Saturday, 16 March 2013

သအို - သင်ခန်း​စာ (2013) [Album]

မိမိတို့ ရဲ့ ဘလော့ဆိုဒ်မှာ ခေါင်းလောင်းသံလေးတွေ ကြားရအောင် ထည့်ချင်ရင်

အသုံးပြုနည်းကတော့လွယ်ပါတယ်။

အပေါ်ကပုံအတွက် Layout>Add a Gadget>HTML/Java Script  မှာ အောက်က ကုဒ်ကို ထည့်ပြီး Save ပေးလိုက်ပါ။

<script type='text/javascript' src='http://parts.kuru2jam.com/js/SWFLayer.js'></script>
<script type='text/javascript' src='http://parts.kuru2jam.com/js/wind_chime.js'></script>

အပေါ်ကပုံအတွက် Layout>Add a Gadget>HTML/Java Script  မှာ အောက်က ကုဒ်ကို ထည့်ပြီး Save ပေးလိုက်ပါ။

<script type='text/javascript' src='http://parts.kuru2jam.com/js/SWFLayer.js'></script>
<script type='text/javascript' src='http://parts.kuru2jam.com/js/wind_chime.js'></script>

အဆင်ပြေကြပါစေ။

Hard Drive တွေကို အလွယ်တကူ မပျက်စီးစေဖို့

 
Hardware တွေရဲ့ ဈေးနှုန်းက ဒီဆယ်စုနှစ်ထဲမှာ အံ့ဩဖွယ်ကောင်းလောက်အောင်ကို ပြိုကျလာခဲ့ပါတယ်။ ဒါပေမဲ့လည်း လူတိုင်းက ကိုယ်စက်ထဲက hardware တွေကို ပျက်ချင် ပျက်ပါစေလို့ဆိုပြီး ပစ်စလက်ခတ်ထားကြမှာတော့ မဟုတ်ကြပါဘူး။ အထူးသဖြင့် hard drive တွေကို ဒီလိုမျိုး မထားတတ်ကြပါဘူး။
အချက်အလက်ဟာ နည်းပညာလောကသားတွေအတွက် အလွန်အရေးပါလှပါတယ်။ ဒီအချက်အလက်တွေ သိုလှောင်ရာဖြစ်တဲ့ hard drive တွေရဲ့ ကြံ့ခိုင်ရေးဟာ အလွန်ကို အရေးပါလှပါတယ်။ အောက်ဖော်ပြပါ အချက် (၁၀) ချက်ကတော့ hard drive တွေကို အလွယ်တကူ မပျက်စီးစေဖို့ လုပ်ဆောင်သင့်တဲ့ အချက်တွေ ဖြစ်ပါတယ်။

၁။ chkdsk ကို run ပေးပါ။
Hard drive တွေက မီးအားအတက်အကျကြောင့်ဖြစ်စေ၊ အခြားသောအကြောင်း အမျိုးမျိုးကြောင့်ဖြစ်စေ အထဲမှာပါတဲ့ သတ္တုပြားမှာ ပြဿနာတက်တာ၊ ဆော့ဖ်ဝဲ ပြဿနာဖြစ်တာ၊ partition table မှာ ပြဿနာဖြစ်တာ အစရှိတဲ့ ပြဿနာတွေ တွေ့ကြုံရတတ်ပါတယ်။ ဒီပြဿနာတွေကို ပြေလည်စေဖို့အတွက် chkdsk ဆိုတဲ့ ပရိုဂရမ်လေးဟာ Windows မှာ အစကတည်းက လာထည့်ပေးထားပါတယ်။ ဒီပရိုဂရမ်လေးက ပြဿနာ အတော်များများကို ပြေလည်အောင် ဖြေရှင်းပေးပါတယ်။

