Saturday, 22 June 2013

မောင့်ဘ၀ညအလားကွယ် - တက္ကသိုလ်ဘုန်းနိုင်

အောက်က လင့်နှစ်ခု မှ နှစ်သက်ရာ လင့်ကို ကလစ်၍ ဒေါင်းယူဖတ်ရှုနိုင်ပါတယ်။


http://www.mediafire.com/?8d8fk9djlrb91pb

http://www.mediafire.com/?x2qegjd8cm146v1

source - မြန်မာစာအုပ်များ

Saturday, 8 June 2013

Camera360 Ultimate 4.1.5 beta2 for android(latest version)

Camera ဆော့ဝဲလ် အကြောင်း ပြောမယ် ဆိုရင်   Camera360 Ultimate က မပါမဖြစ်လို့ပဲ ပြောရပါလိမ့်မယ် ……….ကမ္ဘာတစ်ဝှမ်းက လူဦးရေ သန်း 90 ကျော်အသုံးပြုနေတဲ့ .ဒီဆော့ဝဲလ်လေးက ပုံတစ်ပုံကို  ပဉ္စလက်ဆန်ဆန် ပြောင်းလဲပေးနိုင်မယ့် camera effect and features တွေ ပါလို့ပါပဲ။
photography mode 6 မျိုးကို လိုသလို နှိုက်ထုတ် သုံးစွဲနိုင်ပြီး  တခါမြင်ရုံနဲ့ တစ်သက်စွဲအောင် ပြုလုပ်ပေးနိုင်မယ့် ဆော့ဝဲလ်ကောင်းလေးဖြစ်ပါတယ်။ မိမိရူပါအခြေအနေ ဂွမ်းနေတဲ့ (မိန်းကလေး ၊ ယောက်ျားလေး )သူတွေ အလန်းစားဖြစ်အောင် တော် တော် များများသုံးတဲ့ ဆော့ဝဲလ် တစ်ခုဆိုရင် မှားမယ်မထင်ပါဘူး… ဒါအပြင်လှပ ဆန်းသစ်တဲ့ beautiful effects များစွာ ပါဝင် သုံးစွဲခွင့်ရမှာဖြစ်ပြီး လိုအပ်ရင်  scences လေးတွေကို ပါ လက်စွမ်းပြကာ ပေါင်းထည့်ဖန်တီးနိုင်မှာဖြစ်ပါတယ်.. သုံးစွဲသူအများစုရဲ့ ထောက်ခံမှု ရထားတာတဲ့ ဒီဆော့ဝဲလ် လေးက သင်လက်မလွှတ် သင့်တာ အမှန်ပါပဲ.. ဒီဆော့ဝဲလ် လေးကို Myanmar Mobile App store မှာ freedownlaod  ရယူသုံးစွဲနိုင်ပါတယ် ခင်ဗျာ…
အောက်က  Link မှာရယူနိုင်ပါတယ် ..




source - 

Face book ကနေ စကားပြောမယ် Paltalk Free v4.5.0 For Pc & Apk & ipa (10MB)

ဒီဆောစ့်ဝဲလ်လေးကတော့ face book အသုံးပြုတဲ့ သူငယ်ချင်းတွေအတွက် 
ဖုန်းကနေ ဗီဒီယိုချက် စကားပြော စတာတွေ အသုံးပြုလို့ရပါတယ် 
ဗီဒီယိုချက်မှာဆိုရင် တစ်ပြိုင်တည်း ကိုယ်အပါဝင် သုံးယောက်ချက်လို့ရပါတယ် 
စကားပြောတာလည်း အသံကြည်ပါတယ် သူက 3G 4G ၀ိုင်ဖိုင်ကွန်ရက်အတွင်းမှာ အသုံးပြုလို့ရပါတယ် 
အသုံးပြုချင်တယ်ဆိုရင် ဆောစ့်ဝဲလ်ကို Install လုပ်ပါ ပြီးရင် ဖွင့်ပါ 
face book နဲ့ဝင်ပါ အကောင့်နာမည်ပေးတဲ့အခါ မြန်မာနာမည်အသုံးပြုတဲ့ သူငယ်ချင်းတွေအတွက်
မြန်မာနာမည်နဲ့ပေါ်နေရင် အင်္ဂလိပ်နာမည်ပြောင်းပေးပြီးတော့ Save လိုက်ပါ 
အဲဒါပြီး ကိုယ်သူငယ်ချင်းတွေ လည်း အသုံးပြုထားတယ်ဆိုရင် တစ်ခါတည်းပေါ်ပါတယ် 
မပေါ်လည်း ကိစ္စမရှိပါဘူး face book ကနေ ဘာနာမည်နဲ့ ၀င်ထားလည်းဆိုတာ လှမ်းတောင်းလိုက်ပါ
ကိုယ်အကောင့်ဖွင့်တုန်းက Save ခဲ့တဲ့နာမည်လေးပေးလိုက်ပါ ပေးတဲ့ နာမည်ကို ဆက်သွယ်ပြီး
သူနဲ့ကိုယ် ဗီဒီယိုချက်လုပ်မလား စကားပြောမလား ကြိုက်တာလုပ်လို့ရပါပြီ ခင်ဗျာ
အသုံးပြုမယ်ဆို အောက်ကလိပ်စာမှာရယူနိုင်ပါတယ် 
 
