Thursday 31 January 2013

web developer တယောက်အဖြစ် လုပ်ငန်းခွင်ဝင်ဖို့ ဘာတွေကိုဘယ်လောက် ပမာဏအထိ တတ်သိထားဖို့ လိုအပ်ပါသလဲ ??


Programming language တခုကိုကျွမ်းကျင်ပြီလို့ ပြောနိုင်ဖို့အတွက် အဲဒီ language ရဲ့ ဘယ်လောက်ရာခိုင်နှုံးအထိ

သိရှိမှတ်မိနေဖို့လိုအပ်ပါသလဲ ??

web developer တယောက်အဖြစ် လုပ်ငန်းခွင်ဝင်ဖို့ ဘာတွေကိုဘယ်လောက်ပမာဏအထိ တတ်သိထားဖို့လိုအပ်ပါသလဲ ??

စတဲ့မေးခွန်းလေးတွေဖြစ်ပါတယ်။ အရင်ကလဲဒီကိစ္စအကြောင်းကို မကြာမကြာပြောခဲ့ဖူးပါတယ်။ကျနော်ကိုယ်တိုင်လဲ ဒီအဆင့်

တခုကိုဖြတ်သန်းခဲ့ဖူးတဲ့အတွက် လေ့လာဆဲ programmer တွေကိုကိုယ်ချင်းစာပါတယ်။ဒါကြောင့် ကျနော်သိရှိနားလည်ထားသလို

ထပ်ပြောပေးပါအုံးမယ်။


အများအားဖြင့် ပထမမေးခွန်းဟာ language တခုကိုလေ့လာနေပြီး အဲဒီ language ကို တလုံးမကျန်မှတ်မိနေအောင်လုပ်ဖို့လိုအပ်သလား၊

မလိုအပ်ဘူးလား ဝေခွဲမရဖြစ်နေသူတွေမေးကြတာပါ။တတ်ကျွမ်းအောင်လုပ်နိုင်ရင်ကောင်းမှန်းတော့ လူတိုင်းသိပါတယ်။ဒါပေမယ့်

အမှန်တကယ်ရောလိုအပ်လို့လား သံသယရှိနေတယ်။တဖက်ကလဲ သိအောင်မလုပ်မိရင် နောက်ကျများကျန်ခဲ့မလား စိုးရိမ်နေတယ် စသဖြင့်

ဒွိဟတွေပွားတက်ကြတာ ထုံးစံပါပဲ။


မေးခွန်းကိုတိုက်ရိုက်မဖြေခင် ကနေ့ခေတ် professional web developer တယောက်အဖြစ်ရပ်တည်လုပ်ကိုင်နေသူတွေ သိထားလေ့ရှိတဲ့

နည်းပညာတွေကို ခေါင်းထဲပေါ်လာသလောက် ဖော်ပြပေးချင်တယ်။ အဲဒါတွေကတော့.........

    * Web standards – HTML/CSS/Javascript/HTTP, etc..
    * Web2.0 technologies – REST/JSON/Ajax, etc..
    * Modern web technologies – HTML5/Websocket/Node.JS, etc..
    * Server Side Technology – PHP/.NET/ Rails, etc..
    * Pattern and Paradigms – OOP/MVC, etc…
    * Tools and Libraries – jQuery/CMSs, etc..
    * Database – MySQL/MSSQL/MongoDB, etc..
    * Basic workflow – Unit testing/SCM, etc..

ဒါတွေအပြင် နေ့စဉ်နဲ့အမျှ တိုးတက်ပေါ်ပေါက်နေတဲ့ နည်းပညာတွေကိုလဲ စဉ်ဆက်မပြတ် အမှီလိုက်နေနိုင်ဖို့လဲလိုအပ်ပါတယ်။

ဒါကြောင့် ပထမဆုံးသတိပြုရမှာက programming language ဆိုတာ လိုအပ်ချက်တွေထဲက အစိတ်အပိုင်းလေးတခုမျှသာဖြစ်

တယ်ဆိုတဲ့ အချက်ပဲဖြစ်ပါတယ်။ဒုတိယအချက်အနေနဲ့သတိပြုရမှာက အားလုံးကိုတလုံးမကျန်မှတ်မိနေဖို့မလိုအပ်ဘူးဆိုတဲ့ အချက်ပဲဖြစ်ပါတယ်။