၂။ Hard drive ကို စောင့်ကြည့်ပေးနိုင်တဲ့ ပရိုဂရမ်သုံးပါ။
Hard drive ကို စောင့်ကြည့်လေ့လာပေးတဲ့ ပရိုဂရမ်တွေ များစွာရှိပါတယ်။ Acronis Drive Monitor ကတော့ အခမဲ့ရတဲ့ tool တစ်ခုဖြစ်ပြီး သုံးစွဲရတာ အလွန်ကောင်းပါတယ်။ အပူချိန်နဲ့ hard drive ရဲ့ နေရာလွတ်တွေကို စောင့်ကြည့်ပေးနိုင်ပါတယ်။

၃။ Data ထားတဲ့နေရာနဲ့ OS တင်ထားတဲ့နေရာကို ခွဲထားပါ။
OS တင်ထားတဲ့နေရာနဲ့ data ထားတဲ့နေရာကို partition တွေ သီးခြားပိုင်းထား သင့်ပါတယ်။ အဲဒီလို တင်မထားတဲ့အခါ OS ဆိုတာ ပျက်လွယ်တဲ့အတွက် data တွေကို သီးခြား partition မပိုင်းဘဲ OS ထားတဲ့ partition မှာထားမယ်ဆိုရင် ပျက်စီးဆုံးရှုံးမှုတွေ ရှိလာပါလိမ့်မယ်။

၎။ ကွန်ပျူတာသုံးနေတဲ့ ပတ်ဝန်းကျင်ကို သတိပြုပါ။
ကွန်ပျူတာကိုထားတဲ့နေရာက ဖုန်တွေထူတာ၊ ရေငွေ့တွေပေါများတာနဲ့ အပူချိန် သိပ်များတာ အစရှိတဲ့ အကြောင်းအရာတွေကို သတိထားရှောင်သင့်ပါတယ်။ အဲဒီလိုဖြစ်တာတွေက ကွန်ပျူတာမှာ လျှပ်စစ်ပတ်လမ်းတို့တွေဖြစ်ပြီး hardware တွေကို ပျက်စီးနိုင်တဲ့ အခြေအနေတွေ ဖြစ်ပေါ်အောင် ဖိတ်ခေါ်နေသလိုပါပဲ။ ပြီးတော့ ကွန်ပျူတာကို အပူချိန်လျော့နိုင်သလောက်လျော့အောင် ပန်ကာလေးတွေ ထားသုံးဖို့ လိုအပ်ပါတယ်။ Hard drive ကို ပန်ကာထည့်ပြီးသုံးတာက အပူချိန်လျော့နိုင်တဲ့အတွက် ပျက်စီးမှုကို ကာကွယ်နိုင်သလို hard drive ပူလာတဲ့အတွက် ဖြစ်ပေါ်လာတဲ့ ပြဿနာတွေကို ကာကွယ်ပေးနိုင်ပါတယ်။

၅။ လျှပ်စစ်ဓာတ်အပိုတွေ ကွန်ပျူတာမှာ မစီးပါစေနဲ့။
ကွန်ပျူတာကို မီတာနဲ့ထောက်ပြီး တိုင်းတာတဲ့အခါ လျှပ်စစ်ဓာတ်အားတွေက ကွန်ပျူတာပုံးမှာ စီးနေတာတွေကို တွေ့ရတတ်ပါတယ်။ အဲဒီလို ဖြစ်တတ်တာက ကွန်ပျူတာကို ပျက်စီးစေဖို့ လွယ်ကူစေပါတယ်။ လျှပ်စစ်ဓာတ်အား ရယူသုံးစွဲတဲ့ ပလပ်ပေါက်တွေနဲ့ ကြိုးတွေကို ကောင်းမွန်အောင်လုပ်ထားဖို့ လိုအပ်သလို မြေစိုက်ကြိုးကိုလည်း ထည့်ပေးထားဖို့ လိုအပ်ပါတယ်။

