Monday 15 October 2012

Games,Software & Application Installation လမ်းညွန်



PC Games များနှင့် Mobile Games များအား Installation လုပ်ရာတွင်အခက်အခဲမဖြစ်စေရန်အတွက်
ယခုလမ်းညွှန်လေးအားတင်ပေးလိုက်ပါတယ်။အခက်အခဲရှိသူများအတွက် လမ်းညွှန်လေးအဖြစ်
အသုံးတည့်စေမှာပါ။ softwares နှင့် Apps များကိုလည်း installed လုပ်ရာတွင်အခက်အခဲရှိသူများ  အတွက်အဆင်ပြေစေဖို့ ဒါလေးကိုတင်ပေးလိုက်တာပါ။


PC Game များ Installation လမ်းညွှန်
Games တင်ရန်အောက်ပါအချက်အလက်များကိုသတိပြုစေလိုပါသည်။

CPU             - Dual-Core (or ) Core 2 Duo 2.0 (or) Higher
Memory        - 1 Gb (or) Higher
Harddisk       -  20 Gb free for Game installation
Graphic Card - 1 Gb (or ) higher
OS               - Windows XP service Pack 2 (or) higher 

အထက်ပါလိုအပ်ချက်များနှင့်ပြည့်စုံပါက Game performace ကောင်းကောင်းရရှိမည်ဖြစ်ပြီး Game ထစ်
ခြင်းများ၊ Games Loading ကို Computer Hardwares များနှင့်လိုက်လျောညီထွေမရှိခြင်းများမဖြစ်စေပဲ
အဆင်ပြေချောမွေ့ စွာဖြင့် Game ကစားနိုင်မည်ဖြစ်ကြောင်းအသိပေးအပ်ပါသည်။

Games Installation ပြုလုပ်ခြင်း

ပထမဦးစွာ Games file အား download လုပ်ရပါမည်။ ရရှိလာသော file ကိုစစ်ပါ။( ဥပမာ...ကျွန်တော်  တို့ သည် harvest moon game ကို download ဆွဲပါက harvest moon.exe အမည်ရှိ file အားရရှိမည်
ဖြစ်ပါသည်။ exe file သည် windows computer များအတွက် installer file ဖြစ်ပြီး ယခု harvest moon
.exe မှာ game installer ဖြစ်သဖြင့် mouse ဖြင့် double click လုပ်ကာ လမ်ညွှန်ချက်များကိုဖတ်ပြီး
next , next နှိပ်ပြီးနောက်ဆုံးအဆင့် finished နှိပ်ကာ Game Installation ကိုမိမိကိုယ်တိုင်လုပ်ဆောင်
နိုင်ပါသည်။

အချို့ သော Games များမှာ CD / DVD ခွေများဖြင့်လာတတ်ပါသည်။ CD/DVD ခွေကိုဖွင့်ပြီး အထဲမှ read me ကိုအရင်ဖတ်ပါ။ပြီးလျှင် setup.exe ဖြင့် games (သို့ ) software အား install ပြုလုပ်နိုင်ပါသည်။

အချို့ သော game Installer များမှာ*.rar, *.zip,*.7z နှင့် extract installer များဖြင့်လာတတ်သည်ဖြစ်  ရာ rar, zipနှင့် 7z တို့ ကို WinRar software (သို့ )အခြားသင့်လျော်ရာ software တစ်မျိုးမျိုးဖြင့်ဖြည်ရပါ  သည်။ထိုသို့ ဖြည်မှ ရိုးရိုး folder ရလာမည်ဖြစ်ပြီးထို folder ထဲမှ installer ကိုရှာပြီး install လုပ်ရန်ဖြစ်ပါ  သည်။ extract installer များမှာ double click လုပ်လိုက်လျှင်စက်ထဲရှိ ဖြည်မည့်နေရာအား လမ်းညွှန်  ခိုင်းပါသည်။ ထိုသို့ browse path ပေးပြီးဖြည်ရသကဲ့သို့ အချို့ ကလည်းဖြည်ရင်းနဲ့ install လုပ်သွားသည်  များလည်းရှိပါသည်။ (ဥပမာ....Command & Conqurer zero hour, Reborn)

အချို့ game များသည် game ကို run လိုက်လျင်ခွေတောင်းလေ့ရှိပါသည်။ ထိုအခါမိမိစက်တွင် virtual Drive, Alcohol တို့ ကဲ့သို့ သော software များထပ်မံထည့်သွင်းရန်လိုအပ်ပါမည်။ ထို software များကို  computer တွင် အရင် installed လုပ်ပြီးမှသာအသုံးပြုရနိုင်မည်ဖြစ်ပါသည်။

အချို့ သော Games ခွေများတွင် Games နှင့်လိုက်ဖက်ညီမည့် Computer Hardware requirements များရေးသားထားလေ့ရှိသကဲ့သို့ Game Installer ခွေထဲတွင် Read Me.txt file များဖြင့်လည်း လမ်းညွှန်  ထားပါသည်။ထို့ ကြောင့်ပြင်ပမှ Games ခွေများဝယ်ယူပြီး Install လုပ်မည်ဆိုပါက မိမိ Computer ဖြင့်  အသုံးပြုနိုင်၊မပြုနိုင်ကို စဉ်းစားစေလိုပါသည်။

အထက်ပါအချက်အလက်များ၊ဆောင်ရန်၊ရှောင်ရန်တို့ ကို အသုံးပြုခြင်းအားဖြင့်သင့် computer ဖြင့် game ကို အဆင်ပြေစွာကစားနိုင်မည်ဖြစ်ကြောင်းရေးသားလိုက်ရပါသည်။


Mobile & Tablet PC games  Installation လမ်းညွှန်

iphone များနှင့် ipad များတွင်ထည့်သွင်းရန် itunes လိုအပ်ပါသည်။ itunes မှတဆင့် games နှင့် applications များကို syn လုပ်ပြီးထည့်သွင်းနိုင်မည်ဖြစ်ပါသည်။

Android phone များနှင့် Android tablets များတွင် computer မှ *.apk (application package) များကိုဖုန်းထဲသို့ ထည့်ပြီး ဖုန်းထဲမှ apk file များအား နှိပ်ကာ installed ပြုလုပ်နိုင်ပါသည်။*.apk သည် Android Platform အတွက် installer ဖြစ်ပါသည်။

Nokia ဖုန်းများနှင့် Java ဖုန်းများတွင် games ထည့်၇န် Nokia PC suite (သို့ ) ဖုန်း memory card များ ထဲသို့ *.sis နှင့် *.jar file များကိုထည့်သွင်းပေးရပါမည်။(*.sis နှင့် *.jar တို့ သည် Nokia နှင့် Java ဖုန်း  များအတွက် installer များဖြစ်ပါသည်။) Nokia ဖုန်းတော်တော်များများသည် java support လုပ်သဖြင့် java games နှင့် application တော်တော်များများကိုထည့်သွင်းအသုံးပြုနိုင်မည်ဖြစ်ပါသည်။

မိမိဖုန်း OS version နှင့် မိမိ install လုပ်မည့် games တို့  match ဖြစ်မဖြစ် အရင်စစ်ပါ။ပြီးမှ installed လုပ်ပါရန်....အခန့် မသင့်ပါက phone performance ကိုထိခိုက်စေသောကြောင့်ဖြစ်ပါသည်။

ဖတ်ရှုသည့်အတွက်ကျေးဇူးတင်ပါသည်။

ref;trc tech group

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

Like ခြင်းဖြင့် အားပေးပါ :)

mumcradio