Friday 11 January 2013

မလေးရှားရောက် မြန်မာများ သိစေရန် သတင်း

မင်္ဂလာပါ သူငယ်ချင်းတို့.. ကျွန်တော်တို့မလေးရှားရောက် မြန်မာညီအကိုမောင်နှမအားလုံး မနက်ဖြန် 12.1.2013 ရက် စနေနေ့ မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့သို့ လုံးဝမလာရန် အထူးတာမြစ်သတိပေးကြောင်း ဧဒင်ဥယျာဉ်အနေဖြင့် ထုတ်ပြန်ကြော်ငြာပါသည် ။ ရဲချုပ်များ ၊ ထိန်းသိမ်းမည့်သူများအားလုံး က မနက်ဖြန်ကျင်းပမည့် Rally ဆန္ဒပြပွဲအတွက် မြို့ပြင် Bukit Jalil တွင်ပြုလုပ်ရန် အတိုက်အခံခေါင်းဆောင် Mat Sabu ဦးစီးသည့်အဖွဲ့အား မေတ္တာရပ်ခံပေမယ့် သူတို့ Dan Wangi ရဲစခန်းရဲ့ ခွင့်ပြုမိန့်ရရှိပြီးဖြစ်တာကြောင့် Bukit Jalil သို့ လုံးဝမရွေ့ပဲ ယခင်ပြုလုပ်နေကျ မြန်မာဆိုင်တန်းများတစ်ဝိုက်ဖြစ်သော Stadium Merdeka တွင်သာ ပြုလုပ်မည်ဖြစ်ကြောင်း ယနေ့ ထုတ်ပြန်လိုက်တာကြောင့် ကွာလာလမ်ပူရှိရဲများ ယခု အသည်းအသန် လမ်းများပိတ်ဆို့နေရပြီဖြစ်ပါတယ် ။

Rally တို့ကြော်ငြာထားသော Meeting ပွိုင့်များအဖြစ် Amcorp Mall, Masjid Arrahman UM, Brickfields, KLCC, Sultan Sulaiman Club, Pasar Seni, Masjid Negara and Jalan Sultan. တို့ဖြစ်ကြောင်း ယနေ့ထုတ် the star သတင်းဌာနမှာဖော်ပြသွားခဲ့ပါတယ် .။

အကြောင်းမှာ ယခင် Bersih ဆန္ဒပြပွဲကြီးထက်မနည်းတဲ့ လူသိန်းဂဏန်းကျော် တက်ရောက်မည်ဖြစ်တာကြောင့် နိုင်ငံခြားသာများအတွက် အလွန် အန္တရယ်များမည်ဖြစ်ကြောင်း ကျွန်တော်တို့ ခန့်မှန်းပါတယ် ။ ယခင် Bersih 1.0 ၊ 2.0 နှင့် 3.0 ဆန္ဒပြပွဲများက ဆန္ဒပြပွဲကို ထိမ်းသိမ်းသော ရဲများ နှင့် Rally (ဆန္ဒပြသူ) များကြား အပြန်အလှန် အကြမ်းဖက်မှု့ များစွာမဖြစ်ခဲ့ပေမယ့် ပြီးခဲ့တဲ့ လအနည်းငယ်က ဖြစ်ခဲ့တဲ့ Bersih 4.0 မှာတော့ မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ နေရာအနှံ့မှာ ဆူပူအကြမ်းဖက်မှု့များစွာဖြစ်ခဲ့တာကို တွေ့ခဲ့ရပြီးဖြစ်ပါတယ် ။

သို့ကြောင့် မလေးရှားနိုင်ငံ ကွာလာလမ်ပူရောက် မြန်မာများ အနေဖြင့် မနက်ဖြန် ကွာလာလမ်ပူသို့ လုံးဝလုံးဝ မလာသင့်ကြောင်း ဧဒင်ဥယျာဉ်မှ အထူးသတိပေးချက်အနေဖြင့် မလေးရှားရောက် မြန်မာများအားလုံးကို အချိန်မှီ အကြောင်းကြားအသိပေးရပါတယ်ခင်ဗျာ ။
အကြောင်းအမျိုးမျိုးကြောင့် ကွာလာလမ်ပူသို့ရောက်နေပါကလည်း လူအုပ်များတွင်သာရောနှောမနေပဲ အဆောက်အဦးများပေါ်တွင် ကြိုးစားနေရန် ၊ အဝါရောင်နှင့် အနီရောင် အကျီပြောင်များ မဝတ်ဆင်ရန် ၊ မီးရထားဘူတာများသို့လုံးဝမသွားရန် နှင့် ထိခိုက်နိုင်သော နေရာများအဖြစ်အောက်ပါ နေရာများအားရှောင်ကျဉ်ရန် အထူးအသိပေးအကြောင်းကြားရပါတယ်ခင်ဗျာ ။

1.Stadium Merdeka Area

2.Masjid Jamek Station Area

3. Brickfield Area

4. Sogo Area

5. Bukit Bintang Area

6. KLCC area

7. Pudu Raya Area

များအားရှောင်ရန်လိုပြီး

အချိန်ပိုင်းပိတ်ထားမည့်ဘူတာများအဖြစ်

1. Plaza Rayak LRT

2. Masjid Jamek LRT

3. Pasa Sini LRT

4. Dan Wangi LRT

5. Bandaya LRT

တို့ဖြစ်ကြောင်းလည်း ထပ်မံအသိပေးရပါတယ်ခင်ဗျာ ။

ဆက်လက်ပြီး ယခုသတင်းဖတ်ပြီးသူများ မလေးရှားရောက် သူငယ်ချင်းများကိုလက်ဆင့်ကမ်းပေးပါရန် မေတ္တာရပ်ခံရပါတယ် ။

ဧဒင်ဥယျာဉ်...မှကူးယူဖော်ပြပေးလိုက်ပါသည်..

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

Like ခြင်းဖြင့် အားပေးပါ :)

mumcradio