၆။ Drive ကို defragment ပုံမှန်လုပ်ပေးပါ။
Drive တွေကို သုံးစွဲတာကြာလာတဲ့အခါ ဖိုင်တွေရဲ့ အထားအသိုက ပြန့်ကျဲလာပါတယ်။ အဲဒီလိုဖြစ်တဲ့အခါ ဖိုင်တွေကို နေရာချတာနဲ့ ရှာဖွေတာလုပ်တဲ့အချိန် ပိုကြာလာပါတယ်။ အဲဒီလိုဖြစ်လာတာကို ကာကွယ်ဖို့အတွက် drive ကို defragment ပုံမှန်လုပ်သင့်ပါတယ်။

၇။ Solid state drive ကို ပိုသုံးပါ။
Hard drive တွေက solid state drive တွေထက် ပျက်စီးနိုင်မှုမှာ ပိုများပြားပါတယ်။ ဈေးကြီးပေမယ့် solid state drive တွေက hard drive တွေထက် ပျက်စီးနိုင်မှုမှာ လျော့နည်းတာကြောင့် ပိုမိုရွေးချယ်သင့်ပါတယ်။

၈။ Power save နည်းပညာကို သုံးပါ။
Hard drive တွေကို အလုပ်မလုပ်စေပဲ အချိန်ကြာကြာ ဖွင့်လှစ်ထားတာထက် ဘယ်အချိန်လောက်အထိ ဆက်တိုက်မသုံးစွဲဘူးဆိုခဲ့လျှင် hard drive ကို ပိတ်ထားတာတို့ sleep mode ကို သုံးတာတို့ လုပ်ထားသင့်ပါတယ်။ hard drive သက်တမ်း ပိုကြာပါလိမ့်မယ်။

၉။ ဝက်အူတွေနဲ့ မလှုပ်အောင် ကြပ်ထားပါ။
Hard drive ကို အချို့က စကူနှစ်လုံးပဲ ဖမ်းထားတာ၊ ချောင်နေတဲ့ စကူတွေ ထည့်သုံးတာတို့က hard drive ကို အခန့်မသင့်ရင် လှုပ်တာ ဖြစ်နိုင်ပါတယ်။ ဒီလိုမျိုးဖြစ်ပေါ်လာခဲ့ရင် hard drive ကို သုံးမရအောင် ပျက်စီးသွားစေပါလိမ့်မယ်။

၁၀။ Back up ပုံမှန်လုပ်ပါ။
ပစ္စည်းတွေမှာ မပျက်တဲ့ ပစ္စည်းမရှိပါဘူး။ အချိန်ကြာမှ ပျက်တာနဲ့ စောစောပျက်တာပဲ ကွာပါတယ်။ ဒါကြောင့် အချက်အလက်တွေကို ပုံမှန် Back up လုပ်ထားသင့်ပါတယ်။

ref;အင်တာနက်ဂျာနယ်

♣♣ Facebbok,Google,Twitter တို့ ၏နောက်ခံအရောင်ကို ပြောင်းချင်ရင်♣♣



Facebook ကို နောက်ခံ အရောင် Comment အရောင်, စာလုံးအရောင် လေးတွေပြောင်းပြီး သုံးကြည့်ချင်ရင် အောက်ကလင့်လေးကို ကလစ်ပြီး သွားလိုက်ပါ။

http://colormyfacebook.com/

Install Now (လင့်ကိုနှိပ်ပြီးသွားလိုက်ရင် အလယ်လောက်မှာ Install Now ရှိပါတယ်) ကို နှိပ်ပြီး မိမိ ကွန်ပျူတာမှာ Install ပေးလိုက်ပါ..... ပြီးအောင်စောင့်ပြီး မိမိ Facebook ကို  Singin ဝင်ပါ... ညာဘက်က Setting ကိုနှိပ်.... Color My Facebook  ကိုနှိပ်ပြီး ကြိုက်တဲ့ အရာင်ကိုပြောင်းနိုင်ပါပြီ....

