Sunday, 17 November 2013
ဘိုင်ယန် ရဲ့ Tiki Taka ကစားကွက်
Saturday, 2 November 2013
nokia , samsung , LG, Sonny ဖုန်းတော်တော်များများ ကိုမြန်မာစာထည့် ချင်တဲ့ သူတွေအတွက်ပါ
nokia
ဖုန်းတော်တော်များများကိုမြန်မာစာထည့် ချင်တဲ့ သူတွေအတွက်ပါ။samsung ,LG ,
Sonny တစ်ချို့ ဖုနုးတွေအတွက်တောင်ပါပါတယ်။ မြန်မာဖောင့် သွင်းလို့ ရမဲ
့ဖုန်းအမျိုးအစား
များကတော့ 
- Symbian O 9.1
- Nokia 3250
- Nokia 5500 Sport
- Nokia E50
- Nokia E60
- Nokia E61
- Nokia E61i
- Nokia E62
- Nokia E65
- Nokia E70
- Nokia N71*. Nokia N73
- Nokia N75
- Nokia N77
- Nokia N80
- Nokia N91
- Nokia N91 8GB
- Nokia N92
- Nokia N93
- Nokia N93i
- Samsung SGH-i570
- Symbian Os 9.2
- LG KS10
- LG KT610
- LG KT615
- Nokia 5700 XpressMusic
- Nokia 6110 Navigator
- Nokia 6120 Classic
- Nokia 6121 Classic
- Nokia 6124 classic
- Nokia 6290
- Nokia E51*. Nokia E63
- Nokia E66
- Nokia E71
- Nokia E71x
- Nokia E90 Communicator
- Nokia N76
- Nokia N81
- Nokia N81 8GB
- Nokia N82
- Nokia N95
- Nokia N95 8GB
- Samsung SGH-G810
- Samsung SGH-i400
- Samsung SGH-i408
- Samsung SGH-i450
- Samsung SGH-i458
- Samsung SGH-i520
- Samsung SGH-i550
- Samsung SGH-i550w
- Samsung SGH-i560
- Samsung SGH-i568
- Symbian O 9.3
- Nokia 5320 XpressMusic
- Nokia 5630 XpressMusic
- Nokia 5730 XpressMusic
- Nokia 6210 Navigator
- Nokia 6220 Classic
- Nokia 6650 fold
- Nokia 6710 Navigator
- Nokia 6720 Classic
- Nokia 6730 Classic
- Nokia 6760 Slide*. Nokia 6790 Surge
- Nokia C5-00
- Nokia E5-00
- Nokia E52
- Nokia E55
- Nokia E72
- Nokia E73 Mode
- Nokia E75
- Nokia N78
- Nokia N79
- Nokia N85
- Nokia N86 8MP
- Nokia N96
- Nokia X5
- Samsung GT-i8510 (INNOV8)
- Samsung GT-I7110
- Samsung SGH-L870
- Symbian Os9.4
- (Corresponds to Symbian^1 )
- Nokia 5228
- Nokia 5230
- Nokia 5233
- Nokia 5235
- Nokia 5250
- Nokia 5530 XpressMusic
- Nokia 5800 XpressMusic
- Nokia 5800 Navigation Edition
- Nokia C5-03
- Nokia C6-00
- Nokia N97
- Nokia N97 mini
- Nokia X6
- *. Samsung i8910 Omnia HD [ 8 ]
- Sony Ericsson Satio
- Sony Ericsson Vivaz
- Sony Ericsson Vivaz Pro
- Symbian^3
- (or PR1.0,1.1,1,2,Symbian Anna ) 5.2 9.5
- Nokia X7
- Nokia E6
- Nokia 500
- Nokia 702T
- Nokia T7
- Nokia C6-01
- Nokia C7-00
- Nokia E7-00
- Nokia N8
- Symbian^3 (or Symbian Belle )
- Nokia 600
- Nokia 700
- Nokia 701
nokia
ဖုန်းတွေကိုမြန်မာစာထည့် သွင်းဖို့ အတွက်ဆိုရင် ဖုန်းကိုအရင်ဆုံး hack
ရပါမယ် အဲဒီအတွက် အရင်ဆုံးလိုအပ်တဲ့ ဖိုင်လေးကို ဒေါင်းလိုက်ပါ။
Download
( အဆင့် ၁. )
--------------------------------------
NortonSymbian.sisx ကို Install လုပ်ပါ။
( အဆင့် ၂ )
----------------------------------------
NortonSymbian.sisx ကို Install လုပ်ပြီးရင် ဖွင့် လိုက် ပါ.....Options ကိုသွားပါ..Anti-Virus ကိုထပ်သွားပါ..
Quarantine list ကိုရွေးပါ..
NortonSymbian.sisx ကို Install လုပ်ပြီးရင် ဖွင့် လိုက် ပါ.....Options ကိုသွားပါ..Anti-Virus ကိုထပ်သွားပါ..
Quarantine list ကိုရွေးပါ..
( အဆင့်  ၃ )
--------------------------------------------------
Options ကိုနှိပ်ပြီး ..Restore ကိုနှိပ်ပါ..
Yes or No ပေါ်လာရင် Yes ကိုနှိပ်ပါ..ပြီးရင် Exit ကိုနှိပ်ထွက်ပါ..
Yes or No ပေါ်လာရင် Yes ကိုနှိပ်ပါ..ပြီးရင် Exit ကိုနှိပ်ထွက်ပါ..
( အဆင့်  ၄ )
------------------------------------------
ဖုန်း Settings ထဲ Application mgr(manager) ကိုသွား.. ကျလာတဲ့ အထဲက Symantec Symbian H***
ဆိုတဲ့စာတန်းကိုရှာပြီး uninstall လုပ်ပေးပါ..ပြန်ထွက်..
ဆိုတဲ့စာတန်းကိုရှာပြီး uninstall လုပ်ပေးပါ..ပြန်ထွက်..
( အဆင့်  ၅ )
--------------------------------
စောစောက ဒေါင်းထားတဲ့ အထဲက RomPatcherPlus_ 3.1 lite.sisx ကို install လုပ်လိုက်ပါ..
ပြီးရင် RomPatcherPlus ဆီသွားပြီး ဖွင့်ပါ..Install Server RP+ နဲ့ Open4all RP+ ဖိုင်နှစ်ခုကိုတွေ့ရပါမယ်..
တခုချင်းဆီကိုနှိပ်ပါ.Options ကိုသွားပါ..All Patches ကို နှိပ် Apply ကိုထပ်နှိပ်ပါ..
နောက်ထပ်ဖိုင်တစ်ခုကို လည်း အဲ့ဒီ အတိုင်းလုပ်ပါ..
ပြီးရင် ဖုန်းကို hack တဲ့ အဆင့်ပြီးသွားပါပြီ.

.ဖောင့်ထည့်ဖို့ပဲ လိုပါတော့မယ်..
ဒေါင်းလုပ်ယူထားတဲ့ အထဲမှာ မြန်မာ ဖောင့်ဖိုင်ပါပါတယ် ..Memory crad ရဲ့ ကိုယ့်ထည့်ထားတဲ့နေရာ မှာသွားရှာပြီး install လုပ်လိုက်ပါ..ဘာမေးမေး လုပ်မယ်ပဲ ဖြေပေးပါ...
