Saturday 4 August 2012

ဖြေရှင်းချက် (၁)

G-talk Chat Box ပုံစံအသစ်နှင့် Chat Box Background ပြောင်းနည်းဘလော့ပို့ စ်မှ Dash ကိုရှာမတွေ့သောပြဿနာအားဖြေရှင်းချက်....

Saw Helay-Dash ၇ှာလို့ မရလို့ ပါ......

ကျေးဇူးပဲသူငယ်ချင်း အခုလိုကွန်မက်ပေးတဲ့အတွက်....

♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♥♥♥♥♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣

ပထမဦးဆုံး...သူငယ်ချင်း..My Theme ဆော့ဝဲလ်ကို အရင်ဆုံး ဒီမှာဒေါင်းလိုက်ပါနော်   ။ဒေါင်းပြီးသွားရင်...ကျွန်တော် ပုံလေးတွေနဲ့ ပြထားတဲ့အတိုင်း ဂျီတော့က Setting>Appearnce>Chat Theme အောက်က အကွက်ထဲက မြားလေးကို ကလစ်ပြီး My Theme ကိုရွေးလိုက်ပါ။ ပြီးရင် Ok နှိပ်ပေးလိုက်ပါ။

မမှတ်မိတော့ရင်ဒီလင့်ကိုကလစ်ပြီးသွားကြည့်ပေးပါ။

ဒုတိယအဆင့်။ ။ချက်ဘောက် background ပြောင်းဖို့  အတွက် ဘယ်ဘက်အောက်ခြေမှာရှိတဲ့ Start Button လေးကို ကလစ်လိုက်ပါ။ပြီးရင်All Program ကိုဆက်ကလစ်ပါ။

ပြီးရင်ပေါ်လာတဲ့ဖိုင်တွေထဲက Dash Floder လေးကိုရှာပါ။ပေါ်တာက Dash လို့ပဲပေါ်တာပါ။

Dash ကိုတွေ့ ရင် ဆက်ကလစ်လိုက်ပါ။My Theme  Floder ကိုဆက်တွေ့ ပါလိမ့်မည်။ဆက်ကလစ်ပါ။Change Background,Help,Sample image ဆိုပြီး ဖိုင်သုံးဖိုင်ကို ဆက်တွေ့ ရပါလိမ့်မည်။ထိုထဲမှChange Background ကိုဆက်ကလစ်လိုက်ပါ။

Change Background ကိုကလစ်လိုက်ရင်(hold down Ctrl or shift to choice muitiple file) ဆိုတဲ့ box လေးကျလာပါလိမ့်မည်။

 ထိုဘောက်လေးကျလာရင် မိမိကြိုက်နှစ်သက်ရာ ပုံလေးတွေကို ရွေးပြီး Open ကိုနှိပ်လိုက်ပါ။ထိုအခါ မိမိရွေးလိုက်တဲ့ပုံကို ဂျီတော့ချက်ဘောက်မှာ background အဖြစ်ထားပြီးကြောင်းဘောက်တစ်ခုကျလာပါလိမ့်မည်။

ထိုအခါ မိမိဂျီတော့ ချက်ဘောက်ကိုပြန်ဖွင့်ပြီး ကြည့်လိုက်ပါ။background ပြောင်းသွားတာကိုတွေ့ရမှာပါ။


အဆင်ပြေပါစေနော်..သူငယ်ချင်း....

Saw Helay နှင့်မသိသေးသောသူငယ်ချင်းများအတွက်ပါ....

 

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

Like ခြင်းဖြင့် အားပေးပါ :)

mumcradio