ဂူဂဲလ် Search engine ကို အရောင်ပြောင်းချင်ရင် အောက်ကလင့်ကိုကလစ်ပြီးသွားလိုက်ပါ။

http://www.colormygoo.gl/?src=cmf


တွစ်တာအကောက်နောက်ခံအရောင်ကို  ပြောင်းချင်ရင် အောက်ကလင့်လေးကနေသွားလိုက်ပါ။

http://color-my-twitter.com/?src=cmf

အဆင်ပြေကြပါစေ။အသုံးပြုရတာလွယ်လို့  ပုံနဲ့  မပြတော့ဖူးနော်။ ကောင်းသောနေ့ လေးပါ ချစ်သူငယ်ချင်းတို့ ။

Friday, 15 March 2013

Right Click မပေးတဲ့ ဆိုဒ်ကို Right Click သုံးလို့ရအောင် ပြုလုပ်နည်း

 သူငယ်ချင်းတို့ကြုံဖူးကြမှာပါ။ဆိုဒ်တစ်ချို့တွေမှာမကော်ပီရ...Right Click မရတာလေတော်တော်များများကြုံဖူးမှာပေါ့ဗျာ..။ ခု အဲဒါကို ဘယ်လိုကျော်ဖြတ်ပြီး Right Click မလဲပေါ့ ။


ပထမဆုံး Firefox နဲ့ အရင် လုပ်ကြမယ်....

Tool>>>>>Option>>>>>ကို သွားပါ ။

ပြီးရင် Box လေး တစ်ခုတက်လာမယ် ။ အဲဒီမှာ ....

Content >>>>>  Enable JavaScrpit  က အမှတ်စက်ကို ဖြုတ်ပေး လိုက်ပါ ။

ကဲ...ပြီးပါပြီဗျာ ။ Right Click မပေးတဲ့ဆိုဒ်ကို စမ်းကြည့်လိုက်ပါ ။                              

Internet Explorer
ကဲ ဒါက IE အတွက်

(1) Internet Option ကို သွားပါ ။
  
  ကဲ ပြီးရင်တော့ Internet Options တက်လာမယ် ။ အဲဒီမှာ Security က  Custom Level ကို နိပ်လိုက်ပါ

  အဲထဲကမှ Scripting က Disable ကို အစက်ပြောင်းထည့်ပေးလိုက်ပါ ။
  
  ကဲ ပြီးပြီဆိုရင်တော့ Internet Explorer Browserကို Restart ချပြီးတော့ ပြန်ဖွင့်ကြည့်လိုက်ပါ ။
 
     Right Click ရနေပြီ ဆိုတာကို တွေ့ရလိမ့်မယ်

Google Chrome အတွက်တော့ .....

  1. Click on the Wrench Icon on the top right side on your browser.
  2. Click on Options
  3. Now goto Under the Hood tabClick on Content Setings and then on JavaScript
  4. Disable java script and open the website

သူငယ်ချင်းတွေအားလုံး စိတ်ပုတ်စွာနဲ့လုပ်ထားတဲ့ဆိုဒ်တွေက Right click  လုပ်မရတဲ့ပို့စ်တွေကို

လွယ်ကူစွာနဲ့ ကော်ပီများများယူပြီး လူတွင်ကျယ်ကြီးလုပ်နိုင်ကြပါစေဗျာ..

မူလရေးသားသူကို Credit ပေးပါတယ်။

Sunday, 10 March 2013

ကြေငြာတွေကို ဖယ်ရှားပေးမဲ့ Add- on

ဒီနေ့ ကျနော့သူငယ်ချင်းတွေကို အရမ်းကို အသုံးဝင်တဲ့ Browser Add On လေးတစ်ခုနဲ့ မိတ်ဆက်ပေးပါရစေ......:)





