Thursday 13 December 2012

မိမိဘလော့မှာ ချက်ဘောက် ထားချင်ရင်

ဒါကတော့ ဘလော့အတွက်ပါ ကျွန်တော့် ဆိုဒ်မှာလည်းမတင်ရသေးလို့ ...မသိသေးတဲ့သူငယ်ချင်းတွေလည်း ဗဟုသုတအနေနဲ့  သိရအောင်လို့  တင်ထားလိုက်တာပါ။တစ်ခြား ချက်ဘောက်တွေလည်း ရှိပါတယ်။ကျွန်တော်ဆိုဒ်မှာသုံးနေတဲ့ ချက်ဘောက်ဆိုဒ်လေးနဲ့ ပဲ ချက်ဘောက်ထည့်နည်းကို ဖော်ပြပါမယ်နော်....:)

ပထမဦးဆုံး ဒီဆိုဒ်လေးကိုသွားလိုက်ပါ။
အောက်ကပုံအတိုင်းတွေ့ ရပါလိမ့်မည်။ ပုံမှာ အနီရောင်နှင့် ဝိုင်းပြထားတဲ့ Get your own free Cbox now! ဆိုတဲ့စာသားကိုကလစ်ပြီးဆက်သွားလိုက်ပါ။
အကောက်အသစ်ဖောက်ဖို့ လိုပါတယ်။လိုအပ်တာများကိုပြည့်စုံအောင်ဖြည့်စွက်ပြီး Create my Cbox! Buttom လေးကိုကလစ်လိုက်ပါ။


အောက်ကပုံကတော့ နမူနာဖြည့်ပြထားတာပါ။ :)
အောက်ကပုံကတော့ Create my Cbox! ကို နှိပ်လိုက်ရင် ပေါ်လာမဲ့ပုံပါ။မိမိအကောက်ကို  Registering လုပ်နေသည့်အတွက် ခဏစောင့်ပေးလိုက်ပါ။
အောက်ကလိုပုံပေါ်လာရင်တော့ မိမိအကောက်ဖောက်တာ အောင်မြင်ပါပြီ။မိမိဖောက်ထားတဲ့ အီးမေးလ်အကောက်လိပ်စာရဲ့မေးလ်ကို ပြန်ဖွင့်လိုက်ပါ။


Cbox ဆိုပြီး မေးလ်တစ်စောင်ရောက်နေပါလိမ့်မည်။ထိုမေးလ်ကိုဖွင့်လိုက်ပါ။


အောက်ကပုံကတော့ Cbox ကပို့ ထားတဲ့မေးလ်ကိုဖွင့်လိုက်ရင်တွေ့ ရမဲ့ပုံပါ။အဲ့မေးလ်ထဲမှာ အပြာရောင်စာသားနှင့်ရေးထားတဲ့ လင့်ကိုကလစ်ပြီး ဆက်သွားလိုက်ပါ။

Cbox ဝက်ဆိုဒ်ကိုပြန်ရောက်သွားပါလိမ့်မည်။မိမိအကောက်ဖောက်ခဲ့သည့် မေးလ်လိပ်စာနှင့် ပက်စ်ဝက်ကိုပြန်ရိုက်ထည့်ပြီး Enter (သို့ ) အောက်သို့တဇောင်းစိုက်နေတဲ့အဝါရင့်ရောင် မြားလေးကိုကလစ်ပြီး ဝင်လိုက်ပါ။

Copy to clipboard ကိုနှိပ်၍ဖြစ်ဖြစ် သူ့ အောက်က စာသားများကို Copy ယူလိုက်ပါ။


ပြီးရင် ထိုကုဒ်ကို မိမိဘလော့ရဲ့  Layout>Add a Gadget>HTML/Java Script  မှာထည့်ပြီး Save ပေးလိုက်ပါ။
အဆင်ပြေကြပါစေ။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

Like ခြင်းဖြင့် အားပေးပါ :)

mumcradio