပါက ကားကြီးများ၏ အမိုးအရှေ့ပိုင်းတွင် ဖြစ်ရမည်။
ကားငယ်များတွင် လက်ယာဘက် အရှေ့ပိုင်းတွင် ဖြစ်ရမည်။
သံဃာများကို ကြိုဆိုသည့်အခါ သံဃာပါလာသည့်အခါတွင်သာ
တပ်ဆင်ရမည်ဟူ၍ ဖော်ပြ ထားသကဲ့သို့၊
(ဃ)ရှောင်ကြဉ်ရမည့်အချက်များ၊ အပိုဒ်(၃၉၅)
1. ရဟန်းသံဃာပါသည်ဖြစ်စေ၊ မပါသည်ဖြစ်စေ မည်သည့်ဘုရားဖူးယာဉ်တွင်မှ မသုံးစွဲရ။
2. လမ်းဘေး၊ လမ်းခွ၊ ယာဉ်ဆိပ်၊ သင်္ဘောဆိပ်များတွင် မသုံးရ။
(နည်းပညာတို့ ရဲ့ ဆုံမှတ်များဖိုရမ်မှ ကူးယူဖေါ်ပြပါသည်)

Friday, 16 November 2012

AMR TO MP3 Converter

ဒီဆော့ဝဲလ်လေးက တော့ မိမိတို့ ဖုန်းနဲ့ အသံသွင်းထားတဲ့ amr  ဖောမတ်ကို mp3 ပြောင်းနိုင်တဲ့ ဆော့ဝဲလ်လေးပါ။ mp3 ကိုလည်း amr ပြောင်းနိုင်ပါတယ်။
လိုအပ်ခဲ့ရင် ဒီကနေသွားပြီးဒေါင်းလိုက်ပါ။


အဆင်ပြေကြပါစေ။

Tuesday, 13 November 2012

Media Player Classic (Portable လေးပါ)

 Media Player Classic  လေးပါ။
တော်တော်များများသိကြမှာပါ။သုံးရတာလည်း ပေါ့ပေါ့ပါးပါးရှိပါတယ်။ဖိုဒ်ဆိုဒ်ကလည်း 2 MB ပဲရှိပါတယ်။Format တော်တော်များများမှာအလုပ်လုပ်ပါတယ်။


လိုအပ်ခဲ့ရင် ဒီကနေသွားပြီးဒေါင်းလိုက်ပါ။ 

အဆင်ပြေကြပါစေ။

Relaxing Rain Screensaver



မိုးတွေရွာရင်း လှိုင်းတွေထရင်း လှုပ်ရှာသက်ဝင်နေတဲ့ ဒီဇိုင်းလေး တမျိုးပါပဲ.. Screensaver အလန်းလေတွေ တစ်မျိုးပြီး၊ တစ်မျိုး ပြောင်းသုံးချင်တဲ့ သူများအတွက် ရှာဖွေထားတင်ပေးလိုက်ပါတယ်
ဆန္ဒရှိရင်ဒေါင်းပေါ့ ဗျာ..
ဒေါင်းရန်... ဒီမှာ

ref;nyi thu 

အရိမေတ္တယျ ဗုဒ္ဓ၀င်တရားတော် Mp3 (ဗုဒ္ဓဘာသာမှန်လျှင် ဓမ္မဒါနအဖြစ်ထပ်ဆင့်မျှဝေပေးပါ)

            ပဲခူးဆရာတော် ဦးတေဇောသာရ ဟောကြားတော်မူအပ်သော အရိမေတ္တယျ ဗုဒ္ဓ၀င်တရားတော်
ကို ဗုဒ္ဓဘာသာဝင်များအားလုံးအတွက် မျှဝေပေးလိုက်ပါတယ်ဗျာ။


ရုပ်သံ DVD ကို   ပြည်တွင်းမှ တရားနာလိုသူများရှိခဲ့ပါက ကိုပြည့်ဖြိုး ဆီကို
Gmail နဲ့ဖြစ်စေ ဖုန်းနဲ့ဖြစ်စေဆက်သွယ်ပြီးရယူနိုင်ပါတယ်ဗျာ....အောက်မှာဖော်ပြပေးထားတာကတော့ ကိုပြည့်ဖြိုးရဲ့ ဖုန်းနံပါတ်နှင့် အီးမေးလိပ်စာပါ။

