Wednesday 24 October 2012

မြန်မာ စစ်တုရင် ကစားမယ်


ကျနော်တို့  မြန်မာတွေ ယခုအခါ အွန်လိုင်းတွင် မြန်မာစစ်တုရင်ဂိမ်းကိုဆော့လို့  ရနေပါပြီ။ ဒီဂိမ်းလေးကိုတော့ Total GamePlay Studio ကနေပြီးတော့ ထုတ်လုပ်ပေးထားတာပါ။ မြန်မာစစ်တုရင်ဆိုတာကိုတော့ ကျနော်မဆော့ဘူးပါဘူး။ နိုင်ငံခြား စစ်တုရင်နဲ့  တော့ဆင်တူမလား မတူဘူးလား မပြောတတ်ပါဘူး။

ပြီးတော့ အဲဒီ စစ်တုရင် အွန်လိုင်းဂိမ်းကို နေ့စဉ် ဝင်ရောက်မယ်ဆိုရင် နေ့စဉ် ကံစမ်းမဲ အစီအစဉ်မှာ ပါဝင်ခွင့် ရမှာ ဖြစ်တယ်လို့  သိရပါတယ်။ တနေ့တခါ ကံစမ်းခွင့်ရှိပြီး၊ နေ့တိုင်း မပျက်မကွက် ဝင်မယ်ဆိုရင် နေ့စဉ် ဆတိုးကိန်း တိုးသွားမှာ ဖြစ်ပါတယ်။ ဂိမ်းကတော့ အခုမှ စတင်ပြုလုပ်ထားတာဖြစ်ပြီး Beta အဆင့်ပဲရှိသေးကြောင်း သိရပါတယ်။


အကယ်၍ မြန်မာ စစ်တုရင် ဂိမ်းကို အပျင်းပြေဘဲဖြစ်ဖြစ်၊ စိတ်ပါဝင်စားလို့  ပဲဖြစ်ဖြစ် ကစားချင်တယ်ဆိုလျှင်တော့ အောက်ပါ လင့်ခ်မှာ ၀င်ရောက်၍ ကစားလို့ ရပါတယ်။


http://www.sittuyin.com/
 ref:zwekapinmyae

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

Like ခြင်းဖြင့် အားပေးပါ :)

mumcradio