ပထမဦးဆုံး မိမိ ဂျီတော့ အကောက်မှာ Offline ဖြစ်နေသော သူငယ်ချင်းတစ်ယောက်ရဲ့ အကောက်ကို ဖွင့်လိုက်ပါ။ပြီးရင်ပုံမှန်ချက်နေကြ အတိုင်း စာရိုက်ထည့်လိုက်ပါ။(ဥပမာ။ ။ဟိုင်းနေကောင်းလား)
ဗွီဇက်အိုကတော့ ဖွင့်ထားရမှာပေါ့နော် အစကတည်းက..:P ပြီးရင် VZO အကောက်မှာ တက်နေတဲ့ မိမိချက်ချင်တဲ့ သူငယ်ချင်းတစ်ယောက် ရဲ့ အကောက်ကို ဖွင့်လိုက်ပါ။
ပြီးရင် စောနက ကူးထားတဲ့စာကို ထည့်ဖို့အတွက် ဗွီဇက်အိုချက်ဘောက်ရဲ့ စာရိုက်ရမဲ့ အကွက်မှာ Right Click ထောက်ပြီး Paste လုပ်ပေးပါ။
Paste လုပ်ပြီးရင် လေးထောင့်ကွက် ပုံစံလေးတွေပေါ်နေပါလိမ့်မည်။
ဘာမှ မစိုး၇ိမ်ပါနဲ့  နော် အဲ့လို လေးထောင့်ကွက်လေးတွေ ပေါ်လာရင် ခပ်ရဲရဲသာ Enter (သို့)စာအိတ်ပုံလေးကိုပဲ ဖြစ်ဖြစ် နှိပ်ပြီး ပို့လိုက်ပါ။
အဲ့ဒါဆိုရင်တော့ ဗွီဇက်အိုမှာ မြန်မာလို ပေါ်ပြီပေါ့နော်....(ဘာတွေလုပ်နေလဲ ဟူသောစာအား ဓါတ်ပုံရိုက်ဖို့မေ့သွားသောကြောင့် မပါခြင်းဖြစ်ပါသည်။ဟိုင်းနေကောင်းလားဆိုတာ ကို ပဲ စာရိုက်ပြီး ဓါတ်ပုံရိုက်လိုက်ရလို့ပါ :P )
အဆင်ပြေကြပါစေ...
မသိသေးတဲ့ သူငယ်ချင်းတွေအတွက် ရယ်...အာခါသူလေး အတွက် ရယ်ရည်ရွယ်ပြီး တင်ထားခြင်းဖြစ်ပါသည်။သိပြီးသား ညီအစ်ကိုမောင်နှမ များ က တော့ ကျော်သွားကြပါ နော်...
No comments:
Post a Comment