Saturday 8 December 2012

နည်းပညာအပိုင်းအစများ(၂)

♣♣XP မှာ Start နှင့် Shutdown မြန်အောင်လုပ်နည်းလေးပါ...♣♣

◘◘Start မြန်အောင်လုပ်နည်း◘◘
ပထမ start >>>Run (or) Win+R ကိုနှိပ်လိုက်ပါ။Run box ကျလာပါလိမ့်မယ်။open မှာ Regedit ကိုရိုက်ထဲလိုက်ပြီး Enter (or) Ok နှိပ်လိုက်ပါ။Register Editor Box မှာ အောက်မှာရေးထားတဲ့အတိုင်း အဆင့်ဆင့်လုပ်ပါ။
HKEY LOCAL MACHINE >>>SYSTEM >>>CurrentControlset >>>Control >>>Session Manager >>>Memory Management >>>Prefetchpara
meters ဆိုတာကို Double click နှိပ် လိုက်ပါ။ ဘေးနားက Box ထဲမှာ EnablePrefetcher ဆိုတာလေးကို Right click နှိပ်လိုက်ပြီး Modify>>> Value data မှာ 3 နေရာမှာ 5 ပြောင်းလိုက်ပါ။ ပြီးရင် Ok နှိပ်လိုက်ပါ။ Start မြန် အောင်လုပ်နည်းလေးပြီးဆုံးသွားပါပြီး။

◘◘Shutdown မြန်အောင်လုပ်နည်း◘◘
ပထမ start ---->Run (or) Win+R ကိုနှိပ်လိုက်ပါ။Run box ကျလာပါလိမ့်မယ်။open မှာ Regedit ကိုရိုက်ထဲလိုက်ပြီး Enter (or) ok နှိပ်လိုက်ပါ။Register Editor Box မှာ အောက်မှာရေးထားတဲ့အတိုင်း အဆင့်ဆင့်လုပ်ပါ။
HKEY CURRENT USER >>>Control Panel >>>Desktop ကိုနှိပ်လိုက်ပါ။
ဘေးနားကBox ထဲမှာ AutoEndTasks လေးကို Right click နှိပ်လိုက်ပြီး Modify>>> Value data မှာ 1 ပြောင်းပေးလိုက်ပါ။ ပြီးရင် Ok နှိပ်လိုက်ပါ။ပြီးရင် HungApp Timeoutလေးကို Right click နှိပ်လိုက်ပြီး Modify>>> Value data မှာ 1000 ပြောင်းလိုက်ပါ။ပြီးရင် Ok နှိပ် လိုက်ပါ။ပြီးရင် WaitToKillApp Timeout လေးကိုRight click နှိပ်လိုက်ပြီး Modify>>> Value data မှာ 1000 ပြောင်းလိုက်ပါ။ပြီးရင် Ok နှိပ် လိုက်ပါ။ပြီးရင် Computer ကို Restart ချလိုက် ပါ။ဒါဆို Start နှင့် Shutdown မြန်အောင်လုပ်နည်းလေးပြီးဆုံးသွားပါပြီး။