ပြည့်ဖြိုး

Gmail   -   maytharngee@gmail.com
Phone :    0943115558


အရိမေတ္တယျ ဗုဒ္ဓ၀င်တရားတော် - အပိုင်း ၄ 

ကိုပြည့်ဖြိုး ဆိုဒ်မှ တစ်ဆင့် ဓမ္မဒါန အဖြစ်ပြန်လည်ဝေမျှပါသည်။

Sunday, 11 November 2012

ခုနှစ်ရက်သားသမီးများအတွက် ( ၁၂.၁၁.၁၂) မှ (၁၈.၁၁.၁၂) အထိ တပတ်စာဗေဒင်ဟောစာတမ်း

ဆရာကြီးမင်းသိင်္ခ၏တပည့် ဗေဒင်ပညာရှင် ဆွေဇင်ဝတီ

တနင်္ဂနွေသားသမီးများ၏ကံကြမ္မာ
အလုပ်တွင်စိတ်ပင်ပမ်းလူပင်ပမ်းဖြစ်နေတတ်သည်။ ယခုအချိန်ကိုယ်ပိုင်လုပ်ငန်းလုပ်ရန်ဖြစ်လာတတ်သည်။ မလုပ်
ပါနှင့်၊ မအောင်မြင်သေးသောအချိန်ဖြစ်သည်။ ငွေဝင်မည်။ အကျိုးမရှိကုန်တတ်သည်။စာချုပ်စာတမ်း၊စာရင်းအင်း
များ သတိထားပါ။စာရင်းအင်းမှားပြီးငွေစိုက်ဖြေရှင်းရတတ်သည်။ ဆွေမျိုးသားချင်းအတွက်ပူပင်သောကဖြစ်ရတတ်
သည်။ မိမိစိတ်တွင်ဖြစ်ချင်နေတာတမျိုးလုပ်ကိုင်နေရတာတမျိုးဖြစ်နေတတ်သည်။
စိတ်တိုင်းမကျဖြစ်နေတတ်သည်။
ကျန်းမာရေး။ ဗိုက်အောင့်ပြီးဆေးရုံဆေးခန်းသွားနေရတတ်သည်။
အချစ်ရေး။ မိမိအနားတွင်အားပေးပြုစုဖေါ်ကောင်းရှိနေသောကြောင့်ရောဂါတ၀တ်သက်သာနေသည်။
ယတြာ။ မွေးနေ့နံနက်တွင် မိမိကိုးကွယ်ရာဘာသာမှဘုရားသခင်အားအုန်းစိမ်းရည်ကပ်လှူဆုတောင်းပါ။
အကျိုးပေးဂဏန်း။ ( ၁ ၂ ၅ ၂)

တနင်္လာသားသမီးများ၏ကံကြမ္မာ
အလုပ်တွင်လက်အောက်ငယ်ထွက်ပြေးသွားသောကြောင့်စိတ်တိုသလိုဖြစ်နေခြင်း၊ အလုပ်များမနိုင်မနင်းဖြစ်နေတတ်
ခြင်းဖြစ်နေတတ် သည်။ လူမျိုးခြား၊ ဘာသာခြားကြောင့်စိတ်အနှောင့်အယှက်ဖြစ် ရတတ်သည်။ အလုပ်တွင်အထက်
လူကြီး ဆရာသမားကောင်းများနှင့်လုပ်ကိုင်နေရသောကြောင့် အစစအရာရာအဆင်ပြေနေတတ်သည်။ စက်ပစ္စည်း
အဟောင်း များထွက်ပြီးအသစ်များဝင်မည်။ခင်မင်သောမိတ်ဆွေများနှင့်လမ်းခွဲရတတ်သည်။ နိုင်ငံခြားနှင့်ပတ်သက်
သောလုပ်ငန်းများရပ်တန့်နေသည်။
ကျန်းမာရေး။ လက်မောင်းတဘက်ကိုက်ခဲနေတတ်သည်။
အချစ်ရေး။ အစစအရာရာအဆင်ပြေနေပါသည်။
ယတြာ။ မွေးနေ့နံနက်တွင် မိမိကိုးကွယ်ရာဘာသာမှဘုရားသခင်အား ကြံရည်ကပ်လှူဆုတောင်းပါ။
အကျိုးပေးဂဏန်း။ ( ၂ ၃ ၆ ၃)

