ဝင်းဒိုး တက်တာ အရမ်းကြာတယ်ဗျာ... တဲ့ ....ကြာမှာပေါ့ဗျာ Startup မှာကိုယ်မသိပဲ Run နေတဲ့ Programs တွေ Browser မှာ အပိုဖြစ်နေတဲ့ Toolbar တွေ များနေတာကိုးဗျ....:)
Startup မှာ Programs တွေ ဘယ်လောက်တောင် များသလဲဆိုရင် ခုတင်ပေးလိုက်တဲ့ ဆော့ဝဲလ် လေးသာ ဒေါင်းပြီး Run ကြည့်လိုက်ဗျာ.... ကျနော်တို့ တချို့ Software တွေ Install တဲ့ အခါ စာတွေကို သေချာ မဖတ်ဘဲ Next Next Next ကို နှိပ်ပြီး Install ပြုလုပ်တတ်ကြပါတယ်..။
ဥပမာ Babylon လိုမျိုး Toolbar ပေါ့ ဆော့ဝဲလ် တိုင်းလိုလို မှာ Baby Toolbar ပါလာတတ်ပါတယ် .. ကိုယ်က စာကို သေချာ မဖတ်ဘဲ Next နဲ့ Install လိုက်တော့ Browser တွေ Startup တွေမှာ ကိုယ်မသိလိုက်ဘဲ အော်တိုမက်တစ် နေရာယူလိုက်ပါတော့တယ် .. ဒီလိုနဲ့ ကြာလာတော့ Startup မှာ မလိုအပ်တဲ့ Program တွေ များလာပြီး ဝင်းဒိုး ဟာ တော်တော် နဲ့ တတ်မလာတော့ပါဘူး ... ဒါကတော့ ဝင်းဒိုး တတ်တာ ကြာတယ် ဆိုတဲ့ အကြောင်းပေါင်းများစွာထဲက တခုပါ တခြားအကြောင်းရင်း တွေလဲ ရှိနိုင်ပါသေးတယ်.... ဝင်းဒိုး အတတ်မြန်အောင် လုပ်တဲ့ နည်းလမ်းတွေ ဆော့ဝဲလ် တွေ အများကြီးထဲက မသိသေးသူတွေအတွက် ကျနော် သိသလောက်လေး မျှဝေလိုက်ပါတယ်...။

Start >> Search box မှာ msconfig ကိုရေးထည့်ပြီး Enter ခေါက်ပါ .. System Configuration ဆိုတဲ့ Box တခု တတ်လာရင် Startup Tab က မလိုအပ်တဲ့ Program တွေရဲ့ ရှေ့မှာ အမှန်ခြစ်လေးတွေ ဖြုတ်ပြီး Apply , OK ပြီးရင် စက်ကို Restart ပေးလိုက်ပါ...။
ဒီ ဆော့ဝဲလ် လေးက Startup တခုထဲ အတွက် မဟုတ်ဘဲ တခြား ဖျူးချားလ် များစွာ ပါဝင်ပါသေးတယ်..။
No comments:
Post a Comment