Sunday, 14 October 2012

Android Mobile Phone များအတွက် Browser များ


Dolphin Browser HD
တကယ်လို့ သင့်ဟာ RSS Feeds တွေကိုအသုံးများခဲ့ရင် ဒီ Dolphin Browser HD လေးကသင့်အတွက်မိတ်ဆွေကောင်းဖြစ်စေမှာပါပဲ။ဘာလို့ လဲဆိုတော့ Dolphin က Website တွေ၇ဲ့ RSSfeeds တွေကိုWebzine(Web+Magzine)လုပ်ပေးနိုင်လို့ ပါပဲ။ပုံထဲကလိုပေါ့….

facebookကိုဝင်ချင်ရင်၊facebookကသတင်းတွေကိုသုံးချင်ရင်Webzineကနေသွားလိုက်ရင်ရကော…တစ်ခါတစ်လေသတင်းတိုလေးတွေနဲ့ တကယ့် RSS feeds ကိုအပြည့်အ၀အသုံးချလို့ ရတဲ့ browser လေးပါ။ပြီးတော့သူက tabbed browsing(tab တွေအများကြီးဖွင့်တာ)နဲ့ gesture commands တွေနဲ့ အသုံးပြုနိုင်တာပါ။Gesture control ဆိုတာကတော့ browser ရဲ့  screen ပေါ်မှာတင် လက်ညှိုးနဲ့ ပုံလေးတွေဆွဲပြီး browser ကို control လုပ်နိုင်လို့ ပါပဲ။(ဥပမာ…ကိုယ်ကြည့်နေတဲ့ web page ကို reload လုပ်ချင်ရင် လက်နဲ့ circle ပုံလေးဆွဲလိုက်ရင် …reload ဖြစ်သွားကော…F ပုံစံဆွဲလိုက်ရင် Facebook ကိုရောက်သွားရောဗျာ…အဲလိုအသုံးတည့်တဲ့ Gesture control နဲ့ တည်ဆောက်ထားတာမို့ စိတ်ဝင်စားစရာကောင်းတဲ့ browser တစ်မျိုးပေါ့ဗျာ။
Dolphin Browser™ HD
Official Website

android browser

Download လုပ်ရန်
သို့မဟုက်
http://cdn5.staztic.com/cdn/logos/meonemobileliteandroid-17.png:w48h48
သို့မဟုက်

PCဒေါင်းလုပ်


Firefox for Android

 နာမည်ကြီး Mozilla Firefox ကလည်း Desktop PC တွေမှာ Add-ons တွေ၊URL Fixerတွေ(ကိုယ်ကwebsite ရဲ့ အစစာလုံးကိုရိုက်လိုက်တာနဲ့ website name အပြည့်အစုံကိုဖော်ပြပေးတာ၊ ကိုယ့်စာလုံးပေါင်းကိုအမှန်ဖြစ်အောင်ပြင်ပေးတာ)နဲ့ reading list (ကိုယ်ကြည့်ခဲ့တဲ့ site တွေကို save လုပ်ထားရင် offline ကြည့်နိုင်အောင်)စတဲ့ function တွေနဲ့ mobile version တွေမှာလည်းဆွဲဆောင်နေပြန်ပါတယ်။နောက်ပြီး firefox setting တွေကို ကိုယ့်ဘာသာကိုယ် developer mode ထဲကနေပြင်သုံးမယ်ဆိုတဲ့သူများအတွက် firefox ကတော့မျက်စိကျစရာပါ။ဒါပေမဲ့ သူကစဖွင့်ရင် browser loading နှေးတာရယ်၊သူကို့ ဖွင့်ဖို့ Memoryအများကြီးသုံးတာရယ်၊တကယ်လို့ သင့် Androidဖုန်းကversion ဟောင်းနေ၇င်တော့ဖွင့်တာနဲ့ ဖုန်းကhangသလိုလိုမျိုးဖြစ်တတ်တာကတော့သူ့ ရဲ့ အားနည်းချက်တွေပါ။သူကလည်း Tabbed Browsing နဲ့ sync လုပ်တာကို support လုပ်ပေးပါတယ်။   
Mozilla Firefox
Official Website

android browser
Download လုပ်ရန်
သို့မဟုက်
http://cdn5.staztic.com/cdn/logos/meonemobileliteandroid-17.png:w48h48
သို့မဟုက်

PCဒေါင်းလုပ်


Opera Mobile and Opera Mini

အခြားနာမည်ကြီး third-party browser ထုတ်လုပ်တဲ့ Opera ကတော့ Version နှစ်မျိုးနဲ့ ပါ။တစ်မျိုးက file size 12 MB ရှိတဲ့ Opera Mobile နဲ့ နောက်တစ်မျိုးက 767 KB ရှိတဲ့ Opera Mini ပါ။Opera mini ကတော့သင်က website တစ်ခုကိုဖွင့်လိုက်ရင် web server ကနေသူ့ web page ကိုသင့်ဆီပို့ တဲ့အခါချုံပြီးပို့ တဲ့အတွက် Opera Mobile ထက်စာရင် web page တက်တာပိုမြန်ပါတယ်။Opera Mobile ကတော့ web page တွေကို render လုပ်တဲ့နေရာမှာနဲ့ mini မှာမပါတဲ့တစ်ချို့ function တွေကိုပိုမိုလုပ်နိုင်စွမ်းရှိပါတယ်။Opera နှစ်မျိုးလုံးကတော့ Add-ons တွေကို support မလုပ်ပေမဲ့ tabbed browsing နဲ့ sync လုပ်တာကိုတော့ support လုပ်ပေးပါတယ်။  
Opera Mini Web Browser
Official Website

android browser
Download လုပ်ရန်
သို့မဟုက်
http://cdn5.staztic.com/cdn/logos/meonemobileliteandroid-17.png:w48h48
သို့မဟုက်

PCဒေါင်းလုပ်



Chrome for Android

 တကယ်လို့ သင်ကိုင်တဲ့ဖုန်းကAndroid OS version တွေနဲ့ Android နောက်ဆုံးပေါ် Ice Cream Sandwich OS ဖုန်းတွေဖြစ်ခဲ့မယ်ဆိုရင်တော့Chorme ကသင့်ဖုန်းအတွက်အကောင်းဆုံးပါပဲ။သူကtabbed browsing ကိုsupport လုပ်ပေးပြီးတော့တစ်ချို့ flash player add-onတွေကိုတော့installed လုပ်လို့ မရပါ။ web develop html5 ကိုအဆင်ပြေစေပြီး browser ရဲ့ bookmarks တွေ setting တွေကို sync လုပ်လို့ ရပါတယ်။Chromeမှာတော့extensions တွေကိုကန့် သတ်ထားပြီးနောက်ပိုင်းမှာတော့အသုံးပြုခွင့်ပေးပါလိမ့်မယ်။ ကဲဒီလောက်ဆိုရင်တော့သုံးသပ်ချက်တွေကိုဖတ်ပြီးတော့ကိုယ်သုံးမယ့်ပုံစံနဲ့ ကိုက်ညီမယ့်browserကိုရွေးနိုင်မှာပါ။အားလုံးပဲအဆင်ပြေကြပါစေဗျာ။

Download လုပ်ရန်
http://www.android.com/images/brand/google_play_logo_450.png
သို့မဟုက်
http://cdn5.staztic.com/cdn/logos/meonemobileliteandroid-17.png:w48h48
 သို့မဟုက်

PCဒေါင်းလုပ် 

 ref ;myanmar android user

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

Like ခြင်းဖြင့် အားပေးပါ :)

mumcradio