Thursday 6 September 2012

ပန်းများ၏ အဓိပ္ပါယ်အချို့  :)

လူတွေက ကိုယ်ချစ်တဲ့ သူ….. ကိုယ်မြတ်နိုးတဲ့သူတွေကို ..အမှတ်တရနေနဲကသော်လည်ကောင်း လက်ဆောင်အနေနဲ့သော်လည်ကောင်း ပန်တွေကို ပေးတက်ကြပါတယ်…ဒါပေမယ့်လူတော်တော်များများက ကိုယ်ပေးလိုက်တဲ့ပန်းရဲ့အဓိပ္ပါယ်ကိုတော့မသိကြပါဘူး…ဥပမာ… မိန်းကလေး တစ်ယောက် ယောက်ျားလေးတစ်ယောက်ကို… စံပယ်ပန်း လက်ဆောင်ပေးတယ်ဆိုပါဆို့…အဲဒီမိန်းကလေးက မိမိပေးတဲ့ပန်းရဲ့အဓိပ္ပါယ်ကို သေချာမသိ ပဲသွားပေးမိတော့ ယောက်ျားလေးဘက်က ဒီကောင်မလေးငါ့ကို ချစ်နေတယ်လို့ထင်သွားတာမျိုး…ယောက်ျားလေးတစ်ယောက်က မိန်းကလေးတစ် ယောက်ကို ဆပ်သွားဖူးပန်း လက်ဆောင်ပေးပြန်ရင်လဲ…ကောင်မလေးဘက်က သူ့ကိုသစ္စာမရှိဘူးလို့..ထင်သွားတာမျိုးအစရှိသဖြင့်ပေါ့…ဒီပိုစ့်လေးက သူငယ်ချင်းတစ်ယောက်ကိုအကြောင်းပြုပြီးရေးဖြစ်သွားတာပါ… ဖက်ဖူးတဲ့စာအုပ်တစ်အုပ်ထဲကနေ ပြန်လည်ဖော်ပြပေးခြင်းဖြစ်ပါတယ်…

၁) ကံကော်ပန်း – မပြောင်းလဲတဲ့ ထာဝရအချစ်

၂)ကြာပန်း – မိတ်ဆွေတွေရဲ့ ဖြူစင်ခြင်းမျိုးနဲ့ ခင်မင်ကြရအောင်..

၃)ခရေပန်း – မေ့မသွားပါနဲ့…

၎)ခေတ္တာပန်း – အားငယ်ရသူမို့ညှာတာပါ…

၅)ချယ်ရီပန်း – တစ်နေ့နေ့တော့ ဝေးရဦးမယ်…

၆)ခေါင်းလောင်းပန်း – အမြန်ဆုံးနီးဆပ်ချင်တယ်….

၇)ဂန္ဓာမာပန်းအဖြူ – ငြိမ်းချမ်းပါစေ..

၈)ဂန္ဓာမာပန်းအဝါ – သတိရနေမယ်….

၉)ဂမုန်းပန်း – မျှော်လင့်ခြင်းကြီးစွာနဲ့စောင့်နေမယ်..သူ

၁၀)စံပါယ်ပန်း – မင်းရဲ့အချစ်ကိုလက်ခံလိုက်တယ်…

၁၁)ဆပ်သွားဖူးပန်း – သစ္စာမရှိသူကြောင့်ဝမ်းနည်းရတယ်…

၁၂)ဆောင်တော်ကူးပန်း – မင်းကြောင့်ရူးနေရပြီ

၁၃)ညမွှေးပန်း – အရာရာမင်းအတွက်ဖြစ်စေရမယ် လို့ဆန္ဒပြု့ပါတယ်….

၁၄) ဒေလီယာပန်း – မကြာခင်မှာ ဆုံတွေ့ကြရအောင်…

၁၅)ဒန်းပန်း – ဘဝကိုအရုံးမပေးပါနဲ့.

၁၆)ပိတောက်ပန်း – မင်းဟာကိုယ့်အတွက်ရှားပါး ဆုလာဒ်ပါ…

၁၇)ဒေါနပန်း – တို့တွေ ခွဲခွာကြစို့…

၁၈)နှင်းပန်း – အဆင်မပြေမှုတွေက ခဏပါ
 
၁၉)နှင်းဆီပန်း အနီ – မင်းကိုချစ်မိနေပြီ

၂၀)နှင်းဆီပန်း အဝါ – မိတ်ဆွေအဖြစ် ခင်ရအောင်

၂၁)နှင်းဆီပန်း ပန်းရောင် – ကျေးဇူးတင်ကြောင်း..

၂၂)နေကြာပန်း – မင်းရဲ့ဘဝရှေ့ရေးအတွက်တာဝန်ယူပါတယ်

၂၃)ပျားခတ်ပန်း – မင်းဟာ ပန်းပွင့်လေးလို လှပါသူပါ…

၂၄)ပိတောက်ပန်း – မင်းဟာကိုယ့်အတွက်ရှားပါးဆုလာဒ်ပါ…

၂၅)ဖယောင်းပန်း – အထီကျန်ကျေကွဲရခြင်း

၂၆)မြတ်လေးပန်း – ဇွဲသတ္တိရှိခြင်း

၂၇)မိုးမခပန်း – လွမ်းဆွတ်ကျေကွဲရခြင်း..

၂၈)သဇင်ပန်း – ကျေးဇူးပြု့ပြီးမမုန်းပါနဲ့

၂၉) သစ်ခွပန်း – ကျက်သရေ မင်္ဂလာအပေါင်းနဲ့ ပြည့်စုံပါစေ…

၃၀)သော်ကပန်း – ကိုယ့်ကိုခွင့်လွတ်ပါ..

၃၁)သံလွင်ပန်း – အောင်မြင်ခြင်း ..ဂုဏ်ပြု့ခြင်း

၃၂)ရွက်လှပန်း – နှုတ်ဆက်လိုက်ပါတယ်…

၃၃)ဝိုင်အိုလက်ပန်း(ခရမ်းရောင်) – မျှော်လင့်သလို ဖြစ်လာပါစေ..

၃၄) အုန်းပန်း – ကံကောင်းခြင်း ။ ။
ရေးသားသူ=လမင်းသားလေး

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

Like ခြင်းဖြင့် အားပေးပါ :)

mumcradio