အင်္ဂါသားသမီးများ၏ကံကြမ္မာ
သင်တန်းတခုတက်ရခြင်း၊ ပညာသင်ရန်ပြင်ဆင်နေရတတ်ခြင်းများဖြစ်နေတတ်သည်။ မိတ်ဆွေဟောင်းများနှင့်ပြန်
လည် ဆုံတွေ့ရတတ်သည်။ စိတ်တိုင်းမကျဖြစ်နေတတ်သည်။ မိမိဖြစ်ချင်သလိုမဖြစ်ဘဲအဆင်ပြေသလိုလုပ်ကိုင်နေ
ရတတ်သည်။ ၀င်ငွေမရှိဘဲထွက်ငွေများနေတတ်သည်။ အလုပ်လက်မဲ့ဖြစ်နေတတ်သည်။ စိတ်များလေနေတတ်
သည်။ ဘယ်အလုပ်ဘဲလုပ်လုပ်စိတ်ပင်ပမ်းလူပင်ပမ်းဖြစ်တတ်သည်။ သည်းခံပြီးလုပ်ပါ။
ကျန်းမာရေး။ အရေပြားတွင်အဖု့အပိန့်ထွက်ခြင်း၊ အညိုအမဲစွဲခြင်းဖြစ်နေတတ်သည်။
အချစ်ရေး။ လက်ရှိချစ်သူထက်အရင်ချစ်သူဟောင်းကိုသတိရလွမ်းနေတတ်သည်။
ယတြာ။ မွေးနေ့နံနက်တွင် မိမိကိုးကွယ်ရာဘာသာမှဘုရားသခင်အားစပျက်သီးဖျော်ရည်ကပ်လှုဆုတောင်းပါ။
အကျိုးပေးဂဏန်း။ ( ၃ ၄ ၇ ၄)

ဗုဒ္ဓဟူးသားသမီးများ၏ကံကြမ္မာ
နိုင်ငံခြားနှင့်ပတ်သက်သောလုပ်ငန်းများလုပ်နေရတတ်သည်။ ရေခြားမြေခြားပင်လယ်ခရီးကောင်းသွားရတတ်သည်။
ပညာသင်ရခြင်း၊ မြေ၀င်ခြင်း၊ ဖုန်းဝင်ခြင်း၊ ကြာသပတေးနံပစ္စည်းများရောက်လာ ခြင်းဖြစ်တတ်သည်။ လုပ်ငန်းတွင်
ဝင်ငွေကောင်းနေသည်။ လစာတိုးခြင်း၊ အပိုဝင်ငွေရခြင်းများဖြစ်နေတတ်သည်။ လက်ဆောင်ပစ္စည်းများလည်းရနေ
တတ်သည်။ မျက်မှန်၊ ဆိုင်ကယ်၊ ဆိုင်ခန်းဝင်တတ်သည်။ လူလိမ်ခံရခြင်းဖြစ်တတ်သည်။ ရွှေ၊ နာရီထွက်တတ်သည်။
သတိရှိပါ။
ကျန်းမာရေး။ သွေးတိုးနေတတ်သည်။ အစားအသောက်ဆင်ခြင်ပါ။
အချစ်ရေး။ အနေဝေးလို့သွေးအေးနေတတ်သည်။
ယတြာ။ မွေးနေ့နံနက်တွင် မိမိကိုးကွယ်ရာဘာသာမှဘုရားခင်အားလိမ္မော်သီးဖျော်ရည်ကပ်လှူဆုတောင်းပါ။
အကျိုးပေးဂဏန်း။ ( ၄ ၅ ၈ ၅)

