
ကျွန်တော်တို့  ကွန်ပျူတာတွေမှာ ပါလာတဲ့ cmd box တွေက အပေါ်ကလိုပါ။အဲ့လို အရောင်မဲမဲကြီးပေါ်မှာ စာလုံးအဖြူတွေ နဲ့  တွေ့ မြင်ရတာ ရိုးအီနေလောက်ပါပြီ။အသစ်အဆန်းဖြစ်သွားအောင် ကာလာလေးတွေ ပြောင်းကြည့်တာပေါ့နော် :P
သိပြီးသားညီအစ်ကိုမောင်နှမတွေက တော့ ကျော်သွားပေးကြပါ။မသိသေးသောညီအစ်ကိုမောင်နှစ်မများ အတွက်ရည်ရွယ်ပါတယ်။
ပထမဦးဆုံး အရင်ဆုံး Start ကနေ Run Box (သို့မဟုတ်) Window + R ကိုနှိပ်ပြီး Run Box လေးကိုခေါ်လိုက်ပါ။ပြီးနောက် Run Box ထဲမှာ cmd ဟုရိုက်ပြီး OK ကိုနှိပ်ပါ။

ပြီးရင် ကျလာတဲ့ Box ရဲ့ဘားတန်းလေးမှာ Right Click ထောက်ပြီး ပေါ်လာတဲ့အထဲက Properties ကို ရွေးပြီးကလစ်ပေးပါ။

နောက်ထပ် Box တစ်ခုကျလာပါလိမ့်မည်။ပေါ်လာတဲ့အထဲက Colors ကိုရွေးပေးပြီး OK ကိုနှိပ်လိုက်ပါ။

ပြီးရင် စာသား အရောင်ပြောင်းဖို့ အတွက် Screen Text အရှေ့က အဝိုင်းမှာ အစက်လေးချပါ။ပြီးရင် မိမိကြိုက်နှစ်သက်တဲ့ Colors ရွေးပြီး OK ကိုနှိပ်ပါ။



window XP မှာပြောင်းနည်းကလည်း အတူတူပါပဲ...စမ်းသပ်ကလိကြကုန်..
နည်းပညာကျွမ်းကျင်လိုလျှင်..ကွန်ပျူတာအား
များများကလိလေ...
ကလိလေတတ်လေ..များများကလိလေ
အခန့် မသင့်ရင်..စက်ပျက်တတ်ပေ..
စက်ပျက်လျှင်..အသစ်ဝယ်လေ
အဆင်ပြေကြပါစေ..... :P
No comments:
Post a Comment