ရွှေမြန်မာဥယျာဉ်မှာ အပန်းဖြေကြတဲ့ ရွှေမိသားစုကြီးအားလုံး
ဒီတစ်ပတ် ရွှေမြန်မာဥယျာဉ်မှ အပတ်စဉ်ကျင်းပနေကြဖြစ်သော ကျွန်မတို့ ရွှေမြန်မာဥယျာဉ်ရဲ့ အင်တာဗျူးအစီအစဉ်ကဏ္ဍလေးကို ထပ်မံတင်ဆက်ဖို့ အချိန်ကျရောက်လာပါပြီ။ ဒီတစ်ပတ်မှာတော့ အင်တာဗျူးအစီအစဉ်လေးကို တောသူမလေးမှ တာဝန်ယူတင်ဆက်ပေးမှာဖြစ်ပြီး အင်တာဗျူးအတွက် ရွေးချယ်ထားသူလေးကတော့ဖြင့် ကျော်ဇင် လို့အမည်ရတဲ့ ရွှေမိသားစုဝင် ရွှေအက်ဒမင်တစ်ဦးကို တောသူမလေးမှ ရွေးချယ်ပေးထားပါတယ်ရှင်။ ဒီလောက်ဆို ဖြေကြားပေးမယ့်သူရဲ့ နာမည်လေးကိုလည်း သိလိုက်ကြရပြီဆိုတော့ ရွှေမိသားစုအားလုံးလည်း မောင်လေးကျော်ဇင် နဲ့ပတ်သက်တဲ့ အကြောင်းအရာလေးတွေကို အားလုံးပဲ သိချင်နေကြပြီလို့ ထင်ပါတယ်။ ဒီတော့ ရွှေမိသားစုကြီးကိုယ်စား တောသူမလေးကနေ မောင်လေးကျော်ဇင်ကို ရွှေမိသားစုကြီးအားလုံးကိုယ်စား မေးခွန်းလေးတွေမေးရင်း အင်တာဗျူး အစီအစဉ်လေးကို စလိုက်ကြရအောင်လားရှင်။
မောင်လေးရေ.... မင်္ဂလာပါရှင် အခုလို မောင်လေးကို အင်တာဗျူးလေးမေးခွင့်ရလို့ ရွှေမိသားစုကြီး အားလုံးကိုယ်စား ကျေးဇူးတင်ပါတယ်ရှင်။
ကျွန်တော်ကလည်း အခုလို ဖြေခွင့်ရလို့  အတိုင်းမသိ ဝမ်းသာပါတယ်ခင်ဗျာ.....
အရင်ဆုံး မောင်လေးရဲ့ နာမည်အရင်းလေးနဲ့အတူ ယခုရောက်ရှိနေတဲ့ အသက်လေးကို မိတ်ဆက်ပေးပါအုံး။
ကျွန်တော့်နာမည်ကတော့ ကျော်ဇင်ဟိန်း ပါ။ ကျွန်တော့်အသက်က နောက်လ ၂၂-ရက်နေ့ ဆို ၂၃- နှစ်တိတိ ပြည့်ပါပြီ ခင်ဗျာ....
မောင်လေးရဲ့ မွေးရပ်မြေနဲ့ လက်ရှိရှင်သန်နေထိုင်နေတဲ့ နေရာလေးကရော။
ကျွန်တော့်ရဲ့ မွေးရပ်ဇာတိကတော့ ဖြူးမြို့နယ် ပါ။ လက်ရှိကတော့ မလေးရှားမှာ အလုပ်လုပ်နေပါတယ်။
မောင်လေးရဲ့ မိသားစုဝင်တွေကိုလည်း ရွှေမိသားစုကြီးအားလုံးက သိချင်မယ်ထင်လို့ မိတ်ဆက်ပေးလား။
ကျွန်တော့် မိဘနှစ်ပါးကတော့ ဦးကျော်လင်း+ဒေါ်ထားထားသိမ့် ပါ။ ညီမလေး နာမည်က တော့ ပိုးအိအောင် ပါ။ မိသားစု လေးယောက် ရှိပါတယ်။
မောင်လေး ning Site တွေနဲ့ ဘယ်အချိန်လောက်ကစပြီး ရင်းနှီးကျွမ်းဝင်ခဲ့တာလဲ။
၂၀၁၁-ခုနှစ်လောက်ထဲက စတင်ရင်းနှီးခဲ့ပါတယ်။ စတင်ရင်းနှီးခဲ့တာက ထာဝရသူငယ်ချင်း များဆိုတဲ့ ning site ပါ။ Google Image မှာ ပုံတွေကြည့်ပြီးတွေ့ လို့  မန်ဘာဝင်ပြီး စတင်လေ့လာ မိတာပါ။
မောင်လေး ရွှေမြန်မာဥယျာဉ်လေးထဲရောက်တာ ကြာပြီလား ဘယ်သူရဲ့ဖိတ်ခေါ်မူကြောင့် အသုံးပြုဖြစ်ခဲ့တာလဲ။
