Tuesday 25 December 2012

CyberLink WaveEditor Portable (သီချင်းတွေ ဖြတ်တောက်ခုတ်ထစ်နိုင်တဲ့ ဆော့ဝဲလ်)

သူငယ်ချင်းများအားလုံးမင်္ဂလာပါ။


ဒီနေ့ တင်ပေးတဲ့ဆော့ဝဲလ်ကတော့ သီချင်းတွေကို ဖြတ်တောက် ခုတ်ထစ် ပစ်နိုင်တဲ့...ဆော့ဝဲလ်လေးပါ။Portable လေးဆိုတော့ သုံးရတာ ပေါ့ပေါ့ပါးပါးလည်းရှိပါတယ်။အင်စတော လုပ်စရာလည်း မလိုပါဘူး။ ကိုယ်ကြိုက်တဲ့ သီချင်းတွေကို အလွယ်တကူ ဖြတ်တောက်ပြီး Ringtone လုပ်နိုင်တာပေါ့ဗျာ...
ဖိုင်ဆိုဒ်က 8.8 MB ရှိပါတယ်။

လိုအပ်ခဲ့လျှင် ဒီကနေသွားပြီးဒေါင်းလိုက်ပါ။

ဒေါင်းပြီးလို့  ဖိုင်ကို ဖွင့်လျှင် password တောင်းပါလိမ့်မည်။ password က phyutharlay ပါ။

◘◘အသုံးပြုပုံ◘◘
ဒေါင်းထားတဲ့ဖိုင်ကိုဖွင့်လိုက်ပါ။



ဆော့ဝဲလ်ကိုကလစ်ပြီး ဖွင့်လိုက်ရင် Password တောင်းပါလိမ့်မည်။ password က phyutharlay ပါ။Enter password အောက်က Box မှာ phyutharlay လို့ ရိုက် ပြီးရင် OK ကိုနှိပ်ပါ။ ဆော့ဝဲလ်ပေါ်လာပါလိမ့်မည်။



ဆော့ဝဲလ်ပေါ်လာရင် သီချင်းဖြတ်တောက်ခုတ်ထစ် ဖို့ အတွက် မိမိဖြတ်တောက်ခုတ်ထစ်ချင်သည့် သီချင်းရှိသည့် နေရာသို့ သွားဖို့ 
(၁)ဖိုင်ပုံစံလေးကိုကလစ်လိုက်ပါ။ (၂) မိမိကွန်ပျူတာထဲရှိ သီချင်းရှိသည့်နေရာသို့ သွားပါ။မိမိစိတ်ကြိုက်ရွေးပြီး လျှင် Open ကိုနှိပ်ပါ။



Openကို နှိပ်ပြီးရင် Loading ခဏလုပ်ပါလိမ့်မည်။ပြီးအောင်စောင့်လိုက်ပါ။



(၁)Play Buttom ကိုနှိပ်ပါ။
(၂) အစိမ်းရောင်တန်းလေးနှင့် သီချင်းစတင်ပွင့်ပါလိမ့်မည်။
(၃) အဝါဖျော့ရောင်(လိမ္မော်ရောင်)လေးကို မောက်နှင့်ကလစ်ပြီး မိမိဖြတ်ချင်တဲ့သီချင်းနေရာကိုရွေးပါ။



လိမ္မော်ရောင်တုံးလေးနှစ်ခုကိုသုံးပြီး မိမိလိုသလိုချိန်ပါ။



မိမိစိတ်ကြိုက်ရွေးပြီးသွားရင် Crop ကိုနှိပ်ပါ။ ပြီးရင် Save ပါ။
ဖြတ်တောက်ချင်ရင်တော့ ကပ်ကြေးပုံလေးကိုသုံးပါတယ်။
မိမိစိတ်ကြိုက် ဖြတ်တောက်ပြီးရင် မန်မိုရီကဒ်ပုံစံလေးကိုကလစ်ပြီး Save လိုက်ပါ။



မိမိသိမ်းချင်တဲ့နေရာရွေးပြီး Save သာနှိပ်လိုက်ပါ။



အဆင်ပြေကြပါစေနော်......
အဆင်မပြေရင်လည်း မန့် ခဲ့ပေးပါ။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

Like ခြင်းဖြင့် အားပေးပါ :)

mumcradio