ဒီလောက်များပြားလှတဲ့ နည်းပညာတွေကိုလဲ ဘယ်သူမှ တလုံးမကျန်သိမနေနိုင်ပါဘူး။အချိန်မရွေးရှာဖွေကိုးကားလို့ရတဲ့ Internet ရှိနေတဲ့အတွက်

လိုလဲမလိုအပ်ပါဘူး။ကိုယ့်ရဲ့ လက်တွေ့လုပ်ကိုင်မှု ပမာဏပေါ်မူတည်ပြီး အချို့ကိုယ်တော့ အလိုလိုမှတ်မိနေပါလိမ့်မယ်။

တတိယအချက်အနေနဲ့ သတိပြုရမှာက နည်းပညာတွေရဲ့ သဘောတရားကို နားလည်နေဖို့ကသာ အဓိကဖြစ်တယ်ဆိုတဲ့ အချက်ပါပဲ။

သဘောတရားနားမလညရင် Internet လဲ အလကားပါပဲ။မေးခွန်းနားမလည်တဲ့ စာဖြေကျောင်းသားလိုဖြစ်နေပါလိမ့်မယ်။

ကူးပေတော့ဆိုပြီး စာအုပ်ချပေးလဲ ဘယ်စာမျက်နှာကိုလှန်ပြီး ဘာကိုကူးရမှန်းမသိဖြစ်နေမှာပါ။ဒါကြောင့်အခုချိန်ကစပြီး

အားလုံးကိုမှတ်မိနေဖို့ကြိုးစားနေတာကိုရပ်ပြီး ဆိုင်ရာနည်းပညာရဲ့ အခြေခံသဘောတရားကို သိရှိနားလည်အောင်လုပ်ဖို့လိုအပ်ပါတယ်။

ဒါဟာ language သိရှိမှတ်မိမှုကိုအရေးကြီးတယ်လို့ လွဲမှားမှတ်သားမိမှာစိုးလို့ပြောတာပါ။
How Much Do I Need to Know?

မူလမေးခွန်းဖြစ်တဲ့ "ကျွမ်းကျင်ပြီလို့ပြောနိုင်ဖို့အတွက် language ရဲ့ ဘယ်လောက်ရာခိုင်နှုံးအထိ သိရှိထားဖို့လိုအပ်သလဲ"

ဆိုတဲ့မေးခွန်းကိုတိုက်ရိုက်ဖြေရရင်တော့ အဲဒီ language ကိုသုံးပြီး ကိုယ်လိုရင်တဲ့ရလဒ် (software,website,product)

ဖန်တီးနိုင်ပြီဆိုရင် ကျွမ်းကျင်ပြီင်္လို့ပြောနိုင်ပါတယ်။ဥပမာ language မှာ built in function 5000 ကျော်ပါတယ်။ကိုယ်က

50 လောက်ကိုပဲသုံးပြီး လိုချင်တဲ့ ရလဒ်ကိုဖန်တီးနိုင်တယ်ဆိုရင်လဲ ကျွမ်းကျင်ပြီလို့ပြောနိုင်ပါတယ်။ကျန်နေတဲ့ 4500 ထဲမှာ

ပိုကောင်းတဲ့နည်းတွေ၊ပိုထိရောက်တဲ့နည်းတွေရှိကောင်းရှိနေအုံးမှာပါပဲ။ဒါပေမယ့် အဲဒါက အတွေ့အကြုံကပေးမယ့်

ကျွမ်းကျင်မှုဖြစ်ပါတယ်။လုပ်ရင်းနဲ့မှသိလာမယ့်နည်းလမ်းတွေပါ။အဲဒါတွေသိမှစလုပ်မယ်ဆိုရင်တော့

ဒီတသက်လုပ်ဖြစ်မှာမဟုတ်တော့ပါဘူး။
When Am I Ready?