ရွှေထဲရောက်တာတော့ ဇန်နဝါရီ ၂၇-ရက် နေ့ ၂၀၁၂-ခုနှစ်ကပါ။ ဘယ်သူမှ မဖိတ်ခေါ်ပါဘူး။ သူငယ်ချင်းတစ်ယောက်က သူ့ မေးလ်မှာ Chat History ပိတ်ချင်လို့ ဝင်ပိတ်ခိုင်းရင်းက တွေ့ လို့  ကိုယ့်ဘာသာကိုယ် ဝင်ကြည့်ပြီး ရောက်ခဲ့တာပါ။
ရွှေမြန်မာဥယျာဉ်လေးထဲရောက်လာပြီး အသုံးပြုတဲ့အခါ ဘယ်လိုခံစားမူလေးတွေ ဖြစ်စေခဲ့သလဲ။
ခံစားမှုကတော့ ကိုယ်ဖတ်ချင် ကိုယ်သိချင်တဲ့ အကြောင်းအရာတွေကို ဖတ်ခွင့် သိခွင့်ရလို့  နေ့ တိုင်း ဝင်ကြည့်မိတဲ့ ခံစားမှုလေးတော့ ရခဲ့ပါတယ်။
ယခုလက်ရှိ ရွှေမြန်မာဥယျာဉ်လေးထဲမှာ တာဝန်ရှိသူ ရွှေအက်ဒမင်တစ်ယောက်အနေနဲ့ တာဝန်ယူဖြစ်ခဲ့ပုံလေးကိုလည်း သိချင်ပါတယ်။
မလေးရှားရောက်သူငယ်ချင်းများ ဒုတိယအကြိမ်တွေ့ ဆုံပွဲနှင့် ကြည်ပြာရောင်နှလုံးသားကို နှုတ်ဆက်ပွဲ အပြီးမှာ ကိုရဲဇော်ကို က ဖုန်းဆက်ပြီး အက်ဒမင် လုပ်ပေးဖို့  ဖိတ်ခေါ်ပေးလို့  ရွှေအက်ဒမင် ဖြစ်လာတာပါ။
ရွှေမြန်မာဥယျာဉ်လေးထဲမှာ မောင်လေးအနေနဲ့ အခင်မင်ရဆုံးသူငယ်ချင်းရှိရင် ဘယ်သူလဲဆိုတာ သိလို့ရမလား။
အခင်မင်ရဆုံးတွေကတော့ ကိုရဲဇော်ကို ပါ။ ပြီးတော့မှ တွေ့ ဆုံပွဲမှာ စပြီး ခင်ခဲ့တာက ကိုရဲထွဋ်+မခိုင်လေး၊ ကိုအာကာမိုးနိုင်၊ စောအယ်၊ ညလင်းကြယ်၊ စံပယ်ဖြူ၊ ကြည်ပြာရောင်နှလုံးသား၊ ဖိုးဖိုက် အဲ့နေ့ကလာတဲ့ အစ်ကိုတွေ အစ်မတွေ အားလုံးနဲ့ ခင်ပါတယ်။ ကျန်တဲ့ ရွှေထဲမှာ ရှိနေကြတဲ့ သူငယ်ချင်း ညီအစ်ကိုမောင်နှမ အားလုံးကို ခင်ပါတယ်။ ယနေ့အချိန်ထိ လိုအပ်တာ တိုင်ပင်ဆွေးနွေး ပေးနေတဲ့ မခိုင်လေးနှင့် ကျွန်တော်သိချင်တဲ့ အကြောင်းအရာတွေ၊ နည်းပညာ၊ ဆော့ဝဲလ်တွေကိုကို မငြီးမငြူ ပြောပေးသင်ပေးတဲ့ ကိုအာကာမိုးနိုင်ကို ကျေးဇူးအရမ်းတင်ကြောင်း ဒီနေရာလေးက ပြောပါရစေ။
မောင်လေးရဲ့ ယခုရှင်သန်နေရတဲ့ အကြောင်းလေးကိုလည်း ပြောပြပေးပါအုံး။
လက်ရှိကတော့ CNC MILLING TECHNICIAN အဖြစ် မလေးရှားမှာ ဘဝကို ရုန်းကန်ရပ်တည်နေပါတယ်။
မောင်လေး အလုပ်လုပ်တဲ့အခါ ဘယ်လိုမျိုး ကြိုးစားအားထုတ်မူတွေ ပြုလုပ်ပြီး ကြိုးစားနေသလဲ ဆိုတာလေးကို အများသိအောင်လည်း ပြောပြပေးပါအုံးရှင်။
အလုပ်လုပ်တဲ့ အခါမှာတော့ ကိုယ်လုပ်နေတဲ့ အလုပ်ကို အကောင်းဆုံးဖြစ်အောင် ကြိုးစားလုပ်ပြီး၊ ကိုယ်ပိုင် အလုပ်လို့  သဘောထားပြီး လုပ်ပါတယ် ခင်ဗျာ....