ဲပြီးပြီဆိုတာနဲ့ ဖုန်းကို Restart သာချလိုက်ပါ။
Ref>>> ကိုစိုင်းသူ
နိုဝင်ဘာလအတွက် ကံကြမ္မာဟောစာတမ်း
တနင်္ဂနွေသားသမီးများအတွက် -
လုပ်ငန်းအသစ်ပေါ်ခြင်း (သို့မဟုတ်) လက်ရှိအလုပ်နှင့် ပတ်သက်၍ အဆက်အသွယ်သစ်များ။ ပေါ်လာလိမ့်မည်။
လုပ်ငန်းနှင့် ပတ်သက်၍ နာမည်ကောင်းရခြင်း နေရာကောင်းရခြင်း၊ လုပ်ငန်းတိုးချဲ့ရခြင်းများ လုပ်ရတတ်သည်။
အိမ်ထောင်မရှိသူများ အိမ်ထောင်ကျတတ်သော ကာလဖြစ်သည်။ ဇာတာရှင်သည် ယောက်ျားဖြစ်ပါက အိမ်ထောင်ကျလျှင် ကောင်းပါသည်။
မင်္ဂလာဆောင်လျှင် စည်ကားသော မင်္ဂလာဆောင်ဖြစ်မည်။ အိမ်ထောင်ပရိဘောဂ အိမ်သုံးပစ္စည်း ဝင်တတ်သည်။
သူခိုး၊ မျက်စေ့ အကျခံရတတ်သော ကာလဖြစ်၍ သူခိုး အခိုးခံရတတ်ကြောင်း သတိပြုပါလေ။ ခရီးအကျိုးပေးသော ကာလဖြစ်ပါသည်။
ဘုရားဖူးခရီး သွားရတတ်သည်။ ကွဲကွာနေသော ဆွေမျိုးသားချင်းများနှင့် ပြန်ဆုံမည်။ ရပ်ဝေးမှ ဆွေမျိုးသားချင်းများ ရောက်လာတတ်သည်။
အိမ်သို့ အတောင်ပါသော သတ္တဝါများ ဝင်လာတတ်သည်။ ဝင်လျှင် နိမိတ်ကောင်းသည်။ သွပ် သံ သစ် စသော သောကြာနံပစ္စည်းများ ဝင်လာတတ်သည်။
အထူးသတိပြုရန် မိတ်ဆွေရင်း လုပ်ဖော်ကိုင်ဘက်တို့က ဒုက္ခပေးတတ်သည်။ မြေကို အကြောင်းပြု၍ စိတ်ညစ်ရတတ်သည်။ မြေအဝင်မခံရပါ။ မြေဝင်လျှင် ကြာသပတေးနံ ထုတ်ပစ်ပါ။ ပညာရေးနှင့် ပတ်သက်သောပစ္စည်း လှူဒါန်းပါ။
ရွှေနှင့် အဖိုးတန် ရတနာပစ္စည်းများ ဝင်လာမည် ဘုရာဆင်းတုတော် စွယ်တော် ရဟန္တာပုံတော်များ ကြွလာတတ်သည်။
လက်ဝတ်ရတနာများ ကျောက်ပြုတ်ထွက်ခြင်း ပျောက်ခြင်း၊ ဖြစ်တတ်သည်။ အလုပ်တွင် အတိုက်အခံ အပြိုင်အဆိုင် ကြီးစွာကြုံမည်။ အတိုက်အခံမှန်သမျှ အနိုင်ရမည်။ မိသားစု အကြီးအကဲ လုပ်ငန်းအကြီးအကဲ တို့ကြောင့် စိတ်ညစ်ရတတ်သည်။ အထူးသဖြင့် ဖခင် ကျန်းမာရေး ညံ့တတ်သည်။ ထီပေါက်သကဲ့သို့ ငွေများဝင်တတ်သည်။
ဤကာလအတွင်း ကောင်းကျိုးချမ်းသာများ ပိုမိုရရှိလာစေရန်နှင့် အညံ့အခိုက်များ သက်သာပြေပျောက်စေရန် အောက် ပါယတြာများကို ဂရုစိုက်ပြုလုပ်ပါလေ။
အုန်းထမင်း၊ အုန်းနို့နှင့်ချက်ထား သော ဘဲသားဟင်းကို ဘုန်းကြီးလှူပါ၊ တံခွန်းကုက္ကား မလေးပွား ဂြိုလ်တိုင်သက်စေ့လှူပါ။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
- တနင်္လာသားသမီးများအတွက်
အလှူအတန်းကိစ္စများ မုချလုပ်ရမည်။ ငွေအစုလိုက် အပုံလိုက် ဝင်လာလိမ့်မည်။ မိမိ၏ အလုပ်မှလည်းကောင်း၊ ထီပေါက်၍လည်းကောင်း ဝင်လာတတ်သည်။
ဤကာလမျိုးး၌ သာမန် အခြေအေ နမျိုးမှနေ၍ စီးပွားအရှိန်အဟုန် နှင့်တက်ကာ လက်ရှိအခြေအနေထက် အဆပေါင်းများ စီးပွား တက်လိမ့်မည်။
မိမိလုပ်ငန်းများကို အင်နှင့် အားနှင့် တိုးချဲ့လုပ်ကိုင်သင့်သော်လည်း ဖြတ်လမ်းမလိုက်ရန် သတိပေးလိုပါသည်။ မိမိအား ပြဿနာလုပ်နေသူများ ရှိလျှင် အဆင်ပြေသွားမည်။
မသင့်မြတ်သူများနှင့် ပြန်လည်သင့်မြတ်သွားမည်။ အဖိုးတန်ကျောက် မျက်ရတနာများ ဝင်မည်။
အိမ်ထောင်ရှင်များ အိမ်ထောင်ရေးအတွက် သောကရောက်ရသော ကာလဖြစ်သည်။ အထက်လူကြီး၊ မိသားစု ကြီးကဲသူများကြောင့် စိတ်ညစ်ရမည်။
အတူနေမိသားစုထဲမှ အကြီးအကဲ အဘိုး အဘွားများအရေးဖြစ်တတ်သည်။
လူမျိုးခြား၊ နိုင်ငံခြားနှင့် ပတ်သက်သော ကိစ္စများ အကျိုးပေး အောင်မြင်မည်။
ခရီးများမကြာခဏ ထွက်ရတတ်သည်။ ထိုခရီးများသည်လည်း အကျိုးပေး အောင်မြင်လိမ့်မည်။ ဝန်ထမ်းဆိုလျှင် ရာထူးတက်ခြင်းအခြေအနေ မြင်တတ်ခြင်း ကြုံရလိမ့်မည်။
ပညာရေးကိစ္စများ သင်တန်းကိစ္စများကို အကြောင်းပြု၍ စိတ်ညစ်ရတတ်သည်။ ရွှေထွက်ခြင်း၊ ရွှေအတွက် ပြောဆိုဖြေရှင်းရခြင်းများ ကြုံရတတ်သည်။
အင်္ဂါနံ စိန်၊ စက်ပစ္စည်း ထွက်တတ်သည်။ ရွှေထည်ဝယ်လျှင် အသစ်များသာ ဝယ်သင့်သည် အပျက် အဟောင်း မဝယ်သင့်ပါ။
အထူးသတိပြုရန် အောက်လက်ငယ်သား သားသမီး ထွက်သွားခြင်း၊ ၎င်းတို့ အတွက် သောကရောက်ရခြင်းများ ကြုံရတတ်သည်။
ဆီးရောဂါ၊ မျက်စိရောဂါများ ဒုက္ခပေးခြင်း၊ အစားမှားခြင်း၊ ဆေးမှားခြင်းများ ကြုံရတတ်သည်။
