Friday 4 May 2012

♣♣ဂျီတော့နဲ့ဂျီမေးမှာမြန်မာစာမပေါ်တဲ့ပြဿနာဖြေရှင်းနည်း♣♣

မသိသေးတဲ့ သူငယ်ချင်းတွေအတွက်ပါ သိပြီးတဲ့သူငယ်ချင်းများကတော့ ကျော်သွား ပေါ့ ခင်ဗျာ..ဂျီတော့နဲ့ဂျီမေးလ်မှာ မြန်မာဖောင့် မပေါ်ဘဲ လေးထောင့်တုန်းတွေ ပေါ်နေတဲ့ ပြဿနာ ဖြေရှင်းနည်းပါ..ကျွန်တော်သိသလောက် ပြန်လည်ဝေမျှပေးတာပါ..
ရိုးရိုးနည်း........
ပထမဦးဆုံး ဂျီတော့ ကို ဖွင့်လိုက်ပါ..အပေါ်ဆုံးညာဘက်ထောင့်မှ Setting ဆိုတာ ရှိပါတယ် ကလစ်ပြီး ဝင်လိုက်ပါ..အောက်မှာ ပုံ နဲ့ ပြထားပေးပါတယ်..ပုံလေးတွေ အတိုင်း အစဉ်လိုက် လုပ်သွား လိုက်ပါနော်။


ပြီးရင် OK နှိပ်ပေးလိုက်ပါ....ဒါမျိုးပြောင်းထားပေးမှ ဂျီတော့မှာ မြန်မာလို ရိုက်လို့ ရမှာ လေ...
နောက်တစ်နည်း.....
Window XP မှာမြန်မာဖောင့်မပေါ်တဲ့ပြဿနာဖြေရှင်းနည်းပါ ...
Start ကိုကလစ် ပေါ်လာရင် Control panel ကို ဆက်ကလစ်ပေး ပါ...အောက်မှာ ပုံတွေ နဲ့ ပြထားပါတယ် အစဉ်လိုက် ကြည့်သွားလိုက်ပါနော်...
                              
ပေါ်လာတဲ့ Box ထဲက Fonts ကိုကလစ်လိုက်ပါ ..ပုံထဲမှာ ရေးဖို့ မေ့သွားလို့ :P 
 ပြီးရင်အောက်ကပုံအတိုင်း zawgyi-one ကိုပြောင်း ပြီး OK ကို နှိပ်ပါ။
ဒါဆိုအဆင်ပြေပါပြီ........အဲ့လိုပြောင်းပေးပြီးရင် လေးထောင့်ကွက်တွေ မပေါ်တော့ပါဘူး...ဂျီတော့မှာ.......


Window 7 မှာမြန်မာဖောင့်မပေါ်တဲ့ပြဿနာဖြေရှင်းနည်း......
ပထမဦးဆုံး Start ကိုကလစ်ပါ ပြီးရင် Control panel ကိုဆက်ကလစ်ပါ
 ..အောက်မှာ ပုံ လေးတွေ နဲ့ ပြထားပေးပါတယ် အစဉ်လိုက် ကြည့်သွားပေးပါ နော်..






 ဒါဆို အဆင်ပြေပါပြီ..

ဂျီမေးလ်မှာမြန်မာဖောင့်မပေါ်တဲ့ပြဿနာဖြေရှင်းနည်း.....
ပထမဦး ဆုံး မိမိ အသုံးပြုနေတဲ့ browser ကို ဖွင့်လိုက်ပါ...ကျွန်တော်ကတော့ Mozilla Firefox ပဲ ရှိတော့ မော်ဇီလာနဲ့ပဲ လုပ်ပြထားပါတယ်....

Tools ကိုကလစ်ပြီးရင် အောက်ဆုံးမှာ ရှိတဲ့ Opotions ကိုဆက်ကလစ်ပေးပါ

ပုံထဲမှာစာတွေနဲ့ရှင်းပြထားပါတယ် ....

ဒါဆို အဆင်ပြေပါပြီ....
သူငယ်ချင်းအားလုံးအဆင်ပြေကြပါစေ....ပျော်ရွှင်ပါစေ.....

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

Like ခြင်းဖြင့် အားပေးပါ :)

mumcradio