Friday 22 February 2013

မိမိကြိုက်တဲ့ ဝက်ဆိုဒ်ကို Android Application အလွယ်လုပ်နည်း (၃)

ပထမဦးဆုံး ဒီလင့်လေးကိုသွားလိုက်ပါ။
အောက်ကပုံလိုတွေ့ ပါလိမ့်မည်။


URL ဘေးကအကွက်မှာ မိမိပြောင်းချင်တဲ့ ဝက်ဆိုဒ်လင့် ကိုရေးပါ။

App Title နေရာမှာ ဝက်ဆိုဒ်နာမည်ရေးပါ။
(မှတ်ချက်။ ။အင်္ဂလိပ်လိုပဲရေးလို့ ရပါသည်။မြန်မာလိုရေးရင်အလုပ်မလုပ်ပါ။)
(အပေါ်က ပုံကြီးကတော့ ကျွန်တော်လည်း စလုပ်တော့ မသိပဲ မြန်မာလိုရေးထားတဲ့ပုံပါ။Error တက်မှ မြန်မာလိုရေးမရဖူးသိတာ :)  )

Icon နေရာမှာတော့  Browse...ကိုကလစ်ပြီး မိမိကွန်ပျူတာထဲရှိ ဓါတ်ပုံကို ထည့်ပါ။
(မှတ်ချက်။  ။ Png ဖောမတ်မှ ထည့်၍ရပါသည်။)

ပြီးရင် Create My App ကိုနှိပ်ပါ။

နမူနာအနေဖြင့် ကျွန်တော်ရဲ့ မြင်ဆရာ တစ်ဦးဖြစ်တဲ့ ကိုဝင်း (ဝင်းကမ္ဘာကျော်) ဆိုဒ်ကို ပြပေးပါမယ်။
ပေးထားတဲ့လင့်ကနေသွားပါ။၎င်းဝက်ဆိုဒ်ကိုရောက်လျှင် အပေါ်ကပေးထားတဲ့နည်းအတိုင်းဖြည့်ပါ။
အောက်မှာနမူနာဖြည့်ပြထားပါတယ်။
Show Advanced Settings နေရာမှာ မိမိဥာဏ်ရှိသလိုဝင်ပြင်နိုင်ပါသေးတယ်။ကျွန်တော်ကတော့ Create My App ကိုပဲကလစ်ပြီးဆက်သွားလိုက်တယ်။
ပြီးရင်အောက်ကလိုပေါ်လာပါလိမ့်မည်။အနီရောင်လေးထောင့်ကွက်နှင့် ဝိုင်းပြထားပြီး မြားထိုးပြထားတဲ့ အပြာရောင်လင့်(Download Your Android Package from this link)ကိုကလစ်ပြီး ဆော့ဝဲလ်ကိုဒေါင်းလိုက်ပါ။
ဆော့ဝဲလ်ဒေါင်းပြီးလျှင် ကွန်ပျူတာရဲ့ညာဖက်အောက်ခြေမှာ Download ယူပြီးကြောင်း Box တစ်ခုတက်လာပါလိမ့်မည်။
ဒါဆို Android ဖုန်းမှာ ကြည့်နိုင်မည့် Apk ဆော့ဝဲလ်တစ်ခုကို အောင်မြင်စွာ ဖန်တီးပြီးပါပြီ။

ကိုဝင်းကမ္ဘာကျော် apk ဖိုင်ကို အောက်ပါလင့် ၂ ခုမှသင် ကြိုက်ရာ လင့်မှ ဒေါင်းရန်
Box ဆိုဒ်မှ ဒေါင်းရန်
Dropbox ဆိုဒ်မှ ဒေါင်းရန်

မေတ္တာရိပ် apk ဖိုင်ကို အောက်ပါလင့် ၂ ခုမှ သင် ကြိုက်ရာ လင့်မှ ဒေါင်းရန်
Dropbox ဆိုဒ်မှ ဒေါင်းရန်
Box ဆိုဒ်မှ ဒေါင်းရန်


 အောက်ကတော့ ကျွန်တော့် ဆိုဒ်မှာ တင်ထားတဲ့ Android Application အလွယ်လုပ်နည်း (၁) နဲ့  (၂) ရဲ့လင့်တွေပါ။
(၁)ရဲ့ နည်းလမ်းကတော့ ကျွန်တော် ရှာဖွေ တွေ့ ရှိထားတာပါ။ (၂) ကတော့ ကော်ပီပို့ စ်ပါ။
လေ့လာချင်ရင် ရှာနေရမှာ ကြာနေမှာစိုးရိမ်လို့  လင့်ပါ တင်လိုက်တာပါ။
 မိမိကြိုက်တဲ့ဝက်ဆိုဒ်ကို Android Application အလွယ်လုပ်နည်း (၁)
 မိမိကြိုက်တဲ့ဝက်ဆိုဒ်ကို Android Application  အလွယ်လုပ်နည်း(၂)

အဆင်ပြေကြပါစေ။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

Like ခြင်းဖြင့် အားပေးပါ :)

mumcradio