စာရွက်စာတမ်း စာချုပ်ကိစ္စများအတွက်စိတ်ညစ်ရခြင်း၊ ပစ်စာ တိုင်စာ ရောက်ခြင်းများ ကြုံရတတ်သည်။ ဆွေမျိုးသားချင်းများကို ကောင်းစွာ အကူအညီ ပေးနိုင်လိမ့်မည်။
လက်ရှိအလုပ်အကိုင်ကို စိတ်မဝင်စားခြင်း၊ အလုပ်ပြောင်းလိုစိတ်များ ကြုံလာတတ်သည်။
အိမ်ဝယ်နိုင်သော် လည်း အိမ်အနားအဆာ မလွတ်၊ အိမ်ဧည့်သည်မပြတ်၊ အိမ်ဆောက်လျှင် တန်းလန်းဖြစ်တတ်သည်။
ခိုင်မာသော စီးပွားရေးလုပ်ငန်းများ တည်ဆောက်ထားပါ။ ရရှိသော အကြွေးများကို ယခုကာလတွင် ကြိုတင်စုဆောင်းထားပါ။ သို့မဟုတ်ပါက ဆုံးတတ်သည်။
ဤကာလအတွင်း ကောင်းကျိုးချမ်းသာများ ပိုမိုရရှိလာစေရန်နှင့် အညံ့အခိုက်များ သက်သာပြေပျောက်စေရန် အောက်ပါယတြာများကို ဂရုစိုက်ပြုလုပ်ပါလေ။
ထီးဖြူအသေးသက်စေ့နှင့် ထီးဖြူအကြီး တစ်လက်ကို မွေးနေ့နံနက်တွင် ဘုရားလှူပါ။ အမွှေးနံ့သာနှင့် ဘုရားအားရေသပ္ပာယ်ပါ။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
- အင်္ဂါသားသမီးများအတွက်
ဘုရားဆင်းတုတော်၊ ပုံတော်၊ ရဟန္တာပုံတော်များ ကြွလာတတ်သည်။ မထင်မှတ်သော ခရီးများ မရည်ရွယ်သော ခရီးများသွားရတတ်သည်။
သူတစ်ပါးကိစ္စအတွက် ခရီးသွားရတတ်သည်။ လူမျိုးခြားက ကူညီခြင်း၊ နိုင်ငံရပ်ခြားနှင့် ပတ်သက်သောကိစ္စများ အောင်မြင်ခြင်းများကြုံမည်။
နာမည်ဂုဏ်သတင်း တိုးတက်ခြင်း ဘုန်တန်ခိုး တိုးတက်ခြင်းများ ကြုံရမည်။ မနာလိုသူလည်း ပေါ်လိမ့်မည်။
မိမိထက်မြင့်သူနိမ့်သူ နှစ်ဦးလုံးက ဒုက္ခပေးလာတတ် သောအချိန် ဖြစ်ပါသည်။ လုပ်ဖော်ကိုင်ဘက်များ အောင်မြင်တော့မလိုလိုနှင့် အခက် အခဲကြီးစွာ ကြုံတတ်သည်။
အလုပ်တွင် အပျက်စီးအဆုံးရှုံး အလေ အလွင့်များနေလိမ့်မည်။ ငွေပျောက်ခြင်း ကြွေးတင်ခြင်း ငွေအတွက် ပြောဆိုဖြေရှင်းရခြင်းများ ကြုံရတတ်သည်။
ကြီးကဲသူ အထက်လူကြီးများကြောင့် စိတ်ညစ်ရတတ်သည်။ အလှူပွဲ မင်္ဂလာပွဲ အစီစဉ်များ အထစ်အငေါ့ကြုံခြင်း ရက်ရွှေ့ခြင်းများ ကြုံရတတ်သည်။
အိမ်ထောင်ရှိသူဆိုလျှင် အိမ်ထောင်ရေးအဆင်မပြေ ဖြစ်နေမည်။ လက်ရှိအလုပ်အကိုင် ပြောင်းချင်စိတ်ပေါ်လာမည်။ ပြောင်းလျှင် ပိုဆိုးသွားတတ်သည်။
အထူးသတိပြုရန် ။ အစာအဆိပ်ဖြစ်ခြင်း၊ ခြေထောက် ခါး၊ သွား ဒုက္ခပေးခြင်းများ ကြုံရတတ်သည်။ ဤလအတွင်း အမှုအခင်း မဖြစ်စေရန် အထူးဂရုစိုက်ပါ။
ဖြစ်လျှင် မပြီးနိုင်ဘဲ ဖြစ်နေတတ် သည်။ ငွေနှင့်လိုက်လျှင် ရှုံးသွားတတ်ပါသည်။ ပစ္စည်း မငှားရမ်းပါနှင့် ဆုံးလိမ့်မည်။
ဤကာလအတွင်း မည်သည့်အခက်အခဲနှင့် ကြုံသည် ဖြစ်စေ အားကိုး မရှာနှင့်။
ဒုက္ခပေးမည့်သူများသာ ပေါ်လာတတ်သည်။ အောက်လက်ငယ်သား ထွက်သွားခြင်း၊ ကျန်းမာရေးညံ့ခြင်း ကြုံရတတ်သည်။ ထီကံကောင်းသော ကာလဖြစ်ပါသည်။
ပညာအသစ်တစ်ခု ရတတ်သည်။ အိမ်ထောင်ဘက် ကျန်းမာရေး ညံ့လိမ့်မည်။ ခါး အောက်ပိုင်း ဒုက္ခပေးတတ်သည်။ ဆေးရုံ၊ ဆေးခန်းသို့သွားရတတ်သည်။
ကျောဒုက္ခပေးခြင်း၊ ကျော၌ရောဂါရခြင်း ဖြစ်မည်။ အိမ်ပြင်၊ အိမ် ဆောက်၊ အိမ်ပြောင်း မပြုပါနှင့်။ အာမခံမလုပ်ပါနှင့်။ စပ်တူအရောင်းအဝယ် အကြီးအကျယ် မလုပ်ပါနှင့်။
ဤကာလအတွင်း ကောင်းကျိုးချမ်းသာများ ပိုမိုရရှိလာစေရန်နှင့် အညံ့အခိုက်များ သက်သာပြေပျောက်စေရန် အောက်ပါယတြာများကို ဂရုစိုက်ပြုလုပ်လေ။
နေ့စဉ်ခန္ဓာကိုယ် သန့်ရှင်းရေး၊ အိမ်သန့်ရှင်းရေး လုပ်ပါ။ သောက်ရေအိုး ကိုယ်တိုင် ရေထည့်ပါ။ တစ်ပတ်တစ်ကြိမ်အဓိဋ္ဌာန်ဝင်ပါ။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
- ဗုဒ္ဓဟူးသားသမီးများအတွက်
ခရီးတိုး ခရီးရှည်များ သွားနေရလိမ့်မည်။ ထိုခရီးသည်များသည်လည်း သင့်အတွက် ကျိုးထူးစေပါလိမ့်မည်။
မထင်မှတ်ဘဲ ပညာတစ်ခုသင်ကြားရခြင်း သင်တန်းတစ်ခု တက်ရခြင်းများ ပြုလုပ်ရတတ်ပါသည်။ မရည်ရွယ်ဘဲ မြေဝင်တတ်သည်။
ဤလအတွင်း အစစအရာရာသတိကြီးစွာထား ရန် လိုပါသည်။ မိမိအပေါ် မကောင်းကြံခြင်း မကောင်းပြောခြင်းများ ခံရတတ်သည်။ အလုပ်အကိုင်၌ ထိခိုက်တတ်သည်။