APK Download>>>>dropbox (or)mirrorupload (or)sendspace (or)zippyshare
 
 
For Pc Dwonload>>>mirrorupload (or)zippyshare (or)sharebeast
 
ကိုကိုတွေ ညီညီတွေ အကြိုက်တွေ့မယ် ချက်ခန်းလည်းပါတယ်နော် 
တစ်မ္ဘာလုံးနီးပါးဘဲ နိုင်ငံ အလိုက်ရွှေးပြီး  ကြိုက်တဲ့အထဲဝင်ပြီး ချက်လို့ရတယ် (ဗီဒီယိုချက်) 
 


 
source - ကိုအမျိုးကောင်းသား

Thursday, 6 June 2013

Jelly Beam Theme With Fonts ( Root မလိုဘဲမြန်မာစာထည့်နည်း )

ဒီတခါတော့ ကျွန်တော် တင်ပေးမှာကတော့ အခုနောက်ပိုင်းလာသော Huawei Jelly Beam တွေမှာ မြန်မာစာဖောင့်အတွက်က root မလိုဘဲ theme ဖိုင်ကနေ မြန်မာလိုပေါ်အောင် လုပ်လို့ရလာပါတယ်ခင်ဗျ။
           ကဲစလိုက်ရအောင်ဗျာ။ ကျွန်တော်တင်ပေးတဲ့ ဖိုင်ကိုဒေါင်းလိုက်ပါခင်ဗျာ။


ဒီကနေသွားပြီးဒေါင်းလိုက်ပါ။
                       

passwd- rainbow

zip ကိုဖြည်ပြီး usb debugging ဖွင့်ပြီးကြိုးထိုးလိုက်ပါခင်ဗျာ။ ပြီးရင် mytools.bat ကို run လိုက်ပါ ။ theme & keyboard ကို သွင်းပေးပါလိမ့်မယ်ခင်ဗျာ။ ပြီးရင်တော့ ပုံလေးတွေကြည့်ကာ font change ပေးလိုက်ပါ ခင်ဗျာ။  ကျွန်တော်လဲ ဘယ်သူရေးထားလဲတော့မသိတော့ဘူး ပြန်ပြင်ထားပါတယ် နော်။ ဒါပေမယ့် credit ပေးပါတယ် သက်ဆိုင်သူ များကို .:P







restart ကျပြီးပြန်တက်လာရင် frozen keyboard pro ချိန်းကာ ရိုက်လို့ရပါပြီခင်ဗျာ.............

source -Myanmar IT Helper

Tuesday, 7 May 2013

Kaspersky Anti-Virus 2013 v13.0.1.4190 Free 1 year license key (..အလကားရတုန်းလေးမထားလိုက်ကြပါဗျာ)

 

Kaspersky ချစ်သူတွေအတွက် သတင်းကောင်းလေးပါ။ ဒါက Asus ROG motherboard အသုံးပြုသူတွေအတွက် 1 Year လိုင်စင် ဖရီးပေးနေတာပါ။ အဲဒါကိုအခွင့်ကောင်းယူပြီးကျွန်တော် တို့လည်းအားပေးလိုက်ကြတာပေါ့ဗျာ... အရင်ဆုံးကျွန်တော်ပေးထားတဲ့ဆိုဒ်ကနေ Kaspersky2013
ကိုသွားဒေါင်းလိုက်ပါ။ ZIP ဖိုင်နဲ့ရလာမှာဖြစ်ပါတယ်။ အဲဒါကိုဖြည့်ချလိုက် Patch ဖိုင်ပါ တွေရပါလိမ့်
မယ်။ လက်ရှိကျွန်တော်တို့စက်ထဲမှာရှိနေတဲ့ KAV ကို Uninstall လုပ်လိုက်ပါ။ ပြီးရင် Patch ဖိုင်လေး
ကို Run လိုက်ပါ။ ပြီးတော့မှာ ဒေါင်းထားတဲ့ KAV ကိုပြန် Install လုပ်ပေးလိုက်ပါ။
ပြီးရင် Restart ချပေးလိုက်ပြီး ပြန်တက်လာရင် 365 ရက် လိုင်စင်ရပါလိမ့်မယ်။ အဆင်မပြေရင်
အောက်မှာ ကျွန်တော် Manual Activate လုပ်နည်းနဲ့ Patch ဖိုင်ကော Key ကော တခါတည်းတင်
ပေးထားလိုက်ပါတယ်။
Direct Download Link :  Here!!

Patch & Key Download Here (Just in Case!!)

FileSwap
Or
UppIt
 
Credit to  >ကိုရန်<

Internet Download Manager 6.15 Build 11 Final + Patch (07.05.2103)

IDM ကတော့ အသစ် update ထွက်ပေးလိုက်ပြန်ပါပြီခင်ဗျာ

ကျနော်ဆိုဒ်မှာလဲ မတင်တာကြာတော့ပြန်တင်ပေးရတော့မယ်

အခု့တော့စောစောစီးစီး လေး ပြန်လည်မျှဝေလိုက်ပါတယ်ခင်ဗျာ

IDM ကိုသွင်းပုံထုတ်ပုံကိုတော့သိပြီးကြလောက်ပါပြီနော်

ဒါလေးကတော့ Patch ဖိုင်လေးနဲ့ပါ 

သုံးရတာအရမ်းလွယ်နေပါပြီ ဒီ patch ဖိုင်လေးနဲ့က

update မှသုံးချင်တယ်ဆိုရင်တော့ အောက်မှာဒေါင်းသွားလိုက်ပါ ဘော်ဘော်တို့ရေ
အားလုံးပဲ အဆင်ပြေနိုင်ကြပါစေ
Credit to ကိုလတ်(ကျွဲဆင်း)