ဒါနဲ့ စကားမစပ် မောင်လေးမှာ ဘ၀လက်တွဲဖော် ချစ်သူရှိနေပြီလား မိတ်ဆက်ပေးပါအုံး။ မရှိသေးရင်လည်း စိတ်ကူးထဲက ရည်မှန်းထားတဲ့ ဘ၀လက်တွဲဖော်ပုံစံလေးနဲ့ အချစ်အပေါ် မောင်လေးရဲ့ အမြင်က ဘယ်လိုလေးဖြစ်မလဲ။
ဘဝလက်တွဲဖော်တော့ မရှိသေးပါဘူး။ ဖေဖေ့လို လူပျိုကြီးလုပ်ဖို့ ဆုံးဖြတ်ထားပါတယ်။ :p ရည်မှန်းထားတာတော့ မဟုတ်ပါဘူး။ တွေးတော့ တွေးကြည့်ဖူးပါတယ်။ တစ်ယောက်နဲ့ တစ်ယောက် နားလည်မှုရှိရမယ်၊ နည်းနည်းရူးတဲ့ စိတ်ကူး တစ်ခုကတော့ ကျွန်တော့် လက်တွဲဖော်က ဆံပင် ရှည်ရမယ်၊ မြန်မာဆန်ရမယ် ...အဲ့လောက်ပါပဲ.....
မောင်လေးရဲ့ အကြိုက်ဆုံး အစားအစာ၊ ပစ္စည်း၊ အရောင်၊ ၀ါသနာ ပါတာလေးတွေက ဘာများဖြစ်မလဲ။
အကြိုက်ဆုံးအစားအစာကတော့ လဖ္ဘက်သုပ်၊ ရှောက်သီးသုပ်၊ ကြာဇံဟင်းခါး၊ အာလူးကြော်၊ ငါးခြောက်ကြော်၊ အချဉ်ဟင်း၊ ခရမ်းချဉ်သီးချက်.... (ကျန်တာတော့ လူသား၊ သစ်သားက လွဲလို့  စားလို့ ရတဲ့အသားဆို စားပါတယ်)
အကြိုက်ဆုံး ပစ္စည်းကတော့ ဖုန်း၊ ကွန်ပျူတာ၊ ဂစ်တာ......
အကြိုက်ဆုံးအရောင်ကတော့ အဖြူ နဲ့  အနက် ပါ....
ဝါသနာ ပါတာကတော့ စာဖတ်ခြင်း၊ သီချင်းနားထောင်ခြင်း၊ ဂစ်တာတီးပြီး သီချင်းဆိုခြင်း၊ ဂူဂဲလ် ကြီးကို မွှေနှောက်ခြင်း၊ ဆော့ဝဲလ်တွေ ကလိခြင်း၊ နည်းပညာလေ့လာခြင်း၊....
ဘာသာရေးနဲ့ ပတ်သက်လို့ ဘယ်ဘာသာကို ယုံကြည်ကိုးကွယ်သလဲ နောက်ဘာသာရေးစာပေတွေအပေါ် မောင်လေးရဲ့ ကိုယ်ပိုင်အတွေးအမြင်လေးကိုလည်း နားထောင်ချင်ပါတယ်။
ကျွန်တော်ကတော့ ဗုဒ္ဓဘာသာ ကို ကိုးကွယ်ပါတယ်။ ဗုဒ္ဓကို ကျွန်တော်အရမ်း လေးစားကြည်ညိုပါတယ်... ဘာကြောင့်လဲဆိုတော့ ဗုဒ္ဓဟာ ဒီကမ္ဘာကြီးကို သူပိုင်တယ်လို့ မကြွားခဲ့ပါဘူး... သူ့ကိုကိုးကွယ်ရင် ဆုလာဒ်တွေပေးမယ်လို့ မစည်းရုံးခဲ့ပါဘူး..... သူ့ကိုမရှိခိုးရင်… မကိုးကွယ်ရင်... ငရဲကိုပို့ပစ်မယ်လို့ မခြိမ်းခြောက်ခဲ့ပါဘူး.... သူ့ကိုတစ်နေ့ ဘယ်နှစ်ကြိမ်ရှိခိုးရမယ်လို့ မချုပ်ချယ်ခဲ့ပါဘူး... သူ့ကိုရှိခိုးခြင်းထက် စရဏ ပိုင်းကောင်းမွန်ခြင်းဟာ ပိုမြတ်တယ်လို့ ပြတ်ပြတ်သားသား ဟောကြားတော်မူခဲ့ပါတယ်.... သူပြောတဲ့စကားတိုင်းကိုလည်း အလွယ်တကူမျက်စိမှိတ် မယုံကြည်လိုက်ပါနဲ့လို့ ရဲရဲတောက် ဟောကြားတော်မူခဲ့ပါတယ်.... သူဟောကြားခဲ့တဲ့ ဒီအမှန်တရားတွေဟာ သူပိုင်တာမဟုတ်ပါဘူး... သဘာဝအမှန် တရားတွေသာဖြစ်တယ်လို့.... ပေါ်ပေါ်တင်တင် ဟောကြားတော်မူခဲ့ပါတယ်.... သူရရှိခဲ့တဲ့ ဘုရားအဖြစ်ကိုလည်း သူတစ်ယောက်ထဲ မောင်ပိုင်စီးထားတာမျိုးမဟုတ်ပဲ... ဘုရားဖြစ်ချင်ရင် လူသားတိုင်း ကြိုးစားလို့ရတယ်ဆိုတဲ့ လမ်းကြောင်းတစ်ခုကို စိတ်သဘောထားကြီးမြတ်စွာနဲ့ ချပြခဲ့သူပါ.... လွတ်လပ်စွာတွေးခေါ်ခွင့်...လွတ်လပ်စွာပြောဆိုနေထိုင်ခွင့်...လွတ်လပ်စွာ ယုံကြည်ခွင့်ဆိုတဲ့ ဒီမိုကရေစီ သဘောတရားတွေကို ပြောကြားခဲ့တဲ့ ပထမဆုံးသောဘာသာရေးခေါင်းဆောင်တစ်ယောက်ပါ.... လူတန်းစားခွဲခြားခြင်း… လူမျိုးရေးခွဲခြားခြင်းတို့ကို ဆန့်ကျင်ခဲ့တဲ့ ပထမဆုံးသော ဘာသာရေးခေါင်းဆောင်တစ်ယောက်ပါ... ကိုယ်ကောင်းတာလုပ်ရင် ကောင်းတာဖြစ်မယ်… မကောင်းတာလုပ်ရင် မကောင်းတာဖြစ်မယ်... မိမိရဲ့ကောင်းခြင်းဆိုးခြင်းရလာဒ်တွေဟာ မိမိရဲ့ အတိတ်/ပစ္စုပန်ကာလတွေရဲ့ လုပ်ရပ်တွေကြောင့်ဖြစ်တယ်..မည်သူတစ်ဦးတစ်ယောက်ကမှ ဖန်တီးစီရင်နေတာ မဟုတ်ဘူးလို့ အကြောင်းတရားကြောင့် အကျိုးတရားဖြစ်ရခြင်းကို ပြောကြားခဲ့တဲ့ တစ်ဦးတည်းသော ဘာသာရေးခေါင်းဆောင်တစ်ယောက်ပါ.... သူ့ရဲ့တစ်သက်တာ ကာလပတ်လုံးမှာ သူတားမြစ်ခဲ့တဲ့တရားတွေကို သူကိုယ်တိုင်လည်းလုံခြုံခဲ့ပါတယ်.... အဲဒါကြောင့်ကျွန်တော်ဟာ ဗုဒ္ဓ ကိုအရမ်းလေးစားပါတယ်… အရမ်းကြည်ညိုပါတယ်...
သူဟောကြားခဲ့တဲ့ ငြိမ်းချမ်းရေးတရားတော်တွေဟာ အခုချိန်ထိ မှန်ကန်နေတုန်းပါပဲ...လိုက်နာကျင့်သုံးရင်
အသုံးဝင်နေတုန်းပါပဲ... ဒီနေ့ကမ္ဘာကြီးငြိမ်းချမ်းအောင် ဗုဒ္ဓ တရားတော်တွေထဲမှာ နည်းလမ်းတွေရှိနေပါတယ်...
ဗုဒ္ဓ ကျင့်ကြံခဲ့တဲ့ ၀ိပဿနာတရားတွေဟာလည်း ဗုဒ္ဓ ချမှတ်ပေးခဲ့တဲ့နည်းလမ်းတွေအတိုင်း လက်တွေ့ကျင့်ကြံကြည့်ရင် စိတ်ရဲ့ငြိမ်းချမ်းခြင်းကို
အမှန်တကယ် ရှာတွေ့နိုင်တယ်ဆိုတာ ဘာသာခြားတွေတောင် လက်ခံနေကြပါတယ်...၀ိပဿနာတရားစခန်းတွေမှာ ဖန်ဆင်းရှင်ဝါဒကိုယုံကြည်တဲ့ဘာသာခြားတွေအများကြီး လာရောက် ကျင့်ကြံအားထုတ်နေကြတာ အများကြီးရှိပါတယ်....
ဗုဒ္ဓ ဟာ ကြွားဝါမှုတွေ..စည်းရုံးမှုတွေ...ခြိမ်းခြောက်မှုတွေ...ချုပ်ချယ်မှုတွေမလုပ်ခဲ့ပါပဲနဲ့...သူ့စကားကို ယုံကြည်စွာ လိုက်နာနေကြတဲ့
ဗုဒ္ဓ ဘာသာဝင်တွေ ယနေ့အထိအများကြီးရှိနေဆဲဖြစ်တာကို ကျွန်တော် အင်မတန်မှကို ဂုဏ်ယူမိပါတယ်...