◘◘စက်ပိတ်တာနဲ့ Recent Files ကို Auto Clear လုပ်နည်း◘◘

မိမိကွန်ပျူတာမှာ Recent Documents တွေကို မိမိက စက်ပိတ်လိုက်တာနဲ့ Auto Clear ဖြစ်သွားအောင် ဘယ်လိုပြုလုပ်ရမယ်ဆိုတာ မသိတဲ့သူတွေအတွက် ဖော်ပြပေးလိုက်ရပါတယ်။ Recent Document ဆိုတာ
ဘာလဲဆိုတာ မသိတဲ့သူတွေအတွက် နည်းနည်းပြောပြပါမယ်။ ကွန်ပျူတာကို ဖွင့်တဲ့အချိန်ကနေ ပိတ်တဲ့အချိန်ထိ မိမိဖွင့်တဲ့ Folder တွေ၊ ဖိုင်တွေ။ ပုံတွေကို တွေ့မြင်နိုင်ပါတယ်။ ဒါကြောင့် အ
ဲဒီလို ခြေရာခံ
လို့မရအောင် မပိတ်ခင်မှာ Run>>Recent လို့ရိုက်ထည့်ပြီး အဲဒီထဲမယ်ရှိတဲ့ ဖိုင်တွေကို Delete ပေးလိုက်လည်းရပါတယ်။ ဒါပေမယ့် အမြဲဒီလိုလုပ်ဖို့ မမှတ်မိနိုင်ပါဘူး။ ပိုဆိုးတာက အဲဒီ Recent Documents
တွေကို မဖျက်ဘဲ ထားတာကြာလာရင် စက် handing သွားနိုင်သလို Virusတွေခိုအောင်းတဲ့နေရာလည်း ဖြစ်လာနိုင်ပါတယ်။ ဒါကြောင့်ပုံမှန် ရှင်းလင်းသင့်ပါတယ်။ ဒါကြောင့် မိမိလည်းရှင်းရသက်သာအောင် မိမိမေ့နေရင်တောင် စက်ပိတ်တာနဲ့ Auto ရှင်းသွားအောင် အောက်ပါအတိုင်း လုပ်ဆောင်နိုင်ပါတယ်။

၁။ Start>>Run မှာ Regedit လို့ရိုက်ထည့်ပါ။ပြီးရင် အိုကေပေးလိုက်ပါ။
၂။ HKEY_Current_User>>SOFTWARE>>Microsoft>>Windows>>CurrentVersion>>Policies>>
Explorer နေရာထိရောက်အောင်အဆင့်ဆင့်သွားပါ။ ရောက်တာနဲ့ညာဘက်က နေရာလွတ်မှာ New>>
DWORD Value ကိုကလစ် နှိပ်လိုက်ပါ။ Rename ကို ClearRecentDocsOnExit လို့ရိုက်ပြီး Name ပေး
လိုက်ပါ။
၃။ မိမိတည်ဆောက်ခဲ့တဲ့ ClearRecentDocsOnExit ပေါ်မှာ Double Click ပဲနှိပ်နှိပ်။ Right Click ထောက်ပြီး
Modify ကိုပဲဖြစ်ဖြစ် ကလစ်လိုက်ပါ။ပြီးတာနဲ့ Value Data မှာ 1 လို့ရိုက်ထည့်ပါ။ ပြီးရင် OK ကိုနှိပ်ပြီး စက်
စက်ကို Restart ချလိုက်ပါ။ ပြန်တက်လာတာနဲ့ Auto Clear ဖြစ်မှာဖြစ်ပြီး..မည်သူမျှ ကိုယ်ကြည့်ခဲတဲ့ဖိုင်တွေ
ကိုခြေရာခံနိုင်တော့မည်မဟုတ်ပါ။

♣♣Computer ကိုဖွင့်လိုက်ရင် နှုတ်ဆက်စာ၊သတိပေးစာ စသည်ရေးထားတဲ့ Box တစ်ခုကိုအရင်ပြဖို့တည် ဆောက်နိုင်ပါတယ်...♣♣