Mydroid Tool V1.2(Installer) (71.85 Mb)


Screenshot - 5_7_2013 , 11_12_55 AM

Featured တွေကိုပြောပြပေးပါမယ်။

Screenshot - 5_7_2013 , 11_13_38 AM
Featured MM Font + Frozen Keyboard

Screenshot - 5_7_2013 , 11_34_54 AM


Screenshot - 5_7_2013 , 11_35_07 AM

Screenshot - 5_7_2013 , 11_35_18 AM
မြန်မာစာ နဲ့ လက်ကွက် ထည့်သွင်းခြင်းလမ်းညွန်

 
၁။ မြန်မာစာနဲ့လက်ကွက်ထည့်သွင်းရဲ့သင့်ရဲ့ဖုန်းဟာ Root Access ရှိရပါမယ်။

၂။ USB Degugging နဲ့ UnKnown Sources ကို On ထားပါ။

၃။ မိမိရဲ့ ဖုန်းဟာ Computer နဲ့ Detect သိတဲ့အနေအထား ADB Driver သိရပါမယ်။

၎။ အထက်ပါ ပြီးပြည့်စုံလျှင် One Click အနေနဲ့အမြန်ဆုံး မြန်မာစာ နဲ့ မြန်မာလက်ကွက်ကိုထည့်သွင်းနိုင်ပါပြီ။

သတိပေးချက်။        ။    ၁။        2.3 ကနေ 4.0.4 အထိ MM Font + Frozen Keyboard ကိုရွေးချယ်တာအကောင်းဆုံးလို့အကြံပြုလိုပါတယ်။
                                           ဒါပေမဲ့ တစ်ခြားဟာတွေရွေးချယ်ရင်လဲ Error လုံးဝမရှိကြောင်းအာမခံပါတယ်။

                                ၂။        4.1(Jelly Bean) တွေကိုတော့ MM Font + FrozenKeyboard Pro ရွေးချယ်ပေးတာအကောင်းဆုံးဖြစ်ပါလိမ့်မယ်။

                                ၃။        အရေးအကြီးဆုံးသတိထားရမှာကတော့ မိမိဖုန်းဟာ မြန်မာစာထည့်သွင်းပြီးသားဖြစ်နေရင်အသုံးမပြုပါနဲ့။


Service အကြောင်းလမ်းညွန်
Screenshot - 5_7_2013 , 11_13_24 AM

Screenshot - 5_7_2013 , 11_39_46 AM
Pattern & Password Delete

၁။ မိမိ ရဲ့ဖုန်းဟာ Root Access နဲ့ USB Debugging ကို On ထားရပါမယ်။

၂။ Pattern & Password ဖျက်ရင်သူတွေက Pattern & Password Delete ကိုနှိပ်လိုက်ပါ။

၃။ Start ကိုနှိပ်လိုက်ပါ။

၎။ Computer နဲ့မသိဘူးဆိုလျှင် Error ပြပါလိမ့်မယ်။

၅။ Root မရှိလျှင် Error ပြပါလိမ့်မယ်။

၆။ Error မပြပဲ Progress Bar 100% ပြည့်သွားရင် သင့်ရဲ့ဖုန်းရဲ့ Pattern ဖြစ်ဖြစ် Password ဖြစ်ဖြစ်အဆင်ပြေသွားပါပြီ။


Screenshot - 5_7_2013 , 11_40_08 AM

Factory Reset

၁။ မိမိ ရဲ့ဖုန်းဟာ Root Access နဲ့ USB Debugging ကို On ထားရပါမယ်။

၂။ Factory Reset (DATA များ အကုန်ပျက်ပါလိမ့်မယ် SD Card ထဲက DATA များမပါပါဘူးဖြစ်နိုင်ရင် BACk Up လုပ်ထားပါ။)

၃။ Start ကိုနှိပ်လိုက်ပါ။

၎။ Computer နဲ့မသိဘူးဆိုလျှင် Error ပြပါလိမ့်မယ်။

၅။ Root မရှိလျှင် Error ပြပါလိမ့်မယ်။

၆။ Error မပြပဲ Progress Bar 100% ပြည့်သွားရင် သင့်ရဲ့ဖုန်းရဲ့ Fully Wipe Data အသစ်အတိုင်းဖြစ်သွားပါလိမ့်မယ်။

Screenshot - 5_7_2013 , 11_40_46 AM

Recovery Mode

၁။ မိမိ ရဲ့ဖုန်းဟာ USB Debugging ကို On ထားရပါမယ်။

၂။ Recovery Mode ကိုနှိပ်လိုက်ပါ။

၃။ Start ကိုနှိပ်လိုက်ပါ။

၎။ Computer နဲ့မသိဘူးဆိုလျှင် Error ပြပါလိမ့်မယ်။

၅။ Error မပြပဲ Complete စာတန်းပေါ်လိုက်ရင်တော့ ခဏစောင့်လိုက်ပါ။ Recovery Mode ကိုရောက်သွားပါလိမ့်မယ်။

Screenshot - 5_7_2013 , 11_40_22 AM

Fastboot Mode

၁။ မိမိ ရဲ့ဖုန်းဟာ USB Debugging ကို On ထားရပါမယ်။

၂။ Fastboot Mode ကိုနှိပ်လိုက်ပါ။

၃။ Start ကိုနှိပ်လိုက်ပါ။

၎။ Computer နဲ့မသိဘူးဆိုလျှင် Error ပြပါလိမ့်မယ်။

၅။ Error မပြပဲ Complete စာတန်းပေါ်လိုက်ရင်တော့ ခဏစောင့်လိုက်ပါ။ Fastboot  Mode ကိုရောက်သွားပါလိမ့်မယ်။