 ကျနော်တို့ နေ့စဉ် အင်တာနက်ထဲမှာ စာတွေဖတ်ဖို့  Software တွေဒေါင်းယူဖို့ ရုပ်ရှင်တွေ ကြည့်ဖို့ တစ်ဆိုက်ဒ်ဝင် တစ်ဆိုက်ဒ်ထွက်နဲ့ လည်ပတ် လေ့လာ ရှာဖွေကြည့်ရှု့ကြတဲ့အခါ အင်တာနက်စာမျက် တစ်ခုဖွင့်လိုက်ရင် အပေါ်က ပုံလေးတွေထဲကလို ခုန်ပေါက်နေတဲ့ မျက်စိနောက်စရာ ကြော်ငြာ အမျိုးမျိုး တွေကို အားလုံးသတိထားမိကြမယ် ထင်ပါတယ်...စာလေး တစ်ကြောင်း နှစ်ကြောင်း ဖတ်ချင်လို့ ဝက်ဆိုက်ဒ် စာမျက်နှာလေး တစ်ခုဖွင့်လိုက်ပါတယ် လာပြန်ပြီေxာက် ကြော်ငြာ ....:)  တစ်ခုခုကို Download ဆွဲတော့မယ်ဆိုရင်လည်း Adf.ly ဆိုတဲ့ ဆိုက်ဒ် ကို ရောက်သွားရင် စာမျက်နှာ တစ်ခုလုံးမှာ မူးနောက်နေအောင် ကြော်ငြာလေးတွေ ခုန်ပေါက်နေကြပြန်ပါတယ်... ရုပ်ရှင်ကြည့်မလို့ YouTube ကိုသွားတော့လည်း ထို့အတူပါပဲ ...သူတို့လေးတွေကို သွားပြီး Click မိ ထိမိရင်လည်း သူတို့ရဲ့ ကြော်ငြာဆိုက်ဒ်ထဲကနေ တော်တော်နဲ့ ပြန်မလွှတ်တတ်ပါဘူး... Leave this page Yes (or) No ဘာညာဆိုပြီး Virus တွေရှိတဲ့နေရာကို အတင်းဆွဲခေါ်နေတတ်ပါတယ်....:(

အဲ့ဒီ မလိုအပ်တဲ့ ကြော်ငြာတွေကို ကိုယ်ဖွင့်နေတဲ့ အင်တာနက် စာမျက်နှာပေါ်မှာ မပေါ်စေချင်ဘူး ဆိုရင် ဒီအောက်မှာ တင်ထားပေးတဲ့ Link လေးတွေကနေ တစ်ဆင့် မိမိတို့ရဲ့ သက်ဆိုင်ရာ Browser တွေမှာ Add ပေးလိုက်ပါ...Setting လေးတွေကိုတော့ မိမိ ကြိုက်သလို ပြင်လိုက်ပေါ့ဗျာ ကျနော်ကတော့ ဘယ် Setting ကိုမှ ပြင်မပေးတော့ဘဲ ဒီအတိုင်းသုံးနေပါတယ်...။
အရမ်း အရမ်းကိုလဲ မျက်စိနောက် သက်သာ သွားစေပါတယ်...:)

ဘယ်သူ ကြိုက်ကြိုက် မကြိုက်ကြိုက် ကျနော်ကတော့ အမှန်အကန် ကြိုက်သွားပြီဗျာ.....ဟီးးးး Add on ကိုပြောတာပါ....:D

 Chorme Browser အတွက်  ဒီနေရာ ကိုသွားပြီး ADD TO CHORME ကိုနှိပ်ပြီး Add ပေးလိုက်ပါ..။

Firefox Browser အတွက်ကိုတော့ ဒီနေရာကို သွားပြီး Add To Firefox ကို နှိပ်ပေးလိုက်ပါ.. ပြီးရင် Firefox Browser ကို Restart လုပ်ပေးလိုက်ပါ..။

IE Browser အတွက်ကို ဒီနေရာက နေ Download Install လုပ်ပါ..။

Safiri Browser အတွက်ကိုတော့  ဒီနေရာကနေတစ်ဆင့် Add ပေးနိုင်ပါတယ်...။

Opera Browser အတွက်ကတော့ ဒီနေရာ လေးကို သွားလိုက်ပါ...။

ကျနော့လို မသိသေးတဲ့ သူငယ်ချင်းများအတွက်ရည်ရွယ်ပါတယ်နော်.....:)

အားလုံးပျော်ရွှင်ခြင်းများဖြင့် ပြည်စုံကြပါစေ......