ပြဿနာကြီးစွာ ဖြေရှင်းရတတ်သည်။ ရုံးပြင်ကန္နား၊ အမှုအခင်းများနှင့် ပတ်သက်ရတတ်သည်။ မိမိနှင့်တကွ မိသားစုပါကျန်းမာရေး ညံ့တတ်သည်။
ဆေးရုံ၊ ဆေးခန်းအထိ ရောက်ရတတ်သည်။ မီး၊ လျှပ်စစ် ဒုက္ခပေးတတ်သည်။ အထူးသတိပြုပါ။ လူမျိုးခြား ဒုက္ခပေးတတ်သည်။
သားသမီး လက်အောက်ငယ်သားအတွက် စိတ်ညစ်စရာကြုံမည်။ စက်ပစ္စည်း ဒုက္ခပေးတတ် သည်။ ရွှေနှင့် ရတနာပစ္စည်းများ ထွက်ခြင်း၊ ပေါင်နှံရခြင်းများ ကြုံရတတ်သည်။
ငွေဒလဟောထွက်ခြင်း၊ ငွေအတွက် ပြောဆိုဖြေရှင်းရခြင်းများ ကြုံရတတ်သည်။
မထင်မှတ်သော ဆွေမျိုးသားချင်းက အကူအညီကောင်း ပေးလိမ့်မည်။ ဌာနဆိုင်ရာ အကြီးအကဲ၊ ဆွေမျိုးအကြီးအကဲတို့က အကူအညီအကောင်း ပေးလာလိမ့်မည်။
အထူးသတိပြုရန် ကျန်းမာရေးညံ့သော သက်ကြီးရွယ်အိုများ အိမ်သို့ လာရောက်တည်းခိုလျှင် ဆုံးပါးသွားတတ်သည်။ ခြေထောက်တွင်အန္တရာယ်ဖြစ်တတ်သည်။
လုပ်ငန်းအသစ်၊ အစီအစဉ်သစ်များ ပေါ်ပေါက်လာတတ်သည်။ ယခင်နှစ်များက ကျန်ခဲ့သော ရွှေ၊ငွေ၊ရတနာများ ယခုနှစ်ထဲတွင် ကုန်ဆုံးသွားတတ်သည်။
လောကဓံတရား၏ မတရားညှဉ်းပမ်းမှုကို ခံရပြီး မမျှော်လင့်ဘဲ သံဝေဂတရား ရလိမ့်မည်။ အစစ်အဆေး အမေးအမြန်း ခံရတတ်သည်။ ကိုယ်ခန္ဒာ အစိတ်အပိုင်း တစ်ခုခု ထိခိုက်တတ်သည်။
ဤကာလအတွင်း ကောင်းကျိုးချမ်းသာများ ပိုမိုရရှိလာစေရန်နှင့် အညံ့အခိုက်များ သက်သာပြေပျောက်စေရန် အောက်ပါယတြာများကို ဂရုစိုက်ပြုလုပ်ပါလေ။
ထီးနီသက်စေ့လှူပါ။ ဆေးဝါးဓာတ်စာ လှူပါ။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
- ကြာသပတေးသားသမီးများအတွက်
ဤလအတွင်း စိန်ထည်ပစ္စည်းများ စက်ပစ္စည်းများ ဝင်လိမ့်မည်။ လုပ်ငန်းသစ်လုပ်ရန် အကြံအစည်ကောင်းများ အဆက် အဆက်သွက်ကောင်းများ ပေါ်လာလိမ့်မည်။
သို့သော် ဤကာလအတွင်း ပစ္စည်များကို ထုခွဲရောင်းချ၍ လုပ်ငန်းအသစ် ကြီးကြီးမားမား စရန် မကောင်းသေးပါ။
ဤကာလအတွင်း ထီမထိုးသင့်ပါ။ ထီပေါက်လျှင် မိသားစုအတွင်း ကျန်းမာရေး ဆိုးဆိုးဝါးဝါး ညံ့သွားတတ်သည်။
မသွားချင်သော ခရီးများ စိတ်ညစ်စရာခရီးများ သွားရတတ်သည်။ အထက်လူကြီး ဆွေမျိုးအကြီးအကဲတို့က မိမိအပေါ် အထင်လွဲတတ်သည်။
သားသမီးများ ကျန်းမာရေး ညံ့တတ်သည်။ ရွှေထွက်မည်။ ခြေ၊ လက်၊ မျက်ခြင်း၊ ခါးနာခြင်းများ ဖြစ်တတ်သည်။ စပ်တူရှယ်ယာလုပ်ငန်းများ ပေါ်လာလိမ့်မည်။ လုပ်လျှင် အောင်မြင်မည်။
အထူးသတိပြုရန် ငွေလူလိမ်ခံရမည်။ ခင်မင်သူ ချစ်သူကြောင့် ဒုက္ခတွေ့တတ်သည်။ မိတ်ဆွေအပေါင်းအသင်း များနှင့် မမျှော်လင့်ဘဲ လမ်းခွဲရတတ်သည်။ သားသမီးရှိက အိမ်မှ ထွက်သွားလိမ့်မည်။
ဒီကာလမှာ ကိုယ်ဝန်ဆောင် မိန်းမတွေ အထူးသတိပြုပါ။ မွေးလျှင် အခက်အခဲတွေ့နိုင်သည်။
သူ့သဘော သူဆောင် ရလာသောငွေနှင့် လိုက်လျောညီထွေဖြစ်အောင် နေပါ။ ဘာမှလုပ်စရာ မရှိပါက ထိုင်နေပါ။
ဥာဏ်ကို ဥာဏ်သုံးလုပ်မှ ဒုက္ခတွေ့တတ်သည်။ အမှု မဖြေရှင်းရပါ။ တတ်နိုင်သလောက် အချိန်ဆွဲပါ။ မဖြစ်မနေ ပြဿနာမှုတွေ ရှင်းရမယ်ဆိုလျှင် အရှုံးပေးလိုက်ပါ။ ငွေဝင်လာလျှင် မြေဝယ်ထားပါ။ အိမ်ကြီးကြီးကျယ်ကျယ် မဆောက်ပါနှင့်။
ဤကာအတွင်း ကောင်းကျိုးချမ်းသားများ ပိုမိုရရှိလာစေရန်နှင့် အညံ့အခိုက်များ သက်သာပြေ ပျောက်စေရန် အောက်ပါယတြာများကို ဂရုစိုက်ပြုလုပ်ပါလေ။
အိမ်ကဘုရားတွင် ကော်ဖီ (၁)ခွက်နှင့် ကိတ်မုန့်(၁) ချပ် ကပ်လှူလိုက်ပါ။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
သောကြာသားသမီးများအတွက်
ဤလအတွင်း၌ သင်သည် အဘက်ဘက်မှာ စိတ်ချမ်းသာစရာများ ကြုံတွေ့လာရလိမ့်မည်။
ယခုကာလတွင် အိမ်ထောင်ပြုပါက တည်မြဲသော အိမ်ထောင်မဖြစ်နိုင်၊ အိမ်ထောင်ပြုလျှင် သားသမီး ပါလာတတ်သည်။
လုပ်ငန်းသစ်များ စတင်ရတတ်သည်။ ထိုလုပ်ငန်းများသည်လည်း လွန်စွာကျိုးပေး အောင်မြင်မည်။ အလှူအတန်းပြုရခြင်း၊ မင်္ဂလာပွဲများ စီစဉ်ပေးရခြင်းများ ပြုလုပ်ရတတ်သည်။
အလုပ်နေရာ အိမ်နေရာ ပြောင်းရွှေ့ရတတ်သည်။ ရွှေဝင်မည်။ ရတနာပစ္စည်းများ ဝင်မည်။ ဘုရားဆင်းတုတော်၊ ပုံတော်များ ကြွလာမည်။