ကွန်ပျူတာများကို နေ့စဉ်ဖွင့်လိုက်တာနဲ့ ၀န်ထမ်းများသို့အကြောင်းကြားစာ (သို့) သတိပေးစာ စသည်ကို
အရင်ဖတ်စေနိုင်ပါတယ်။ Windows စနစ် Desktop မြင်ကွင်းပေါ်မရောက်မီ ဖတ်ရှုနိုင်ပြီး မလိုအပ်ရင် Enter
နှိပ်ပြီး ကျော်လွှားနိုင်ပါတယ်။ ၄င်းတွင် ဒီဇိုင်း လှလှပပမဟုတ်ပေမယ့် စာသားသက်သက်နဲ့ ရေးပြထားနိုင်ပါ
တယ်။
၎င်းကို Creating a Logon Banner လို့လည်းခေါ်ဆိုကြပါတယ်။ အဆိုပါမြင်ကွင်းမျိုးကို ပရိုဂရမ် တစ်
ခုခုနဲ့ရေးပြီး တင်နိုင်သလို Registry ထဲဝင်ပြီးတော့လည်း ပြုလုပ်နိုင်ပါတယ်။ကဲ..အခု အညာသားလေး ပြော
တဲ့အတိုင်း လိုက်လုပ်ကြည့်ကြပါနော်.။ Start>>Run(box) မှာ regedit လို့ရိုက်ထည့်လိုက်ပါ။
HKEY_LOCAL_MACHINE>>Software>>Microsoft>>WindowsNT>>Current Version>>Winlogon
ထိရောက်အောင် အဆင့်ဆင့်ဖွင့်လိုက်ပါ။ ပြီးရင် ညာဘက်မြင်ကွင်းထဲမှာ LegalNoticeCaption နဲ့ Legal
NoticeText ဟူသော စာသားနှစ်ခုကိုရှာပါ။ တွေ့ပြီဆိုရင် LegalNoticeCaption ဆိုတဲ့ဖိုင်ကို ကလစ်နှစ်ချက်
နှိပ်လိုက်ရင် Edit String ဆိုတဲ့(box) ပေါ်လာပါမယ်.အဲဒီမှာ ကိုယ်ပြောချင်တဲ့ ခေါင်းစဉ်ကို Value data: ဆိုတဲ့နေရာမှာ အင်္ဂလိပ်လိုဘဲရိုက်ထည့်ပေးပါ။
ပြီးရင် LegalNoticeText ဆိုတဲ့ဖိုင်ကို ကလစ်နှစ်ချက်နှိပ်ပြီး Value data: ဆိုတဲ့နေရာမှာဘဲ ပြောချင်တဲ့ အကြောင်းအရာတွေကို အင်္ဂလိပ်လိုဘဲ ရိုက်ထည့်ပေးပါ။ ပြီးရင် Registry မှ ပြန်ထွက်ပြီး ကွန်ပျူတာကို Restart
ချလိုက်ပါ။အဲဒါဆိုရင် သတိပေးစာ(သို့)နှုတ်ဆက်စာရေးခြင်းပြီးဆုံးသွားပါပြီ.။
 
 ◘◘USB Memory Stick ထဲကဖိုင်တွေကို Delete လုပ်မရ Copy လုပ်မရတော့ဘူးလား?ဖြေရှင်းနည်းလေးပါ...◘◘

ကွန်ပျူတာထဲကို ဗိုင်းရပ်စ်တွေကိုက်သွားတဲ့အခါ။ ဒါမှမဟုတ် ကိုယ့် Memory Stick ကို အခြားစက်မှာ ထိုးမိပြီး မိမိစက်ကိုပြန်ထိုးလိုက်တဲ့အခါ လျှို့ဝှက် Script တစ်ခုက မိမိကွန်ပျူတာထဲကို လျှို့ဝှက်ဝင်ရောက်သွားပါတယ်။
အဲဒီ Script ကဗိုင်းရပ်စ်လဲမဟုတ်ပြန်ပါဘူး။သူက Autorun ကနေတစ်ဆင့် ၀င်ရောက်သွားတာပါ။ ဘာဘဲဖြစ်
ဖြစ် အခြာ
းသောအကြောင်းအမျိုးမျိုးကြောင့် USB Memory Stick ထဲကဖိုင်တွေကို ကော်ပီလုပ်မရ..ဖျက်မရ
တော့ဘဲ..Write Protect ဆိုတဲ့ Error ဖြစ်ပေါ်လာရပါတယ်။ အဲဒီလိုဖြစ်လာပြီဆိုရင် ဘာလုပ်လို့ဘာကိုင်ရမှန်း
မသိအောင် ဖြစ်ရတော့တာပါဘဲ။ အညာသားလေးကိုယ်တိုင်လဲ..ကြုံခဲ့ရဘူးပါတယ်။ဒါကြောင့် လွယ်လွယ်ကူကူနဲ့ ဖြေရှင်းနည်းလေးကို ရေးပြပေးလိုက်ရပါတယ်။