source-ဝင်းကမ္ဘာကျော် (Software နှင့် နည်းပညာ)

မြန်မာဖောင့် အလွယ်ရေးနိုင်တဲ့ ဝက်ဆိုဒ်

မြန်မာဖောင့်တွေကို မောက်စ်နဲ့  ကလစ်ပြီး ကိုယ်ရိုက်ချင်တဲ့ စာလုံးကို ရှာရိုက်၊
ကိုယ်ရိုက်တဲ့စာလုံးတွေက လက်ကွက်ရှေ့က အကွက်မှာပေါ်ပါတယ်။ :)
ကိုယ်ရေးချင်တာ ရေးပြီးသွားရင် Copy>Paste လုပ်ရုံပဲ.....:)


အောက်က လင့်ကနေသွားလိုက်နော်။


http://www.mysteryzillion.org/project/webtext/
အဆင်ပြေကြပါစေ။

Cbox မှာ စာရေးနည်း :P

သူငယ်ချင်းတို့  Website တော်တော်များများမှာ Cbox လေးတွေကို တွေ့ ဖူးမှာပါ...ဒီနေ့ Cbox မှာ စာလေးတွေ ဘယ်လိုရေးရတယ်ဆိုတာ ပြောပြချင်ပါတယ်...:P

ပထမဆုံး Cbox မှာ အောက်ဖော်ပြပါပုံလေးအတိုင်း မြင်ရမှာပါ...
Cbox
name နေရာမှာ ကိုယ့်နာမည်လေး ရေးရပါ့မယ်...
e-mail/url နေရာမှာ ကိုယ့်စာမျက်နှာကို ရောက်သွားစေချင်ရင် ကိုယ့်စာမျက်နှာရဲ့ Link ကို ရေးပေးရပါတယ်...
Link ဆိုတဲ့နေရာမှာ MM Flash Songs က မိမိစာမျက်နှာမှ မဟုတ်ပါဘူး...
blogspot.com ရဲ့ ကိုယ့်စာမျက်နှာရဲ့ Link ထည့်ထားရင် Cbox မှာ ကိုယ့်နာမည်လေးဟာ အပြာရောင်နဲ့ ပေါ်လာပြီး ကိုယ့်နာမည်လေးကို Click လုပ်တာနဲ့  ကိုယ် Link ပေးထားတဲ့ Page ကို ရောက်သွားမှာ ဖြစ်ပါတယ်...
message နေရာမှာ ကိုယ်ရေးချင်တဲ့အကြောင်းအရာလေးတွေ ရေးပြီး Go ကို Click လုပ်တာနဲ့  Cbox မှာ ကိုယ်ရေးတဲ့အကြောင်းအရာဟာ နာမည်လေးနဲ့ တွဲပြီး ပေါ်လာမှာဖြစ်ပါတယ်...
လွမ်းရေးထားတဲ့ နမူနာပုံလေးပါ...
Edited Cbox
Cbox ရဲ့ ညာဘက်အောက်ခြေမှာ smilies ဆိုတာလေးရှိပါတယ်...
Click လုပ်ကြည့်ရင် ပုံလေးတွေ တွေ့ ရမှာပါ... ကိုယ်ထည့်ချင်တဲ့ပုံလေးကို Click လုပ်ပြီး ထည့်လို့ ရပါတယ်...
ပုံလေးကို ၂-ခု ၃-ခု ရွေးထည့်ချင်တယ်ဆိုရင်တော့ ပုံကိုရွေးတဲ့အခါမှာ Shift Key လေးဖိပြီး Click လုပ်ရင် smilies window လေးက ပိတ်မသွားပဲ ဆက်ရွေးလို့ ရနေမှာပါ...
ဒီတစ်ခါ message ဆိုတဲ့နေရာမှာ ဘယ်လိုလေးလှအောင်ရေးရတယ်ဆိုတာ မျှဝေပေးချင် ပါတယ်...
