Saturday 24 August 2013

ဗိုင်ဗာ ဆော့ဝဲလ်ကို ကွန်ပျူတာမှာ ထည့်နည်း (၂)

ပထမဦးဆုံး ဒီဝက်ဆိုဒ်လေးကိုသွားလိုက်ပါ။

ပြီးရင် ထိုဝက်ဆိုဒ်မှာအောက်က Download ဟူသောပုံလေးကိုတွေ့ ရပါလိမ့်မည်။

ထိုပုံလေးကို ကလစ်ပြီး Download လုပ်လိုက်ပါ။




ကျွန်တော့်စက်မှာ internet download manager ထည့်ထားတော့ သူနဲ့ပဲ ဒေါင်းတဲ့ပုံကို ပြတော့မယ်နော်...:P

Start Download manager ကိုနှိပ်လိုက်ပါ။ထိုအခါစတင်ပြီးဒေါင်းလော့ဆွဲနေပါလိမ့်မည်။



အစိမ်းရောင်လေးပြည့်သွားတဲ့အထိစောင့်လိုက်ပါ :)

အစိမ်းရောင်လေးပြည့်သွားရင်ပေါ်လာတဲ့ Box ထဲက Open ကိုနှိပ်ပြီးဆက်သွားလိုက်ပါ။

အောက်ကလို Box လေးနဲ့  Warning လေးတက်လာရင် တော့ Viber ကို မိမိကွန်ပျူတာမှာထည့်လို့ မရပါဘူးနော် :(

ဘာဖြစ်လို့ လဲဆိုတော့ မိမိကွန်ပျူတာ ရဲ့ Graphics က အရမ်းနည်းလို့  viber software က အလုပ်မလုပ်ပါဘူး.....:(





Warning Box မတက်လာ ရင်တော့ ဆက်ပြီး Install လုပ်လိုက်ပါ.....အောက်ကပုံလေးရဲ့ အောက်ခြေမှာရှိတဲ့ Continue ကို ဆက်နှိပ်လိုက်ပါ။



နောက်ထပ်ပေါ်လာတဲ့ Box ထဲက Install ကိုဆက်နှိပ်လိုက်ပါ။ပြီးရင် Install လုပ်နေပါလိမ့်မည် အစိမ်းရောင်လေးပြည့်အောင် စောင့်ပေးလိုက်ပါ။



အင်စတော လုပ်ပြီးသွားလျှင် ဆော့ဝဲလ် ပွင့်လာပါလိမ့်မည်။ ခဏစောင့်လိုက်ပါ။



Loading လုပ်ပြီးသွားလျှင် အောက်ပါအတိုင်း ပေါ်လာပါလိမ့်မည်။ ညာဖက်အပေါ်နား မှာ နောက်ခံအပြာရောင်ပေါ်မှာ မှန်ဘီလူး ပုံလေးနဲ့  က Search Box ပါ။ အဲ့ထဲမှာ Viber လို့ ရိုက်ထည့်လိုက်ပါ။

Viber ကိုကလစ်ပြီး ဒေါင်းယူလိုက်ပါ ။ နိုင်ငံခြား က လူတွေကတော့ မိမိဂျီမေးလ် ကိုရိုက်ထည့်ပြီး ပလေးစတိုးကို အကောက်ဝင်လိုက်ပါ။ မဝင်ချင်လည်း ဗိုင်ဗာ ကို သက်သက် ကွန်ပျူတာမှာ ဒေါင်းထားပြီး Bluestack အင်စတောလုပ်ပြီး ပေါ်လာတဲ့ အိုင်ကွန်နှစ်ခုအနက် App အိုင်ကွန်ထဲ ဆွဲထည့်ပြီး အင်စတော လုပ်အသုံးပြုနိုင်ပါတယ်။

ကျွန်တော်ကတော့ ပလေးစတိုး ကို ကျွန်တော့် ဂျီမေးလ်နဲ့  ဝင်လိုက်ပါတယ်။ ပုံအစဉ်လိုက်ကြည့်သွားပေးပါ။


အပေါ်ကပုံက ပလေးစတိုး ကို ဂျီမေးလ် အကောက်နဲ့  ဝင်ပြီး လို့  ဗိုင်ဗာ ကို ဒေါင်းယူနေပုံပါ။ အောက်က ပုံ က ဗိုင်ဗာ ကို ဒေါင်းယူပြီးပုံပါ ။ ဗိုင်ဗာ အိုင်ကွန်လေးကို ဖွင့်လိုက်ပါ။

အောက်ပါအတိုင်းပေါ်လာပါလိမ့်မည်။ အားလုံးသိပြီးသား ဖြစ်မှာ ပါ ဖုန်းမှာလုပ်ပုံ နဲ့  အတူတူပါပဲ။ ပုံ အစဉ်လိုက်တိုင်းသာ ကြည့်သွားပေးပါ။

Bluestack ဆော့ဝဲလ်ထဲကို အန်းဒရိုက် ဆော့ဝဲလ် တွေ ဂိမ်းတွေ ကို အပြင်က ဒေါင်းပြီး ထည့်နည်းကိုတော့ မနက်ဖြန်မှ ဆက်ရေးပါ့မယ်....

ပုံတွေ ဘာလို့  အများကြီးတင်လည်းဆိုတော့ မရပဲ နဲ့  ရသလို တင်တယ် ဖြစ်မှာစိုးလို့  တကယ်ရလို့  တင်တဲ့ အကြောင်းကို သိစေချင်လို့  အချိန်ကုန်ခံပြီး တင်ရခြင်း ဖြစ်ပါတယ်။

အစစအရာရာ အဆင်ပြေပါစေ။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

Like ခြင်းဖြင့် အားပေးပါ :)

mumcradio