ပထမဆုံး..Start>Run(box) မှာ regedit လို့ရိုက်ထည့်ပါ။ Registry Editor ပေါ်လာပါမယ်။ အဲဒီထည်းမှာမှ.
HKEY_LOCAL_MACHINE>>System>>CurrentControlSet>>Control>>StorageDevicePolicies ထိရောက်အောင် အဆင့်ဆင့်သွားပါ။ ရောက်ရင် ညာဘက်အခြမ်းမှာ WriteProtect ဆိုတဲ့ အပြာရောင်ဖိုင်လေး
တစ်ဖိုင်ကို နှစ်ချက်ကလစ်ပြီးရင် Value Data ‘1’ ဆိုတာကို ‘0’ လို့ပြန်ပြောင်းပေးလိုက်ပါ။ ပြီးရင် Registry
Editor မှအပြီးထွက်ပြီး ကွန်ပျူတာကို Restart ချလိုက်ပါ။ ပြီးရင် ပြန်စမ်းကြည့်ပါ။ Write Protect ဆိုတဲ့
Error မပေါ်တော့ပါ။Memory Stick ပျက်စီးနေပြီဆိုရင်တော့ အထက်ပါနည်းလဲ အသုံးမ၀င်တော့ပါ။
အားလုံးပဲအဆင်ပြေပါစေ...
 
 ◘◘WinKey လေးရဲ့ အသုံးတည့် ပုံလေးများ...◘◘

ကျွန်တော်တို့ Window User အများစု ဟာ လုပ်ငန်းတစ်ခု ကိုလုပ်ဆောင်ရာမှာ ပိုမို လျှင်မြန်စွာ ပြီးမြောက်မှုကိုပဲ ကြိုက်နှစ်သက်ကြတဲ့ အတွက် ကိုယ် တို့ရဲ့ Destination တစ်ခု ကို ရောက်ဖို့ အတွက် Mouse နဲ့ တစ်ဆင့်ချင်း သွားနေမယ့် အစား Window Shortcut လေးတွေ ကိုသုံးလာကြတယ်ပါတယ်။
ကျွန်တော် တို့ Window Shortcut တွေကို သုံးတဲ့ အခါ မှာ Ctrl နဲ့ Alt ရဲ့
ကြားမှာ ရှိနေတဲ့ Window Logo Key လေးကို လည်း ထားခဲ့လို့ မရပါဘူး။

ဒီ Key လေးကို....

1.Start Menu ဖွင့်ဖို့ …
2.Window ကို Lock ချ ဖို့နဲ့
3. Run Command လေး တွေ ကို သုံးဖို့ အတွက် Run Box လေး ဖွင့်ဖို့လောက်ပဲ သုံးဖြစ်တယ် ဆိုရင်တော့ ဒီ Key လေးမှာ တစ်ခြား အသုံးဝင် Features များစွာ ရှိနေပါသေးတယ်။

ဒါကြောင့် Window Logo လေးနဲ့ တွဲသုံးနိုင်တဲ့ Shortcut လေးတွေ ကို သုံးချင်သေးတယ် ဆိုရင်တော့ သုံးကြည့်လိုက်ပါ…

1.Winkey ( Window Logo Key )
Start Menu ကို ဖွင့်ဖို့ ၊ ပိတ်ဖို့ အတွက်ဆိုရင်တော့ ဒီ Key လေးတစ်လုံးနဲ့ အလုပ်ဖြစ်ပါတယ်။