အခု ဗုဒ္ဓမရှိတော့တာ နှစ်ပေါင်း ၂၅၀၀ ကျော်သွားပါပြီ...အင်အားအကြီးဆုံး ဘာသာကြီး ၄ ခုထဲမှာ အခုချိန်ထိ ပါဝင်နေတာကို အံ့သြချီးကျူးလို့ကို မဆုံးနိုင်တော့ပါဘူး.... ဒါကြောင့် ကျွန်တော်ဟာ ဗုဒ္ဓ ဘာသာဝင်ဖြစ်ရတာ ဂုဏ်ယူပါတယ်... ဗုဒ္ဓဘာသာဝင် အသိုင်းအ၀ိုင်းကြားမှာ မွေးဖွားလာရတာကိုလည်း အလွန်ကျေနပ်မိပါတော့တယ်.... (ကျွန်တော်ဒီလိုတွေရေးလိုက်တာဟာ သူများဘာသာကို မကောင်းပြောတာ မဟုတ်ပါဘူး... ဘယ်ဘာသာကိုမှ ထိခိုက်စေလိုသော ဆန္ဒမရှိပါဘူး.... ဗုဒ္ဓဘာသာဝင်တစ်ဦးရဲ့ ရိုးရှင်းသော ရင်တွင်းခံစားချက်သက်သက်သာဖြစ်ပါတယ်....)
သူဟောကြားခဲ့တဲ့ ငြိမ်းချမ်းရေးတရားတော်တွေဟာ အခုချိန်ထိ မှန်ကန်နေတုန်းပါပဲ...လိုက်နာကျင့်သုံးရင်
အသုံးဝင်နေတုန်းပါပဲ... ဒီနေ့ကမ္ဘာကြီးငြိမ်းချမ်းအောင် ဗုဒ္ဓ တရားတော်တွေထဲမှာ နည်းလမ်းတွေရှိနေပါတယ်...
ဗုဒ္ဓ ကျင့်ကြံခဲ့တဲ့ ၀ိပဿနာတရားတွေဟာလည်း ဗုဒ္ဓ ချမှတ်ပေးခဲ့တဲ့နည်းလမ်းတွေအတိုင်း လက်တွေ့ကျင့်ကြံကြည့်ရင် စိတ်ရဲ့ငြိမ်းချမ်းခြင်းကို
အမှန်တကယ် ရှာတွေ့နိုင်တယ်ဆိုတာ ဘာသာခြားတွေတောင် လက်ခံနေကြပါတယ်...၀ိပဿနာတရားစခန်းတွေမှာ ဖန်ဆင်းရှင်ဝါဒကိုယုံကြည်တဲ့ဘာသာခြားတွေအများကြီး လာရောက် ကျင့်ကြံအားထုတ်နေကြတာ အများကြီးရှိပါတယ်....
ဗုဒ္ဓ ဟာ ကြွားဝါမှုတွေ..စည်းရုံးမှုတွေ...ခြိမ်းခြောက်မှုတွေ...ချုပ်ချယ်မှုတွေမလုပ်ခဲ့ပါပဲနဲ့...သူ့စကားကို ယုံကြည်စွာ လိုက်နာနေကြတဲ့
ဗုဒ္ဓ ဘာသာဝင်တွေ ယနေ့အထိအများကြီးရှိနေဆဲဖြစ်တာကို ကျွန်တော် အင်မတန်မှကို ဂုဏ်ယူမိပါတယ်...
အခု ဗုဒ္ဓမရှိတော့တာ နှစ်ပေါင်း ၂၅၀၀ ကျော်သွားပါပြီ...အင်အားအကြီးဆုံး ဘာသာကြီး ၄ ခုထဲမှာ အခုချိန်ထိ ပါဝင်နေတာကို အံ့သြချီးကျူးလို့ကို မဆုံးနိုင်တော့ပါဘူး.... ဒါကြောင့် ကျွန်တော်ဟာ ဗုဒ္ဓ ဘာသာဝင်ဖြစ်ရတာ ဂုဏ်ယူပါတယ်... ဗုဒ္ဓဘာသာဝင် အသိုင်းအ၀ိုင်းကြားမှာ မွေးဖွားလာရတာကိုလည်း အလွန်ကျေနပ်မိပါတော့တယ်.... (ကျွန်တော်ဒီလိုတွေရေးလိုက်တာဟာ သူများဘာသာကို မကောင်းပြောတာ မဟုတ်ပါဘူး... ဘယ်ဘာသာကိုမှ ထိခိုက်စေလိုသော ဆန္ဒမရှိပါဘူး.... ဗုဒ္ဓဘာသာဝင်တစ်ဦးရဲ့ ရိုးရှင်းသော ရင်တွင်းခံစားချက်သက်သက်သာဖြစ်ပါတယ်....)
