Sunday 30 December 2012

(၇) ရက်သားသမီး အိမ်ထောင်ဖက်ရွေးနည်း

ရှေးမြန်မာပညာရှင်ကြီးများ၏ လွယ်ကူသော (၇) ရက်သားသမီး အိမ်ထောင်ဖက်ရွေးနည်း ကို တင်ပြလိုက်ပါတယ်။
မွေးနံ နှစ်ခုတည် ပြီးပေါင်း ၊ ရလာတဲ့အဖြေကို (၅) နဲ့  မြောက်၊ ရလာတဲ့အဖြေကို (၇) နဲ့ စား

ဥပမာ- တနင်္လာသားနဲ့ ကြာသပတေးသမီးကို တွက်ကြည့်မယ်ဆိုရင်
၂ + ၅ = ၇
(၇ × ၅) = ၃၅
(၃၅
÷၇) = ၀ (ကြွင်း)

၁။ ၁ ကြွင်းလျှင် (အချစ်တူဟူသမျှ ချမ်းမြေ့လှသည်)
၂။ ၂ ကြွင်းလျှင် (ချမ်းသာစီးပွား မတည်မြဲ၊ ပျက်တတ်သည်)
၃။ ၃ ကြွင်းလျှင် (အိမ်ထောင်မှာ အလွန်စည်ကားပြီး စီးပွားတက်မည်)
၎။ ၄ ကြွင်းလျှင် (အဖျားအနာများမည်)
၅။ ၅ ကြွင်းလျှင် (ဓနရွှေငွေပေါမယ့် ဇောတိကကိန်း)
၆။ ၆ ကြွင်းလျှင် (ရောဂါဘယကင်းဝေးပြီး သာယာအေးချမ်းမည်)
၇/၀ ။ ၇/ ၀ ကြွင်းလျှင် (သိမ်သိမ်မွေ့မွေ့မနေရဘဲ ပူပန်ကြောင့်ကြတွေ့ကြုံမည်လို့ ဟောထားပါတယ်။

(ကျန်နေ့သားသမီးများလည်း အထက်ပါအတိုင်း တွက်ကြည့်နိုင်ပါတယ်။)

ဗဟုသုတပါ လုံးဝမှန်ကန်ပါတယ်လို့ တော့ ကျွန်တော် အာမ မခံပါ။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

Like ခြင်းဖြင့် အားပေးပါ :)

mumcradio