Screenshot - 5_7_2013 , 11_40_33 AM

Download Mode (For Samsung)

၁။ မိမိ ရဲ့ဖုန်းဟာ USB Debugging ကို On ထားရပါမယ်။

၂။ Download Mode ကိုနှိပ်လိုက်ပါ။

၃။ Start ကိုနှိပ်လိုက်ပါ။

၎။ Computer နဲ့မသိဘူးဆိုလျှင် Error ပြပါလိမ့်မယ်။

၅။ Error မပြပဲ Complete စာတန်းပေါ်လိုက်ရင်တော့ ခဏစောင့်လိုက်ပါ။ Download  Mode ကိုရောက်သွားပါလိမ့်မယ်။


Screenshot - 5_7_2013 , 11_13_11 AM


Google Apps များသွင်းခြင်းလမ်းညွန်း။

Screenshot - 5_7_2013 , 11_48_31 AM


Screenshot - 5_7_2013 , 11_48_41 AM


Screenshot - 5_7_2013 , 11_48_54 AM

2.3 Gapps Installer

၁။ မိမိ ရဲ့ဖုန်းဟာ Root Access နဲ့ USB Debugging ကို On ထားရပါမယ်။

၂။ 2.3 Gapps Installer ကိုနှိပ်လိုက်ပါ။

၃။ Start ကိုနှိပ်လိုက်ပါ။

၎။ Computer နဲ့မသိဘူးဆိုလျှင် Error ပြပါလိမ့်မယ်။

၅။ Root မရှိလျှင် Error ပြပါလိမ့်မယ်။

၆။ Error မပြပဲ Progress Bar 100% ပြည့်သွားရင် သင့်ရဲ့ဖုန်းရဲ့ Pattern ဖြစ်ဖြစ် Password ဖြစ်ဖြစ်အဆင်ပြေသွားပါပြီ။

သတိပေးချက်။       ။

၁။ မိမိဖုန်းရဲ့ Version ကိုကြည့်ပြီးသွင်းပါရန် မှားယွင်းသွင်းမိရင် Firmwae ပျက်တက်ပါတယ်။

၂။ Google Service တော်တော်များများကိုသွင်းပေးခြင်းဖြစ်ပါတယ်။ဒီတော့ မပါရှိသေးတဲ့ Google Apk

များကို ဆက်လက်သွင်းနိုင်ပါတယ်။

    ဒီ Tool ကနေသွင်းပြီးတာနဲ့နောက်ပိုင်း Google Application

များကိုဆက်လက်အလုပ်လုပ်ဆောင်ပါလိမ့်မယ်။

၃။ ဖုန်းများအတွက် GTalk, Gmail,Play Store များကို အဓိကသွင်းပေးထားပါတယ်။


LOGO ဒီဇိုင်းရေးဆွဲပေးသော MMUC Admin ကိုချီလီကိုကျေးဇူးတင်ပါတယ်။

Keyboard ရေးတဲ့သူတွေကိုလဲကျေးဇူးတင်ပါတယ်။

ကျန်တဲ့သူအကုန်ကျေးဇူးတင်ပါတယ်။
Download>>> mirrorupload(or)sendspace (or)sharebeast (or)zippyshare

လူတစ်ယောက်၏ ပင်ကိုယ် စရိုက်တွက်နည်း




သိတဲ့ သူငယ်ချင်းတွေလဲ ထပ်တွက် မသိသေးတဲ့ သူငယ်ချင်းတွေ လဲတွက်ပေါ့ ။
ဒီနည်းကတော့ လူတိုင်းရဲ့ ပင်ကိုယ် စရိုက်ကို တွက်နည်းလေးပါ
... မြန်မာသက္ကရာဇ်ကို အခြေခံပြီး ဟောတဲ့ နည်းလေးပါ

လူတစ်ယောက်ရဲ့ မွေးသက္ကရာဇ်နဲ့ မွေးနံကိုသိရင် သူရဲ့ပင်ကိုယ် အတွင်းသဘောကို သိနိုင်တဲ့ နည်းလေးမို့
ဆရာစံဇာဏီဘို ရဲ့ တွက်နည်းလေးကို သူငယ်ချင်းတို့အတွက် တင်ပြလိုက်ပါတယ်
လူတစ်ဦးဆီမှာ ပင်ကိုယ် `ဇ´ လေးတွေ ပါလာတတ်ပါတယ် ။
(0) လောဘကြီးသူ
(1) ဒေါသကြီးသူ
(2) မောဟစိတ်လွန်ကဲသူ
(3) မေတ္တာစိတ်ရှိသူ
(4)ဂရုဏာစိတ်များသူ
(5) မုဒိတာ တရားလက်ကိုင်ထားသူ
(6)ဥပေက္ခာသမား

ဆိုပြီး (7)မျိုး ခွဲခြာထားပါတယ် .......။

သူငယ်ချင်းတို့ရေ ...ကိုယ့်အတွက်ပဲဖြစ်ဖြစ်၊ သူငယ်ချင်းအတွက်ပဲဖြစ်ဖြစ် ချစ်သူအတွက်ပဲ ဖြစ်ဖြစ် တွက်ကြည့်လိုက်ကြရအောင်နော်........................။

