Sunday 12 August 2012

Task Bar ကို ဘယ်၊ညာ၊ပေါ်၊အောက် ပြောင်းပြီးထားချင်ရင်

ပထမဦးဆုံး Task Bar ပေါ်မှာ Mouse နဲ့ ထောက်ပြီး Right Click နှိပ်လိုက်ပါ။ပေါ်လာတဲ့ Box ထဲက Properties ကို ဆက်ကလစ်ပေးပါ။




ပြီးရင် ပေါ်လာတဲ့ Box ထဲမှာရှိတဲ့ Button ဘေးကမြားလေးကို ကလစ်ပေးပါ။






Buttom ဘေးကမြားလေးကို ကလစ်လိုက်တဲ့အခါ Buttom,Left,Right,Top ဟုတွေ့ ပါလိမ့်မည်။
Task Bar ကို အောက်ခြေမှာပဲ ထားချင်ရင် Buttom ကိုကလစ်ပါ။
Task Bar ကို ဘယ်ဘက်မှာ ထားချင်ရင် Left  ကိုကလစ်ပါ။
Task Bar ကို ညာဘက်မှာထားချင်ရင် Right ကိုကလစ်ပါ။
Task Bar ကို အပေါ်မှာထားချင်ရင် Top ကိုကလစ်ပါ။
မိမိကြိုက်နှစ်သက်သလိုထားပြီးရင် Apply နှိပ် ပြီးရင် OK ကိုနှိပ်ပေးပါ။




အောက်ကပုံတွေကတော့ ကျွန်တော်နမူနာထားပြထားတဲ့ပုံတွေပါ။








ကျွန်တော် Window 7 မှာပဲ လုပ်ပြထားတာပါနော်..Window XP တော့ သိဘူးဗျ..
ရလိမ့်မည်ဟုထင်ပါသည်။
စမ်းသပ်ကလိကြပေါ့နော်.....
ချစ်သူငယ်ချင်းတွေ နည်းပညာဗဟုသုတ တွေ တိုးပွားပါစေလို့  ဆန္ဒပြုလျှက်......

    ကျော်ဇင်(ဖြူးမြို့နယ်ကဖြူးသားလေး)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

Like ခြင်းဖြင့် အားပေးပါ :)

mumcradio