Tuesday 18 December 2012

Nokia Ovi Store ကလိုချင်တာတွေကို ကွန်ပျူတာကနေ ဒေါင်းချင်ရင်


ကိုမုန်တိုင်းဆီကနေကူးလာတာပါ။ရမရတော့ကျွန်တော်မစမ်းလိုက်ရဘူး။
ကျွန်တော်က နိုကီရာဖုန်းသုံးတာမဟုတ်လို့ ပါ။နိုကီရာသမားတွေအတွက်ပါ။
အခု ကျွန်တော် ပြောပြမယ့် အကြောင်းအရာကတော့ Nokia ဖုန်းကို အသုံးပြုသူ တော်တော်များများ လိုချင်တဲ့ Application,Game အစရှိသည်တို့ကို Nokia Ovi Store Site မှာ သွားရောက် ဒေါင်းယူကြရပါတယ်…ဒေါင်းယူလိုတဲ့ Application,Game အစရှိသည်တို့ကိုလည်း မိမိ ကွန်ပျူတာမှတစ်ဆင့် တိုက်ရိုက် ဒေါင်းယူ၍ မရပဲ မိမိ၏ဖုန်းသို့ Download Link ပို့ပေးပါတယ်….ထို Download Link မှတစ်ဆင့် မိမိရဲ့ ဖုန်းထဲသို့ ပြန်လည် ဒေါင်းယူရပါတယ်…ထိုကဲ့သို့ ဖုန်းမှတစ်ဆင့် ဒေါင်းယူဖို့ အတွက် အဓိက အရေးကြီးဆုံးကတော့ Internet Connection ဆိုတာကြီး လိုအပ်လာပါတယ်…Wifi ကို Free ရတဲ့နေရာမျိုးမှာ ဒေါင်းတယ်ဆိုတာမျိုးက ကိစ္စမရှိပါဘူး…..မိမိ လိုချင်တဲ့ Application,Game တွေကို ဒေါင်းယူလိုတဲ့သူတစ်ယောက်အတွက် Wifi Connection ဆိုတာ မရှိခဲ့ဘူးဆိုရင် ဘယ်လိုများ ယူနိုင်ကြမလဲ???


Wifi Connection မရှိလို့ ဒေါင်းဖို့ အတွက် အဆင်မပြေသူများအတွက် မိမိ ကွန်ပျူတာထဲသို့ အလွယ်တကူ ဒေါင်းယူနိုင်ဖို့ အတွက် တစ်ဆင့်ခြင်း ဖော်ပြပေးသွားပါတယ်….
၁။ ပထမဆုံးလိုအပ်တာကတော့ Firefox အတွက် လိုအပ်တဲ့ User Agent Switcher Add-On ပဲဖြစ်ပါတတယ်…. User Agent Switcher Add-On ကို ဒီနေရာ တွင်သွားရောက်ပြီး Forefox တွင် Install လုပ်ဆောင်လိုက်ပါ….




၂။ User Agent Switcher Add-On ကို Install လုပ်ဆောင်ပြီးသွားပြီ ဆိုရင်တော့ ဒုတိယ အချက်အနေနဲ့ Save လုပ်ပြီးသား XML File ကို ဒီနေရာ မှာ ဒေါင်းယူလိုက်ပါ....

၃။ တတိယ အဆင့်အနေနဲ့ လိုအပ်တာတွေ ပြင်ဆင်ပြီးသွားတဲ့ အတွက် FireFox ကို ဖွင့်ပါ့မယ်…Firefox ဖွင့်ပြီးပြီ ဆိုရင်တော့ အောက်ပါ အဆင့်အတိုင်း တစ်ဆင့်ခြင်း သွားပါ့မယ်….Tools\Default User Agent\User Agent switcher\Options… ဆိုပြီး Options ကို Click လုပ်လိုက်ပါ….



Pop-up Box နဲ့ Option Box ပွင့်လာပါလိမ့်မယ်….ထို Option Box ရဲ့ဘယ်ဘက် အောက်ခြေမှာ ရှိတဲ့ Import မှတစ်ဆင့် အစက XML File အဖြစ် သိမ်းထားတာကို ရွေးပြီးတော့ Open ပေးလိုက်လျှင် အောက်ပါပုံအတိုင်း မြင်တွေ့ရမှာပဲ ဖြစ်ပါတယ်……



၎။ စတုတ္ထ အဆင့်အနေနဲ့ မိမိ ရဲ့ Phone Model ကို စတင်ရွေးချယ်လိုက်ပါ..ဥပမာ N97 ကို ရွေးချယ်လိုက်ပါ့မယ်…ဒီနေရာမှာကတော့ မိမိရဲ့ Phone Model ကို ရွေးချယ်ပေးရမယ့် အဆင့်ပဲ ဖြစ်ပါတယ်……ကျွန်တော်ကတော့ ဥပမာ အနေနဲ့ N97 ကို ရွေးချယ်ထားတဲ့ အတွက် အောက်ပါပုံအတိုင်းမြင်ရမှာပဲ ဖြစ်ပါတယ်….ရွေးချယ်ပြီးသွားရင်တော့ Ok ပေးလိုက်ပါ……



၅။ ပဉ္စမ အဆင့်အနေနဲ့ Ok ပေးပြီးသွားပြီဆိုရင်တော့ အထက်က သွားခဲ့ဖူးတဲ့ အဆင့်အတိုင်း Tools\Default User Agent\N97 ဆိုပြီး ဆက်လက် ရွေးချယ်ပါ့မယ်…N97 နေရာမှာကတော့ အစက မိမိ ရွေးချယ်ထားတဲ့ Phone Model ကိုရွေးချယ်ပေးရမှာပဲ ဖြစ်ပါတယ်…..



အခုဆိုရင် Browser က Mobile View တစ်ခုအနေနဲ့ မြင်တွေ့ရမှာပဲဖြစ်ပါတယ်…

၆။ နောက်ဆုံးအဆင့်အနေနဲ့ လိုချင်တဲ့ Application,Game တွေကို ဒေါင်းလုပ်ယူဖို့ အတွက် Ovi Store Website ကို ဒီနေရာ ကနေသွားရောက်လိုက်ပါ....စစချင်း မြင်တွေ့ရတဲ့ Nokia Welcome Page မှာ No Thanks, continue using the Website ဆိုတာကို ပေးလိုက်ပါ.....



ယခု အချိန်က စပြီး မိမိ အသုံးပြုချင်တဲ့ Game,Application စတာတွေကို စိတ်ကြိုက် ဒေါင်းယူနိုင်ပြီး Phone ထဲကို ထည့်သွင်းအသုံးပြုနိုင်ပြီ ဖြစ်ပါတယ်….

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

Like ခြင်းဖြင့် အားပေးပါ :)

mumcradio