တွက်နည်းကတော့ လွယ်ပါတယ် ကိုယ်ရဲ့ မွေးသက္ကရာဇ်ရယ် ၊မွေးနံကို ဂဏန်းပြောင်းပြီး ပေါင်းပါ
ရတဲ့ အဖြေ (7) နဲ့ စားရပါမယ် ထွက်လာတဲ့ အဖြေကတော့ ကိုယ့်ရဲ ပင်ကိုယ်စရိုက်ပေါ့ ။

ဥပမာ -
ကျွန်တော့်ရဲ့ ခုနှစ်သက္ကရာဇ်က 1353 ခု သောကြာသားဆိုတော့ 6ပေါ့
1353+6=1359
1359÷7=1 ကြွင်းပေါ့

မြန်မာမွေးနှစ်မသိတဲ့လူတွေအတွက်တော့
http://www.mmcalendar.com/index.php
အဲဒီထဲမှာ အင်္ဂလိပ်ခုနှစ်က မြန်မာခုနှစ်ပြောင်းပြီး ကြည့်နိုင်ပါတယ် .
ကဲ .....အောက်မှာ ကိုယ့်ရဲ့ စရိုက်လေးကို ကြည့်ကြတာပေါ့ ....

အကြွင်း (0) လောဘ
သူကတော့ လိုချင်စိတ်များတယ် ။ရတာနဲ့ မတင်းတိမ်ဘူး ။ရောင့်၇ဲတဲ့ စိတ်မရှိဘူး ။ရောက်တဲ့ နေရာမှာ မပျော်ဘူး ဒီထက်သာယာတဲ့ဘ၀ကို လိုလားတဲ့ သူ။ တစ်ခုမပြီးခင် နောက်တစ်ခုလုပ်ချင်တယ် ဘယ်အရာမဆို လက်ဝါးကြီး အုပ်ချင်တယ် ။ ဘယ်တော့မှလည်း နောက်လိုက်မလုပ်ချင်ဘူး ။ ကိုယ်ရယူပိုင်ဆိုင်ဖို့ဆိုရင် ဘယ်အရာကိုမှ မထောက်ထားဘူး မှားသည်မှန်သည် မခွဲခြားဘူး ဘယ်နည်းနဲ့ မဆို ရအာင်ယူမှ ကျေနပ်တဲ့သူ ။လိုချင်စိတ်များတော့ ဘာမဆိုလုပ်ရမှာ ၀န်မလေးသူပေါ့။ ချမ်းသာလိုတယ် ကြွယ်ဝလိုတယ် ချမ်းသာချင်ကိုလဲ ရမဲ့ သူ။ ဒါပေမဲ့ မှားလား မှန်လား တရားဝင်လား တရားမ၀င်လား တွေးမှာ မဟုတ်တဲ့အတွက် ဒုက္ခတော့ တွေ့နိုင်တာပေါ့ ။ ဘယ်လိုပဲ ဖြစ်ပါစေ သူကဘ၀ကို ရည်မှန်းချက်ကြီးကြီးနဲ့ ဖြတ်သန်းမည့်သူပါ။ သူတစ်ပါးမှာရှိတာထက် လိုချင်စိတ်မြင့်မားနေတော့ လူတော်တွေ ဖြစ်တတ်ပါတယ် ။ လိုချင်တဲ့ စိတ်ကလေးကို စနစ်တကျ အသုံးပြုသွာမယ်ဆိုရင် ဒိတ်ဒိတ် လူသားဘ၀ကို ပိုင်ဆိုင်ရမှာ အမှန်ပါ ။။။။။။။
အကြွင်း (1) ဒေါသ
စိတ်ကြီးတယ် မဟုတ်မခံစိတ်များတယ် မတော်မတရား လုပ်တာတွေ့ရင် ကိုယ့်ကိစ္စမဟုတ်လဲ ၀င်ပါဖို့ ၀င်ပြောဖို့ ၀န်မလေးတဲ့သူ ဘေးကနေ အလိုလို ဒေါသထွက်နေတတ်တယ် ။ စိတ်တိုဒေါသထွက်ရင်လဲ ဘာမဆို လုပ်ပစ်ပြောပစ်လိုက်မှ ကျေနပ်တဲ့သူပေါ့ ။ စိတ်ကသာကြီးပါတယ် သူ့နှလုံးသားကတော့ ဖြူစင်လွန်းပါတယ် ။ ဘယ်တော့မှလဲ ကိုယ့်ဘက်ကစပြီး ရန်မလုပ်ဘူး သန့်သန့်လေးပြောတတ်ဆိုတတ်တယ် ။ လာစော်ကားပြီး လာငြီးပြီ ဆိုရင်တော့ စိန်ခေါ်ရင် တိမ်ပေါ် အထိ လိုက်မဲ့သူပဲ ။ ပင်ကိုစိတ်ရင်းကောင်းတယ် ။ သူတစ်ပါးကို ပေးရမှာ ကျွေးရမှာ ထိပ်ဆုံးကပေါ့ ။ ဒါပေမဲ့ စိတ်မြန် ဒေါသ ထွက်လွယ်တာကြောင့် အန္တရာယ် အမြဲ ရင်ဆိုင်ရတတ်တယ်။ စိတ်မြန်ပုံကတော့ ဖိနပ်စီးရတာ ခက်နေရင်တောင် ဖိနပ်ကိုကန်ထုတ် ရန်လုပ်ပြီး ဖိနပ်မပါပဲ လျှောက်သွာတတ်တဲ့ သူမျိုး။ ကိုယ့်ကို လာစော်ကားလာရင်လဲ ဘယ်တော့မှ ခွင့်မလွှတ်ဘူး။ ဖြစ်ခဲ့တာကို စဉ်းစားပြီး စိတ်ထဲမှာ တစ်နုံ့နုံ့နဲ့ တွေးပြီး ကြိတ်မနိုင်ခဲမရ ဒေါပွနေတတ်တယ် ။ အဲ့ဒီစိတ်ကလေးကို ထိန်းနိုင်တဲ့ နေ့ရောက်ရင် ချမ်းသာကြီးပွားတဲ့ လမ်းပေါ်ကို စရောက်တဲ့နေ့ပါပဲ ။ ဘယ်သို့ဆိုစေ ``လူဖြောင့်စိတ်တို´´ဆိုတဲ့ စကားအတိုင်း အလွန်ရိုးဖြောင့်တဲ့ သူတစ်ယောက်ပါ ။။။။