ဒုတိယမေးခွန်းဖြစ်တဲ့ " web developer တယောက်အဖြစ် လုပ်ငန်းခွင်ဝင်ဖို့ ဘာတွေကိုဘယ်လောက်ပမာဏအထိ

တတ်သိထားဖို့လိုအပ်သလဲ " ဆိုတဲ့မေးခွန်းအတွက် ဆက်ပြောပါမယ်။ပထမဆုံးလိုအပ်တာက အထက်မှာဖော်ပြထားတဲ့

နည်းပညာတွေရှိနေတယ်။အဲဒါတွေကိုသိထားဖို့လိုအပ်တယ်ဆိုတဲ့ အသိဖြစ်ပါတယ်။ဒါပေမယ့် အဲဒါတွေတခုမကျန်သိမှ

လုပ်ငန်းခွင်ဝင်ဖို့ဖြစ်မယ်ဆိုတဲ့သဘော လုံးဝမဟုတ်ပါဘူး။programming language ဆိုတာ အစိတ်အပိုင်းလေးတခုမျှ

သာဖြစ်တယ်လို့ပြောခဲ့ပြီးပါပြီ။ဒါပေမယ့် အဲဒီအစိတ်အပိုင်းလေးကိုပဲ သဘောတရားနားလည်ပြီး လိုအပ်သလို ကိုးကား

အသုံးချနိုင်ပြီဆိုရင် လုပ်ငန်းခွင်ဝင်ဖို့ အသင့်ဖြစ်ပါပြီ။html,css ပဲတတ်ပါတယ်ဆိုလဲ လုပ်ငန်းခွင်ဝင်နိုင်တာပါပဲ။

wordpress ပဲသုံးတတ်တယ်ဆိုလဲ လုပ်ငန်းခွင်ဝင်နိုင်တာပါပဲ။

အရေးကြီးတာက ကိုယ်ကျွမ်းကျင်ပါတယ်ဆိုတဲ့တခုကို သဘောတရားနားလည်ပြီး လိုအပ်သလို ကိုးကားအသုံးချနိုင်စွမ်း

ရှိဖို့က အဓိကအချက်ဖြစ်တယ်။အားလုံးတတ်မှ အလုပ်လုပ်မယ်ဆိုရင်တော့ ဒီတသက်လုပ်ဖြစ်တော့မှာမဟုတ်ပါဘူး။

ဘာဖြစ်လို့လဲဆိုတော့ တချို့နည်းပညာတွေကသင်ယူလို့မရပါဘူး။လက်တွေ့အတွေ့အကြုံကနေသာရရှိနိုင်လို့ဖြစ်ပါတယ်။

ကိုယ်လုပ်နိုင်တာလေး သေးသေးလေးပဲဖြစ်နေပါစေ၊အဲဒါလေးကိုပဲ ကောင်းကောင်းနားလည်နေပြီဆိုရင် အသင့်ဖြစ်နေပါပြီ။

အဲဒါလေးကိုမှနားလည်သလား မဝေခွဲနိုင်သေးရင်တော့ ကိုယ့်ရဲ့လေ့လာမှုကို ပြန်လည်စမ်းစစ်ဖို့လိုအပ်နေပြီဆိုတဲ့သဘောပါပဲ။

အစွန်းနှစ်ဖက်လွတ်ဖို့လိုအပ်ပါတယ်။နည်းပညာတခုထဲကိုပဲ မျက်စိစုံမှိတ်လုပ်မနေသင့်သလို၊ဟိုစပ်စပ် ဒီစပ်စပ်နဲ့ ဟိုမရောက်

ဒီမရောက်လဲ ဖြစ်မနေသင့်ပါဘူး။

လေ့လာဆဲ programmer များအတွက် တစ်စုံတရာ အထောက်အကူရမယ်လို့  ယူဆပါတယ်။      

                                                                      ဒီဘလော့ရေးသားတဲ့ဆရာကိုတောင်းပန်ပါတယ်ခဗျာင်္။ကျွန်တော်အေးဆေးမှဖတ်မယ်ဆိုပြီး
ကူးပြီးသိမ်းထားတာပါ ဘယ်ကနေကူးပြီးယူလာမိမှန်းလည်းမသိတော့လို့ ဒီပိုစ့်လေးရဲ့ 
ပိုင်ရှင်ဆရာကို အနူးအညွတ်တောင်းပန်ပါတယ်ခဗျာင်္။           ။

                                                                          ကျော်ဇင်ဟိန်း(ပူးပူး)


No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

Like ခြင်းဖြင့် အားပေးပါ :)

mumcradio