သင့်အတွက် အလွန်ကောင်းသောနိမိတ် ဖြစ်ပါသည် ဤကာလအတွင်း၌ စီးပွားအလွန်ကောင်းသကဲ့သို့ ကိုယ်ကျင့်တရား အထူးအရေးကြီးသော အချိန်ဖြစ်ပါသည်။
အမှုအခင်းဖြစ်နေသူကို ငွေမချေးပါနှင့်၊ အာမခံ မလိုက်ပါနှင့်၊ သတိပြု၍ ရှောင်ကြဉ်ပါ။ ပတ္တမြား မြ ထွက်တတ်သည်။ အထူးသတိပြုရန် အိမ်ထောင်ရှိသူဆိုလျှင် အိမ်ထောင်ဘက်နှင့် အဆင်မပြေ ကြီးစွာဖြစ်တတ်သည်။ သွပ်၊ သံ၊ သစ် တစ်ပတ်ရစ် ပစ္စည်းလက်မခံပါနှင့်၊ အောက်လက်ငယ်သား ဒုက္ခပေးတတ်သည်။
နာရေးကိစ္စကို အကြောင်းပြ၍ ခရီးသွားရတတ်သည်။ ဆရာသမားကဲသို့သော ပုဂ္ဂိုလ်များနှင့် အဆင်မပြေ ဖြစ်မည်။
လုပ်ဖော်ကိုင်လက်များ မိတ်ဆွေများနှင့် အဆင်မပြေ လမ်းခွဲ ရတတ်သည်။ ယခုကာလတွင် အိမ်ဆောက်လျှင် မကောင်းပါ အစားမှား ဆေးမှားဖြစ်ခြင်း သွားဒုက္ခပေး ခြင်းများ ကြုံရမည်။ မြေကိစ္စ အမွေနှစ်ကိစ္စများကြုံရတတ်သည်။ ငွေရှာရ လွယ်ကူပေမယ့် စုဆောင်း၍ မရ၊။ ငွေဝင်လျှင် ကိုင်မထားရ၊ ရွှေဝယ်ထားပါ။
ဤကာလတွင် ကိုယ်စိတ်နှုတ်သုံးပါးကို မဖောက်မပြန် တည်တည် ကြည်ကြည် ထိန်းသိမ်းနိုင်သူတွေ တန်ဖိုးကြီးမားသော ဘဝသို့ ရောက်နိုင်သည်။ မထိန်းသိမ်းနိုင်သူ အဖို့ ရေနှင့်ထိသော ရွှံ့နွံဘဝ ရောက်နိုင်သည်။ ဤကာလအတွင်း ကောင်းကျိုးချမ်းသာများ ပိုမိုရရှိလာစေရန်နှင့် အညံ့အခိုက်များ၊ သက်သာပြေပျောက်စေရန် အောက်ပါယတြာ များကို ဂရုစိုက်ပြုလုပ်ပါလေ ။ ယပ်ဖြူ သက်စေ့လှူပါ။ ဘုရားရင်ဘတ်တော် ရွှေချပါ၊ ရေသက်စေ့ကပ်လှူပါ။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
စနေသားသမီးများအတွက်
ယခုလသည် မိဘကို ကောင်းစွာပြုစုစောင့်ရှောက်နိုင်မည့်အချိန် ဖြစ်သည်။ စီးပွားသိသိသာသာ တက်မည်။
သိကြား မ လိုက်သကဲ့သို့ လက်ရှိအခြေအနေထက် များစွာမြင့်တက်သွားလိမ့်မည်။ လုပ်ငန်းများ သိသိသာသာ အောင်မြင်မှုရမည်။ လုပ်ငန်းသစ်များ စတင်ပြု လုပ်နိုင်သော ကာလ၊ လုပ်ငန်းဟောင်းများ ပြန်ပေါ်တတ်သည်။ ဘုရားဖူးခရီးများ စိတ်ချမ်းသာစရာခရီးများ ပြည်တွင်းပြည်ပခရီးများ သွားတတ်သည်။
ဝန်ထမ်းဖြစ်လျှင် ရာထူးတက်ခြင်း အခြေအနေ အဆင့်အတန်း မြင့်တက်ခြင်းများကြုံမည်။ သင်တန်းတစ်ခု တက်ရခြင်း ပညာကောင်း ရခြင်းများ ကြုံမည်။
မိတ်ဆွေကောင်း ဆရာကောင်များ တွေ့မည်။ အဖိုးတန်စက်ပစ္စည်များ ဝင်မည်။ မြေကိစ္စ၊ အမွေကိစ္စများ အဆင်ပြေမည်။
ငွေရှာရလွယ်ခြင်း ငွေအဝင်အထွက် ကြမ်းခြင်းများ ကြုံလိမ့်မည်။
ရပ်ဝေးမှစာများ အဆက်အသွယ်များ ရလာမည်။ ရန်များခြင်း စကားများဖြေရှင်းရခြင်း ရင်နှီးသူများ လုပ်ဖော်ကိုင်ဘက်များနှင့် အဆင်မပြေလမ်းခွဲရခြင်းများ ကြုံမည်။
အထူးသတိပြုရန် အလုပ်တွင် အတိုက်အခံ အနည်းငယ်ကြုံရတတ်သည်။ အမှုအခင်း ရုံးပြင်ကန္နားနှင့် ပတ်သက်ရတတ်သည်။ စိုးရိမ်စရာ မရှိပါ။
အကြီးအကဲ ကောင်းရနိုင်၏။ အိမ်ထောင်ရှိသူဆိုလျှင် အိမ်ထောင်ဖက် စိတ်ညစ်ရတတ်သည်။ ဆွေမျိုးသားချင်းများ ကျန်းမာရေး အသည်းအသန် ဖြစ်တတ်သည်။
လာမည့် မွေးလ မွေးရက်အထိ အသုဘပို့ခြင်း မပြုပါနှင့် အထူးသတိပြုပါ။ နှလုံးနှင့် ပတ်သက်၍ ကျန်းမာရေးညံ့ခြင်း၊ လေနှင့် ပတ်သက်၍ ကျန်းမာရေးညံ့ခြင်း၊ ဒူး နား ဒုက္ခပေးခြင်းများ ကြုံရတတ်သည်။
စပ်တူရှယ်ယာလုပ်ငန်းများ ပေါ်လိမ့်မည်။ လုပ်လျှင်အောင်မြင်မည်။ ကိုယ်ပိုင်လုပ်ငန်းဖြစ်စေ၊ ဝန်ထမ်းဖြစ်စေ ကြီးပွားတိုးတက်အောင်မြင်မည့်ကလာ ဖြစ်ပါသည်။
ဤကာလအတွင်း ကောင်းကျိုးချမ်းသာများ ပိုမိုရရှိလာစေရန်နှင့် အညံ့အခိုက်များ သက်သာပြေပျောက်စေရန် အောက်ပါ ယတြာများ ကို ဂရုစိုက်ပြုလုပ်ပါလေ။
ဘုရားဖူးခရီးသွားပါ၊ ခရီးစရိတ်ပြတ်နေသူကို ငွေလှူပါ၊ မွေးနေ့တိုင်း အိပ်ရာရွှေ့ ပြောင်း၍အိပ်ပါ။
Ref>>>ဆရာဟိန်းတင့်ဇော်
Wednesday, 4 September 2013
မြန်မာနိုင်ငံသို့ ပြန်လာလိုသည့် မလေးရှားရှိ မြန်မာအလုပ်သမားများအား သီတဂူ အထောက်အကူပြု အဖွဲ့နှင့် MAI လေကြောင်းလိုင်းတို့ ပူးပေါင်းပြီး အခမဲ့ ပြန်လည်ပို့ဆောင်ပေးမည်
