Saturday 11 August 2012

Floder လေးတွေကို မိမိကြိုက်နှစ်သက်တဲ့ ဓါတ်ပုံလေးတွေနဲ့ ထားချင်ရင်

ပထမဦးဆုံး မိမိပြောင်းလိုတဲ့ ဓါတ်ပုံရှိတဲ့ နေရာကို သွားလိုက်ပါ။
ထိုဓါတ်ပုံပေါ်တွင် Right Click နှိပ်ပြီး ပေါ်လာတဲ့အထဲကOpen withပြီးရင်Paintကိုကလစ်ပြီးဖွင့်လိုက်ပါ။





Paint ပေါ်လာရင် ကျွန်တော်အောက်ကပုံမှာ မြားနဲ့ ထိုးပြထားတဲ့နေရာ ကို ကလစ်လိုက်ပါ။
ပြီးရင် ပေါ်လာတဲ့ အကွက်ထဲက Save as ကို ကလစ် ...ပြီးရင် BMP picture နဲ့  Save လိုက်ပါ။



Save တဲ့ နေရာမှာ ဓါတ်ပုံနာမည်ကို မိမိကြိုက်သလိုထားပါ ပြီးရင် နောက်က .ico လေးထည့်ပေးပါ။
ဥပမာ။  ။ မိမိထားချင်တဲ့နာမည်= baby , save ရင် .ico ထည့်ရမယ်ဆိုတော့ baby.ico ပေါ့...


ဒါဆို ပထမတစ်ဆင့်ပြီးသွားပါပြီ...ဒုတိယအဆင့်အနေနဲ့  မိမိပြောင်းချင်တဲ့ Floder ကိုရွေးလိုက်ပါ။ကျွန်တော်ကတော့ Desktop ပေါ်မှာပဲ New Floder တစ်ခု နဲ့  လုပ်ပြပါ့မယ်...
Desktop ပေါ်က လွတ်တဲ့နေရာတစ်ခုမှာ Right Click နှိပ် ပြီးရင် ပေါ်လာတဲ့အထဲက New ကိုနှိပ် ပြီးရင် Floder ကို ဆက်ကလစ်ပါ။ဒါဆို Desktop ပေါ်မှာ New Floder တစ်ခုရှိသွားပါပြီ။
ကိုယ်ပြောင်းချင်တဲ့ Floder ကို ပြောင်းလို့  ရပါတယ်  ...:)






New Floder ကို ဓါတ်ပုံလေးနဲ့ ထားဖို့  အတွက် New Floder ပေါ်မှာ Right Click နှိပ်ပြီး ပေါ်လာတဲ့ အထဲက Properties ကို ဆက်ကလစ်ပေးပါ။
ပေါ်လာတဲ့အထဲက Customize ကို ဆက်ကလစ်ပေးပါ။
ပေါ်လာတဲ့အထဲက အနီရောင်နဲ့  ဝိုင်းပြထားတဲ့ Change Icon..ကိုဆက်ကလစ်ပေးပါ။
ပေါ်လာတဲ့အထဲက Browse ကိုဆက်ကလစ်ပေးပါ။
ပထမဦးဆုံးတုန်းက Paint ကို သုံးပြီး BMP picture နဲ့  Save ထားတဲ့ ပုံရှိတဲ့နေရာကိုသွားပြီးတော့ ပုံကိုကလစ် ပြီးရင် Open ကိုနှိပ်ပေးပါ။
ပြီးရင်ပေါ်လာတဲ့ Box ထဲမှ OK ကိုသာ ဆက်နှိပ်ပေးပါ။
ပြီးရင် ပေါ်လာတဲ့ Box ထဲမှ Apply ကို နှိပ် ပြီးရင် OK ကိုနှိပ်ပေးပါ။
ဒါဆိုရင်တော့ Floder လေးဟာ ဓါတ်ပုံလေး နဲ့  ဖြစ်သွားပါပြီ....




အဆင်ပြေကြပါစေ.......

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

Like ခြင်းဖြင့် အားပေးပါ :)

mumcradio