2. WinKey + D
Window ပေါ်မှာ ဖွင့်ထားတဲ့ အရာ တွေ ကို Minimize လုပ်ပေးတဲ့ အတွက် Desktop ကို ရစေပါတယ်။ နောက် တစ်ကြိမ် ထပ်နှိပ်ရင်တော့ မူလ အနေအထားလေး ပြန်ရစေပါတယ်။

3.WinKey + E
ကိုတို့ရဲ့ Computer Drive တွေရှိနေတဲ့ Window Explorer ကိုဖွင့်ပေးပါတယ်။

4.WinKey + L
Window ကို Lock ချပေးပါတယ်။

5. WinKey + F
File တွေ Folders တွေ ကိုရှာဖွေဖို့ အတွက် Search Window ကို ဖွင့်ပေးပါတယ်။

6.Window + M
Window အားလုံး ကို Minimise လုပ်ပေးပါတယ်။ Task Bar ပေါ်ကို ချထားပေးပါတယ်။

7.WinKey + Shift + M
နံပါတ် 6 နဲ့ Minimize လုပ်ထားတာတွေ ကို Maximize ပြန်လုပ်ပေးပါတယ်။ Desktop ပေါ်ကို ပြန်တင်ပေးပါတယ်။

8. WinKey + R
Run Dialog Box ကို ဖွင့်ဖို့ သုံးပါတယ်။

9. WinKey + X
Brightness တို့ Volume တို့ Battery Status တို့ အပြင် Wireless Network တို့ကို ပါ ပြင်ဆင် ခွင့် ပြုတဲ့ Window Mobility Center ကို ဖွင့်ပေးပါတယ်။

10.WinKey + U
ကိုတို့ရဲ့ Computer Setting တွေကို ပြင်ဆင်နိုင်တဲ့ Ease Of Access Center ကို ဖွင့်ပေးပါတယ် ။

11. WinKey + Pause
ကွန်ပျူတာ ရဲ့ ဂုဏ်သတ္တိတွေ ကို ကြည့်လို့ ရတဲ့ System Properties Dialog Box ကို ဖွင့်ပေးပါတယ်။

12.WinKey + F1
Window ရဲ့ Help and Support ကို ဖွင့်ပေးပါတယ်။

ကဲ ဒီ Key လေးနဲ့ ပတ်သက်ပြိး ကိုသိထားတာလေး ကို ပြန်လည်မျှဝေတာပါ။ ဒါလေးနဲ့လုပ်လို့ ရတဲ့ တစ်ခြားနည်းလေး တွေလည်း ရှိနေပါသေးတယ်။
 
 ♣♣ကွန်ပျုတာ မအိပ်အောင်♣♣

ကျွန်တော်ကတော့ ကွန်ပျုတာ Sleep သွားတာ ခဏခဏကြုံရတယ် အထူးသဖြင့် Download လုပ်နေ
တဲ့အချိန် ဒါမှမဟုတ် Upload လုပ်နေတဲ့အချိန်မှာ ကိုယ့်ကလဲ ဒီအတိုင်းဘဲ ကွန်ပျုတာကို ထားခဲ့ပြီးအပြင်
ထွတ်သွားတာပေါ့ ပြန်လဲရောက်ရော ကွန်ပျုတာက အိပ်ပျော်နေပါရော(Sleep) ပြန်လဲဖွင့်လိုက်ရော
Download, upload လုပ်ထားသမျှတွေ အကုန် ပျက်ပြီး အစကနေ ပြန် Download, upload လုပ်ရတာပေါ့။ ဒီဘာမှမဟုတ်တဲ့ Settingေ
လးတခုကို မချိန်းထားမိတာနဲ့ အခုလိုဖြစ်ရတာပေါ့။ တခါတလေကျတော့လဲ အခုလိုကွန်ပျုတာ(Sleep)အိပ်ပျော်အောင် လုပ်ထားခြင်းဖြင့် တခါတလေမှာလဲ
ကိုယ်မသုံးဘဲနဲ့ ဒီအတိုင်းထားခဲ့မိရင် သူ့အလိုလျောက်ပိတ်သွားတော့ မီးအားသက်သာပြီး အဆင်ပြေတာပေါ့။