မြန်မာနိုင်ငံသို့ ပြန်လာလိုသည့် မလေးရှားရှိ မြန်မာအလုပ်သမားများအား
သီတဂူ အထောက်အကူပြုအဖွဲ့ (မလေးရှား)နှင့် MAI
လေကြောင်းလိုင်းတို့ပူးပေါင်းပြီး
ပြန်လည်ပို့ဆောင် ပေးသွားမည်ဖြစ်ကြောင်း သီတဂူ အထောက်အကူပြုအဖွဲ့၏
ဘဏ္ဍာရေးမှူး၊ မြန်မာပြည်တာဝန်ခံ ဒေါက်တာမြတ်သူက The Daily Eleven သို့
ပြောကြားသည်။
မလေးရှားတွင် တရားမ၀င် သွားရောက်အလုပ် လုပ်ကိုင်နေပြီး ဒုက္ခရောက်
နေသည့် မြန်မာများအား လေယာဉ်လက်မှတ် အခမဲ့ဖြင့် MAI မှ ပြန်လည်ပို့ဆောင်
ပေးရန် စီစဉ်လျက်ရှိပြီး သီတဂူ အထောက်အကူပြု အဖွဲ့မှ လက်ရှိကောက်ခံ
ရရှိထားသော အလှူငွေများဖြင့် လေယာဉ်သုံးစင်းစာ ပို့ဆောင်ပေးမည်ဖြစ်ကြောင်း
သိရသည်။
"သီတဂူ ဆရာတော်ကြီးက လက်ရှိအလှူငွေ အမေရိကန်ဒေါ်လာ ၁၂၈၀၀၀ ခန့် ရထားပြီးပြီ။ လေယာဉ်တစ်ခေါက်ကို လူ ၁၇၀ ကျော် ပါမယ်။ တစ်ခေါက်
ကုန်ကျစရိတ်က လေယာဉ်ခမပါ ဒေါ်လာလေးသောင်းလောက် ကုန်မယ်ဆိုတော့ သုံးခေါက်ပို့ပေး သွားပါမယ်" ဟု ဒေါက်တာမြတ်သူက ပြောကြားသည်။
သီတဂူ အထောက်အကူပြုအဖွဲ့၏ မြန်မာပြည်ဆိုင်ရာ ကိုယ်စားလှယ်အဖွဲ့မှ စက်တင်ဘာ
၉ ရက်တွင် မလေးရှားနိုင်ငံသို့ သွားရောက်မည်ဖြစ်ပြီး စက်တင်ဘာ ၁၃ ရက်တွင်
ပထမဆုံး အခေါက်အဖြစ် ပို့ဆောင်ပေးမည်ဖြစ်ကြောင်း သိရသည်။
"အမှန်တကယ် ဒုက္ခရောက်သူတွေကို ဦးစားပေးအနေနဲ့ ပြန်လည်ပို့ပေး သွားမှာပါ။
ကျန်းမာရေး မကောင်းသူတွေ၊ ကိုယ်ဝန်ဆောင်တွေ၊ ကလေးရှိတဲ့သူတွေ၊
အမျိုးသမီးတွေ အဲလိုလူတွေကို ဦးစားပေး ပြန်ခေါ်သွားပါမယ်။
သြဂုတ်လကုန်ပိုင်း မလေးရှားမှာ စအဖမ်းခံ ရကတည်းက ဆရာတော်က ပြန်ခေါ်ဖို့
စီစဉ်နေတာပါ" ဟု ဒေါက်တာမြတ်သူက ဆက်လက်ပြောကြားသည်။
စက်တင်ဘာ ၁၃ ရက်တွင် ဆိုက်ရောက်မည့် ပထမဆုံးအကြိမ်တွင် မြန်မာ
အလုပ်သမားများအား သီတဂူ ဆရာတော်ကိုယ်တိုင် လေဆိပ်၌ သွားရောက်
ကြိုဆိုမည်ဖြစ်ကြောင်း သိရသည်။
မလေးရှားနိုင်ငံတွင် နိုင်ငံတွင်း တရားမ၀င် နေထိုင်သူများအား စက်တင်ဘာ ၁
ရက်မှ စတင်၍ လုပ်ဆောင်ခဲ့သည့် အထူးစီမံချက်ဖြင့် နိုင်ငံအနှံ့
ပိုက်စိပ်တိုက် ဖမ်းဆီး
နေမှုကြောင့် မြန်မာအလုပ်သမား ရာနှင့်ချီ၍
ဖမ်းဆီးခံနေရသည်။ မလေးရှားနိုင်ငံတွင် တရားမ၀င် နေထိုင်နေသူဦးရေ
အများဆုံးမှာ အင်ဒိုနီးရှား နိုင်ငံသားများဖြစ်ကြပြီး
မြန်မာနိုင်ငံသားများမှာ ဒုတိယအများဆုံး ဖြစ်သည်။
လက်ရှိအချိန်ထိ မလေးရှားနိုင်ငံတွင် မြန်မာရွှေ့ပြောင်း အလုပ်သမား အရေအတွက်
၇၀၀၀၀၀ ခန့် ရှိနေပြီး ထိုအထဲတွင် ၈၀ ရာခိုင်နှုန်းမှာ တရားမ၀င်
အလုပ်သမားများ
ဖြစ်နေကြောင်း သိရသည်။
EMG
Saturday, 24 August 2013
ကျွန်တော့် ဖေ့ဘွတ်ဖန်ပေ့ခ်ျ သို့  ဖိတ်ခေါ်ခြင်း
ကျွန်တော် များသော အားဖြင့်တော့ ဖေ့ဘွတ်ပေါ်မှာပဲ တင်လေ့ ရှိပါတယ် ။ ဘလော့ဆိုဒ်ကတော့ ပုံနဲ့  တင်မှ ရမဲ့ပို့ စ်တွေ ပဲ တင်လေ့ရှိပါတယ် ။
အောက်ကလင့်က ကျွန်တော့် ဖေ့ဘွတ် ဖန်ပေ့ခ်ျ လင့်ပါ။
https://www.facebook.com/phyutharlaygoldenmyanmar
လာလည်ကြပါဦးနော် ။
အောက်ကလင့်က ကျွန်တော့် ဖေ့ဘွတ် ဖန်ပေ့ခ်ျ လင့်ပါ။
https://www.facebook.com/phyutharlaygoldenmyanmar
လာလည်ကြပါဦးနော် ။
Zippyshare ဆိုဒ်မှာ ဖိုင် Upload တင်နည်း နှင့် Share လင့် ယူနည်း
ပထမဦးဆုံး Zippyshare ဆိုဒ်မှာ အကောက်ဖောက်ဖို့  ဂျီမေးလ် တစ်ခု ရှိရပါ့မယ်။
ဂျီမေးလ် ရှိတယ်ဆိုရင်တော့ ဒီလင့်ကိုကလစ်ပြီးသွားလိုက်ပါ။
အကောက်ဖောက်ဖို့  အတွက် ပေးထားတာလေးတွေ ကို ပြည့်စုံအောင်ဖြည့်ပေးပါ။
အောက်ကပုံက နမူနာ ဖြည့်ပြထားတာပါ။
ဒါဆိုရင်တော့ အကောက် အောင်မြင်စွာ ဖောက်ပြီးပါပြီ ။ ဂျီမေးလ်ကို ဖွင့်ပြီး အကောက်ကို Activate လုပ်ပေးရပါမယ်။
သင့်ဂျီမေးလ်ကို Zippyshare က Activate လုပ်ဖို့  မေးလ်တစ်စောင်ပို့ ထားပါလိမ့်မယ်။ ဖွင့်လိုက်ပါ။
Zippyshare ကပို့ ထားတဲ့ မေးလ် ကို ဖွင့်ပြီး မေးလ်ထဲက အပြာရောင်နဲ့ ရေးထားတဲ့ လင့်ကို ကလစ်လိုက်ပါ။