အကြွင်း (2)မောဟ
သိပ်တွေဝေတတ်တယ် ဘယ်အရာမဆို ဆုံးဖြတ်ချက်ကို ပိုင်ပိုင်နိုင်နိုင် မချနိုင်ဘူး ။အရာရာကို မေ့လျှော့နေတတ်တယ် ။ တစ်ခါတစ်လေး ငေါင်တောင်တောင်နဲ့ ငေးမောနေတတ်တာတောင်တွေ့ရတတ်ပါတယ် ။ သီးသန့်နေလို့စိတ်ပြင်းတယ် ။ပြဿနာတစ်ခု တစ်ယောက်တည်း မဖြေရှင်းနိုင်ဘူး မြွေမသေ ဒုတ်မကျိုး လုပ်တတ်တယ် ။ အလွန်တော်တဲ့ ဖြန်ဖြေရေး သမာလေး။ ကြားဝင်ဖြေရှင်း ရမယ်ဆိုရင် နှစ်ဖက်နှခွ မြင်တဲ့သူ။ အပြောအေးအေးလေးနဲ့ ကျလောက်အောင် ပြောတတ်တဲ့သူ။ သူ့ရဲ့ ရိုးပုံအေးပုံကြောင့် လူတိုင်းက ခင်ကြတယ် ။ သူကတော့ ရောက်တဲ့နေရမှာ ပျော်အောင်နေမယ် ။ ပြဿနာတွေ့ရင်တောင် ဒါတွေကို မေ့လျှော့ပြီး ကိုယ်လုပ်ချင်တာ လုပ်နေမဲ့ သူပဲ ။ဒါ့ကြောင်ဘာကိုမှ လေးလေးနက်နက် မရှိဘူးလို့ အထင်ခံရတတ်တယ် ။ စကားသာ ကျလောက်အောင်ပြောတာ တစ်ခါတစ်လေ ရှေ့နောက်မညီ ပြောပြီးတာတွေ မေ့တတ်ပြန်တယ် ။ စိတ်ဓာတ်တက်လွယ် ကျလွယ်တယ် ။ အရာရာ မပြတ်မသား နှောင့်နှေးလွန်းတော့ ဘ၀အခွင့်အရေး တွေ မကြာခဏ လက်တစ်လုံးကြား ဆုံးရှုံးရတတ်တယ် ။ သူ့ဘ၀ကို နိုင်နိုင်နှင်းနှင်း ပဲ့ထိန်းပေတဲ့ သူရှိမှ သူဘ၀က ဟန်ကျမယ် ။ နောက်ကတစ်ချိန်လုံး လိုက်ပြောနေမှ တန်ရုံကျမှာ ။အပြောခံရလို့ စိတ်ဆိုးမှာတော့ မပူနဲ့ သူကဘယ်တော့မှ မှတ်မထားလို့ပါ ။။။။။။။

အကြွင်း (3) မေတ္တာ
သူကတော့ မေတ္တာ ရှင်ကြီးပေါ့ ။အားနာတတ်တယ် ၊ယုံစားလွယ်တယ် ၊သူတစ်ပါးအပေါ် ခွင့်လွှတ်နားလည်စိတ်ရှိတယ် ။ သည်းခံစိတ်ရှိတဲံ့နေရမှာ နှစ်ယောက်မရှိဘူး အောချရလောက်တဲ့  အထိပေါ့။ အရာရာကို ရင်ဆိုင်ရဲတယ်။လူသားအားလုံးအပေါ်လေးလေး စားစား ဆက်ဆံတတ်တယ် ။ကိုယ့်ကိုယ်ကို အမြဲ နှိမ့်ချနေတတ်တယ် ။သူ့အနေနဲ့ ရိုးပေမဲ့ သွားအထင်မသေးပါနဲ့ သူ့မှာချစ်တဲ ခင်တဲသူတွေ အလွန်ပေါတဲသူပါ ။ လမ်းလေဂျပိုး လူမိုက်ကအစ လုပ်ငန်းရှင်ကြီး အထိ သူ့ကိုခင်ကြတယ် ။ အရေးအကြောင်းဆို ကူညီဖို့အသင့်ပဲ ။မြင့်မြတ်တဲ့ စိတ်သဘောထား အပေါ် လူတိုင်းက နေရာပေး ဆက်ဆံကြတယ် ။ ရန်သူအပေါ်မှာတောင်မေတ္တာထား တော့ ဘေးလူတွေနာမလည် အားမလိုအားမရ ဖြစ်တတ်ကြတယ်။ ဒါပေမဲ့ ရန်သူကိုမေတ္တာနဲ့ အဆုံးမှာ စည်းရုံးနိုင်တဲ့ သူပါ ။ စိတ်သဘောထား ကြီးတယ် မဟုတ်တာ မလုပ်တဲ့သူ။ ဘယ်သူ့ကိုမဆို တန်ဖို့းထားဆက်ဆံတတ်တယ်။ အပြောသမားမဟုတ်ဘူး လက်တွေ့ဆန်တယ် ။အေးအေးချမ်းချမ်းနေချင်တဲ့သူ။ အချစ်မေတ္တာ အပေါ် အလေးအနက်ထားတယ် ။ အခက်အခဲ ကိုရင်ဆိုင်ရရင်တောင် မေတ္တာ ရှေ့ထားပြီး အောင်မြင်မှုကို ရယူတဲ့သူပါ ။ အားလုံးသိပါတယ် အောင်ခြင်း(၈)ပါးကို မြတ်စွာဘုရားက မေတ္တာနဲ့ အောင်မြင်ခဲ့တာကိုလေ။။။။။။။။

