သိပြီးသားသူတွေကတော့ ကျော်သွားကြပါ။မသိသေးတဲ့ညီအစ်ကို မောင်နှမ များအတွက် ရည်ရွယ်ပါတယ်။
ပထမဦးဆုံး Desktop ပေါ်မှာ Right Click ထောက်ပြီး ပေါ်လာတဲ့အထဲက New ကိုကလစ် ပြီးရင် Shortcut ကိုဆက်ကလစ်လိုက်ပါ။

ပြီးရင် ပေါ်လာသော Box တစ်ခုကျလာပါလိမ့်မည်။ကျလာသော Box ထဲမှ Type the location of the item: အောက်ရှိ အကွက်ထဲတွင် မိမိ ထည့်ချင်သော ဝက်ဆိုဒ်ရဲ့လင့်ကို ထည့်ပေးပါ။ပြီးရင် Next ကို နှိပ်ပါ။


ပြီးရင် Create Shortcut ဟူသော Box တစ်ခုကျလာပါလိမ့်မည်။ထို Box ထဲရှိ Type a name for this shortcut: အောက်ရှိ အကွက်ထဲတွင်ရှိသော New Internet Shortcut ကို ဖျက်ပြီး မိမိ မှတ်လိုသော နာမည် နှင့် မှတ်ပါ(မြန်မာလိုတော့မရပါ)။ပြီးရင် Finish ကို နှိပ်ပါ။မိမိပေးလိုက်သော နာမည်အတိုင်း Desktop ပေါ်တွင် ပေါ်ပါလိမ့်မည်။


ကျွန်တော်က goldenmyanmarparadise လို့ ပေးလိုက်တော့ Desktop ပေါ်မှာ goldenmyanmarparadise လို့ ပေါ်နေတာပါ shortcut လေးက :)
ထို Shortcut လေးကို ကလစ်ပြီး မိမိ မှတ်ထားတဲ့ ဆိုဒ်ကို ဂူဂဲလ် မှာ ရိုက်ရှာစရာမလို ဘရိုဇာ ဖွင့်စရာမလို ပဲ အလျင်အမြန် ဖွင့်နိုင် သွားနိုင်ပါကြောင်း (ကွန်နက်ရှင် မကောင်းရင်တော့ မသိ :P )


အဆင်ပြေကြပါစေ.....
No comments:
Post a Comment