Thursday 14 February 2013

ဓါတ်ပုံတွေကို ဘောင်ခတ် အလှဆင်ပေးမဲ့ PhotoShine ဆော့ဝဲလ်

ဓါတ်ပုံတွေ ကို ဘောင်ခတ်အလှဆင်လို့ ရတဲ့ ဆော့ဝဲလ်ကောင်းလေးပါ ။နောက်ဆုံးထွက် Update လေးပါ။ Full Version အဖြစ်အသုံးပြုလို့ ရအောင် serial key ပါထည့်ပေးထားပါတယ်။



လိုအပ်ခဲ့လျှင် ဒီကနေသွားပြီးဒေါင်းလိုက်ပါ။
အပေါ်လင့်ကမရလျှင် ဒီလင့်ကသွားပြီးဒေါင်းပေးပါ။ 

◘◘အသုံးပြုပုံ◘◘
ဒေါင်းထားတဲ့ဖိုင်ထဲက exe ဖိုင်လေးကို run ပြီး install လုပ်လိုက်ပါ။ပြီးရင် full version အဖြစ်အသုံးပြု၍ရအောင် key ထည့်ထို့ အတွက် ဒေါင်းထားတဲ့ ဖိုင်ထဲမှာပါတဲ့ ကီးဖိုင်လေးကို ဖွင့်ပြီး ကီးထည့်ပါ။ကီးထည့်ရမဲ့နေရာက ဆော့ဝဲလ်ရဲ့ အိုင်ကွန်တွေထဲက ? ပုံလေးကို ကလစ်ပြီး Register PhotoShine ကိုကလစ်ပြီး ကီးဖိုင်ထဲက ကီးများကို ကူးထည့်လိုက်ပါ။အောက်မှာပုံနှင့်လည်းပြထားပါတယ်။
ကီးထည့်ပြီးလျှင် OK ကိုနှိပ်ပေးပါ။ဒါဆို ဆော့ဝဲလ်က Full version ဖြစ်သွားပါပြီ။
ဓါတ်ပုံလေးတွေထည့်ပြီး အလှဆင် ဘောင်ခတ် မိမိစိတ်ကြိုက်ပြုလုပ်လို့ ရပါပြီ။
ပထမဦးဆုံး ဓါတ်ပုံကို ဘောင်ခတ်အလှဆင်ဖို့ အတွက် ဆော့ဝဲလ်ရဲ့ ဘယ်ဖက်အပေါ်မှာရှိတဲ့ အစိမ်းရောင် စာအုပ်ပုံလေးကိုကလစ်ပြီး မိမိကွန်ပျူတာထဲရှိ မိမိပြောင်းချင်သည့် ဓါတ်ပုံကို ရွေးပေးပါ။

မိမိနှစ်သက်ရာပုံကိုရွေးပြီးလျှင် Open ကိုနှိပ်ပြီး ဆက်သွားလိုက်ပါ။

Openကိုနှိပ်ပြီးဆက်သွားလိုက်ရင် အောက်ကပုံအတိုင်းပေါ်လာပါလိမ့်မည်။
မိမိစိတ်ကြိုက် ဘောင်လေးတွေကိုရွေးပါ။

အောက်ကပုံကတော့ မိမိစိတ်ကြိုက်ဘောင်လေးကိုရွေးပေးပြီးရင်ပေါ်လာမဲ့ပုံစံပါ။
မိမိစိတ်ကြိုက်ပြုပြင်ပြီးလျှင် ဓါတ်ပုံကို သိမ်းဖို့  (save) ဖို့ အတွက် ပထမ မိမိဓါတ်ပုံထည့်သည့် အစိမ်းရောင် စာအုပ်ပုံလေးဘေးရှိ အဝါရောင် စာအိတ်ပုံလေးကိုကလစ်ပါ။
Save As ဟူသော Box တစ်ခုကျလာပါလိမ့်မည်။ File name နေရာမှာ မိမိပေးချင်သော နာမည်ပေး၍  Save ကိုနှိပ်ပြီးသိမ်းလိုက်ပါ။
အောက်ကပုံကတော့ မိမိ Save ထားတဲ့ပုံကို ဖွင့်ပြထားတာပါ။
အောက်ကပုံလေးတွေကတော့ နမူနာစမ်းသပ်ပြထားတာပါ။ဒီဇိုင်းတွေ အများကြီးပါပါတယ်။မိမိစိတ်ကြိုက်စမ်းသပ်ကလိကြပါတော့နော်။



အဆင်ပြေကြပါစေ။

1 comment:

  1. အဆင်ပြေပါတယ် ကျေးဇူးပါ သူငယ်ချင်း ကျနော်လဲမလေးရှားမှာပါ

    ReplyDelete

Related Posts Plugin for WordPress, Blogger...

Like ခြင်းဖြင့် အားပေးပါ :)

mumcradio