အွန်လိုင်းပေါ်က သူငယ်ချင်းတွေရဲ့ ခင်မင်မူတွေအပေါ်မှာ မောင်လေးအနေနဲ့ ယုံကြည်မူရှိလား။
ဟုတ် ကျွန်တော့် ဘက်တော့ အပြည့်အဝ ယုံကြည်ပါတယ်။ ဒါပေမဲ့ လေထဲမှာတွေ့ လေထဲမှာ မေ့ သွားတဲ့ သူတွေလည်းရှိပါတယ်။
မောင်လေးအနေနဲ့ နည်းပညာ၊ ဟာသ၊ သတင်း၊ ကဗျာ ကဏ္ဍတွေ အတော်စုံစုံလင်လင်လေး ရေးသားမျှဝေနေတာတွေ့ရလို့ ပိုစ့်လေးတွေကို အခြားမန်ဘာဝင်တွေအတွက် ရေးသားမျှဝေပေးရတဲ့ မောင်လေးရဲ့ ခံစားချက်လေးကရော။
ကိုယ်သိတဲ့ အကြောင်းအရာလေးတွေကို မျှဝေခွင့်ရလို့ ရွှေမြန်မာဥယျာဉ်ရှိ လေးလေးနှင့်တကွ တာဝန်ရှိ အက်ဒမင် များကိုလည်း ကျေးဇူးတင်ပါတယ်။ အဓိက ကတော့ မသိသေးတဲ့ သူငယ်ချင်းတွေ အတွက် ကိုယ်သိသလို သိပါစေ ဆိုပြီး မျှဝေပေးတာပါ။ ကိုယ်တင်လိုက်တဲ့ အကြောင်းအရာတစ်ခုက သူငယ်ချင်းတွေ အတွက် တစ်ခုခု ရသွားမယ်ဆို ပျော်ပါတယ်။
အားလုံးထဲကမှ နည်းပညာပိုစ့်လေးတွေကို အများဆုံး ရေးသားမျှဝေနေတာ တွေ့ရတဲ့အတွက် ဘယ်အချိန်လောက်က စတင်လေ့လာဖြစ်ခဲ့ပြီး နည်းပညာလေးတွေကို ရေးသားမျှဝေဖြစ်ခဲ့တာလဲ။
နည်းပညာတွေလေ့လာခဲ့တာက တော့ ၂၀၁၁-ခုနှစ် ၈-လပိုင်းလောက်မှ စတင်လေ့လာ ဖြစ်တာပါ။ ကျွန်တော်အင်တာနက် စသုံးတာက မှတ်မှတ်ရရ (၁၀-၉-၂၀၁၀) ပါ မလေးရှားရောက်ပြီး ၆ လပြည့်တဲ့နေ့မှာ ကွန်ပျူတာ ဆိုတာကြီးနဲ့  ပထမဆုံး စတင် ထိတွေ ခဲ့တာပါ။
နည်းပညာပိုစ့်လေးတွေအရေးများပြီး နည်းပညာအပြင် ကဗျာလေးတွေကိုလည်း မကြာမကြာရေးသားနေတာလည်း တွေ့ရတယ်နော် ကဗျာလေးတွေကို ဘယ်လိုအချိန်တွေမှာ ရေးဖြစ်သလဲ။
ကဗျာရေးတဲ့အချိန်ကတော့ အလုပ်ထဲမှာ ခိုးပြီးရေးတာပါ။ ကဗျာရယ်ဆိုတာ ဘာလဲ မေးရင်တော့ မပြောပြတတ်ပါဘူး... ကျွန်တော်ရေးတာက ကဗျာ ရယ်လို့ဆိုပြီး ရေးတာတော့ မဟုတ်ပါဘူး... စိတ်ထဲရှိတာလေး တွေချပြီး စာရွက်အလွတ်တစ်ခုပေါ်မှာ ရေးချလိုက်တာပါ... နှလုံးသားကလာတဲ့ စကားလုံးတွေဆိုတော့ ဘယ်သူမှ တန်ဖိုးမထားရင် နေပါစေ… ကျွန်တော်ကတော့ တန်ဖိုးထားပါတယ်။
မောင်လေးရေးဖြစ်ခဲ့တဲ့ ကဗျာတွေအားလုံးထဲကမှ မောင်လေး အကြိုက်ဆုံးကဗျာလေးရှိရင်လဲ မိတ်ဆက်ပေးပါအုံး။
အကြိုက်ဆုံးကတော့ ကျွန်တော် ရေးဖြစ်တဲ့ အထဲမှာတော့ မရှိပါဘူး။ အမေ နဲ့ အဖေရယ် သူငယ်ချင်းတွေရယ် ဇာတိမြို့လေးရယ်ကို အရမ်းသတိရလို့ ရေးရင်းနဲ့ မျက်ရည်ကျလာမိတဲ့ ကဗျာ ကတော့ ◘◘အတွေးစ◘◘ ဆိုတဲ့ကဗျာ ပါ။
မောင်လေးအကြိုက်ဆုံး စာရေးဆရာတွေရှိရင် သူတို့ရဲ့ ဘယ်လို အရေးအသားလေးတွေကို နှစ်သက်သဘောကျမိသလဲဆိုတာ သိချင်ပါတယ်။
အကြိုက်ဆုံးစာရေးဆရာတွေကတော့ နွမ်ဂျာသိုင်း၊ တက္ကသိုလ်ဘုန်းနိုင်၊ မောင်စိန်ဝင်း(ပုတီးကုန်း)၊ မောင်လှမျိုး(ချင်းချောင်းခြံ)၊ အကြည်တော်၊လူနေ၊ ခင်ခင်ထူး၊ ရွှေဥဒေါင်း ပါ။ ကျန်တဲ့စာရေးဆရာတွေလည်းဖတ်ဖြစ်ပါတယ်။
မောင်လေးဘ၀မှာ လေးစားအားကျရဆုံး ပုဂ္ဂိုလ်က ဘယ်သူများဖြစ်မလဲ။
မေမေ ပါ... ပြီးတော့ ဆိုးသွမ်းမိုက်မဲလမ်းမှားနေတဲ့ ကောင်လေးတစ်ယောက်ကို သတ္တိရှိရှိနဲ့ ဘော်ဒါဆောင်မှာ ၁၀ တန်း အင်္ဂလိပ်စာ သင်ခိုင်းခဲ့တဲ့ ကျွန်တော့်ရဲ့ အချစ်ရဆုံး ဆရာ ဦးသက်နိုင် (မိုးဟိန်းထက် ကိုယ်ပိုင်ကျောင်းပိုင်ရှင်) ပါ။
မိဘတွေရဲ့ သွန်သင်ဆုံးမမူတွေကနေတစ်ဆင့် မောင်လေးရရှိထားတဲ့ အမွေအနှစ်လေးများရှိရင် ပြောပြပါလား။
မေမေ ပြောတဲ့ အထဲမှာ “ကိုယ့်မှာ ရှိမှ ကိုယ့်ဟာ” ဆိုတဲ့ စကားကတော့ အကြိုက်ဆုံးစကားပါပဲ...