ဆိုတော့ Setting အပြောင်းအလဲကို
Desktop မှာ Right click- personalization-screen saver-change power settings- change when the computer sleeps ကနေပြီးတော့ ကိုယ်လိုအပ်သလို အပြောင်းအလဲလုပ်နိုင်ပါတယ်။
 
 ♣♣g talk ဖုန်းပြောတာ ဒီကပြောတာမကြားရဘူး ဟိုကပြောတာကြားရတယ် ဆိုတဲ့ ပြသနာလေးဖြေရှင်းနည်း♣♣

တစ်ခြားနည်းတွေလည်းရှိမှာပါ...:)

window 7 ရဲ့  Gtalk မှာ တဖက်ကပြောတာကိုကြားရပြီးကိုပြန်ပြောတာကိုမကြားရတဲ့ပြဿနာဖြေရှင်းနည်းပါ။
ပြုလုပ်နည်းကတော့...
(၁)control panel / sound/recording ကိုဝင်ပြီး microphone ပုံလေးကို double click ပေးလိုက်ပါ၊

(၂) microphone properties ဘောက်ကျလာပါလိမ့်မယ်၊ အပေါ်မှာကြည့်လိုက်ပါ levels ကိုဖွင့်လိုက်ပါ၊
microphone နှင့် microphone boost setting ၂ခုကို တွေ့ ရင်အပေါ်က မိမိတို့ စက်ရဲ့ အသံအတိုးအလျှော့၊ အဝင်သံပေါ့နော်၊အောက်က microphone boost ကတော့မိမိတို့ ကပြောတဲ့အထွက်အသံပါ.အဲဒီအတိုးအလျှော့လေးကို +40.0 db ထိမြှင့်ပြီးပြောလို့ ရပါတယ်.ပြီးရင်

(၃)ok လေးတွေ ဆက်တိုက်သွားပြီးရင်
မိမိတို့ ကွန်ပျူတာ မှာ ဂျီတော့ကိုစမ်းကြည့်ပါအဆင်ပြေမယ်လို မျှော်လင့်ပါတယ်.
 
 Administrator account ဖော်နည်း (For window 7)

Window 7 မှာ ဖျောက်ထားတဲ့ admin account သီးသန့်ရှိပါတယ်။ အဲဒီ account ကိုပြန်ဖော်လို့ရပါတယ်။ ပြန်ဖော်ချင်ရင်

1. Window key နဲ့ R ကိုတွဲနှိပ်ပြီး Run box ကိုဖွင့်ပါ။

2. ပွင့်လာရင် cmd လို့ရိုက်ပြီး Enter နှိပ်ပါ။

3. Command prompt ထဲမှာ net user administrator /active:yes လို့ရိုက်ပြီး Enter နှိပ်ပါ။

4. restart ပြန်လုပ်ကြည့်တဲ့ အခါမှာ Administrator ဆိုတဲ့ account တစ်ခုကိုတွေ့ရပါလိမ့်မယ်။

5. Administrator account ကိုပြန်ပိတ်ချင်ရင် command prompt ထဲမှာ net user administrator /active:no လို့ရိုက်ပြီး Enter နှိပ်ပါ။
 
ကျွန်တော်လေ့လာမှတ်သားထားတဲ့ပို့ စ်တွေကိုပြန်လည်မျှဝေပေးတာပါ။
ကျွန်တော်ရေးထားတာတွေမဟုတ်ပါဘူး။ အွန်လိုင်းပေါ်မှာလေ့လာရင်း ကြိုက်နှစ်သက်ရင် Copy လုပ်ထားတာတွေကို စုပြီးပြန်လည်မျှဝေပေးတာပါ။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

Like ခြင်းဖြင့် အားပေးပါ :)

mumcradio