Zippyshare ဝက်ဆိုဒ်ကို ပြန်ရောက်သွားပြီး Activate လုပ်ပြီးကြောင်း Box တစ်ခုနဲ့  ပြပေးပါလိမ့်မည်။
ဖိုင် Upload တင်ဖို့  အတွက် ညာဖက်အပေါ်နားရှိ My Account ကိုနှိပ်ပါ။ ပြီးရင် ဘယ်ဖက် ရှိ Upload files ကိုကလစ်လိုက်ပါ။ (အောက်မှာပုံနှင့်လည်းပြထားပါတယ်။)
ဒါဆို Upload တင်ဖို့  ပေါ်လာပါလိမ့်မယ် ။ ပေါ်လာတဲ့ အထဲ က BROWSE ကိုကလစ်လိုက်ပါ။
(အောက်မှာပုံနှင့်လည်းပြထားပါတယ်။)
BROWSE ကို ကလစ်လိုက်ရင်တော့ Open ဟူသော Box တစ်ခု ကျလာပါလိမ့်မယ်။
သင့်ကွန်ပျူတာ ထဲရှိ သင်တင်ချင်သည့် သီချင်း၊ဗွီဒီယို၊ဆော့ဝဲလ်၊စာအုပ်၊ဓါတ်ပုံ အစရှိတာ တစ်ခုခုရွေးပေးပြီး အောက်ခြေရှိ Open ကိုကလစ်လိုက်ပါ ။ ကျွန်တော်ကတော့ အန်းဒရိုက်ဆော့ဝဲလ် တစ်ခု ကို နမူနာ အနေနဲ့  Upload တင်ပြပါ့မယ်။
သင် Upload တင်ဖို့  ရွေးထားတဲ့ ဖိုင်ကို Upload တင်ဖို့  အတွက် START UPLOAD Buttom လေးကို ကလစ်လိုက်ပါ။ (အောက်မှာပုံနှင့်လည်းပြထားပါတယ်။)
အောက်ကပုံကတော့ Upload တင်နေပုံပါ။ အနီရောင်အတန်းလေး ပြည့်တဲ့အထိ စောင့်ပေးပါ။
အနီရောင်အတန်းလေး ပြည့်သွားရင်တော့ သင်တင်တဲ့ဖိုင်ကို Upload တင်ပြီးပြီ ဖြစ်ပါသည်။
အောက်ကလိုပုံလေးပေါ်လာပါလိမ့်မည်။ Link ဘေးရှိ http:// နဲ့ စတဲ့ လင့်လေးက သင်တင်တဲ့ ဖိုင်ကို သင် Share ချင်သည့်နေရာမှာ မျှဝေပေးဖို့  ဒေါင်းလော့လင့် ဖြစ်ပါတယ်။
အောက်ကပုံမှာ အနီရောင်းလေးထောင့်ကွက် နှင့် အစိမ်းရောင်မြား ထိုးပြထားတဲ့ လင့်နှစ်ခု အနက် သင်အဆင်ပြေမည့်လင့်ကို Copy ကူးပြီး သင် Share ချင်သည့်နေရာမှာ Paste လုပ်ပြီး မျှဝေနိုင်ပြီ ဖြစ်ပါတယ်။ (အောက်မှာပုံနှင့်လည်းပြထားပါတယ်။)
သင် Upload တင်ထားတဲ့ ဖိုင်ကို ပြန်ကြည့်ချင်ရင်တော့ ညာဖက်အပေါ်ရှိ My Account ကို ကလစ်ပါ။
ပေါ်လာသည့် အထဲ က File Manager ကိုဆက်ကလစ်ပါ။ ဒါဆို သင် Upload တင်ထားတဲ့ ဖိုင်ကို တွေ့ ရမှာ ဖြစ်ပါတယ် ။ သင် Upload တင်ထားတဲ့ ဖိုင်ကို ကလစ်လိုက်ပါ ။ပြီးရင် နောက်ထပ် Tab တစ်ခုမှာ ဒေါင်းလော့လုပ်ဖို့  ကျလာပါလိမ့်မယ်။
အောက်ကပုံမှာ ကျွန်တော် အနီရောင်လေးထောင့်ကွက် နှင့် အစိမ်းရောင် မြားထိုးပြထားတဲ့ www. လင့်ကိုလည်း Copy ကူးပြီး သင် Share ချင်သည့်နေရာမှာ Paste လုပ်ပြီး မျှဝေနိုင်ပါတယ်။
ကျွန်တော် နားလည်သလို ရှင်းပြထားခြင်း ဖြစ်ပါတယ် ။ အဆင်ပြေမယ်လို့  မျှော်လင့်ပါတယ် ။
အမှားအယွင်းပါရင်လည်း ခွင့်လွှတ်နားလည်ပေးပါ။

အမျိုးအစား/ကဏ္ဍ
ဖိုင်Upload တင်နည်း နှင့် Share လင့် ယူနည်း
Dropbox ဆိုဒ်မှာ ဖိုင် Upload တင်နည်း နှင့် Share လင့် ယူနည်း
ပထမဦးဆုံး Dropbox ဆိုဒ်မှာ အကောက်ဖောက်ဖို့  ဂျီမေးလ် တစ်ခု ရှိရပါ့မယ်။
ဂျီမေးလ်ရှိတယ်ဆိုရင်တော့ ဒီလင့်ကိုကလစ်ပြီးသွားလိုက်ပါ။
အောက်ပါပုံအတိုင်းတွေ့ ရပါလိမ့်မည်။ လိုအပ်တာလေးတွေ ပြည့်စုံအောင် ဖြည့်ပေးပါ။
First name နေရာမှာ သင့်နာမည် အစ ( ဥပမာ။ ။phyuthar )
Last name နေရာမှာ သင့်နာမည် အဆုံး ( ဥပမာ။ ။ lay)
Email နေရာမှာ သင့်ဂျီမေးလ် လိပ်စာ (ဥပမာ။ ။ phyutharlayfileupload1500@gmail.com)
Password နေရာမှာတော့ သင်ထားချက်တဲ့ ပက်စ်ဝက် ရိုက်ထည့် (ဥပမာ။ ။123456)
ပြီးရင် I agree to Dropbox Terms ရှေ့က လေးထောင့်ကွက်လေးမှာ မောက်စ်နှင့်ကလစ်ပြီး အမှန်ခြစ်လေးခြစ်ပါ။
ပြီးရင် Sign Up ကိုနှိပ်ပြီး ဆက်သွားလိုက်ပါ။
အောက်ကပုံကတော့ Sign Up ကိုနှိပ်ပြီး ဆက်သွားရင် တွေ့ ရမည့်ပုံပါ ။ Dropbox ဆော့ဝဲလ်ကို ကွန်ပျူတာ မှာ အင်စတော လုပ်မှာလား မေးတာပါ ။ Cancel သာနှိပ်လိုက်ပါ။
Cancel နှိပ်ပြီးရင် ဘယ်ဖက်အပေါ်နားက Dropbox စာသားကို ကလစ်လိုက်ပါ ။ အောက်ကပုံမှာလည်း မြားထိုးပြထားပါတယ်။
အောက်ကပုံအတိုင်း မြင်တွေ့ ရပါလိမ့်မယ် ။ အောက်ကပုံမှာ မြားပုံလေးတွေ ထိုးပြထားတာကတော့ Dropbox မှာ သိမ်းဆည်းတဲ့ ပမာဏ ပိုလာအောင်လုပ်လို့ ရတာလေးတွေပါ ။ အဲ့လင့်လေးတွေကလစ်ပြီး လိုအပ်တာလေးတွေ လုပ်ပေးရုံပါပဲ ။ Share လင့် ထုတ်နည်းကို ဆက်ပြောပေးမှာ ဖြစ်တဲ့အတွက် ဘယ်ဖက်အပေါ်နားက Dropbox စာသားကို ကလစ်ပြီး ဆက်သွားလိုက်ပါတယ်။