ကြာသပတေးသားသမီးများ၏ကံကြမ္မာ
ခရီးများဆက်တိုက်သွားနေရတတ်သည်။ အလှူအတန်းများလည်းဆက်တိုက်ပြုလုပ်နေရတတ်သည်။ စက်ပစ္စည်း
များဝင်ခြင်း၊ အစားအစာများလက်ဆောင်ရခြင်းများဖြစ်တတ်သည်။ မိတ်ဆွေဟောင်းများနှင့်တွေ့ရတတ်သည်။
အလုပ်တွင်ပုံမှန် အတိုင်းဖြစ်နေသည်။ အဖွဲအစည်းနှင့်ပတ်သက်ပြီး မိမိကြိုးစားသလောက်မအောင်မြင်သေးဘဲဖြစ်
နေသေးသည်။ လက်အောက်ငယ်သားကြောင့်စိတ်ညစ်စရာဖြစ်ရတတ်သည်။ မိမိရစရာငွေများမရသောကြောင့်စိတ်
ညစ်ရတတ်သည်။
ကျန်းမာရေး။ ဆီးချိုရောဂါကြောင့်ဆေးထိုးနေရတတ်သည်။
အချစ်ရေး။ အချစ်ရေးအတွက်မစဉ်းစားနိုင်အောင်ဖြစ်နေတတ်သည်။
ယတြာ။ မွေးနေ့နံနက်တွင် မိမိကိုးကွယ်ရာဘာသာမှဘုရားသခင်အားပန်းသီးဖျော်ရည်ကပ်လှူဆုတောင်းပါ။
အကျိုးပေးဂဏန်း။ ( ၅ ၆ ၉ ၆)

သောကြာသားသမီးများ၏ကံကြမ္မာ
အလုပ်များပိနေတတ်သည်။ လူမူရေးများလည်းလုပ်ကိုင်နေရတတ်သည်။ စက်ပစ္စည်း တီဗွီဝင်ခြင်း၊ ရွှေဝင်ခြင်း၊
လျှပ်စပ်ပစ္စည်းများဝင်ခြင်းဖြစ်တတ်သည်။ ငွေများဝင်သည်။ ကူညီမှုများလည်းလုပ်နေရတတ် သည်။ မိမိနှင့်ရင်နှီး
သော မိတ်ဆွေသစ္စာမရှိမှုကြောင့် မိမိအလုပ်တွင်မမျှောင့်လင့်သောဆုံးရှုံးမှုများဖြစ်တတ်သည်။ လက်အောက်ငယ်
သား ထွက်ပြေးတတ်သည်။ မိမိလုပ်ကိုင်နေသောအလုပ်များတိုးတက်သော်လည်း စိတ်ရှုပ်စရာများဖြစ်နေတတ်
သည်။ မကြာခင်အဆင်ပြေသွားပါလိမ့်မည်။
ကျန်းမာရေး။ သွေးပေါင်ကျနေတတ်ခြင်း၊ သွားဒုက္ခပေးခြင်းဖြစ်နေတတ်သည်။
အချစ်ရေး။ ချစ်သူ / အိမ်ထောင်ဖက်ကျန်းမာရေးညံ့နေသောကြောင့်စိုးရိမ်စိတ်များဖြစ်နေတတ်သည်။
ယတြာ။ မွေးနေ့နံနက်တွင် မိမိကိုးကွယ်ရာဘာသာမှဘုရားသခင်အားသရက်သီးဖျော်ရည်ကပ်လှူဆုတောင်းပါ။
အကျိုးပေးဂဏန်း။ ( ၆ ၇ ၀ ၇)

စနေသားသမီးများ၏ကံကြမ္မာ
အလုပ်တွင်ဝင်ငွေကောင်းနေသည်။ သို့သော်ငွေများမမြဲဘဲဖြစ်နေသည်။ စိတ်များလေနေသည်။ မိမိအလုပ်တွင်
စိတ်မ၀င်စားဘဲအလောင်းအစားဖက်စိတ်ရောက်နေတတ်သည်။ ရသမျှငွေများကုန်နေတတ်သည်။ နိုင်ငံခြားနှင့်
ပတ်သက်သောကိစ္စများရပ်တန့်နေသေးသည်။ ပြည်တွင်းခရီးသွားရတတ်သည်။ ပြည်ပခရီးအားနည်းနေသေးသည်။
အလုပ်တွင်လုပ်ဖေါ်ကိုင်ဖက်များကြောင့်စိတ်အနှောင့်အယှက်ဖြစ်ရတတ်သည်။ မိမိအလုပ်ကိုဂရုတစိုက်လုပ်ပါ
အောင်မြင်ပါလိမ့်မည်။
ကျန်းမာရေး။ မျက်စိနှင့်ပတ်သက်ပြီးမျက်စိဆေးခန်းသွားရတတ်သည်။
အချစ်ရေး။ မိမိကဖွင့်မပြောရဲဘဲဖြစ်နေတတ်သည်။ ရဲရဲသာဖွင့်ပြောလိုက်ပါ၊ ချစ်သူရည်းစားရကိန်းရှိသည်။
ယတြာ။ မွေးနေ့နံနက်တွင် မိမိကိုးကွယ်ရာဘာသာမှဘုရားသခင်အားဒိန်ချဉ်ကပ်လှူဆုတောင်းပါ။
အကျိုးပေးဂဏန်း။ ( ၈ ၉ ၁ ၉ )

