Thursday 12 July 2012

အင်တာနက်ကနေ ဖုန်းကို ဖရီးခေါ်မယ်(မြန်မာနိုင်ငံအပါ)


            
http://localphone.com
ဒီဆိုဒ်က ကျွန်တော် စမ်းတာ တကယ်ရတယ် ။ ရတယ်ဆိုပြီးရောပဲ ဘယ်လောက်ထိ ဖရီးပေးတယ်ဆိုတာတော့ ကျွန်တော်လည်း မသိရသေးပါဘူး :)
free 5minutes call to anywhere in the world လို့တော့ ပြထားပါတယ်ဗျ ။
register လုပ်ဖို့တော့ လိုပါတယ် ။ facebook အကောင့်ရှိရင် ပိုအဆင်ပြေပါတယ် ။ sing up with facebook ကို နိပ်လိုက်ရုံနဲ့ ခဏစောင့်ပြီး အဲဒီမှာ အဲဒီဆိုဒ်မှာ သုံးဖို့ password ကို ရိုက်ထည့်ရုံနဲ့ အသုံးပြုနိုင်ပါပြီ ။ စတင်ခေါ်ဆိုနိုင်ပါပြီ ။ ဒါတော့ ကျွန်တော် စမ်းတဲ့ ဆိုဒ်ရဲ့ အနေအထားပါ ။(မြန်မာနိုင်ငံပါ ခေါ်နိုင်ကြောင်း အထူးသတင်းအနေနဖြင့် ပါးအပ်သည်။ ကျွန်တော်နိုင်ငံတွင် အသိဖုန်းနံပါတ် မရှိသဖြင့် မစမ်းလိုက်ရပါကြောင်း ထပ်လောင်းပြောကြားပါသည် :D )


နောက်တစ်ဆိုဒ်ကတော့  http://economycalling.com ပါ ။ သူရဲ့ အသုံးပြုပုံကတော့ ဒီလိုပါ ။
ထုံစံအတိုင်း သူ့ဆိုဒ်မှာ Register လုပ်ရပါမယ် ။ ပြီးရင် မိမိရဲ့အကောင့်မှာ မိမိရဲ့ ဖုန်းနံပါတ်ကို ထည့်ပါ(မိမိအကောင့်ဆိုတာ အဲဒီဆိုဒ်က အကောင့်ကိုပြောတာပါ ။ ဆိုလိုတာက ning site တွေမှာ profile သဘောမျိုး)
ပြီးရင်တော့ ခေါ်ချင်တဲ့ ဖုန်းနံပါတ်ကို နိပ် ။ များသောအားဖြင့် နိုင်ငံကို အရင်ရွေးပေးရပါတယ် ။ နိုင်ငံကို ရွေးပေးပြီးတာနဲ့ နိုင်ငံရဲ့ ကုတ်က အော်တိုပေါ်တယ် ။ကိုယ်ရိုက်ထည့်ရမှာက နောက်ကဂဏန်းတွေပဲ ။  ကိုယ်နေနေတဲ့ နိုင်ငံရဲ့ ကုတ် အကြောင်းကိုတော့ သိထားရမယ်လေ ။ တော်ကြာနေ မရပါလား ဆိုနေမှာ စိုးလို့ ။ အဲ... သူငယ်ချင်းတွေကို ခေါ်တဲ့အဆင့်ရောက်ပြီနော် ။ မိမိအကောင့် မိမိဖုန်းနံပါတ်ကို ထည့်ထားပြီးရင်တော့ ခေါ်လိုက်တော့ပေါ့ ။ အဲဒီခါကျရင် သင့်ဖုန်းထဲကို Code ကို ဆိုဒ်က ပို့လာပေးလိမ့်မယ် ။ အဲဒီ code ကို ရိုက်ထည့်ပေးလိုက်ရုံဖြင့် စတင်ခေါ်ဆိုနေပြီ ဖြစ်ကြောင်း ။

နောက်ကျန်တဲ့ ဆိုဒ်အကြောင်းတွေကိုတော့ ကျွန်တော် မရေးပေးတော့ပါဘူး ။ ကိုယ့်ဖာသာကိုယ် စူးစမ်းကြပါတော့လို့ အတိုကောက်ပဲ ပြောပါရစေတော့နော် ။
ကိုခွန်မောင်ပန်ရဲ့ဘလော့ကိုကူးယူမျှဝေပါသည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

Like ခြင်းဖြင့် အားပေးပါ :)

mumcradio