yenainghtwe: twitter accountဖွင်.နည်းလေးပြောပြပေးပါ
ကိုရဲနိုင်ထွေး နှင့်တကွ မသိသေးတဲ့ သူငယ်ချင်းတွေလည်း ဗဟုသုတ ရအောင် ကျွန်တော်ဘလော့ ပို့ စ်အနေနဲ့ပဲ တင်လိုက်ပါတယ် နော်။
ပထမဦးဆုံး အကောက်ဖွင့်ဖို့  ဒီလင့်လေးကသွားလိုက်ပါ။
အောက်မှာပြထားတဲ့ ပုံအတိုင်း ပေါ်လာပါလိမ့်မည်။ မိမိ နာမည်၊မိမိ ဂျီမေးလ်၊ ပက်စ်ဝက်၊အသုံးပြုမည့်နာမည် ရိုက်ထည့်ပေးပြီး Create my account ကို နှိပ်လိုက်ပါ။
Loading ခဏလုပ်ပါလိမ့်မည်။ခဏစောင့်လိုက်ပါ။
အောက်က ပုံအတိုင်းပေါ်လာလျှင် Next ကိုသာနှိပ်ပေးပါ။
ပြီးရင် အောက်ကပုံအတိုင်းပေါ်လာပါလိမ့်မည်။မိမိ Follow လုပ်ချင် သောသူရှိပါက Follow ကိုနှိပ်ပြီး မရှိပါက Skip this step ကိုသာ နှိပ်လိုက်ပါ။
skip this step သာနှိပ်ပြီးဆက်သွားလိုက်ပါ။
မိမိဂျီမေးလ်က သူငယ်ချင်းတွေကို ဖိတ်ခေါ်ချင်ရင် Gmail icon လေးဘေးက Search Contacts ကို နှိပ်ပြီး invite လုပ်လိုက်ပါ။မလုပ်ချင်သေးဘူးဆိုလျှင် Skip this step ကိုသာနှိပ်ပြီးသွားလိုက်ပါ။
မိမိ ဓါတ်ပုံတင်ချင်ရင် Upload image ကိုနှိပ်ပြီးတင်လိုက်ပါ။ Bio အောက်က Box မှာ မိမိ ကိုယ်ရေးအချက်အလက် အနည်းငယ် ကို ရေးပေးပါ..မရေးပေးချင်သေးရင် Skip this step ကိုနှိပ်ပြီး ကျော်လိုက်ပါ။
ဒါဆိုရင်တော့ twitter ကိုစတင်သုံးလို့ ရပါပြီ။
မှတ်ချက်။ ။မိမိဂျီမေးလ်ကို ဖွင့်ပြီး twitter က ပို့ ပေးထားသောမေးလ်ကို ဖွင့်ပြီး သူပေးထားတဲ့လင့်ကို နှိပ်၍ Confirm လုပ်ပေးရန်လိုသည်။
အဆင်ပြေကြပါစေ.......
No comments:
Post a Comment