အကြွင်း(4)ဂရုဏာ
ရင်ထဲမှာစာနာတတ်တယ် ၊ ခံစားတတ်တယ်၊ ကြင်နာတဲ့စိတ်အပြည့်ရှိနေတယ် ။ သိပ်ကို ကိုယ်ချင်းစာတတ်တယ်။ ချစ်သူခင်သူဖြစ်စေ သတ္တ၀ါတွေကိုဖြစ်စေ ``သနားပါတယ်နော်´´ ဆိုပြီး စာနာစိတ်နဲ့ အမြဲ ကူညီလို့စိတ်ရှိတယ် ။ သနားအောင်ပြောရင် ဘယ်လောက်စိတ်ဆိုးနေပါစေ ခွင့်လွှတ်တယ် ။ ဂရုဏာသမားမို့ ရန်သူကိုတောင် သနားတတ်တဲသူ ။စိတ်ဆိုးလဲ ခဏပဲ ။ရန်သူကို သူ့ခမျာ ငါ့ကိုတစ်ချိန်လုံး ရန်လိုနေတာ သနားပါတယ်တဲ့လေ။ ဒါပေမဲ့ သူကသူတစ်ပါးအပေါ် ဂရုဏထားသလိုသူ့အပေါ်မှာ ဂရုစိုက်မှ ကျေနပ်တတ်တဲသူ။ သူကိုဂရုမစိုက်ဘူး အလေးမထားဘူး အချစ်ပေါ့တယ်လို့ ထင်ရင် စိတ်ကောက်ပြီး ၀ုန်းတိုင်းကျဲ အရွဲ့တိုက်တတ်သူ။ ၀မ်းနည်းလွယ်တယ် တစ်ဇွတ်ထိုးလုပ်တတ်တယ် ။ ငါ ကောင်းသလောက် ငါ့အပေါ်မကောင်းဘူးလို့ စိတ်ထဲတွင် ၀မ်းနည်းသွာပြီဆိုရင် အမြန်လေးသာ ချော့လိုက်ပါ ။လူပုံစံ စတိုင် ဟန်ပန်က အစ ပြုမူပြောဆိုပုံက မာကျစ်ကျစ် ၊ ဘုခွပြော၊ မသနားတတ်တဲ့ ကြင်နာစိတ်မရှိတဲ့ သူလိုအပြင်ပန်းမှာ ပေါ်နေတယ် ။ တကယ်အတွင်းစိတ် ရင်ထဲမှာတော့ ဂရုဏာ အပြည့်ရှိတဲသူပါ ဂရုဏာကြီးတဲ့ ဟန်ဆောင်နေတဲ့ သူနဲ့တော့ တခြားစီပေါ့ ။ သူ့သဘော သူ့သဘာဝ သူ့မနောကိုသိတဲ့ သူတွေကတော့ လေးလေးစားစား နဲ့ သူ့အရိပ်ကို ခိုဝင်ကြတယ် ။ ဦးဆောင်သူ ၊ဆရာတွေ ၊ သမားတော်တွေ တော်တော်များများကတော့ ကရုဏာရှင်တွေပေါ့ ။။။။။