မောင်လေးအနေနဲ့ စိတ်ညစ်တဲ့အချိန်၊ ပျော်ရွှင်တဲ့အချိန်တွေမှာ ဘယ်လိုအပြုအမူလေးတွေ လုပ်ဆောင်တက်ပါသလဲ။
စိတ်ညစ်ရင်လား ဂစ်တာတီးပြီး သီချင်း အော်ဆိုလိုက်တယ် ဒါမှ မဟုတ်ရင် သီချင်း အကျယ်ကြီး ဖွင့်ပြီး နားထောင်လိုက်တယ်။ ပျော်ရွှင်တဲ့ အချိန် ကတော့ ဘာမှ မလုပ်ပါဘူး... ပျော်တာပဲရှိပါတယ်....
ဘ၀မှာ အောင်မြင်ဖို့အတွက် မောင်လေးရဲ့ ယူဆချက် အဓိကသော့ချက်လေးကရော။
ဘယ်အရာမဆို ကိုယ်က အရင်ပေးဆပ်ပါ။ ထိုက်တန်တဲ့ အကျိုး ပြန်ခံစားရပါလိမ့်မယ်၊ အများကြီးလည်း မမျှော်လင့်ထားပါနဲ့ .....
မောင်လေးရဲ့ ရည်မှန်းချက်တွေ အောင်မြင်လာတဲ့တစ်နေ့မှာ အများအကျိုးပြု (လူမူရေးလုပ်ငန်း) တွေအနေနဲ့ ဘယ်လိုလေးတွေလုပ်ချင်လဲ။
တတ်နိုင်သလောက် လှူဒါန်းရမဲ့ နေရာတွေမှာ လှူဒါန်းမှာပါ။
အင်တာနက်အသုံးပြုသူ ညီအစ်ကိုမောင်နှမတွေအတွက် မောင်လေးပြောချင်တဲ့ စကားလက်ဆောင်လေးရှိရင် ပြောပြပေးပါလား။
အင်တာနက်ဆိုတာ သုံးတတ်ရင် ဆေး၊ မသုံးတတ်ရင် ဘေးဖြစ်ပါတယ်။ ချက်တင်ထိုင်ဖို့ အတွက်လောက်ပဲ သုံးမယ်ဆိုရင်တော့ ဘာအကျိုးမှ ရှိမှာ မဟုတ်ပါဘူး။ ကိုယ်ဝါသနာ ပါရာ အကြောင်းအရာကို ဂူဂဲလ်ကြီးက ရိုက်ပြီး ရှာဖွေလေ့လာကြပါလို့ ပြောချင်ပါတယ်။ အချိန်ကုန် ငွေကုန် ရကျိုးနပ်အောင်လို့ သုံးကြပါလို့  ပြောချင်ပါတယ်။
မောင်လေးရေးခဲ့သမျှ နည်းပညာပိုစ့်လေးတွေကို တစ်နေရာထဲမှာ ရှာဖွေလေ့လာဖတ်ရူနိုင်မယ့် ကိုယ်ပိုင်ဆိုဒ်လေးရှိလား။
ဟုတ် အများစုကတော့ ရွှေမြန်မာဥယျာဉ်မှာ တင်ထားပြီးသားတွေပါပဲ ရွှေမှာ အရင်တင်တယ် ပြီးရင် အဲ့ဆိုဒ်လေးမှာ မှတ်ထားရုံလောက်ပါပဲ တတ်လို့ သိလို့လည်း မဟုတ်ပါဘူး ကိုယ်လိုချင်တဲ့အခါ ကိုယ်စိတ်ဝင်စားတဲ့ အကြောင်းအရာလေးတွေ ကို မှတ်စု သဘောမျိုးလုပ်ထားတဲ့ ဆိုဒ်ပါ။ http://phyutharlaykyawzinhein.blogspot.com ပါ။ အလည်လာဖို့ ဝေဖန် အကြံဥာဏ်လေး ပေးဖို့  ဒီနေရာလေးက ဖိတ်ခေါ်ပါတယ်။
မောင်လေးဘ၀မှာ အမြဲတမ်းလက်ကိုင်ထားကျင့်သုံးခဲ့တဲ့ ဆောင်ပုဒ်လေးများရှိရင် ရွှေမိသားစုကြီးအတွက် ပညာပေးအနေနဲ့ စကားလက်ဆောင်အဖြစ် လက်ဆင့်ကမ်းပေးပါလား။
“ကိုယ့်မှာ ရှိမှ ကိုယ့်ဟာ”