*ကောင်းကျိုးလိုရာဆန္ဒပြည့်ဝကြပါစေ*
ဗေဒင်ပညာရှင်- ဆွေဇင်ဝတီ (ဆရာကြီးမင်းသိင်္ခ၏တပည့်)

ဟောချိန်- နံနက် ၁၀း၀၀ နာရီ မှ ညနေ ၅း၀၀ နာရီထိ

ဟောခန်း- နန်းထိုက်ပဒုမ္မာစားသောက်ဆိုင်၊ ကလန်း

ကလန်းကားဂိတ် နှင့် Mydin Supermarketအနီး

ဖုန်း+ 016 6903 513 ,+018 2250 510

Saturday, 10 November 2012

Gmail Account is Disabled ဆိုတဲ့ Error ပြနေခဲ့လျှင် ဒီလိုလုပ်ပါ

  
Gmail Account ဖွင့်လို့မရတော့ဘူး……..
အကောင့်ပျက်သွားတယ်…… လို့ ပြောနေကြတဲ့ သူများအတွက်ပေါ့နော်
အဖြစ်နိုင်ဆုံး error ကတော့ Account disabled ပါပဲ….
ဘာလို့အဲလိုဖြစ်သွားလဲဆိုရင် Google ကနေထုတ်ပြန်ထားတဲ့
Terms and services ကို agree မလုပ်လို့ပါ…
သုံးရင်နဲ့ တခုခုမှားနှိပ်မိတာတို့..
လင့်တွေကနေတဆင့် မှားပီးဖျက်မိတာတို့တွေဖြစ်နိုင်ပါတယ်
အဲဒါကို ဘယ်လိုပြန်ရအောင်လုပ်မလဲဆိုတဲ့နည်းလမ်းလေးကိုဖော်ပြပေးပါ့မယ်နော်..



ပထမဆုံး ကိုယ့် ဂျီမေးလ်ကိုဝင်လိုက်တာနဲ့ အောက်မှာဖော်ပြထားတဲ့ ပုံအတိုင်း error လာကြပါမယ်… ဒါဆိုရင်တော့ Trouble shooting options ဆိုတဲ့လင့်ကိုနှိပ်သွားလိုက်ပါ……




ရောက်သွားရင်အောက်ကပုံလေးထဲကလိုမြင်ရပါလိမ့်မယ်..
အဲဒီမှာ I know my username and password but I can’t sign in. ဆိုတဲ့ကိုရွေးပေးပါ..
နောက်တဆင့်ရောက်ရင် I am getting error ဆိုတာကို ရွေးပေးပါ..
ပြီးရင်တော့ Sorry, your account is disabled. ဆိုတာကိုရွေးပေးပါ




အားလုံးပီးသွားရင်တော့ နောက်ချက်ဘောက်စ်တခုထပ်ပေါ်လာပါမယ်
ဒီမေးလ်ကိုဖွင့်လို့ရလားဆိုပြီးမေးပါလိမ့်မယ်
No ကိုပေးလိုက်ပါ…


Help article ဆိုတဲ့လင့်ကိုသွားလိုက်ပါ
ပီးရင်တော့
If you believe your account was disabled in error, contact up.
ဆိုတဲ့စာကြောင်းလေးက contact up ကိုနှိပ်လိုက်ပါ။


အပေါ်မှာပြထားတဲ့အတိုင်း လိုအပ်တာကိုဖြည့်ပီးရင်
Submit ကိုနှိပ်လိုက်ပါ။ ဒါဆိုရင်တော့ အားလုံးပီးသွားပီ
နောက်ထပ် 24 နာရီကြာရင် အဲဒီအကောင့်ကိုပြန်ဖွင့်လို့ရသွားပီ။
အဆင်ပြေပါစေ။
ref;ကိုအာကာဖြိုး
Related Posts Plugin for WordPress, Blogger...

Like ခြင်းဖြင့် အားပေးပါ :)

mumcradio