အောက်ကပုံကတော့ Dropbox စာသားကို ကလစ်ပြီး ဆက်သွားရင် တွေ့ ရမည့်ပုံပါ။
ဖိုင်တွေ Upload တင်ဖို့ အတွက် စာရွက်ပေါ်မှာ မြားအပြာရောင်လေးထောင်နေတဲ့ပုံလေးကို ကလစ်ပါ။
အောက်ကပုံမှာ အနီရောင်လေးထောင့်ကွက်နှင့် မြားအစိမ်းလေး ထိုးပြထားပါတယ်။
စာရွက်ပေါ်မှာ မြားအပြာရောင်လေးထောင်နေတဲ့ပုံလေးကို ကလစ်လိုက်ရင်တော့ အောက်ကပုံအတိုင်းတွေ့ ရပါလိမ့်မယ် ။
Upload to 'Dropbox' အောက်ခြေရှိ Choose File ကို ကလစ်လိုက်ပါ။
အောက်ကပုံမှာ မြားထိုးပြထားပါတယ်။
Choose File ကို ကလစ်လိုက်ရင်တော့ Open ဟူသော Box တစ်ခု ကျလာပါလိမ့်မယ်။
သင့်ကွန်ပျူတာ ထဲရှိ သင်တင်ချင်သည့် သီချင်း၊ဗွီဒီယို၊ဆော့ဝဲလ်၊စာအုပ်၊ဓါတ်ပုံ အစရှိတာ တစ်ခုခုရွေးပေးပြီး အောက်ခြေရှိ Open ကိုကလစ်လိုက်ပါ ။ ကျွန်တော်ကတော့ အန်းဒရိုက်ဆော့ဝဲလ် တစ်ခု ကို နမူနာ အနေနဲ့  Upload တင်ပြပါ့မယ်။
အောက်ကပုံကတော့ ကျွန်တော် Upload တင်ဖို့  ရွေးထားတဲ့ပုံကို Upload တင်နေတဲ့ပုံ ဖြစ်ပါတယ် ။ အစိမ်းတန်းလေး ပြည့်သွားအောင် စောင့်ပေးပါ။
အစိမ်းတန်းလေး ပြည့်သွားပြီ ဆိုရင်တော့ သင်တင်တဲ့ ဖိုင်ကို အောင်မြင်စွာ Upload တင်ပြီးပြီ ဖြစ်ပါတယ်။ အောက်ခြေရှိ Done ကိုကလစ်ပြီး ဆက်သွားလိုက်ပါ။
အောက်ကပုံကတော့ ကျွန်တော် Upload တင်ထားတဲ့ ဖိုင် ဖြစ်ပါတယ်။
၎င်းဖိုင် ကို ကလစ်ပြီးတော့ ဖြစ်စေ (သို့ မဟုတ်) Right Click ထောက်ပြီး ပေါ်လာတဲ့အထဲက Share link ကိုကလစ်ပြီး ဆက်သွားလိုက်ပါ။
အောက်ကပုံမှာ အနီရောင်လေးထောင့်ကွက် နှင့် မြားအစိမ်းထိုးပြထားတဲ့ လင့်ကို ကော်ပီကူးပြီး သင်တင်တဲ့ဖိုင်လေးကို သင် Share ချင်တဲ့ နေရာမှာ Share နိုင်ပြီ ဖြစ်ပါတယ်။ အဲ့ဒါက ဒေါင်းလော့လင့် ဖြစ်ပါတယ်။

ဗိုင်ဗာ ဆော့ဝဲလ်ကို ကွန်ပျူတာမှာ ထည့်နည်း (၂)
ပြီးရင် ထိုဝက်ဆိုဒ်မှာအောက်က Download ဟူသောပုံလေးကိုတွေ့ ရပါလိမ့်မည်။
ထိုပုံလေးကို ကလစ်ပြီး Download လုပ်လိုက်ပါ။
ကျွန်တော့်စက်မှာ internet download manager ထည့်ထားတော့ သူနဲ့ပဲ ဒေါင်းတဲ့ပုံကို ပြတော့မယ်နော်...:P
Start Download manager ကိုနှိပ်လိုက်ပါ။ထိုအခါစတင်ပြီးဒေါင်းလော့ဆွဲနေပါလိမ့်မည်။
အစိမ်းရောင်လေးပြည့်သွားတဲ့အထိစောင့်လိုက်ပါ :)
ဘာဖြစ်လို့ လဲဆိုတော့ မိမိကွန်ပျူတာ ရဲ့ Graphics က အရမ်းနည်းလို့  viber software က အလုပ်မလုပ်ပါဘူး.....:(
အင်စတော လုပ်ပြီးသွားလျှင် ဆော့ဝဲလ် ပွင့်လာပါလိမ့်မည်။ ခဏစောင့်လိုက်ပါ။
Loading လုပ်ပြီးသွားလျှင် အောက်ပါအတိုင်း ပေါ်လာပါလိမ့်မည်။ ညာဖက်အပေါ်နား မှာ နောက်ခံအပြာရောင်ပေါ်မှာ မှန်ဘီလူး ပုံလေးနဲ့  က Search Box ပါ။ အဲ့ထဲမှာ Viber လို့ ရိုက်ထည့်လိုက်ပါ။
Viber ကိုကလစ်ပြီး ဒေါင်းယူလိုက်ပါ ။ နိုင်ငံခြား က လူတွေကတော့ မိမိဂျီမေးလ် ကိုရိုက်ထည့်ပြီး ပလေးစတိုးကို အကောက်ဝင်လိုက်ပါ။ မဝင်ချင်လည်း ဗိုင်ဗာ ကို သက်သက် ကွန်ပျူတာမှာ ဒေါင်းထားပြီး Bluestack အင်စတောလုပ်ပြီး ပေါ်လာတဲ့ အိုင်ကွန်နှစ်ခုအနက် App အိုင်ကွန်ထဲ ဆွဲထည့်ပြီး အင်စတော လုပ်အသုံးပြုနိုင်ပါတယ်။
ကျွန်တော်ကတော့ ပလေးစတိုး ကို ကျွန်တော့် ဂျီမေးလ်နဲ့  ဝင်လိုက်ပါတယ်။ ပုံအစဉ်လိုက်ကြည့်သွားပေးပါ။
အောက်ပါအတိုင်းပေါ်လာပါလိမ့်မည်။ အားလုံးသိပြီးသား ဖြစ်မှာ ပါ ဖုန်းမှာလုပ်ပုံ နဲ့  အတူတူပါပဲ။ ပုံ အစဉ်လိုက်တိုင်းသာ ကြည့်သွားပေးပါ။
Bluestack ဆော့ဝဲလ်ထဲကို အန်းဒရိုက် ဆော့ဝဲလ် တွေ ဂိမ်းတွေ ကို အပြင်က ဒေါင်းပြီး ထည့်နည်းကိုတော့ မနက်ဖြန်မှ ဆက်ရေးပါ့မယ်....
ပုံတွေ ဘာလို့  အများကြီးတင်လည်းဆိုတော့ မရပဲ နဲ့  ရသလို တင်တယ် ဖြစ်မှာစိုးလို့  တကယ်ရလို့  တင်တဲ့ အကြောင်းကို သိစေချင်လို့  အချိန်ကုန်ခံပြီး တင်ရခြင်း ဖြစ်ပါတယ်။
အစစအရာရာ အဆင်ပြေပါစေ။