Shutdown လုပ်ရင်ကြာကြာနေတက်တဲ့ သူငယ်ချင်းများအတွက်ကျွန်တော် ဖြေရှင်း နည်းလေးကိုပါ ပုံလေးတွေနဲ့ တစ်ခါတည်းရှင်းပြပေးသွားပါ့မယ်။ သိပြီးတဲ့သူတွေကလည်း သိပြီးသားတော့ ဖြစ်မှာပါ။ မသိသေးတဲ့သူတွေအတွက် ရည်ရွယ်ပါတယ်။ အောက်မှာ ကြည့်ပြီးစမ်းကြည့်နိုင်ပါတယ်.. ။
ပထမဆုံးကျွန်တော်တို့ Registry ကိုအရင်ဆုံးစဖွင့်ပါမယ်။ Start Menu ကနေ Run ပဲခေါ်ခေါ် ၊ Window Key နဲ့ Run ပဲခေါ်ခေါ် Run ကိုခေါ်ပြီး regedit လို့ရိုက်ထည့်ပြီး ကျွန်တော်တို့ Registry Editor လေးကို ခေါ်ပါ့မယ်။ ကျွန်တော်တို့ Registry Editor ကနေပြီးတော့ စက္ကန့်နဲ့ညီပါတယ်။ HKEY_LOCAL_MACHINE\SYSTEM\ CurrentControlSet\Control အထိကိုသွားပါမယ်။ အဲ့ဒီကနေပြီးတော့ ကျွန်တော် ပုံမှာပြထားတဲ့အတိုင်း WaitToKillServiceTimeout ဆိုတာလေးကိုပြင်ရပါမယ်။ ကျွန်တော်တို့ ပြင်တဲ့အချိန်မှာ တစ်ချက်ကြည့် ကျွန်တော်ဆိုရင် 1000 လို့ပဲပြင်လိုက်ပါတယ်။ မိမိတို့ နှစ်သက်သလိုပေါ့ဗျာ။ 1000 ဆိုတာ 110000 ဆိုရင် 10 စက္ကန့်ညီပါတယ်။ အများစုစက်တွေမှာ 20000 ဆိုပြီးဖြစ်နေတက်ပါတယ်။ အဲ့ဒါကို 2000 လို့ပြင်ရင်လည်း ရပါတယ်။ ကျွန်တော်ကတော့ 1000 လို့ပဲထားပါတယ်။ ပုံမှာကြည့်လိုက်ပါ။
နောက်တစ်ခုက HKEY_CURRENT_USER\Control Panel\Desktop ကို သွားလိုက်ပါ။အဲ့ဒီမှာ WaitToKillAppTimeout ဆိုတာရှိပါတယ်။ ထပ်ပြင်လိုက်ပါ။ ပြီးရင်ကျွန်တော်ခုန ကပြောထားသလိုပဲ 1000 ဆိုရင် 1 စက္ကန့်နဲ့ညီပါတယ်။ နှစ်သက်သလိုသာ ပြင်လိုက်ပါ။
နောက်ထပ်တစ်ခါက အဲ့ဒီနေရာကနေပြီး HungAppTimeout ဆိုတာရှိပါတယ်။ ဆက်သွားလိုက်ပါ။
ခုနကပြင်သလိုပါပဲ။ ကျွန်တော် 1000 ပဲပြင်လိုက်ပါတယ်။ ဒီလောက်ဆိုရင် ကျွန်တော်တို့ Shutdown Time ကြာနေတာတွေဟာ အဆင်ပြေသွားပါလိမ့်မယ်။
ref: kohtway.blogspot.com
No comments:
Post a Comment