အကြွင်း(5)မုဒိတာ
မုဒိတာကို လက်ကိုင်ထားနိုင်သူမျိုးကတော့ ရှားပါးလှပါတယ် ။သူကတော့ ရှားရှားပါးပါးထဲက သူတစ်ယောက်မို့ လူတစ်သောင်းမှာ တစ်ယောက်တွေ့ခဲလှတဲ့ မုဒိတာ ပွားနိုင်တဲ့ သူတစ်ယောက်ပေါ့ ။သူတစ်ပါးအောင်မြင်တာ ၊ချမ်းသာကြွယ်ဝတာ ၊ ထွန်းထွန်းပေါက်ပေါက်ဖြစ်တာ၊နာမည်ကြီးတာ ၊ငွေရတာ ၊အလုပ်တိုးတတ်တာ တွေ့ရင် ကိုယ်ကပဲ ဒါတွေကို ခံစားနေရသလိုလိုနဲ့ ပိတိဖြာပြီး ဘေးကနေကြည်နူးနေတတ်တဲ့ သူမျိုး ဒီကမ္ဘာမှာ ရှားပါတဲသူပေါ့။ မနာလိုဝန်တိုစိတ်မရှိဘူး အတင်းအဖျင်း မပြောတတ်ဘူး ၊မြင့်မြတ်တဲ့ စိတ်ရှိတယ် ။အရာရာ ရင်ထဲ ခံစားပြီးမှ လုပ်တတ်ပြောတတ်တဲ့သူ ။မှန်ကန် မြင့်မြတ်တဲ့စိတ်ကြောင့်အောင်မြင်မှုထိတ်တန်းရောက်တယ်။ ကိုယ်က သူတစ်ပါးကို ဝေဖန်တိုက်ခိုက်တာ ၊သူတစ်ပါးကို ငယ်ကျိုးငယ်နာ ဖော်ပြီး ဒုက္ခပေးတာမျိုးလုံးဝမုန်းတီးတယ် ။ ကိုယ်ကလဲ မလုပ်ဘူး၊ လုပ်ရပ်တွေကိုလဲ လက်မခံဘူး ။ရှောင်ရှားတယ် ။ သူတစ်ပါး အားနည်ချက်အားသာချက်ကို ဖော်ထုတ်ပြီး ချီကျူးပြီးကောင်းတဲ့ အပြုသဘောတွေကို အကြံပေးမှုလေးတွေကြောင့် သူ့ကိုချစ်ခင်သူတွေပေါတယ် ။မနာလိုဝန်တိုစိတ်မရှိပဲ သူတစ်ပါးအပေါ် မျှဝေခံစား တတ်လို့ ကြီပွားအောင်မြင်မှာ မလွဲပါဘူး ။ အရာရာ အပေါ်မှာ ရင်ထဲက လှိုက်လှိုက်လှဲလှဲ နဲ့ ဖြစ်ထွန်းစေသလို ကိုယ်တိုင်လဲ ဖြောင့်ဖြောင့် မှနှ်မှန်နဲ့အမြဲကြိုးစားနေတဲ့ မြင့်မြတ်တဲ့  နှလုံးသား ပိုင်ရှင်တစ်ဦးပါ ။။။။။။။။။။။

အကြွင်း(6)ဥပေက္ခာ
အလွန်ထူးခြားတဲ့ နှလုံးသားပိုင်ရှင်ပေါ့။ ဘာသိဘာသာ အေးအေးဆေဆေးပဲ နေတတ်တယ် ။ သူတစ်ပါးကိစ္စတွေကိုလဲ ကိုယ်နဲ့မဆိုင်အောင် အမြဲကြိုးစာနေတတ်တယ်။ ၀င်ပြီး စွတ်ဖက်တဲ့သဘာဝ ကင်းတယ် ။ရန်သူကိုတောင် ဒေါသထွက်ပြီး ရင်မဆိုင်ပဲ မသိသလို့ ကိုယ့်ကို ရန်လုပ်တာ မဟုတ်သလို့ ဆိတ်ဆိတ်နေတတ်တယ်။ ဥပေက္ခာပြု ကျောခိုင်းနေတတ်တယ် တည်ကြည်တည်ငြိမ်ပြီး လူးသားအာလုံးကို ကိုယ်စိတ်ကမှန်တယ်ထင်တာလုပ်နေကြတာပဲတဲ့။ဘာ ဝင်စွတ်ဖက်စရာလိုလို့လဲဆိုတဲ့ သဘော ထားတတ်တယ် ။ ကိုယ့်ကိစ္စနဲ့ ဆိုင်တဲ့ ၀န်းကျင်အလုပ်ကို စူးစူးစိုက်စိုက် လုပ်တတ်လို့ အောင်မြင်ကြီးပွားကြပါတယ် ။ ထူးခြားချက်က အနေအေးပြီး အရာရာ ကိုမသိဘူးမထင်နဲ့ ။ အရာရာကို သိတယ် လေ့လာတယ် ။ ပတ်ဝန်းကျင်ကို အမြဲ လေ့လာနေတယ်။ ဖြစ်ပေါ်လာတဲ့အကြောင်း ဆက်တွေအပေါ် နားလည်လွန်းလို့ အရာရာကို အပြစ်မမြင်ပဲ နေတတ်တဲ့သူ ။ အခက်အခဲတွေ ၊ ဒုက္ခတွေကို သူ့ဆီမှာ အကူညီတောင်း ကြည့်။ ကိုယ့်ပြဿနာ တစ်ခုကို သူ့ပြဿနာတစ်ခုလို လှိုက်လှိုက်လှဲလှဲ သဘောထာပြီး ကူညီမှာသေချာတယ် ။ကိုယ်နဲ့ မပတ်သက်သမျှ ၀င်မပါဘူး။ ကိုယ်နဲ့ မိတ်ဆက်မပေးသမျှ မည်မျှမျက်မှန်းတန်း နေပါစေ ပြုံးပြနှုတ်ဆက်မှာမဟုတ်ဘူး ။ ယဉ်ကျေးတယ် သိမ်မွေ့တယ် ၊ အရေကြုံလာရင် တကယ်အားထားရတယ် ။ တကယ်ကို အမြင်ကြည်လင်တဲ့ သူတွေပေါ့ ။တစ်နေ့မှာသူဟာ ဘာသာ သာသနာအတွက် တန်ဖိုးရှိတဲ့လူတစ်ယောက်ဖြစ်နိုင်သူ တွေလို့ ရှေ့ပညာရှိတွေက ဆိုပါတယ် ။။။။။။။။။။

Credit - ဆရာ စံဇာဏီဘို
Related Posts Plugin for WordPress, Blogger...

Like ခြင်းဖြင့် အားပေးပါ :)

mumcradio