“နေရိပ်ကိုရောက်ချင်ရင် နေပူကိုဖြတ်ရမယ်”
“ညီမျှတဲ့ ပေးဆပ်မှုမရှိပဲအောင်မြင်မှုဆိုတာ မရနိုင်ပါ”
“တစ်နေ့ တစ်လံ ပုဂံဘယ်ပြေးမလဲ“
နောက်ဆုံးမေးခွန်းလေးအနေနဲ့ ရွှေမြန်မာဥယျာဉ်ရဲ့ ရွှေအင်တာဗျူး ကဏ္ဍလေးကနေတစ်ဆင့် ဆိုဒ်တည်ထောင်သူ ဥယျာဉ်မှူးလေးလေးနဲ့အတူ တာဝန်ရှိသူအက်ဒမင်တွေရဲ့ လုပ်ဆောင်ချက်တွေအပေါ် မောင်လေးအနေနဲ့ လိုအပ်မယ်ထင်တာလေးတွေရှိမယ်ဆိုရင် ဝေဖန်အကြံပြုစကားလေးကိုလည်း ကြားချင်ပါတယ်ရှင်။
ပြောစရာ မရှိပါဘူး ခင်ဗျာ အကုန်လုံးပြည့်စုံနေတယ်လို့ ခံစားရပါတယ်။ အက်ဒမင်တွေလည်း တာဝန်ကျေကြပါတယ်။ ကျွန်တော်က လွဲလို့  :)
အခုလို မအားလပ်တဲ့ကြားကနေ အစ်မတို့ ရွှေမြန်မာဥယျာဉ် အင်တာဗျူးကဏ္ဍလေးအတွက် စေတနာထားအချိန်ပေးပြီး အစ်မမေးမြန်းသမျှကို စိတ်ရှည်လက်ရှည် ဖြေကြားပေးခဲ့တဲ့ မောင်လေးကျော်ဇင်ကို မမနဲ့အတူ ရွှေအက်ဒမင်များအားလုံးနှင့်တစ်ကွ ရွှေမိသားစုကြီးအားလုံးမှ အထူးပင် ကျေးဇူးတင်ရှိပါတယ်။
ဟုတ်ကဲ့ပါခင်ဗျာ၊ ကျွန်တော်ကလည်း အခုလိုအင်တာဗျူးလေးဖြေခွင့်ရတဲ့အတွက် ရွှေမိသားစုကြီးအားလုံးကို ကျေးဇူးအထူးတင်ပါတယ်၊ ရွှေမိသားစုကြီးအားလုံး ပျော်ရွှင်ချမ်းမြေ့ပါစေ။ ရွှေဆိုဒ်လေးလည်း ဒီထက်မကအောင်မြင်စွာ ဆက်လက်လျှောက်လှမ်းနိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။
ရွှေမြန်မာဥယျာဉ်ထဲမှာ အပန်းဖြေကြတဲ့ ရွှေမိသားစုကြီးအားလုံးလည်း ဒီလောက်ဆိုရင်
ရွှေမြန်မာဥယျာဉ်ထဲမှာ အပန်းဖြေကြတဲ့ ရွှေမိသားစုကြီးအားလုံးလည်း ဒီလောက်ဆိုရင် ရွှေအက်ဒမင် မောင်လေးကျော်ဇင်နဲ့ နဲ့ တောသူမလေးတို့ရဲ့ ရွှေအင်တာဗျူး အမေးအဖြေလေးတွေကို ဖတ်ရူလိုက်ရလို့ အားလုံးပဲ ကျေနပ်ဝမ်းသာအားရမိကြမယ်လို့ ထင်ပါတယ်ရှင်။ နောက်အပတ်တွေမှာလည်း ဘယ်သူတွေက ဘယ်လိုလေးတွေမေးပြီး ဘယ်သူတွေက ဘယ်လိုလေးတွေ ဖြေကြအုံးမလဲဆိုတာကို စောင့်မျှော်ဖတ်ရူ အားပေးကြပါအုံးလို့ ပြောကြားရင်း ရွှေမိသားစုကြီးအားလုံးကို တောသူမလေးမှ နူတ်ဆက်လိုက်ပါရစေရှင်။
ရွှေမိသားစုကြီးအားလုံးပျော်ရွှင်ချမ်းမြေ့ကြပါစေရှင်
No comments:
Post a Comment