လွမ်းဟာ Cbox မှာ စာရေးလေ့ရှိပါတယ်... တစ်ရက်မှာ သုဏော်စိုင်းဟာ စာလေးကို အရောင်လေးနဲ့  Scroll ဖြစ်အောင် ရေးထားတာတွေ့ လိုက်ရပါတယ်... သိချင်ရင် သူ့ ကို ဆက်သွယ်ပါ တဲ့... ဘယ်ရမလဲ... ချက်ခြင်းဆက်သွယ်တာပေါ့... အသစ်အဆန်းဆို လွမ်းက ပညာရချင်တာပဲ... သူကလဲ လွမ်းကို ဘယ်လိုရေးရတယ် ဆိုတာ မျှဝေပေးပါတယ်...
လွမ်းက ထပ်ဆင့်မျှဝေပေးတာပါ...
* Bold အနေနဲ့ ရေးချင်ရင် [b] Text [/b] ဆိုပြီးရေးထည့်ပါ...
* Italisc အနေနဲ့ မြင်ချင်ရင် [i] Text [/i] ဆိုပြီးရေးထည့်ပါ...
* Underline တားချင်ရင် [u] Text [/u] ဆိုပြီးရေးထည့်ပါ...
* မျဉ်းဖြတ်ချင်ရင် [s] Text [/s] ဆိုပြီးရိုက်ထည့်ပါ...
* အပေါ်ကျကျလေးပေါ်စေချင်ရင် [sup] Text [/sup] ဆိုပြီးရိုက်ထည့်ပါ...
* အောက်နားကျကျလေပေါ်စေချင်ရင် [sub] Text [/sub] ဆိုပြီးရိုက်ထည့်ပါ...
* အလယ်ကောင်မှာပေါ်စေချင်ရင် [center] Text [/center] ဆိုပြီးရိုက်ထည့်ပါ...
* စာလုံးအကြီးနဲ့ ပေါ်စေချင်ရင် [big] Text [/big] ဆိုပြီးရေးထည့်ပါ...
* အသေးနဲ့ ပေါ်စေချင်ရင် [small] Text [/small] ဆိုပြီးရိုက်ပါ...
* Scroll နဲ့ ပေါ်စေချင်ရင် [scroll] Text [/scroll] ဆိုပြီးရိုက်ထည့်ပါ...
* စာရိုက်နေရင်း အောက်တစ်ကြောင်းဆင်းချင်ရင် [br] ကိုခံရိုက်ပါ...
* Text color ပြောင်းချင်ရင် [color=red] Text [/color] ဆိုပြီးရိုက်ပါ...
* လင့်ကလေးတွေကို တိုက်ရိုက်မပေးပဲ လှတပတပေးချင်ရင် [url=http://address] ဆိုဒ်အမည် [/url] ဆိုပြီးရိုက်ထည့်ပါ...
Text ဆိုတဲ့နေရာမှာ ကိုယ်ရေးချင်တဲ့စာသားကို ရေးရမှာဖြစ်ပါတယ်...
ဥပမာ... လာလည်သွားပါတယ်ဆိုတာကို စာလေးပြေးနေအောင်ရေးချင်ရင်-
[scroll] လာလည်သွားပါတယ် [/scroll]
အဲလိုလေးရေးရမှာဖြစ်ပါတယ်...
တကယ်လို့  စာလေးကို အရောင်လေးနဲ့ ပြေးနေအောင် ရေးချင်ရင်-
[scroll][color=red] လာလည်သွားပါတယ် [/color][/scroll]
အဲလိုလေးရေးပေးရမှာပါ...
အင်တာနက်အသုံးပြုရင်း အသိဥာဏ်ပညာတိုးတက်ကြပါစေ...


Cbox မှာ သူငယ်ချင်းတို့  ဆန်းသစ်စွာ ရေးနိုင်ကြပါစေ...

Ref: http://www.mm-flashsongs.com/
Related Posts Plugin for WordPress, Blogger...

Like ခြင်းဖြင့် အားပေးပါ :)

mumcradio